Background
နနွင်းဈေး အနည်းငယ်မြင့်တက်လို့ အိန္ဒိယတောင်သူများပျော်ရွှင်လာ အိန္ဒိယမြောက်ပိုင်းကုန်သည်များက ရုတ်တရက် အဝယ်တက်လာလို့ နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၃၀၀၀-၅၀၀၀ (ကန်ဒေါ်လာ ၆၂ ဒသမ ၁၀၃)ခန့် မြင့်တက်လာခဲ့တဲ့အတွက် နနွင်းတောင်သူများ ပျော်ရွှင်နေကြတယ် လို့ အီရော့ နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာက ပြောကြားပါတယ်။ ယခုလို ဈေးထိုးကျဆင်းပြီး အနည်းငယ်ပြန်တက်လာခြင်းဟာ နှစ် ၇၀ ခန့်အတွင်း ပထမဆုံးအကြိမ်ကြုံဖူးတာပါလို့ ဆိုပါတယ်။ မနှစ်ကတိုင်အောင် နနွင်းဈေး တဖြည်းဖြည်းသာ ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာ ရုတ်တရက်ကျဆင်းမှုတွေဖြစ်လာတော့ တောင်သူတွေ ထိခိုက်မှုရှိတယ်လို့လည်း ဆိုပါတယ်။ အရည်အသွေးအရ ဈေးကျတဲ့စပ်မျိုးနနွင်းဈေးလည်း တစ်တန်ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၁၀၃)ဝန်းကျင် မြင့်တက်ခဲ့ပါတယ်။ တောင်သူများအနေနဲ့ နနွင်းဈေးအနည်းငယ်တက်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။ အီရော့ဈေးကွက်မှာ နနွင်းဈေးတက်တာကြောင့် ကြိုပွိုင့်ဈေးလည်း တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၂၁) မြင့်တက်ခဲ့ တယ်လို့သိရပါတယ်။ နောက်ထပ်အမှာအော်ဒါအသစ် ၁၀ ခုလက်ခံရရှိခဲ့ပြီး၊ နနွင်းအိတ် ၆၂၀၀ ဝင်ရောက်မှုအနက် ၇၀ ရာခိုင်နှုန်း မှာ ရောင်းထုတ်ပြီးသွားပြီလို့ သိရပါတယ်။ အချို့ကုန်သည်တွေကလည်း ဈေးဆက်တက်မယ့်မျှော်လင့်ချက် တွေကြောင့် ၎င်းင်းတို့လက်ကျန်များကို ဈေးကွက်အတွင်း သယ်ယူလာကြတယ်လို့ သိရပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန်ရူပီး ၃၆၈၉၀ ၄၆၆၉၀(ကန်ဒေါ်လာ ၇၅၇-၉၅၈)၊ နနွင်းဥဈေးတစ်တန်ရူပီး ၃၅၀၀၀-၄၁၈၉၀ (ကန်ဒေါ်လာ ၇၁၈-၈၆၀)ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusinees
ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်ပြု ပြည်တွင်းစားသုံးသူပြည်သူလူထုအနေနဲ့ စားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်နီကို ပြည်တွင်းဈေးနှုန်း ကြီးမြင့်စွာနဲ့ ဝယ်ယူစားသုံးခဲ့ရပြီး ပြည်ပတင်ပို့ခွင့်ပိတ်ပင်ခဲ့ရာမှ ယခုနှစ်မှာ ပြည်တွင်းစားသုံးမှုပိုလျှံတဲ့ ကြက်သွန်နီ တွေကို ပြည်တွင်း ဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားဖိုးဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ စနစ်တကျစိစစ် ထိန်းသိမ်းစေပြီး ကြက်သွန်နီစိုက်တောင်သူတွေ အကျိုး စီးပွားဖြစ်ထွန်းစေရေး ရည်ရွယ် ချက်နဲ့ ကြက်သွန်နီတွေကို ပြည်ပကို ပြန်လည်တင်ပို့ခွင့်ကို (၁၉-၉-၂၀၁၁) ရက်မှစတင် ပြီး ခွင့်ပြုဆောင်ရွက်စေခဲ့ရာ ပထမဆုံး ပင်လယ်ရေကြောင်းမှ ကြက်သွန်နီပြည်ပကို တင်ပို့ခွင့်ရရှိရေးအတွက် Super