Background
နှစ်စဉ်ပုံမှန်စိုက်ပျိုးနေတဲ့ ကြက်သွန်နီ ဈေးကွက်တွင် ဝယ်လိုအားကောင်း သောကြက်သွန်နီကို ပြည်ပတင်ပို့နိုင် ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများမှ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်မှစ ပြီး မြေလွတ်မြေရိုင်းများ ရှာဖွေဖော် ထုတ်စိုက်ပျိုးနေကြောင်း သိရပါတယ်။ ပြည်တွင်းစားသုံးမှုကို မထိခိုက်စေဘဲ မြေယာသစ်မှထွက်ရှိသော သီးနံှအနေ နှင့် ပြည်ပတင်ပို့ရန် ရည်ရွယ်စိုက်ပျိုး ခြင်းဖြစ်ကြောင်းကိုလည်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာတွင် မြေယာသစ် ဖော်ထုတ်၍ ကြက်သွန်နီစိုက်ပျိုးသော ရွှေကျားရာဇာကုမ္ပဏီစိုက်ခင်းတာဝန်ခံ ဦးအောင်မျိုးနဲ့တွေ့ဆုံခဲ့ရာမှာ ''ထမ္မကြီးကျေးရွာမှာ မြေယာသစ် ၂ဝ၉ ဧကရယူထားပြီး၊ ကြက်သွန်နီကို နှစ်စဉ်စိုက်ပျိုးခဲ့ပါတယ်။ မိုး၊ ဆောင်းနှစ်သီးစိုက်ပျိုးပြီး မိုးကိုပိုမို စိုက်ပျိုးပါတယ်။ အရင်နှစ်ကမိုးစိုက်ဧက ၁ဝဝ နဲ့ ဆောင်းစိုက်ဧက ၇၇ ဧကစိုက်ပျိူးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရာသီဥတုအခြေအနေအရရော ဈေးနှုန်းအခြေအနေ အရရော အစိုက်နောက်ကျခဲ့လို့ မိုးစိုက်ဧက ၅ဝ နဲ့ ဆောင်းမှာ ကုမ္ပဏီသီးသန့်အနေနဲ့ ဧက ၃ဝ တောင်သူကို မျိုးပေးစိုက် စရိတ်ပေးပြီး ဧက ၄ဝ စိုက်ပျိုးထားပါတယ်။ အထွက်နှုန်းကတော့ ဒီနှစ်မှာလည်း အရင်နှစ်အထွက်နှုန်းအတိုင်း တစ်ဧက ပိဿာသုံးထောင်ကျော်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စိုက်စရိတ်အနေနဲ့ ဒီနှစ်မျိုးဈေးသက်သာတဲ့အတွက် စိုက်စရိတ် သက်သာခဲ့ပါတယ်။ အရင်နှစ်က တစ်ဧကခြောက်သိန်းကျော်လောက်ကုန်ရာက ဒီနှစ်မှာ တစ်ဧကငါးသိန်းကျော်ပဲ ကုန် ကျခဲ့ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ''ဈေးကွက်အနေအထားကတော့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ပြည်ပတင်ပို့ခွင့်ရခဲ့ပြီး အကျိုးအမြတ်ဖြစ်ထွန်းမှု ရှိခဲ့ပါတယ်။ မနှစ်ကတော့ ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်မရခဲ့ပေမဲ့ ပြည်တွင်းဈေးကောင်းတာကြောင့် အကျိုးအမြတ် ဖြစ်ထွန်းမှုရှိပြီး ဒီနှစ်မှာလည်း အကိုျးအမြတ်ဖြစ်ထွန်းမယ်လို့ မျှော်မှန်းထားပါတယ်။ ပြည်တွင်းပြည်ပ ဝယ်လိုအားရှိတဲ့ ကြက်သွန်နီ ကို နှစ်စဉ်စိုက်ပျိုးသွားမှာဖြစ်ပါတယ်''လို့ ကုမ္ပဏီတာဝန်ခံတစ်ဦးအနေနဲ့ ပြောကြားချက်အရ သိရပါတယ်။ သင်းးသင်းးမြတ်
