မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်မှုကို တိုးတက်လာစေမည့် ရန်ကုန်-ကော့သောင်း-ရနောင်း ကုန်သွယ်မှုလမ်းသစ်
နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်သွယ်မှု သည် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင် လျက်ရှိပေသည်။ ကုန်သွယ်မှုတွင် Normal Trade (ပင်လယ်ရေကြောင်း ကုန်သွယ်မှု) နှင့် Border Trade (နယ်စပ်ကုန်သွယ်မှု) နည်းလမ်း နှစ်မျိုးရှိရာ ကုန်သွယ် ဖက်နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ အကျိုးဖြစ်ထွန်း ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးအတွက် နယ်စပ် ကုန်သွယ်မှုသည်လည်း လွန်စွာမှအရေးပါလှပေသည်။