Soe Co.,Ltd. မှ မလေးရှားနိုင်ငံကို တန်ချိန် ၆၀ ကို တစ်တန်မှာ အမေရိကန်ဒေါ်လာ ၄၅၀ ဈေးနှုန်းနဲ့ လိုင်စင်လာရောက် လျှောက်ထားထုတ်ယူခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းစားသုံးမှုပိုလျှံသမျှ ပြည်ပတင်ပို့ဖို့ အတွက် ပို့ကုန်မူဝါဒချမှတ်ဆောင် ရွက်လျက် ရှိသော်လည်း ပြည်တွင်းစားသုံးသူ ပြည်သူတွေ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့အထိ ပြည်တွင်းဈေးနှုန်း ကြီးမြင့် လာပါကပြည်သူတွေရဲ့ အကျိုးစီးပွားကိုကာကွယ် သွားရမှာ ဖြစ်ပါတယ်။ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သူ တောင်သူ တွေ လည်းအကျိုးရှိ၊ ကုန်သည်လုပ်ငန်းရှင်တွေလည်း အကျိုးရှိပြီး စားသုံးသူပြည်သူလူထုအနေနဲ့လည်း သင့်တင့်မျှတတဲ့ ပြည်တွင်းဈေးနှုန်းနဲ့ ဝယ်ယူစားသုံးနိုင်ရေး၊ အတ္တနဲ့ ပရမျှတစွာနဲ့ စားဖိုးဆောင်သီးနှံ စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချ သူများ အသင်းအနေနဲ့ အမှန်တကယ်စိစစ် ဆောင်ရွက် နိုင်မှသာ ကြက်သွန်နီတင်ပို့မှု တန်ဖိုးတွေ မြင့်တက်လာမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ပင်လယ်ရေကြောင်းမှ ကြက်သွန်နီတင်ပို့ နိုင်ခဲ့မှုမှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှာ (၅၂၈၁.၅၁၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၇၄၅)သန်း ၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ (၁၈၃၅၅.၇၃) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၃.၉၂၅)သန်းနဲ့ ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်မှာ(၂၇၀၂.၉၇)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (ဝ.၅၆၄) သန်း အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ မြန်မာ့ ကြက်သွန်နီက အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှထွက်တဲ့ ကြက်သွန်နီထက် အရည်အသွေးပိုင်းမှာ ရေဓါတ်ပါဝင်မှုနည်း ပြီး ရေရှည်အထားခံရာ ဈေးကွက်မှာ ရောင်းပန်းလှတဲ့ ကုန်ပစ္စည်းဖြစ်ကာ ဈေးကွက်တွေ ခိုင်မာစွာနဲ့ ရေရှည်တင်ပို့ ရောင်းချနိုင်ရေး ကြက်သွန်နီစိုက် ပျိုးထုတ်လုပ်သူ တောင်သူ များ၊ကုန်သည်လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအသင်းအဖွဲ့တွေ အနေနဲ့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံတော်အတွက်လည်း ပို့ကုန်နိုင်ငံခြားဝင်ငွေပိုမို တိုးမြှင့်ရရှိမှာဖြစ်ပြီး သုံးဦးသုံးဖလှယ်လည်း ပိုမိုအကျိုးဖြစ်ထွန်း စေမှာဖြစ်ကာ အတ္တနဲ့ပရ မျှတစွာနဲ့ ပူးပေါင်းပါဝင် ဆောင် ရွက်ကြပါလို့ တိုက်တွန်းဆန္ဒပြု ရေးသားလိုက်ပါတယ်ခင်ဗျာ …………။ မောင်မောင်လွင်
