မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သည့် အေးခဲအသားများကို နိုင်ငံတကာဈေးကွက်သို့ တရားဝင်တင်ပို့ရန် စီစဉ်နေ
မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သည့် အေးခဲအမဲသား၊ အေးခဲဆိတ်သား၊ အေးခဲဘဲသား စသည့် အေးခဲအသားများကို တရုတ်အပါအဝင် ပြည်ပဈေးကွက်များဆီသို့ တရားဝင် တင်ပို့ရန် စီစဉ်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတွင်း အေးခဲအသားထုတ်လုပ်ရန် လိုအပ်သည့် အရည်အသွေး၊ လိုက်နာရမည့် ကျင့်စဉ်များအတွက် အမိန့် ညွှန်ကြားချက်များကိုလည်း မကြာမီရက်ပိုင်းအတွင်း ထုတ် ပြန်သွားရန်ရှိကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက အောက်တိုဘာ ၁၈ ရက်တွင် ပြော သည်။