Main menu

Background

Wednesday, 30 Aug 2023

မြန်မာအမည်    -    ရုံးပတီပင်
ရုက္ခဗေဒအမည်     -   Hibiscus esculentus
အင်္ဂလိပ်အမည်     -    Lady's finger
မျိုးရင်း     -    Malvacear
ရုံးပတီသီးကို  ဟင်းချက်စားရာတွင် လည်းကောင်း၊ မီးကင်၍ အတို့အမြုပ်အဖြစ်လည်းကောင်း၊ ပြုတ်၍လည်း ကောင်း စားသုံးကြသည်။ ရုံးပတီသီးကို အစိမ်းအတိုင်းလည်း စားသုံးကြသလို ကြော်ချက်ပြီးလည်း စားကြသည်။ သီးစုံဟင်း ချက်ရာတွင် သူမပါလျှင် မဖြစ်ပေ။ တချို့က  ရုံးပတီသီးကို မီးဖုတ်၍ ငရုတ်ဆီဖြင့်လည်း တို့စားကြသည်။ ရုံးပတီသီးကို ပုစွန်ခြောက်နိုင်နိုင်ဖြင့် နှပ်၍လည်း စားသုံးလေ့ရှိကြသည်။ ရုံးပတီသီးသည် ချွဲပျစ်သောသဘောရှိသည်။

Monday, 14 Aug 2023

Hedge-fund ဆိုသည့် ဝေါဟာရအတွက် အများကလက်ခံ ထားသည့်  တိကျသည့်အဓိပ္ပာယ် မရှိသေးပါ။  အနီးစပ်ဆုံး ဘာသာပြန်ရလျှင် ပိုင်ဆိုင်ထားသည့် ငွေကြေး၊ ပစ္စည်းများ၏တန်ဖိုးတိုးပွားလာရေး၊ ဈေးနှုန်း မကျဆင်းစေရေးအတွက် အကာ အကွယ်၊ အထောက်အခံပြုလုပ်ပေးသည့် ငွေကြေးဝန်ဆောင် အဖွဲ့များဟု ဆိုရပေမည် ။ 
သို့ရာတွင် ဈေးကွက်အတွင်း ကျင်လည်နေသူအများစုကHedge-fund အမည်တွင်သည့်လုပ်ငန်းတွင် အောက်ဖော်ပြပါ အချက်များရှိသည်ဟုဆိုသည် ။  

Monday, 14 Aug 2023

လူများအသက်ရှင်နေထိုင်ရေးအတွက်      စွမ်းအင်မရှိမဖြစ် လိုအပ်သည်။   ကမ္ဘာဦးမှစတင်၍ ယနေ့ခေတ်တိုင်အောင် စွမ်းအင် အရင်းအမြစ်အမျိုးမျိုးကို စူးစမ်းရှာဖွေဖော်ထုတ်သုံးစွဲလာကြသည်။ အဆိုပါစွမ်းအင်များထဲတွင်    အသုံးပြုအများဆုံးစွမ်းအင်အရင်းအမြစ် များမှာ   ကျောက်မီးသွေး(Coal)၊   တွင်းထွက်လောင်စာဆီ (Oil)၊ သဘာဝဓာတ်ငွေ့ Natural Gas)၊  နေ (Solar)၊ လေ Wind))၊ ဇီဝ လောင်စာ (Biofuels) ရေအား Hydro)၊ နျူကလီးယား Nuclear) တို့ဖြစ်သည်။ လူသားတို့အနေဖြင့် စွမ်းအင်အရင်းအမြစ်အမျိုးမျိုး တိုးချဲ့ရှာဖွေဖော်ထုတ်သုံးစွဲလာနိုင်ကြသော်လည်း စွမ်းအင်လိုအပ် ချက်က‌မူ များပြားနေဆဲဖြစ်သည်။ ထို့ပြင် သန့်ရှင်းသော စွမ်းအင် ရရှိရေး၊  

