Main menu

Background

Wednesday, 23 Oct 2019

        ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်လုပ် ငန်းများဖြစ်သော  Hakers Enterprise (Myanmar)  Co.,Ltd (ပုသိမ်)မှ Pants &  Jackets အမျိုးအစားအရေအတွက် ၁၅၄၄၄၄၄ ၊ အမေရိကန်ဒေါ်လာ ၄၁၈၃၂၁၃ ဒသမ ၃၀၊  Huabo Times Textile and Clothing Co.Ltd (ပုသိမ်) မှ  shirts အမျိုးအစား အရေအတွက်  ၁၉၅၄၂၇၂  အမေရိကန် ဒေါ်လာ ၃၉၆၈၅၉၀ အား ဥရောပသို့တင်ပို့ခဲ့ပြီး North Shore  Group Co.,Ltd (ပုသိမ်) မှ Pants & Jackets အမျိုးအစား အရေအတွက် ၄၄၅၈၉၃၊ အမေရိကန်ဒေါ်လာ ၇၇၇၄၁၃ ဒသမ ၆၀ ကို ဂျာမနီနိုင်ငံသို့ တင်ပို့၍  He Shan (Myanmar) Garments Co.Ltd (ပုသိမ်)မှ  Shirts, Pants အမျိုးအစား အရေအတွက် ၁၆၂၉၃၀၈၊ အမေရိကန်ဒေါ်လာ ၁၉၀၆၂

Wednesday, 23 Oct 2019

      မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက် အထိ ဘဏ္ဍာနှစ်ကာလအတွင်း မက်ထရစ်တန် ၅၈၃၆၇၆ ဒသမ ၃၅၄တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇၂၈ ဒသမ ၂၅၇ သန်း ရရှိခဲ့သည်။  ပို့ကုန်တန်ဖိုး အားဖြင့် အမြင့်ဆုံးတင်ပို့နိုင်သည့် စံချိန်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၈၈၀၂ သန်း  တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း လေ့လာတွေ့ရှိရသည်။

Tuesday, 22 Oct 2019

       မုံရွာမြို့ သံလမ်းဈေးအပြင်ဘက် တွင် ကားများကိုယ်စီဖြင့် ကြက်သား ရောင်းချနေသူများ ယခုလအတွင်း ပိုမို များပြားလာသည်။ အောက်တိုဘာလ ပထမပတ်ကြက်သားဈေးနှုန်းများမှာ ဗမာကြက်ဟု ခေါ်ကြသော အိမ်မွေး ကြက်တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၉၀ဝ၀၊ စပ်မျိုးကြက် တစ်ပိဿာဈေးနှုန်း မှာ ကျပ် ၆၀ဝ၀ ဖြစ်နေချိန်တွင် စီပီ ကြက်ဟုခေါ်ကြသော မွေးမြူရေးကြက် က တစ်ပိဿာလျှင် ဒိုင်ဈေး ကျပ် ၂၈၀ဝ၊ လက်လီဈေး ကျပ် ၃၂၀ဝ ဖြင့် ရောင်းချ နေသည်ကို တွေ့ရသည်။  ထိုမွေးမြူရေးကြက်များမှာ တစ် ကောင်လျှင် အလေးချိန်တစ်ပိဿာခွဲအနည်းဆုံးရှိပြီး အရွယ်အစား ကြီး လွန်းခြင်း၊ ဈေးနှုန်းချိုသာလွန်းခြင်းတို့ကြောင့် စားသုံးသူများအတွက် ဘေး ကင်းမှု ရှိ၊ မရှိကို သိ

Tuesday, 22 Oct 2019

          မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ် ထားသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြံပြုချက်အတိုင်း LC စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ဦးဆောင် ၍ ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မော်တော် ယာဉ်အရောင်းပြခ

Wednesday, 9 Oct 2019

         ဘူးသီးနှင့်ပတ်သက်၍ မြန်မာလူမျိုးတို့၏ ဟင်းလျာအဖြစ် လည်း ကောင်း၊ သရေစာအဖြစ်လည်းကောင်း အမျိုးမျိုးစီမံ၍ စားသုံးလျက် ရှိပါသည်။ ဘူးသီးနှင့် ကြက်သားကာလသားချက်၊ ဘူးသီးနှင့် မြေပဲထောင်း တို့ကို ဆီပြန်ချက်၊ ဟင်ခါးဟင်းရည်အနေဖြင့်လည်းကောင်း၊ အချဉ် သိပ်၍လည်းကောင်း ချက်ပြုတ်စားသုံးကြသလို ဘူးသီးကို ဘူးသီး ငါးပေါင်းကြော်၊ ဖြူးကြော်၍လည်းကောင်း စားသုံးကြပါသည်။ ဘူးသီးကို အရောင်ပေါ်လိုက်ပြီး အစိမ်းမျိုး၊ အဖြူမျိုး၊ အစိမ်းနှင့် အဖြူ ကွက်ကျားမျိုးဟု ခွဲခြားကြပါသည်။ အသီး၏ပုံသဏ္ဌာန်အရ ဘူး သပိတ်၊ ဘူးလည်လှ၊ ဘူးရှည်စက၊ ဘူးရှည်၊ ဘူးရေမှက်နှင့် ဘူးခါးဟူ၍ လည်း မှတ်သားရပါသည်။ တော်သလင်းဘူးကျင်းဆိုရိုးစကားအရ တော

