မူဆယ်၊ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုလုပ်ငန်းများစတင်ဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုကြောင့် မြန်မာ-တရုတ်နယ်စပ်မှ ကုန်ပစ္စည်းများ တင်ပို့/တင်သွင်းနေခြင်းကို မူဆယ်(မန်ဝိန်းဂိတ်)၊ ကျိန်စမ်းကျော့ဂိတ်နှင့် ကြူကုတ်-ပန်ဆိုင်းဂိတ်တို့အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစပြီး တရုတ် နိုင်ငံဖက်မှ ယာယီရပ်ဆိုင်းခဲ့သည့်အပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်ပို့တင်သွင်းခြင်းကိုလည်း ၂၀၂၁ ခုနှစ်၊ ဧပြီလမှစပြီး ယာယီရပ်ဆိုင်းထားခဲ့သည်။