Monday, 31 Jul 2023

အရင်းအနှီးဈေးကွက်မှတစ်ဆင့် ဘဏ္ဍာငွေ ဖြည့်တင်း ခြင်းဆိုသည်မှာ ကုမ္ပဏီများအနေဖြင့် စနစ်တကျ ထိန်းကျောင်း ထားသည့် ဈေးကွက်မှတစ်ဆင့် ငွေချေးသက်သေခံလက်မှတ်များ (စတော့များ၊ ငွေချေးစာချုပ်များ)ကို ထုတ်ဝေကာ ကာလရှည် ငွေကြေးအရင်းအမြစ်များကို စုစည်းခြင်းဖြစ်သည်။ ငွေချေး သက်သေခံလက်မှတ် ဆိုသည်မှာ ငွေကြေးတန်ဖိုးတစ်ခု သတ် မှတ်ကာ ရောင်းဝယ်ဖောက်ကားနိုင်သော၊ တစ်ယောက်နှင့် တစ် ယောက်လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများကို ဆိုလိုသည်။  ယင်းတို့တွင် စတော့နှင့်ငွေချေးစာချုပ်ဟူ၍ ခွဲခြားထားသည်။ စတော့တွင် သာမန်ရှယ်ယာနှင့် ဦးစားပေးရှယ်ယာ စသည် ဖြင့်အမျိုးအစားများ ခွဲခြားထားပြီး ငွေချေးစာချုပ်တွင်မူ အစ

Monday, 31 Jul 2023

ယနေ့ခေတ်တွင် သစ်ခွပန်းကို အခမ်းအနား များပြုလုပ်ရာတွင် လည်းကောင်း၊ အလှူမင်္ဂလာ ဆောင်နှင့် ဘွဲ့နှင်းသဘင်များတွင် အလှဆင်ရာ၌ လည်းကောင်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာ ကြသလို သစ်ခွပန်းခြင်းများကိုလည်း မိတ်ဆွေများ ကို  လက်ဆောင်အဖြစ်ပေးသော အလေ့အထ လည်း ရှိကြသည်။ ထို့ကြောင့်   သစ်ခွပန်းသည် ယနေ့ခေတ်တွင် ရောင်းတမ်းဝင် စီးပွားဖြစ် ဈေး ကွက်တစ်နေရာကို ရရှိလာနေပြီလည်းဖြစ်သည်။
သစ်ခွမျိုးများ

Monday, 31 Jul 2023

ကျွန်တော်တို့နိုင်ငံတွင် ရေပန်းအစားဆုံး အစည်းအဝေးကို ပြပါဆိုလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းနှင့် ဆက်စပ်သော အစည်းအဝေးများပင်ဖြစ်သည်။ အမှန်တကယ်လည်း လုပ်သင့်သည့် အစည်းအဝေးများဖြစ်ပြီး အကောင်အထည်ဖော် ဆောင်သင့်သည့် လုပ်ငန်းလည်းဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များ က ကိုရီးယားနှစ်နိုင်ငံသည် စစ်ပွဲများကြောင့် စားစရာပင် အနိုင်နိုင် ဖြစ်ခဲ့သည့်အချိန်တွင် တောင်ကိုရီးယားနိုင်ငံကို ကယ်တင်ခဲ့သည့် လုပ်ငန်းသည်လည်း   အသေးစား၊  အငယ်စားနှင့်  အလတ်စား လုပ်ငန်းစုများပင်ဖြစ်သည်။

Tuesday, 18 Jul 2023

ချမ်းသာကြွယ်ဝမှု စီမံခန့်ခွဲခြင်း (Wealth Management) ဆိုသည်မှာ  ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခု (သို့) ရင်းနှီးမြှုပ်နှံမှုဘဏ် တစ်ခုသည် ၎င်း၏ ဖောက်သည်တစ်ဦး သို့မဟုတ် မိသားစုတစ်စု သို့မဟုတ် အဖွဲ့အစည်းအလိုက် ရင်းနှီး မြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံဉာဏ်များပေး ခြင်း၊ ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲပေးခြင်းတို့ကို ဆိုလိုသည်။ အဆိုပါ   ရင်းနှီးမြှုပ်နှံမှုအကြံပေးအဖွဲ့များသည် မိမိ ဖောက်သည်များ၏  ငွေကြေးပိုင်ဆိုင်မှု နှင့် သုံးစွဲနိုင်မှု အခြေ အနေကိုလိုက်၍ မည်သည့်အက်ဆက် အတန်းအစားများကို ဝင်ရောက်ရင်းနှီးမည်၊ မည်သို့သော စတော့များ ၊ရင်းနှီးမြှုပ်နှံမှု  စာချု