အိန္ဒိယနယ်စပ်စခန်းများမှ ကွမ်းသီးစို၊ ကွမ်းသီးခြောက်၊ ပန်းသီးနဲ့ အုန်းသီးများ အပို့ရှိ အိန္ဒိယနယ်စပ်စခန်းများဖြစ်တဲ့ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂၆၂၀၀ တန်ဖိုးရှိ ကွမ်းသီးခြောက် ၁၁ တန်ခန့်၊ ကွမ်းသီးစို ၁၂ တန်၊ အုန်းသီး ၆၀၀၈ လုံးနဲ့ ပန်းသီး ၂၃ တန်ခန့်အပို့ရှိခဲ့တယ်လို့သိရပါတယ်။ ရာသီချိန်ဖြစ်တာကြောင့် ရယ် ကုန်သွယ်မှု အခွင့်အရေးရှိတာကြောင့် ကွမ်းသီးများတင်ပို့နိုင်သလို ဘာသာ ရေး ပွဲတော်အတွက် အုန်းသီးများ တင်ပို့ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)
တရုတ်နိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် ဗီယက်နမ်ရော်ဘာတင်ပို့မှု ရပ်ဆိုင်း တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် ရော်ဘာတင်သွင်းရာမှာ တင်းကျပ်တဲ့ မူဝါဒတွေကြောင့် ဗီယက်နမ်ရဲ့ ရော်ဘာတင်ပို့မှု ရပ်ဆိုင်းလျက်ရှိကြောင်း သတင်းရရှိပါတယ်။ တရုတ်ဖက်မှ ကုန်သည်တွေက ရံဖန်ရံခါသာ ရော်ဘာကို ဝယ်ယူကြပြီး ဇူလိုင်လနောက်ပိုင်းကတည်းက ဗီယက်နမ် ရဲ့ရော်ဘာတင်ပို့မှုရပ်ဆိုင်းခဲ့ကြောင်း Sai Gon Marketing သတင်းစာ အရ သိရှိရပါတယ်။ နယ်စပ်စခန်းရှိ တရုတ်အကောက်ခွန်စစ်ဆေးရေး အရာရှိ တွေနဲ့ ရဲတွေက ဗီယက်နမ် ရော်ဘာတင်ပို့သူတွေဆီမှ တရုတ် ကုန်သည်တွေ ရော်ဘာဝယ်ယူခြင်းမှ ကာကွယ်ဖို့အတွက် အကောက်ခွန်ရှင်းလင်းခွင့် လိုင်စင်တွေကို ခွင့်ပြုမပေးကြောင်း ဗီယက်နမ် Binh Long Rubber Company ရဲ့ ခေါင်း ဆောင် Le Van Xuong ကပြောကြားခဲ့ပါတယ်။ တရုတ်က ရော်ဘာတင်သွင်းမှုကို ထိန်းချုပ်ထားနိုင်ဖို့အတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးမှာ ၎င်းင်းမူဝါဒတွေ ရံဖန်ရံခါ ကျင့်သုံးလျက်ရှိရာ ဗီယက်နမ်ကုန်သည်တွေအနေနဲ့ ရိုးနေပြီဖြစ်ကြောင်း ဗီယက်နမ်ရော်ဘာအသင်း အထွေထွေအတွင်းရေးမှူး Tran Thi Thuy Hoa ကလဲ ပြောကြားပါတယ်။ ၎င်းင်းမူဝါဒတွေက ရော်ဘာတင်ပို့မှုဈေးနှုန်းတွေလျှော့ချဖို့လည်း ရည်ရွယ်ကြောင်းနဲ့ ရော်ဘာဈေးနှုန်းတွေက ယခုနှစ် အစောပိုင်းကတည်းက အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ၎င်းင်းက ဆိုပါတယ်။ ဒါကြောင့် သြဂုတ်လလယ်မှာ တရုတ်ရဲ့ ရော်ဘာတင်ပို့တဲ့ဈေးနှုန်းတွေက တစ်တန်ကို ကန်ဒေါ်လာ ၄၉၂၁ ကို လျော့ကျသွားခဲ့ကြောင်း သိရှိရပါတယ်။ မကြာသေးခင်နှစ်တွေက ဗီယက်နမ်ရော်ဘာတင်ပို့သူတွေက တရုတ်ကို တရားဝင်တင်ပို့မှုလမ်းကြောင်းမှ တင်ပို့ဖို့ ကြိုးစား ခဲ့ကြရာ ၎င်းင်းလမ်းကြောင်းက အခွန်နှုန်းထားကြီးမြင့်မှုကြောင့် ပမာဏများစွာ မတင်ပို့နိုင်ကြောင်း Tran Thi Thuy Hoa ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ တရုတ်မှ ရော်ဘာတင်သွင်းသူတွေက တရားဝင်လမ်းကြောင်းမှ တင်သွင်းရင် အခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရ သော် လည်း နယ်စပ်မှဖြတ်ကျော်တင်သွင်းရာမှာ အခွန်ပေးဆောင်စရာမလိုကြောင်းနဲ့ တရုတ်က ဗီယက်နမ်ရော်ဘာ တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ၆၅ ရာခိုင်နှုန်းကို နေရာရရှိထားပါတယ်။ယခုနှစ် သြဂုတ်လအထိ ဗီယက်နမ်က တရုတ်ကို ရော်ဘာတန်ချိန် ၄၄၉၀၀၀ ကိုတင်ပို့နိုင်ခဲ့ပြီး ကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်ရော်ဘာအသင်းရဲ့ စာရင်းအရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:rubbermarketnews.net
ဥရောပကြွေးမြီ အကျပ်အတည်းက ရေနံစိမ်းအပါအဝင် ရော်ဘာဝယ်လိုအားအပေါ် ဖိအားဖြစ်စေ စက်တင်ဘာလ ၁၉ ရက်နေ့ အာရှရော်ဘာဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်နေပါတယ်။ ယခင် အပတ် စက်တင်ဘာလ ၁၂ ရက်နေ့က တစ်တန်ကို ၄၆၈၉ ဒသမ ၅၀ ဒေါ်လာရှိခဲ့တဲ့ ထိုင်း RSS-5 က စက်တင်ဘာ ၁၉ ရက်မှာ ၄၇၁၆ ဒေါ်လာ အထိသာ ရောက်ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၆ ဒသမ ၅၀ ဒေါ်လာသာ ဈေးမြင့်လာခဲ့တယ်။ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများကျဆင်းခြင်း ၊ ဥရောပဒေသကြွေးမြီပြဿနာအပေါ် စိုးရိမ်ပူပန်မှု ပိုမို ဆိုးဝါးလာခြင်း ၊ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေခြင်းတို့က ကားထုတ်လုပ်မှုမှာ အဓိကကုန်ကြမ်း အဖြစ် အသုံးပြုတဲ့ ရော်ဘာ ဝယ်လိုအားလျော့မယ်ခန့်မှန်းကြရာ ဈေးနှုန်းကို ဖိအားဖြစ်စေတယ်လိ့ု သိရတယ်။ ဒါ့အပြင် ဂျပန်မှာ ရော်ဘာစိမ်းသိုလှောင် ထားရှိမှု ပမာဏမြင့်မားနေတဲ့သတင်းကလည်း ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေတယ်။ ဒါပေမဲ့ စက်တင်ဘာလလယ်ပိုင်းက ရော်ဘာထုတ်လုပ်တင်ပို့မှု အများဆုံး ထိုင်းနိုင်ငံမှာ ရေလျှံခြင်းက ရော်ဘာရောင်းလို အားအတွက် စိုးရိမ်မှုကိုဖြစ်စေပြီး ရော်ဘာဈေးနှုန်းကျဆင်းမှုကို ထိန်းချုပ်ထားကြောင်း သိရတယ်။ ပပ၊Source:rubberboard.org.in, Bloomberg.com
နယ်စပ်မှ ရော်ဘာ ယခုအပတ် တင်ပို့မှုလျော့ နယ်စပ်မှ ပြောင်းဖူးစေ့သာမက နှံစားပြောင်းတင်ပို့မှုပါ ပိုမို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ရော်ဘာ ၇၃၈ တန်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် တင်ပို့မှုထက် ၈၄တန်လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်မှRSS-1 ၃၄ တန်၊ RSS-3 ၂၃၉တန်၊ RSS-5 တန် ၂၁၀ ၊MSR-20 ၁၀၅ တန်၊ MSR-50 ၁၀ တန်နဲ့ ချင်းရွှေဟော်မှ RSS-3 တန် ၆၀ ၊ RSS-5 တန်၂၀ နဲ့MSR-20တန် ၆၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ရော်ဘာဈေးများကတော့ မိမိဘက်မှာ ပြောင်းလဲမှုမရှိပေမဲ့တစ်ဘက်နိုင်ငံမှာ ဈေးမြင့်နေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ယခင်အပတ်ဈေးများနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၄၁၃၈၀၀ ၃၄၁၃၈၀၀ - - ၄၅၄၄ ၄၄၆၄ ၈၀ ၂RSS - 5 ၃၃၀၀၃၁၉ ၃၃၀၀၃၁၉ - - ၄၃၈၇ ၄၃၀၈ ၇၉ ၂MIRT (DOBT)
