ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ယခင်နှစ်ကာလတူဈေးထက် ပိုမြင့်တက်
ပြည်ခရိုင်အတွင်းရှိ ပြည်ဈေးကွက်သို့ ဆောင်းမြေပဲဆန်များကို ပြည်မြို့အနီးတစ်ဝိုက် ကျေးရွာများ၊ ပြည်-အောင်လံကြားရှိကျေးရွာ များနှင့် ရွှေတောင်မြို့ရှိ ကျေးရွာများဖြစ်သော ကျီးသဲ၊ ညောင်စာရေး ကျေးရွာများမှ နေ့စဉ် ပိဿာ၃၀ဝင်အိတ် ၇၀ဝ/ ၈၀ဝခန့် ဝင်ရောက် မှုရှိသည်။ ပြည်ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲဆန်များကို ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ဒေသတွင်း ဆီစက်သမားများက အဝယ်ရှိ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။