Tuesday, 18 Jul 2023

မှို (mold) ဟုကြားလိုက်သည်နှင့် ကျွန်မတို့ နေထိုင်ရာ ပတ်ဝန်းကျင်တွင်  မျက်စိဖြင့် မမြင်နိုင် သည့် ဘက်တီးရီးယားများ ၊   မှိုများ အများအပြား ရှိနေနိုင်သည်ကိုလည်း သတိထားရမည်ဖြစ်သည်။ ၎င်းမှိုများထဲမှ အာဖလာ တော့ဆင်“Aflatoxin”  သည်  မှိုဆိပ်များထဲတွင် အပြင်းထန်ဆုံးဖြစ်ပြီး ကြောက်စရာ  အကောင်းဆုံး ဖြစ်သည်ကိုလည်း သိရှိထားရမည်ဖြစ်သည်။   အာ ဖလာတော့  ဆင်မှိုဆိပ်ဆိုသည်မှာ  Aspergillus flavus နှင့် Aspergillus parasiticus ဆိုတဲ့   မှိုမျိုး စိတ်တို့မှ ထုတ်လုပ်ပေးသော   မှိုဆိပ်တစ်မျိုးဖြစ် သည်။ ၎င်းမှိုဆိပ်ကို  လူအများစားသုံးသော အစား အစာများထဲတွင်သာမက တိရစ္ဆာန်အစားအစာများ တွင်ပါ တွေ့ရှိ

Tuesday, 18 Jul 2023

အစိမ်းရောင်ရှိပြီး တညင်းသီးနှင့် အနံ့၊ အရ သာ ဆင်တူသော   မျောက်ငိုသီးများကို  အရှေ့ တောင်အာရှတစ်ဝိုက်နှင့်    ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ပါ  တွင်ကျယ်စွာ   စားသုံးလာကြပြီ ဖြစ်ပါသည်။ မျောက်ငိုသီးကို  အင်္ဂလိပ်လှိုStink bean/Bitter bean/ Twisted cluster bean ဟု ခေါ်ကြပြီး မလေးရှားဘာသာစကားအတိုင်းPetai  ဟုလည်း အမည်တွင်ပါသည်။   မြန်မာနိုင်ငံတွင် မျောက်ငိုသီးကို သစ်လိမ်သီး၊သစ်ကဇော်၊ဇောင်းသ စသည်ဖြင့် ဒေသအလိုက် အခေါ်အဝေါ်  အမျိုး မျိုးနှင့် ခေါ်ဝေါ်ကြပါသည်။  ရုက္ခဗေဒအမည်မှာ  Parkia speciosa ဖြစ်ပါသည်။ ပဲမျိုးရင်းဝင်အုပ်စု (Fabaceae) တွင်ပါဝင်ပြီး မျောက်ငိုသီး၏မူရင်း ဒေသမှာ မလ

Tuesday, 18 Jul 2023

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသလို ပဲကိုလည်း ဒုတိယဦးစားပေး၍ စိုက်ပျိုးဆောင်ရွက်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူဦးရေ အများအပြားတွင် ၇၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးသူ တောင်သူများ ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ အနေဖြင့် စပါးစိုက်ပျိုးရိတ်သိမ်းပြီးလျှင် ပုံမှန်အားဖြင့် ပဲသီးနှံနှင့် အခြားသီးနှံများ  ဆက်လက်စိုက်ပျိုးကြသည်။  ယခုအချိန်တွင် တစ်နှစ်ကို စပါးပြီးပဲ နှစ်သီးစိုက်ပျိုးခြင်းမှ စပါးပြီး ပဲ၊ ပဲပြီး ပဲဟူ၍ သုံးသီးပြောင်းလဲ စိုက်ပျိုးနေကြောင

Pages