Tuesday, 8 Oct 2019

      ကမ္ဘာ့ဘဏ်၏ ပဏာမ အစီရင်ခံစာအရ အပြောင်းလဲဆုံးနိုင်ငံ ၂၀ စာရင်းတွင် မြန်မာ နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံအနေဖြင့် Ease of Doing Business ဆောင်ရွက်ရာတွင် ကဏ္ဍဍငါးခု ပြောင်းလဲ  တိုးတက်လုပ်ဆောင်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန (DICA)ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် လွင်ကပြောသည်။ အောက်တိုဘာ ၁ ရက်က ယင်းဌာန၌ ပြုလုပ်သည့်   မီဒီယာတွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပြောင်းလဲတိုးတက်လာသော ကဏ္ဍဍငါးခုအနက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် တိုက်ရိုက်သက်ဆိုင် သည့် လုပ်ငန်းနှစ်ခု ပါဝင်ကြောင်း ဦးသန့်စင် လွင်က ပြောသည်။

Tuesday, 8 Oct 2019

     ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဘိုင်းဒါးဒေသနှင့်  သဲကုန်းမြို့နယ်၊ ပုတီးကုန်း၊ ဝက်ပုတ်ဒေသများ၌ ဖရဲသီးအပါအဝင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီနှင့်  ဟင်းသီးဟင်းရွက် အမြောက်အမြား  စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး  ပဲခူး၊ ရန်ကုန် တောင်ငူ၊ ဘားအံနှင့် ကျိုက်ထိုဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယခုအခါ Win Organic Farm Myanmar Co., Ltd မှ မြန်မာနိုင်ငံ Organic ဟင်းသီးဟင်းရွက်ထွက်ကုန်များအား အခြောက်ခံ၍ ကိုရီးယားနိုင်ငံသို့  တင်ပို့လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဘိုင်းဒါးဒေသမှဂေါ်ဖီထုပ်များကို Organic ထုတ်ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်၍ ကိုရီးယားနိုင်ငံဈေးကွက်သို့ ဝယ်ယူတင်ပို့နိုင်ရန် အောက်တိုဘာ ၁

Tuesday, 8 Oct 2019

     စတုတ္ထစက်မှုတော်လှန်ရေးတွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ ပါဝင်နိုင်ရန် ဆောင်ရွက်ရမည့် နည်းလမ်းခြောက်ခု နှင့်ပတ်သက်၍ Enhanced Integrated Framework (EIF)မှ  Ratnakar Adhikari က  ဆောင်းပါးတစ်ပုဒ်အကြံပြုရေးသား ဖော်ပြထားသည်။ အဆိုပါဆောင်းပါးတွင် စတုတ္ထစက်မှုတော်လှန်ရေး ခေတ်တွင် စက်ပစ္စည်းများ၊ စက်ရုပ်များက လူသားတို့နေရာ တွင် အစားထိုးဝင်ရောက်သွားပြီး  အလုပ်လက်မဲ့ဦးရေများပြား လာမည်ဟု တချို့က  ယုံကြည်ကြကြောင်း၊ တချို့ကလည်း ဖွံ့ဖြိုးမှု   အနည်းဆုံးနိုင်ငံများအတွက် ကြီးမားသည့် အလား အလာကောင်းဖြစ်သည်ဟု   ရှုမြင်ကြကြောင်း မိတ်ဆက် ရေးသားဖော်ပြထားသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့်   စတ

Tuesday, 8 Oct 2019

     လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် အရောင်းပြေစာတွင်  အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်မှုများအပေါ် ပြီးခဲ့သည့်ဇွန်လမှ စတင်ကာ ဒဏ်ငွေရိုက်အရေးယူလျက်ရှိရာ ယင်းဒဏ်ရိုက်မှုမှ သြဂုတ်လအထိ ကျပ်သန်း ၆၀ နီးပါးရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။ ယင်းဌာနအနေဖြင့် ပြီးခဲ့သည့်  ဇွန်လမှစတင်၍ အဆိုပါပျက်ကွက်မှုများ အပေါ် ဒဏ်ငွေရိုက်အရေးယူခဲ့ရာတွင် သြဂုတ်လအထိ ဒဏ်ရိုက်မှု ၅၉၆ မှု ရှိခဲ့ပြီး ဒဏ်ကြေးငွေအနေဖြင့် ကျပ် ၅၉ ဒသမ ၇၆၂ သန်းခန့်ရရှိခဲ့ကြောင်း သိရ သည်။ ပြေစာပေါ်တွင် အခွန်တံဆိပ် မကပ်နှိပ်ခြင်းအား သတင်းပေးတိုင်ကြားလာသည့်အမှု  ၃၀ မှု ရ

Pages