ယခင်နှစ်ကလို ဈေးကောင်းမရခဲ့တဲ့ ပြည်ပဲနောက် ပြည်ဈေးကွက်သို့ ပဲတီစိမ်းသီးနံှနဲ့အတူ ဝင်ရောက်တဲ့ ပဲနောက်သီးနံှ သည်လည်း ယခုပဲတီစိမ်း အဝင်ပါးချိန်တွင် ပဲနောက်သီးနံှပါ အဝင်ပါးခဲ့တာကို တွေ့ရပါတယ်။ လက်ကျန်ပဲများသာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးနှုန်းမှာ တစ်တင်း ၂၆၅ဝဝ ကျပ်ဖြင့် လက်လီသမားများ အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခင်နှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ ပဲနောက်တစ်တင်းဈေးမှာ ၃ဝဝဝဝ ကျပ် အထိ ဈေးကောင်းရခဲ့ပြီး ယခုနှစ်မှာတော့ တစ်တင်း ၂၆၅ဝဝ ကျပ်သာ ရရှိခဲ့တဲ့ အတွက် ယခင်နှစ် ဈေးနှင့်ယှဉ်ရင် တစ်တင်း ၃၅ဝဝ ကျပ် ခန့်ဈေးလျော့နည်း ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ပဲကြီးအသစ်များ ဝင်ရောက်မှုများပြီး ဈေးကျလာ ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီလလယ်မှစလို့ ပဲကြီးအသစ်များ စတင် ဝင်ရောက်လျက်ရှိရာ ယခု ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဒေသတွင်းမှ ဝင်ရောက်မှု သာမက မကွေးတိုင်းဒေသကြီးဘက်မှလည်း အိတ် ၁ဝဝ ကျော် ဝင်ရောက် လာခဲ့ပါတယ်။ ယခုနှစ် ပဲကြီးသစ်ပေါ်စအဖွင့်ဈေးမှာ တစ်တင်း ၂၆၅ဝဝ ကျပ် ဈေးစဖွင့်ခဲ့ပြီး ဝင်ရောက်မှုများလာတဲ့အတွက် ယခုတစ်ပတ်မှာ ဈေးအနည်းငယ် ကျသွားခဲ့ကာ တစ်တင်း ၂၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပဲကြီးအဟောင်းဈေးမှာ တစ်တင်း ၂၅ဝဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပြီး၊ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အဟောင်းရောအသစ်ပါ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ထောပတ်ပဲတန်ချိန် ၁၄ဝ ကျော်ပဲ ပို့နိုင် ပင်လယ်ရေကြောင်းက ဂျပန်၊ ကိုရီးယားတွေက အဝယ်ရှိတဲ့ ထောပတ်ပဲကို ဒီတစ်ပတ် (ဖေဖော်ဝါရီလ ၁၇ ရက် ၂၂ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝ ခန့် သာ တင်ပို့မှုရှိလို့ ယခင်သီတင်းပတ်တွေထက် တိုးတက်မှု မရှိတာတွေ့ရပါတယ်။ ပြည်တွင်းပဲထွက်ရာဒေသတွေက ထောပတ်ပဲတွေ ထွက်လာပြီဖြစ်ပေမဲ့ အစိုက်နည်း လာကြလို့ ထောပတ်ပဲက ရှားကုန်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်ထက် အနည်းငယ်ပိုပြီး FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
ဝယ်လိုအားနည်းလို့ အိန္ဒိယကုလားပဲဈေးအကျဘက်ဆင်း အိန္ဒိယပြည်တွင်း ကုလားပဲဈေးကွက်တွေမှာ လက်လီအရောင်းဆိုင် များနဲ့ ပဲခွဲစက်များက ဝယ်လိုအား နည်းတဲ့အပြင် မဟာရပ်ရှတရာဒေသက ပဲအသစ်တွေ ဝင်လာတဲ့အတွက် ကုလားပဲဈေးအကျဘက် ဆင်းနေကြောင်းသိရပါ တယ်။ အင်ဒိုရီဈေးကွက်တွေကို ကုလားပဲအသစ်အိတ် ၈ဝဝ-၁ဝဝဝ ခန့် စတင် ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပဲအသစ်တွေ တိုးတက်ဝင်ရောက်လာတော့မှာဖြစ်သလို ဝင်လာတဲ့ ပဲအသစ်များကလည်း အစိုဓါတ် ပါဝင်မှုတွေကြောင့် အင်ဒိုရီဈေးကွက်မှာ တစ်တန် ကို