စတော့ရှယ်ယာတန်ဖိုး ကျပ်သန်း ၁၇၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်မှ ၁၈ ရက်အထိ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၇၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း YSXမှ သိရသည်။ အဆိုပါကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၆၃၂၈၀ စောင်ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၇၁ ဒသမ ဝ၈ သန်းရှိခဲ့ခြင်းဖြစ်သည်။