ရော်ဘာတန် ၇၀၀ ကျော်အထိ တိုးတက်တင်ပို့နိုင် စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၇၂၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၁၈၆ သန်းဖိုးတင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခင်အပတ်က တန် ၁၀၀ ကျော်သာ တင်ပို့ ခဲ့တာကြောင့် တင်ပို့မှု သိသိသာသာပိုမိုခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်္ကာပူကို ၆၀၄ တန်နဲ့ မလေးရှားကို ၁၂၁ တန်အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ် နယ်စပ်ကလည်း ၇၃၈ တန်သာ တင်ပို့ခဲ့ပါတယ်။ လက်ရှိကာလမှာ ရော်ဘာမထွက်သေးတဲ့ ရာသီ ဖြစ်တဲ့အပြင် ကုန်ပစ္စည်းလက်ကျန်လည်း မရှိတာကြောင့် တင်ပို့မှုလျော့နည်းနေခြင်းဖြစ်တာတွေ့ရပါတယ်။ FOB ရန်ကုန် ဈေးနှုန်းကတော့ ပြောင်းလဲမှု မရှိဘဲ RSS-3, MSR-20တစ်တန်ကို ၄၄၀၀ ဒေါ်လာနဲ့ RSS-5 တစ်တန်ကို ၄၃၀၀ ဒေါ်လာဈေးပေါက်ကြောင်း သတင်းရရှိပါတယ်။ KZW
နယ်စပ်မှ ပြောင်းဖူးစေ့သာမက နှံစားပြောင်းတင်ပို့မှုပါ ပိုမို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၂၄၅ တန်ကျော်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၂၁၅ သန်း တန်ဖိုးရှိ နှံစားပြောင်း ၇၀၄ တန် အပို့ရှိခဲ့တယ်။ မိမိဘက်မြေပြင်ဈေးများ မြင့်တက် နေသော်လည်း တစ်ဘက်နိုင်ငံတွင် ပြောင်းဖူးစေ့ ဈေး အနည်းငယ်မျှ မြင့်သော်လည်း နှံစားပြောင်းဈေး ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင် ပေါက်ဈေး များကို ယခင်အပတ်ဈေးများနဲ့ နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၁၆၂၆၇ ၂၀၂၄၅၇ ၁၃၈၁၀ ၇ ၂၉၀ ၂၈၅ ၅ ၂နှံစားပြောင်း ၂၂၂၂၆၉ ၂၀၀၁၇၁ ၂၂၀၉၈ ၁၁ ၃၂၉ ၃၂၉ - -MIRT (DOBT)
အရောင်းသွက်တဲ့ မန်းပြောင်း မန်းဈေးကွက်သို့ ရွှေဘို၊ ကန့်ဘလူ၊ မြစ်ကြီးနားဒေသများအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို ဒေသများမှထွက်ရှိတဲ့ ပြောင်းဖူးစေ့ အသစ်များဝင်ရောက်နေပါတယ်။ ပြောင်းဖူးစေ့အသစ်အဝင်မလှိုင်သေး သော်လည်း လှောင်လက် သမားများမှလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်ဝယ်လိုအားအပြင် ဒေသ တွင်း အစာစပ်လုပ်ငန်းရှင်များမှလည်း ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် အရောင်း သွက်ပြီး၊ ဈေးမြင့်လာပါတယ်။ ယခင်တစ်ပတ် ပြောင်းဖူစေ့(ရှမ်း)တစ်ပိဿာ ၃၀၆ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၂၀၇ ကျပ်၊ CP ပြောင်း ၃၁၅ ကျပ်၊ အထွက်တိုးပြောင်း ၃၂၁ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပြောင်းဖူးစေ့(ရှမ်း- ဗမာ) တစ်ပိဿာ ၃၄၃ ကျပ်၊ အထွက်တိုးပြောင်း ၃၇၇ ကျပ်၊ CP