Background
ပြည်တွင်းဈေးကွက်မှာ တွင်ကျယ်စွာ နေရာယူရင်း ပြည်ပဈေးကွက်သို့ မျှော်မှန်းလျက်ရှိသည့် မြန်မာ့စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ ခေတ်စနစ်ပြောင်းလဲမှုနဲ့အတူ ပြည်တွင်းစားသောက်ကုန် လုပ်ငန်းတွေဟာလည်း တိုးတက်ပြောင်းလဲလာပါတယ်။ ပြည်တွင်းမှာ တစ်ပိုင်တစ်နိုင် သမား ရိုးကျထုတ်လုပ်နေရာကနေ သွင်းကုန်အစားထိုးအဖြစ် ထုတ်လုပ်လာသလို ပြည်ပဈေးကွက်အထိ တင်ပို့နိုင်အောင် ကြိုးပမ်းလုပ်ကိုင်လာကြတာကို တွေ့နေရပါတယ်။ ဒီလုပ်ငန်းတွေထဲက ပြည်တွင်းမှာ အောင်မြင်စွာထုတ်လုပ်နေတဲ့ အသင့်စားခေါက်ဆွဲခြောက်လုပ်ငန်း၊ ကော်ဖီမစ်၊ တီးမစ် ထုတ်လုပ်မှုလုပ်ငန်း၊ အချိုရည် လုပ်ငန်း၊ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းနဲ့ စည်သွပ်လုပ်ငန်းတွေကို လေ့လာခဲ့ပါတယ်။ ''စားသောက်ကုန်လုပ်ငန်းတချို့ တိုးတက်လာတယ်၊ အရင်သမားရိုးကျ ထုတ်လုပ်တာထက် ခေတ်မီနည်းပညာတွေနဲ့ စနစ်တကျ နိုင်ငံတကာအဆင့်မီ ထုတ်လုပ် လာတာတွေ့ရတယ်၊ တချို့လည်း ပြည်တွင်းကနေ ပြည်ပဈေးကွက်အထိ တိုးခဲျ့လာကြတယ်။ ဒါဟာ နိုင်ငံခြားဝင်ငွေရရှိစေသလို ပြည်ပထွက်ငွေလည်း လျှော့ကျစေတယ်''လို့ စိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ်သူများအသင်းကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြည်တွင်း စားသုံးသူအများစုကလည်း ပြည်ပကဝင်လာတာတွေနဲ့ အရည်အသွေးတူရင် ဈေးနှုန်းသက်သာပြီး လပ်ဆတ်တဲ့ ပြည်တွင်းထုတ်တွေကိုပဲ စားသုံးကြကြောင်း၊ ပြည်ပထုတ်ပစ္စည်းတချို့ကို လူတန်းစားတစ်ရပ်ကသာ စားသုံးကြောင်းစားသောက် ကုန်မျိုးစုံရောင်းချသူတစ်ဦးက ပြောပါတယ်။ အသင့်စားခေါက်ဆွဲ ကမ္ဘာပေါ်မှာ အသင့်စားခေါက်ဆွဲတွေ နာမည်အမျိုးမျိုး၊ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ထွက်ပေါ်လျက်ရှိနေပေမယ့် အဲဒီအသင့်စားခေါက်ဆွဲကို ၁၉၅၈ ခုနှစ်က တရုတ် (တိုင်ပေ)မှာ ဂျပန်လူမျိုးတစ်ဦးဖြစ်တဲ့ မိုမိုဖူကူအန်ဒိုဆိုတဲ့သူက စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အန်ဒိုဟာ အသင့်စားခေါက်ဆွဲကို သူပိုင်ကုမ္ပဏီကြီးဖြစ်တဲ့ နီဆန်းစားသောက်ကုန် ထုတ် လုပ်ရေးကုမ္ပဏီကနေ ဈေးကွက်အတွင်းကို ၁၉၅၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ နီဆန်းကုမ္ပဏီဟာ ယခင်က