Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ မတ် ၁၉ ရက်မှ ၂၅ ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၂၉ သန်းဖိုးရှိ ဆန်တန်ချိန် ၁၀၄၆၉ တန်ခန့်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆၆၀ တန်ခန့်၊ ဧည့်မထဆန် တန် ၈၀၀၊ ၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် တန် ၂၀၀၀ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၁၈၆ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်းဖိုးရှိ ဆန်ကွဲ ၁၂၆၅ တန်တင်ပို့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၇ တန် လျော့နည်းခဲ့ပါတယ်။
အစေ့ထုတ်ပြောင်း အရောင်းအဝယ်ကောင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းပဲများ လှိုင်လှိုင်ဝင်ရောက်ရှိရာ၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကုလားပဲသီးနှံများ ဝင်ရောက်မှုများပြီး ပဲတီစိမ်းသီးနှံမှာ ပဲ အဝင်နည်းသွားပြီလို့ သိရပါတယ်။ ပြည်အနီး တစ်ဝိုက် နယ်စုံ မှ ဝင်ရောက်ခဲ့ကာ အရောင်းအဝယ်ဖြစ်မှုကတော့ မတ်ပဲနှင့် ပဲစင်းငုံသီးနှံကို ရန်ကုန်ဝယ်လက်မှဝယ်ယူနေသလို ကုလားပဲ နှင့် ပဲကြီးသီးနှံများကတော့ ဒေသတွင်း ဝယ်လက်များ အဓိက ထား အရောင်းအဝယ်ဖြစ်ခဲ့ကြပါ တယ်။ ပဲတီစိမ်းသီးနှံမှာ မန္တလေးဝယ်လက်က ဝယ်ယူပြီး လက်ကျန်ပဲအနည်းငယ်သာ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် အိတ် ၁၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မတ်ပဲသီးနှံမှာ
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ မတ် ၂၅ ရက် လက်ကားဆန်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၃၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်သီတင်းပတ်ထက် ထိပ်စ၊ လတ်စ တစ်အိတ် ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့်လာပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ် ဆန်းဆန်ထိပ်စ တစ်အိတ် ၃၅၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၃၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ထိပ်စ ၊ လတ်စ တစ်အိတ်ကို ၅၀၀ ကျပ်ခန့်စီ မြင့် တက်လာပါတယ်။ နယ်စုံ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ၃၂၅၀၀ ကျပ်၊ လတ်စတစ် အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ ဈေးနှုန်းနှိုင်းယှဉ် ကြည့်ပါက ထိပ်စ၊ လတ်စ တစ်အိတ်ကို ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့် လာကြောင်း တွေ့ရပါတယ်။ရွှေဘိုပေါ်ဆန်းဆန
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၂ ရက်မှ ၁၈ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၆၃၁၆၀ တန်ဖိုးရှိ ကြက် သွန်နီ ၁၀၃၂ တန်၊မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၉၃၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၃ တန်ခွဲ တင်ပိုခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မူဆယ်မှ တန် ၇၀၀၊ မြဝတီမှ၁၄၂ တန်ခွဲနဲ့ တာချီလိတ်မှ တန် ၁၀၀ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ကြက်သွန် နီ ၂၄၃ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။စလင်းမြို့နယ်အတွင်းရှိ ကြက် သွန်နီစိုက်တောင်သူတွေရဲ့ စိုက်ခင်း များတွင် ကြက်သွန်နီ အထွက်နှုန်း ကောင်းသော်လည်း ယခုကြက်သွန်များ တူးဖော်ရောင်းချချိန်တွင်ဈေးနှုန်းကျ ဆင်းနေသဖြင့် တောင်
ယင်းမာပင်ခရိုင်အတွင်းတွင် ဒေသတွင်းပျားမွေးမြူသူနဲ့ ကသာ-အင်းတော်ဒေသမှ ပျားမွေးမြူသူများ၊ ရှမ်း ပြည်နယ်မှ ပျားမွေးမြူသူများဟာ ပျားစားကျက်များကို အလှည့်ကျပြောင်းရွှေ့မွေးမြူကြပါတယ်။ ဆီးပန်းပွင့်ချိန်မှာ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့ရှိ ဆီးခြံများမှ ဆီးခြံပိုင်ရှင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ ညှိနှိုင်းကာ ပျား သေတ္တာများချပြီး မွေးမြူလျက်ရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy) အကောင်အထည်ဖော် ဆောင်ရာတွင် ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ရှိ သီးနှံစိုက်ပျိုးတောင် သူများ၊ ကုန်သည် ပွဲစားများ၊ ဆီစက်လုပ်ငန်းရှင်များအား စုစည်းပါဝင်စေကာ မြို့နယ်အသင်းများစုဖွဲ့ထားရန် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ေ မာင်းရဲ့ကြီးကြပ်မှုဖြင့် ယနေ့အထိ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးလက်အောက်ရှိ စစ်ကိုင်းခရိုင်နဲ့ မုံရွာခရိုင်တို့တွင် မြို့နယ်ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ် သူများအသင်း
ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးမှုများများပြားနေချိန်တွင် သြစတြေးလျနိုင်ငံအနောက်ပိုင်းတွင် နေထိုင်ကြသည့်ပြည်သူများ၏ သုံးပုံတစ်ပုံခန့်သည် ကင်ဆာရောဂါကာကွယ်ရေးနည်းလမ်းများအား အလေးမထားကြကြောင်း မဲလ်ဘုန်းမြို့အခြေစိုက် ကင်ဆာရောဂါကာကွယ်ရေးဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။ သြစတြေးလျအနောက်ပိုင်းရှိ ကျန်းမာရေးဌာနကလည်း အဆိုပါဒေသတွင် နေ ထိုင်ကြသည့် ပြည်သူသုံးဦးနက် တစ်ဦးသာလျှင် ကင်ဆာရောဂါကာကွယ်ရေးနည်းလမ်းများကိုလိုက်နာလျက်ရှိပြီး အဆိုပါနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးလျက်ရှိသည်ဟုဆိုသည်။
မုံရွာမြို့နယ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းကြက်သွန်နီစိုက်ပျိုး မှုအများဆုံးဒေသတစ်ခုဖြစ်သလို ပြီးခဲ့တဲ့နှစ်က ကြက်သွန်နီဈေးစံချိန်တင်မြင့်မားခဲ့ရာ တောင်သူတွေအတွက် မက်လုံးတစ်ခုလိုဖြစ်ခဲ့လို့ ဒီနှစ်ေ ဆာင်းကြက်သွန်နီ စိုက်ဧကတွေတိုးလာတာဖြစ်တယ်လို့ ကြက်သွန်တောင်သူတွေကဆိုပါတယ်။ ဈေးကွက်မျှော်လင့်ချက်အရ ပြီးခဲ့တဲ့မိုးစိုက်ကြက်သွန်နီအနေနဲ့ မုံရွာမြို့နယ်အတွင်း စိုက်ပျိုးမှု အားနည်းခဲ့ပြီး၊ ရာသီဥတုအခြေအေ နနဲ့ ပိုးကျမှုရှိခဲ့လို့ ပျမ်းမျှ တစ်ဧက ၂၀၀၀ မှ ၃၀၀၀ ပိဿာအတွင်းသာ ထွက်ခဲ့ကာ ဈေးအားဖြင့် တစ်ပိဿာ ၇၀၀ ကျပ်မှ ၄၀၀ ကျပ်ကြားကျဆင်းခဲ့တဲ့အတွက် တောင်သူအများစု အရှုံးပေါ်ခဲ့ကြ တယ်လို့သိ