ရူပီး ၂၄ဝဝဝ-၂၅၂ဝဝ (ကန်ဒေါ်လာ ၅၃၁-၅၅၇) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အစောပိုင်းက ပဲအထွက်တိုးမယ် ခန့်မှန်းကြပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာတော့ မိုးရွာတဲ့အတွက် စိုက်ပျိုးမှုနောက်ကျခြင်းနဲ့ အအေးပိုခြင်းတို့ကြောင့် ၁ဝ-၁၅ ရာခိုင်နှုန်းခန့် အထွက်လျော့ကျ နိုင်တယ်လို့ ကုန်သည်တစ်ဦးဖြစ်တဲ့ Mr Rahul Vohra က သုံးသပ်ထားပါတယ်။ ယမင်းခင်၊Source: business standard
ပဲအသစ်ဝင်ရောက်လာလို့ ကုလားပဲဈေးကျလာ ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီ တတိယပတ်မှ စပြီး ကုလားပဲသစ်များ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပန်းတောင်းဘက်က အဝင်ရှိသလို မကွေးတိုင်းမှာ လည်း အဝင်ရှိလာကြောင်း သိရပါတယ်။ ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၂၂ဝဝဝ ကျပ်၊ ယခုတစ်ပတ်မှာ တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်နေပါတယ်။ ပဲခွဲစက်သမားများကလည်း ပဲအဟောင်းလက်ကျန်များကို ခွဲခြမ်းပြုလုပ်ရောင်းချခြင်းရှိပြီး အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပဲအသစ်များမှာ အဝင် ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
ပဲတီစိမ်းသစ်များ ဟင်္သာတကုန်စည်ဒိုင်ကိုဝင်ပြီ ဟင်္သာတခရိုင်အတွင်း ဆောင်းသီးနံှများ စတင်ထွက်ပေါ်နေပြီဖြစ်လို့ ဟင်္သာတမြို့နယ်တွင်းရှိ ရွာသာ၊ ပဲကြီးကျွန်း၊ ခြင်ဘို့ ၊ ခေါင်းဆေးကျွန်းကျေးရွာများမှ ကုန်စည်ဒိုင်ဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပဲတီစိမ်း တစ်တင်းကို ၂၄၅ဝဝ ကျပ်နဲ့ ဈေးစဖွင့်ခဲ့ပြီး ယခုအပတ်မှာ ပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၁ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှအိတ် ၂၅ဝ ခန့် တင်ပို့နေတယ်လို့ သိရပါတယ်။ အေးအေးခိုင်
ပဲတီစိမ်း ဈေးအေးသော်လည်း တရုတ်ဈေးကွက်ပုံမှန်တင်ပို့ မန္တလေးဈေးကွက်ကို ရွှေဘို၊ မုံရွာမှ ပဲတီစိမ်းများ ခရမ်းသုံးခွမှ ပဲတီရွှေဝါများနဲ့ ပဲခူး၊ ဒိုက်ဦးဘက်မှ ပဲတီစိမ်းများ ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ဈေးကွက်မှာ ခရမ်းရွှေဝါစက ဈေးကောင်းရနေပါတယ်။ ဖေဖော်ဝါရီ ဒုတိယပတ်ထက် ပဲတီစိမ်းဈေးအေးလာတယ်လို့ ဆိုပေမဲ့ တရုတ်ဈေးကွက်တင်ပို့မှုက ပိုလာတာကို တွေ့ရပါတယ်။ ပဲတီရွှေ့ဝါစက ဖေဖော်ဝါရီ ဒုတိယပတ်မှာ တစ်ပိဿာ ၂၂၅၈ ကျပ်၊ ၂၂ဝဝ ကျပ်ဝန်းကျင်ရှိခဲ့ပေမဲ့ လတ်တလော ၂၁၆၉ ကျပ်၊ ၂၁၃၃ ကျပ်ထိ ဈေး အေးလာခဲ့ပါတယ်။ ပဲတီစိမ်းကြီး (ရိုးရိုး)က ဖေဖော်ဝါရီ ဒုတိယပတ်မှာ ၁၆ဝဝ ကျပ်၊ ၁၄၂၂ ကျပ်နဲ့ အရည်အသွေး ပေါ် မူတည်ပြီး ပေါက်ဈေးရှိခဲ့ကာ လတ်တလောမှာ ၁၆ဝဝ ကျပ်မှ အနိမ့်ဆုံး ၁၃၃၃ ကျပ်ထိ ဈေးပေါက်နေပါတယ်။ တရုတ် ဈေးကွက်ကို ၂ဝ၁၁ ဇန်နဝါရီလမှာတော့ တတိယပတ်အထိ တန် ၄၆၅ဝ ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ အရင်နှစ် ၂ဝ၁ဝ ဖေဖော်ဝါရီလတုန်းက တန် ၄၅ဝဝ ကျော် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ သက်သက်နိုင်
