ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲတန်ချိန် လေးသောင်းနီးပါးတင်ပို့
ဆန်
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈၆၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၂၁၅၀ ကျော် တင်ပို့ ခဲ့သည်။
Background
ဆန်
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈၆၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၂၁၅၀ ကျော် တင်ပို့ ခဲ့သည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ပေါင်းဆုံရာ မြစ်ရေကြီးချိန်တွင် ရေဝင်ရောက်သည့် ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းကျေးရွာ များဖြစ်သည့် ကုန်းတလင်း၊ ဇီးကုန်း၊ ဇီးကုန်းကျွန်း၊ သူဌေးကုန်း နှင့် ကန်ဒေါင့်ကျေးရွာများတွင် မြစ်ရေကျချိန် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီများ အများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးကြီး အတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီ လက်ကား ပြန်လည်ရောင်းချလျက်ရှိသည်။ ၂၀၂၃ခုနှစ် သြဂုတ်လအတွင်း ကြက်သွန်နီ(ဆိပ်ဖြူ) ပိဿာ ၁၀ဝ၂၀ဝ ဝင်ရောက်ခဲ့ပြီး ကြက်သွန်ဖြူ (ကြူ ကုတ်)မှာ ပိဿာ ၃၈၀ဝ၀ ဝင်ရောက်ခဲ့သည်။ လက်ကားဈေးနှုန်းများအနေ ဖြင့် ကြက်သွန်နီ(ဆိပ်ဖြူ) အနိမ့်ဈေးမှာ ကျပ် ၁၈၀၅ မှ ၃၀ဝ၀ထိ ဖြစ်ခဲ့ပြီး အမြင့်ဈေးမှာ ကျပ် ၂၄၅၀ မှ ၄၂၀ဝ ထိ ဖြစ်ပေါ်ခဲ့သည်။ ကြက်သွန်ဖြူ (ကြူ ကုတ်) လက်ကားဈေးမှာကျပ် ၇၀ဝ၀ မှ ၈၄၀ဝ ထိ ဖြစ်ပေါ်ခဲ့
ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ စက်တင်ဘာ ၁၆ ရက်မှ ၂၁ ရက်ထိ နေ့စဉ်ကုန်ချိန် ပိဿာ နှစ်သောင်းခွဲခန့်၊ တစ်ပတ်အတွင်း စုစု ပေါင်း ပိဿာတစ်သိန်းခွဲခန့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ တစ်ပတ်အတွင်း ပိဿာ လေးသိန်းခန့် စီးဆင်းလျက်ရှိကြောင်း သိရှိရသည်။
မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီလက်ကားဈေး အနည်းငယ် ကျဆင်း သကဲ့သို့ နယ်ဝေးတင်ပို့မှုမှာလည်း လျော့နည်းလာကြောင်း သိရသည်။ ယခင်က ရန်ကုန်၊ ပဲခူးသို့ ပုံမှန်ပို့နိုင်ပြီး နယ်စပ်လမ်းကြောင်းများသို့ပါ တင်ပို့ နိုင်ခြင်းကြောင့် ကုန်တင်ယာဉ်များအတွက် အကျိုးအမြတ်များခဲ့သည်။ တင်ပို့ရာတွင် ဘင်္ဂလားဒေ့ရှ်သို့ ဥလနမ ှနေ မှလည်းကောင်း၊ ဗီယက်နမ်၊ မလေး ရှားနိုင်ငံများသို့ နယ်စပ်လမ်းကြောင်းဖြစ်သည့် မြဝတီမှလည်းကောင်း တင်ပို့ ကြောင်းသိရသည်။
အူပင်ခရိုင် မအူပင်မြို့နယ် ကျုံစုတ်ကျေးရွာသည် မအူပင်- ကျိုတ်လတ်ကားလမ်းမဘေးတွင် တည်ရှိပြီး စပါးစိုက်ပျိုးမှုတွင် ယခင်က ရေနက်ကွင်းများဖြစ်သောကြောင့် စပါးစိုက်ပျိုးမှု အခက် အခဲဖြစ်ခဲ့သည်။
မအူပင်-ကျိုတ်လတ် ကားလမ်းမဘေးရှိ ညောင်ဝိုင်း၊ အိုင်ဝိုင်း၊ အလန်းကြီး၊ မင်းဘော၊ ကျုံစုတ်နှင့် တာပါတ် အနောက် ကျေးရွာများသည် ယခုအခါတွင် ရေနက်ကွင်းများ၌ ဧပြီ၊ မေလ များတွင် မိုးစရွာပြီး မြေဆီစိုသည့်အချိန်တွင် ျွွှ ၁၁ စပါးမျိုး၊ ဆင်းသုခစပါးမျိုး၊ မနောသုခ စပါးမျိုးနှင့် ပြည်တော်ယဉ်စပါးမျိုး များကို စတင်စိုက်ပျိုးခဲ့သည်။
(ယခင်တစ်ပတ်မှအဆက်)
မြေပဲမျိုးစေ့ချခြင်းနှင့် စိုက်ပျိုးခြင်း
ပြည်ခရိုင်ရှိ နွေစပါးများမှာ ယခုစက်တင်ဘာလဆန်းတွင် ၁၅၁၀ဝ၀ဝကျပ်ဖြင့် ဈေးငြိမ်နေပြီး ဆန်ဈေးများမှာ ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိသည်။ နွေစပါးဈေးများမှာ ယခင်နှစ်ဖြစ်သော ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ကျပ် ၁၁၀ဝ၀ဝ၀၊ ဆန်တစ်အိတ်လျှင် ကျပ် ၄၈၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အောင် မြေသာစံခရိုင် မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ဆောင် ရွက်သော ဒေသဖြစ်ရာ စပါးကိုအများ ဆုံးစိုက်ပျိုးကြသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နွေစပါး ၄၇၉၆၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဇွန်လဆန်းပိုင်းမှစတင် ရိတ်သိမ်းလျက်ရှိရာ ဇူလိုင်လကုန်အထိ ၃၈၃၀ ဧက ရိတ်သိမ်းပြီးဖြစ်၍ အထွက် နှုန်း ၁၀၃ ဒသမ ၂၃ တင်းဖြင့် အထွက် စုစုပေါင်း ၃၉၅၄၁၈၁ တင်း ထွက်ရှိခဲ့ သည်။ ၂၀၂၃- ၂၀၂၄ ခုနှစ်အတွက် မိုး စပါးများ ဆက်လက်စိုက်ပျိုးလျက်ရှိရာ ၇၇၉၃ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများမှာ ပြီးခဲ့ သည့် ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက တစ်တင်းဈေးနှုန်း ကျပ် ၇၅၀ဝ၀ အောက်သို့ ရောက်ရှိနေခဲ့ရာမှ ဇူလိုင်လကုန်ရက်အတွင်း မှစတင်၍ ဈေးနှုန်းအနည်းငယ် ပြန်တက်လာကြောင်း တွေ့ရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇူလိုင် ၃၁ ရက်တွင် တစ်တင်းဈေးနှုန်း ကျပ် ၇၆၀ဝ၀၊ သြဂုတ် ၂ ရက်တွင် ကျပ် ၇၆၅၀ဝ၊ ၃ ရက်တွင် ကျပ် ၇၇၀ဝ၀၊ ၄ ရက်တွင် ကျပ် ၇၇၆၀ဝ၊ ၅ ရက်တွင် ကျပ် ၇၇၀ဝ၀၊ ၇ ရက်နေ့တွင် ကျပ် ၇၆၅၀ဝ အသီးသီး ဖြစ်ခဲ့သည်။