Main menu

Background

Tuesday, 18 Jul 2023

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ထောပတ် သီး ရာသီအတွက် အိန္ဒိယမှ မြန်မာ့ထောပတ်သီး တန်ချိန် ၁၀ဝ၀ ကျော် ဝယ်ယူရန် ကမ်းလှမ်းထား ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအသင်း(MAVO)က သိရသည်။
မြန်မာ့ထောပတ်သီး  တင်သွင်းရန်  စိတ်ဝင် စားကြသည့် အိန္ဒိယကုမ္ပဏီ  အများအပြားရှိသည့် အနက် ကုမ္ပဏီတစ်ခုတည်းမှနေ၍တင်ပို့ရန် ကမ်း လှမ်းထားခြင်းဖြစ်ပြီး ကမ်းလှမ်းရန်   စိတ်ဝင်စား သည့်   အခြားသောကုမ္ပဏီများလည်းရှိကြောင်း အဆိုပါအသင်း       အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးမင်းက ဇူလိုင် ၁၃ ရက်တွင် ပြောသည်။

Monday, 17 Jul 2023

နဂါးမောက်သီးပင်သည်  နွယ်ယောင်၊ ပင်ယောင်ဖြစ်ပါသည်။ နဂါးမောက်သီးပင်ကို တောင်အမေရိက၊ အရှေ့တောင်အာရှနှင့် အပူ ပိုင်းဒေသများတွင် အများဆုံး စိုက်ပျိုးလျက်ရှိ သည်။ အသီးသည် နဂါး၏အကြေးခွံနှင့်တူသော  စူးရှသော  အပြင်ဘက်အရေပြားကြောင့် နဂါး မောက်သီးဟု ခေါ်တွင်ကြသည်။ နဂါးမောက်သီး၏ အာဟာရတန်ဖိုးနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကြောင့် ကမ္ဘာတစ်ဝန်းတွင် ရေပန်းစားလာသော ထူးခြားဆန်းပြားသည့် အသီးတစ်မျိုးဖြစ်သည်။

Monday, 17 Jul 2023

ဝဥသည်  အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသမျိုးရင်းဖြစ်ပြီး အရှေ့ တောင်အာရှ၊  တောင်အာရှ၊ မာဒါဂတ် စကာ၊ နယူးဂီနီနှင့် ပစိဖိတ်ကျွန်းစုဒေသ တွေမှာ သဘာဝအတိုင်း အများအပြား တွေ့ရှိရသည်။ ဝဥသည် Araceae (ခေါ်)ပိန်းမျိုးရင်းဖြစ်ပြီး ရုက္ခဗေဒ အမည်မှာ Amorphophallus Compan- ulatus Blume ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam (or) White Yam ဖြစ်သည်။ ဝဥကို မြန်မာနိုင်ငံ၌ နေရာအနှံ့ စိုက်ပျိုးကြပြီး သစ်ရိပ်၊ ဝါးရိပ်၊ အစိုဓါတ်ကောင်းသည့် နေရာများတွင်  သဘာဝအလျောက် တွေ့ရှိနိုင်ပြီး နှစ်ရှည်ခံအပင်ပျော့မျိုး ဖြစ်ကာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင်ပျိုးထောင်ပြီး မေလနှင့်ဇွန်လ များတွင် စိုက်ခင်းသိ

Monday, 3 Jul 2023

ယခု ၂၀၂၃ ခုနှစ်အတွင်း ထွက်ရှိလာသည့် ရင်ကွဲသရက်သီး များကို  တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချရာတွင်     ဈေးကောင်းရရှိနေ ကြောင်း မြန်မာသရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး)မှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံဈေးကွက် သို့ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက် နှင့် မယ်သီသရက်သီးတို့ကို နှစ်စဉ် တင်ပို့ရောင်း ချနေခြင်းဖြစ်သည်။

Monday, 3 Jul 2023

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်တွင် ပဲစင်းငုံကို နှမ်း သို့မဟုတ် နေကြာတို့နှင့် သီးညှပ်စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်လျက် ရှိသည်။

Monday, 3 Jul 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့်  ဆန်ကွဲတင်ပို့ရာတွင် တရုတ်အကောက်ခွန်ဌာန၌ မှတ်ပုံတင်ခွင့်ရရှိရေးအတွက် Sanitary and Phyto- sanitary – SPS Protocol ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲတစ်ခုကို ဇွန် ၁၄ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

Wednesday, 21 Jun 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း ရုံးပတီသီးကို စိုက်ပျိုးကြကြောင်း၊ ရုံးပတီသီးကို စိုက်ပျိုးရာတွင် ရာသီမရွေး စိုက်ပျိုးကြပြီး  စိုက်ပျိုးချိန် တစ်လကျော်လျှင် အသီးများ စတင်ခူးဆွတ်ရသည်။ ရုံးပတီသီးကို စားသုံးသူပြည်သူများအတွက်  အကောင်းဆုံးအချိန်သည် ပန်းပွင့်ပွင့်ပြီး (၅ /၆)

Monday, 5 Jun 2023

ကမ္ဘာ့ရော်ဘာဈေး မြင့်တက်နေခြင်းကြောင့် ပြည်တွင်း ရော်ဘာဈေးလည်း လိုက်ပါမြင့်တက်လျက်ရှိကြောင်း ရော်ဘာ လုပ်ငန်းရှင်များထံမှ သိရသည်။ 
မြန်မာ့ရော်ဘာဈေးမှာ    နိုင်ငံတကာပေါက်ဈေးအပေါ် မူတည်၍ ဈေးအတက်အကျ ဖြစ်ပေါ်‌နေခြင်းဖြစ်ပြီး  လက်ရှိ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ ဒေါ်လာ ၁၆၅၀ မှ ၁၇၀ဝ အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း အဆိုပါအသင်း အတွင်း ရေးမှူး ဦးခိုင်မြင့်က မေ ၃၁ ရက်တွင် ပြောသည်။

Monday, 5 Jun 2023

အိန္ဒိယကုမ္ပဏီတစ်ခုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်း တိုင်းဒေသကြီး၌ စက်သုံးဆီ လက်လီအရောင်းဆိုင်များ  ဖွင့်လှစ်ရန် ပြင်ဆင် နေကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အဆိုပါကုမ္ပဏီသည်  အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ   Numaligarh Refinery Limited (NRL)အမည်ရှိ ကုမ္ပဏီဖြစ်ပြီး စက်သုံးဆီဆိုင်များ လာ ရောက်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

Pages