ပဲတီစိမ်း အကြီးထက် အသေးအရောင်းသွက် မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်မှ ပဲတီစိမ်းများ မုံရွာမြို့ကို လှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ရန်ကုန်အိတ်စပို့ ဝယ်လက်သမားများက ပဲတီစိမ်းအသေးကို ဝယ်ယူကြလို့ ပဲတီစိမ်းအကြီးထက် အသေးက အရောင်းအဝယ်သွက်ကြောင်း မုံရွာကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းအကြီးတင်း ၄ဝဝ ခန့်နဲ့ ပဲတီစိမ်း အသေးတင်း ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဖေဖော်ဝါရီလ ၂၃ ရက် အတွင်း ပဲတီစိမ်း တစ်ပိဿာပေါက်ဈေး အနိမ့်အမြင့်မှာ ပဲတီစိမ်းကြီး ၁၃၁၆ ကျပ် ၁၅၇၉ ကျပ်၊ ပဲတီစိမ်းအသေး ၁၁၈၄ ကျပ်၊ ၁၃၁၆ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးသို့ တင်း ၅ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ပဲတီစိမ်းတင်ပို့မှု ယခင်အပတ်ထက် ပိုမို ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ တစ်ဖက်အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ကန်ဒေါ်လာ ၃ ဒသမ ၄ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်း ၃၃၁၉ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၄၇၉၈ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၃၇၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ တင်ပို့မှုထက် တန်ချိန် ၉၂ဝ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း ၁၁၈ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်က တရုတ်ကိုတင်ပို့တဲ့ ပဲတီစိမ်းဟာ မန္တလေးနဲ့ စစ်ကိုင်း တိုင်းဒေသကြီးထွက်ကုန်များဖြစ်ပြီး စစ်တွေကတင်ပို့တဲ့ ပဲတီစိမ်းကတော့ ကျောက်တော်နဲ့ မင်းပြားဒေသထွက်ကုန်များ ဖြစ်ပါတယ်။ ယခုအပတ်ပြည်တွင်းဈေးနှုန်းမှာ ပဲတီစိမ်းရွှေဝါတစ်တန်ကို ကျပ် ၁ ဒသမ ၃၂၈သန်းမှ ၁ ဒသမ ၃၅၅ သန်းထိ၊ ပဲတီစိမ်း(ကြီး) တစ်တန်ကို ကျပ် ဝ ဒသမ ၈၁၇ သန်းမှ ဝ ဒသမ ၉၈ဝ သန်းနဲ့ ပဲတီစိမ်း အညာတစ်တန်ကို ကျပ် ဝ ဒသမ ၉၈ သန်းထိရှိနေပြီး ရွှေလီဘက်မှာ ဈေးပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက်မူဆယ်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၁၂၁၇၃၆၁ ၁၂ဝ၉၂၃၆ ၈၁၂၅ ဝ .၇ ၁၄ဝ၉ ၁၄၂၄ ၁၅ ၁MIRT (DOBT)
