Background
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ MSMEs သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အတွက် မရှိမဖြစ် အရေးပါသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ အာဆီယံတွင်MSMEsလုပ်ငန်းပေါင်း သန်း ၇၀ ရှိပြီး အာဆီယံအဖွဲ့ ဝင်နိုင်ငံ စုစုပေါင်း၏၉၇ဒသမ ၂ ရာခိုင်နှုန်းမှ ၉၉ ဒသမ ၉ ရာခိုင်နှုန်း ကြားရှိသည်။ ဒေတာရရှိမှုများအရ အသေးစား စီးပွားရေးလုပ်ငန်း များသည် MSMEs လုပ်ငန်းများ၏ အကြီးမားဆုံးဈေးကွက်ပင် ဖြစ် သည်။ ဒေသအလိုက် ြှနြ များသည် အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးခြင်းအတွက် ၈၅ရာခိုင်နှုန်း GDP တွင် ၄၄ ဒသမ ၈ ရာခိုင် နှုန်းနှင့် နိုင်ငံလုံးဆိုင်ရာ ပို့ကုန်များတွင် ၁၈ ရာခ
လူတို့ တစ်နေ့တာ အသက်ရှင်နေထိုင် လှုပ်ရှားသွားလာရန် အတွက် နေ့စဉ်မပါမဖြစ် စားသောက်ရသည့် အစားအစာများသည် သန့်ရှင်းမှုရှိရန် လိုအပ်ပါသည်။ ]သန့်ရှင်းကျန်းမာ ဘေးကင်းကွာ} ဟုဆိုသည့်အတိုင်း သန့်ရှင်းသည့်အစားအစာကို စားသုံးမှသာလျှင် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေမည်ဖြစ်သည်။ အစားအစာများ ဘေးရှင်းရေး၊ သန့်ရှင်း ရေးအတွက် မှိုဖြစ်ပွားမှုမရှိစေရန်မှာ အရေးကြီးသည့် အချက်တစ်ခု ဖြစ်သည်။ မှိုသည် လိုအပ်သောလေနှင့် အစို ဓာတ်တို့ရရှိပါက အစား အစာများတွင် ရှင်သန်ပေါက်ပွားနိုင်သည်။ မှိုများ အလွယ်တကူ ရှင်သန်ပေါက်ပွားနိုင်သော အစားအစာများမှာ ပေါင်မုန့်၊ ထောပတ်၊ အခွံမာသစ်သီးမ
ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်အတွက် အဓိကအရေး ပါသော ကမ္ဘာ့ဆန်စပါးကဏ္ဍတွင် ရာသီဥတုပြောင်းလဲမှုများနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်နေ ရသည်။ ယခုနှစ် ကမ္ဘာ့ဆန်ဈေးကွက်မှာ ထုတ်လုပ်မှုများ ကျဆင်း ခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းများနှင့် အထူးသဖြင့် အာရှဈေးကွက် တွင် စားနပ်ရိက္ခာဖူလုံမှုအတွက် လွှမ်းမိုးထားခြင်းများ ဖြစ်ပေါ်လျက် ရှိနေသည်။
မဲခေါင်- လန်ချန်းဒေသသည် အာရှတွင် အကြီးမားဆုံး ဖွံ့ဖြိုး တိုးတက်မှုအလားအလာရှိသည့် ဒေသများအနက် တစ်ခုဖြစ်သည်။ လန်ချန်းနှင့်မဲခေါင်မြစ်သည် အမည်ကွဲပြားသော်လည်း တရုတ်နှင့် အင်ဒို-တရုတ်ကျွန်းဆွယ်ကိုဖြတ်၍ စီးဆင်းနေသော အရေးကြီးသော မြစ်—တူညီသောမြစ်ကို ရည်ညွှန်းသည်။ တရုတ်နိုင်ငံQinghai-တိဘက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံသော မြစ်သည်Qinghai- ကွမ်းရှီး ပြည်နယ့်ကျ့ကတွင် အရင်းအမြစ်ရှိသည်။တရုတ်နိုင်ငံတွင် Yushu တွင် မြစ်ဟုခေါ်တွင်ပြီး ယူနန်ပြည်နယ်မှ စီးဆင်းကာ မြစ်အောက်ပိုင်းတွင် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ဖြတ်၍ စီးဆင်းနေသော မဲခေါင်မြစ်သည် အရှည်ကီလိုမီ
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်စီမံ ကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းကပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်သည် အစိမ်းရောင် တော တောင် သဘာဝကို ပိုမိုလှပအောင် ဆောင်ရွက် လုပ်ကိုင်နေကြသော ပြည်နယ်ဖြစ်သည်။ ကျိုက်ထို မြို့နှင့်ဘီးလင်းမြို့နယ်တို့တွင် ဝါးတောများ ပေါက် ရောက်ပြီး ယင်းဒေသခံ ပြည်သူများက ဝါးတောကို အမှီပြု၍ လုပ်ကိုင်စားသောက်ကြသဖြင့် စိုက်ပျိုး ရေးနည်းပညာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ကရင် ဝါးစိုက်တောင်သူများသည် ဝါးစိုက်ပျိုးခြင်း၊ ဝါးခုတ်လုပ်ငန်းလုပ်ကိုင်ခြင်းကို မိသားစုအလိုက် လုပ်ကိုင်ကြသည်။ ဒေသမှထွက်ရှိသော ဝါးကုန် ကြမ်းများကို အသုံးပြုကြရာတွင် ဝါးအိမ်ဆောက် လုပ်ခြင်း၊ အိမ်ခေါင်မိုးခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ဝါးကုလားထိုင် ပြုလုပ်ခြင်း၊ ခြင်းတောင
မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစတင်၍ အင်တာ နက် အသုံးပြုမှုမှာ တိုးတက်လာခဲ့သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုမှု ပိုမိုများပြားလာခြင်းနှင့်အတူ e-commerce သည်လည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ အင်တာနက်မှတစ်ဆင့် ကုန်စည်/ဝန်ဆောင်မှု များ ရောင်းချခြင်းနှင့်ဝယ်ယူခြင်းများသည်လည်း အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အင်တာနက် အသုံးပြုသူပေါင်း ၈ ဒသမ ၂၇ သန်း ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အင်တာ နက် အသုံးပြုသူပေါင်း ၂၃ ဒသမ ၉၃ သန်းအထိ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက် ရာတွင် နိုင်ငံခြားငွေကြေး တောင့်တင်းခိုင်မာမှုသည်လည်း အရေးကြီးသည့် အချက်တစ်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားငွေ တောင့်တင်းခိုင်မာရန် အလေးအနက်ထားပြီး ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ နိုင်ငံခြားငွေရှိရေးအတွက် ပြည်ပပို့ကုန် (Export) တိုးမြှင့်နိုင်ရန်အတွက် ပြည်တွင်းကုန် ထုတ်လုပ်မှုများ တိုးတက်အောင် နည်းလမ်းတစ်ရပ်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာ၌ တိုက်ရိုက်ငွေပေးချေသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ အကျိုးဖြစ်ထွန်းမှုရှိကြောင်း တွေ့ရသည်။
မွန်ပြည်နယ်သည် နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၂၁၀ လက်မခန့်ရရှိကာ စိမ်းစိုသော တောင်ကုန်း တောင်တန်းများလည်း ပြည်နယ်အဝှမ်းတွင်တည်ရှိသည်။ မြေသြဇာကောင်းမွန်သည့် ကမ်းရိုးတန်း လွင်ပြင်နှင့် မြေပြန့်လွင်ပြင်များလည်းရှိသဖြင့် နှစ်တို၊ နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းစွာ ဖြစ်ထွန်းရန်အတွက် ရေခံ၊ မြေခံကောင်းများဖြင့် ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည် နယ်အတွင်းရှိ နှစ်ရှည်ဥယျာဉ်ခြံ စိုက်ပျိုးသည့် တောင်သူများအဖို့ ကွမ်းသီးကို ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်စိုက်ပျိုးကြသည့်အလျောက် ကွမ်းသီးကဏ္ဍမှရရှိသော အကျိုးအမြတ်သည် ပြည်နယ်၏ စီးပွားရေးကဏ္ဍအတွက်လည်း ပမာဏတစ်ခုအထိ ကျောထောက်နောက်
ပြည်သူ့ဆက်ဆံရေး သို့မဟုတ် လူထုဆက် ဆံရေး (Public Relations - PR) သည် အများ ပြည်သူဆက်ဆံရေးကို ကိုယ်စားပြုသည်။ PR ကို လုပ်ငန်းအဖွဲ့အစည်းနှင့် အများပြည်သူကြား အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေး တည် ဆောက်ပေးသည့် စနစ်ကျသော လုပ်ငန်းစဉ်ဟု သတ်မှတ်နိုင်သည်။ တစ်နည်းအားဖြင့် Public Relations ဆိုသည်မှာ အဖွဲ့အစည်းတစ်ခုနှင့် ပြည်သူလူထုကြား ဆက်သွယ်ပြောဆိုမှုကို စီမံ ခန့်ခွဲသည့် နည်းလမ်း (Practice of managing communication ဖြစ်သည်။

