အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှု ကျဆင်း
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၈၁၇ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ၁၃၄၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၂၃ တန် လျော့နည်းတင် ပို့ခဲ့တယ်လို့သိရပါတယ်။ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေးစခန်းရော တမူးကုန်သွယ်ရေးစခန်း ပါ ကွမ်းသီးများတင်ပို့မှု ကျဆင်းခဲ့တဲ့အတွက်ကြောင့် လျော့နည်းရခြင်းဖြစ် တယ်လို့ သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၄၀၆ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၉၅ တန်နဲ့ တမူး ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်းတန်ဖိုးရှိ ကွမ်းသီး