ပြောင်း ၃၄၃ ကျပ်ဈေးရှိပြီး၊ ယခင်အပတ်ထက်ဈေးမြင့် လာတာကိုတွေ့ရပါတယ်။ဈေးကွက် အတွင်းသို့ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်မှုရှိ နေသော်လည်း ပစ္စည်းအဝင် မလှိုင်သေးတာရယ်၊ ပစ္စည်း အဟောင်းလက်ကျန်ကလည်း နည်းလာပြီဖြစ်တဲ့ အ တွက် ပြောင်းဖူးစေ့ ဈေးကွက်ဟာ ဈေးအေးမသွားနိုင်ဘဲ ဆက်ပြီးတော့ အရောင်းသွက် ဈေးမြင့်နေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး
တရုတ်ပြောင်းဝယ်ယူမှု မြင့်တက်ဖွယ်ရှိ သြဂုတ်လအတွင်း တရုတ်နိုင်ငံရဲ့ ပြောင်းတင်းသွင်းမှုဟာ ၁၀ လအတွင်း အများဆုံး ပမာဏကို ရောက်ရှိ ခဲ့ပြီး ယခင်လထက် ၄၂ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၂၄၄၅၀၂ တင်သွင်းခဲ့တယ်လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုဌာနမှ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ မြင့်တက်နေတဲ့ တိရစ္ဆာန် အစာဝယ်လိုအားကို ဖြည့်တင်းဖို့ တရုတ်ပြောင်း တင်သွင်းမှု ဆက်လက် မြင့်တက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ သြဂုတ်လ ၃၁ ရက်မှာ ကုန်ဆုံးတဲ့ ဈေးကွက်နှစ်အတွင်း တရုတ်နိုင်ငံက ပြောင်း တန်ချိန် ၁ ဒသမ ၃ သန်း တင်သွင်းခဲ့လို့ ယခင်နှစ်တင်သွင်းခဲ့တဲ့ တန်ချိန် ၇၁၅၆၇၈ ထက်ပိုမို ဝယ်ယူခဲ့ပါတယ်။ နိုင်ငံရဲ့ ရေရှည် ပြောင်းတင်သွင်းမှုကလည်း တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ ပြည်တွင်းကောက်ပဲသီးနှံလေ့လာ ဆန်းစစ်သူ များကဆိုပါတယ်။ ပြည်တွင်းပြောင်း ရောင်းချမှုနည်းတဲ့အတွက် နှစ်စဉ်တင်သွင်းမှုဟာ ပမာဏ အားဖြင့် တန်ချိန် ၉ သန်း၊ သို့မဟုတ် ၁၀ သန်းလောက်အထိ မြင့်တက်နိုင်တယ် လို့လည်း Shanghai JC Intelligence ကုမ္ပဏီမှ လေ့လာ ဆန်းစစ်သူ Xiao Jun ကပြောကြားပါတယ်။ ပြောင်းသိုလှောင်မှုနည်းပြီး၊ ဝယ်လိုအားတက်တာ ကြောင့် အဓိက ပြုပြင်ထုတ်လုပ်တဲ့ ရှန်ဒေါင်းပြည်နယ်လက်ငင်းဈေးဟာ ပြက္ခဒိန်နှစ်စက စပြီး ၃၃ ရာခိုင်နှုန်း ခန့်မြင့်တက်ခဲ့ပါတယ်။ ရိတ်သိမ်းကာလမရောက်မီ ဈေးကွက်ဝယ်လိုအား ဖြည့်ဆည်းဖို့ ဗဟိုအစိုးရ သိုလှောင်မှုထဲက ပြောင်း တန်ချိန် ၃ ဒသမ ၇ သန်း ထုတ်ရောင်းသွားမယ်လို့ ဘေဂျင်းပြည်နယ်ကောက်ပဲသီးနှံ အုပ်ချုပ်မှုက ပြောကြား ပါတယ်။ ယခုနှစ်သီးနှံ အထွက်တိုးမယ့် အလားအလာအရ ယခုလအတွင်း ကမ္ဘာ့ဈေးကျဆင်းခဲ့ရာမှ တရုတ်နိုင်ငံက ဝယ်လက်ပြန်ထွက်ရင် ဈေးနှုန်းကို အထောက်အပံ့ဖြစ်လာ နိုင်တယ် လို့လည်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ တရုတ်အစိုးရက တောင်အမေရိက ပြောင်းကို စိတ်ဝင်စားနေပြီး အထူး သဖြင့် အာဂျင်တီးနားပြောင်းကို စိတ်ဝင်စားလျက်ရှိရာ နောင်နှစ်နောက်ဆုံး ၃ လအတွင်း အမြောက်အမြား တင်သွင်းနိုင်တယ်လို့ Xiao ကပြောကြားပါတယ်။ ယမင်းခင်၊Source: Dowjones.com