စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပ ဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းအားဖြင့် ထုတ်လုပ်နိုင် စွမ်းကို မြှင့်တင်ရန်အတွက်လည်းကောင်း၊ ပြည်ပဈေးကွက် ပိုမိုရရှိရန်အတွက်လည်းကောင်း၊ ထုတ်လုပ်သူများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပ ဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းအားဖြင့် ထုတ်လုပ်နိုင် စွမ်းကို မြှင့်တင်ရန်အတွက်လည်းကောင်း၊ ပြည်ပဈေးကွက် ပိုမိုရရှိရန်အတွက်လည်းကောင်း၊ ထုတ်လုပ်သူများ၏ ရောင်း ဈေးပိုမိုရရှိရန်အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံခြား ကုမ္ပဏီများနှင့်နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ကုန်ပစ္စည်း အုပ်စုခုနစ်မျိုးကို လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များဖြင့် ထုတ်လုပ်သူများထံမှတစ်ဆင့် ဝယ်ယူ၍ ပြည်ပသို့တင်ပို့ခွင့် ပြုကြောင်းကို အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၉ ဖြင့် အသိပေးထုတ်ပြန်ခဲ့သည်။