အဝတ်အထည်များကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ အသင့်စား ခေါက်ဆွဲ ကို စတင်ဖြန့်ချိခဲ့စဉ်က Chikin Ramen ဆိုတဲ့အမည်နဲ့ ဖြန့်ချိခဲ့တာပါ။ အဲဒီနောက် ၁၉၇၁ ခုနှစ်မှာ Cup Noodle ကို စတင်ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ချိခဲ့ပါတယ်။ မြန်မာနဲ့ အသင့်စားခေါက်ဆွဲဈေးကွက် မြန်မာနိုင်ငံရဲ့ ခေါက်ဆွဲဈေးကွက်မှာ ယခင်က ရိုးရိုးခေါက်ဆွဲ ခြောက်တွေသာ နေရာယူခဲ့ပြီး နောက်ပိုင်းမှာ အသင့်စားခေါက်ဆွဲ တွေ နေရာယူလာပါတယ်။ အရင်ကတော့ ပြည်ပကဝင် လာတာတွေ ကိုပဲ စားသုံးခဲ့ကြပြီး ယခု ပြည်တွင်းမှာ ထုတ်လုပ်မှုတွေရှိလာပါတယ်။ ပြည်တွင်းထုတ်တွေက ပြည်ပကဝင် ရောက်လာတာတွေထက် ဈေးနှုန်း သက်သာပြီး မြန်မာလူမျိုးတွေအကြိုက် ထုတ်လုပ်ထားတာ ကြောင့် ပြည်တွင်းထုတ် အသင့်စားခေါက်ဆွဲတွေ ဈေးကွက်မှာနေရာရခဲ့ကြောင်း သိရပါတယ်။ အခုတစ်ခါ ဈေးကွက်ထဲမှာ နေရာရလာတာက အသင့်စား ဘူးခေါက်ဆွဲပါ။ နေရာမရွေး၊ အချိန်မရွေး ထည့်စရာပါ အသင့်ရှိလို့ အရောင်းသွက်လာကြောင်း အရောင်းဆိုင်များက ပြောပါတယ်။ နီပွန်နိုဒယ်ဘူးခေါက်ဆွဲတွေ ထုတ်လုပ် ရောင်းချ နေတဲ့ ငုရွှေဝါ ကုမ္ပဏီလီမိတတ်မှ စက်ရုံမန်နေဂျာဦးကျော်ဝင်းက ''အရင်က ပြည်တွင်းမှာ ဒီလိုဘူးခေါက်ဆွဲတွေ မရှိဘူး။ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ စတဲ့ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာတော့ ရှိတာကြာပြီ။ ဒါကြောင့်ပြည်တွင်း မှာ စက်ရုံထောင်ပြီး ဂျပန်နိုင်ငံကစက်တွေနဲ့ ဂျပန်နည်းပညာသုံးပြီး ထုတ်တယ်။ ခေါက်ဆွဲတစ်မျိုးတည်း ပြည်တွင်းကသုံးတယ်။ ပုဇွန်နဲ့အခြားရောစပ်တဲ့ ကင်မ်ချီ၊ အရွက်နဲ့အနံ့၊ အရသာတွေ ဂျပန်က တင်သွင်းပြီး ထုတ်တယ်။ ဒါ့ကြောင့် တခြား ခေါက်ဆွဲ တွေနဲ့မတူဘဲ ဈေးနည်းနည်းမြင့်တယ်။ ခေါက်ဆွဲထည့်တဲ့ဖော့ဘူးကအစ ဂျပန်စက် နဲ့ ပြည်တွင်းစက်ရုံမှာပဲ ထုတ်တယ်။ အလိုအလျောက်ထုတ်လုပ်မှု နည်းစနစ်နဲ့ နိုင်ငံတကာစံချိန်အတိုင်း ထုတ်လုပ်ထားတယ်''လို့ ပြောပါတယ်။ အဆိုပါကုမ္ပဏီကနေ မကြာမီ ကြက်သားကင်မ်ချီ၊ ပုစွန်တုန် ယမ်း၊ ကြက်သားတုန်ယမ်းစတဲ့ အရသာရှိတဲ့ ခေါက်ဆွဲ ဘူးတွေ ထပ်မံ ထုတ်လုပ်ပြီး စားသုံးသူဈေးကွက်ကို ဖြန့်ချိမယ်လို့ သိရတယ်။ဒါ့အပြင် ဂျပန်နိုင်ငံနဲ့ အခြားနိုင်ငံကြီးတွေကို ပြန်လည်တင်ပို့ဖို့ စီစဉ် နေကြောင်း ထပ်မံသိရပါတယ်။ ယင်းစက်ရုံမှ တစ်ရက် ၈ နာရီ အလုပ်ချိန်အတွင်းမှ ဘူးခေါက်ဆွဲ ၅ဝဝဝဝ ခန့် ထုတ်လုပ်နိုင်ပေမယ့် ဈေးကွက် လိုအပ်ချက်အရ လတ်တလောမှာ ထုတ်လုပ်နေပါတယ်။ ''ပြည်တွင်းထုတ်ခေါက်ဆွဲတွေထဲမှာတော့ ယမ်ယမ်က ရောင်း အား အတက်ဆုံးဖြစ်ပြီး ဘူးလိုင်းမှာတော့ နီပွန်က ဒီလပိုင်းမှာ အရောင်းသွက်လာတယ်။ ှStar Mart မှာတော့ ပြည်တွင်းထုတ်နဲ့ ပြည်ပထုတ်ရောင်းအားမျှနေတယ်။ ဈေးနှုန်းကတော့ ပြည်ပထုတ်က အနည်းငယ်မြင့်ပေမယ့် သူ့အကြိုက်နဲ့ သူရှိပါတယ်'' လို့ Star Mart မှ အရောင်း တာဝန်ခံတစ်ဦးက ပြောပါတယ်။ ''အသင့်စားခေါက်ဆွဲဈေးကွက်မှာ ပြည်တွင်းထုတ်တွေပဲ အရောင်းပိုသွက်တယ်။ ဒါကလည်း နေရာအနေအထား ပေါ်မှာ မူတည်တယ်။ အမတို့ Capital မှာတော့ ပြည်ပထုတ်ခေါက်ဆွဲ စားသုံးသူ နည်းတယ်''လို့ Capital Hypermart မှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ စက်တင်ဘာ ဒုတိယပတ်ထဲ ရန်ကုန်မြို့ကို လာရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသက စီးပွားရေး လုပ်ငန်းရှင်အချို့က လည်း ယမ်ယမ်ခေါက်ဆွဲစက်ရုံကို သွားရောက်လေ့လာခဲ့ကြပါ တယ်။ ကိတ်မုန့်၊ ပေါင်မုန့် စားသောက်ကုန်ဈေးကွက်ထဲမှာ နေရာယူနေတဲ့ ပစ္စည်းတစ်မျိုး ကတော့ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွတ်ကီး အစရှိတာ တွေပါပဲ။ ကလေး ငယ်တွေနဲ့ လူကြီးတွေအကြိုက် သားရေစာအဖြစ်စားသုံးကြတာပါ။ ပြည်တွင်းထုတ်၊ ပြည်ပထုတ် တံဆိပ်မျိုးစုံနဲ့ ဈေးကွက်ထဲမှာရှိပါတယ်။ မုန့်မျိုးစုံထုတ်လုပ်ရာမှာ ကိုယ့်ဒေသရဲ့ ထွက်ကုန်တွေအသုံးချ ပြီး ကိုယ့် လူမျိုးအကြိုက် အရသာထုတ်လုပ်နိုင်မှ ပြည်တွင်းဈေးကွက် ရရှိနိုင်သလို ကိုယ်တင်ပို့ရောင်းချမယ့်နိုင်ငံရဲ့ အကြိုက်နဲ့ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း တင်ပို့မယ်ဆိုရင် ပြည်ပဈေးကွက်ပါရရှိမယ်လို့ A&Tအင်တာနေရှင်နယ်ကုမ္ပဏီလီမိတတ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်တိုးတိုးမြင့်က ပြောပါတယ်။ ''အစ်မကပြည်ပနိုင်ငံတွေ အများကြီးသွားပြီး ခေတ်မီ မုန့်ဖုတ်နည်းပညာကို သင်ကြားခဲ့တယ်။ အခုလည်းလိုအပ်ရင်ပြည်ပကပညာရှင် ခေါ်ပြီးသင်ယူတယ်။ စက်တွေကတော့ အနောက်နိုင်ငံက စက်တွေပဲ။ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်တော့ ပြည်တွင်းမှာ နေရာရသလို ပြည်ပဈေးကွက်လည်း ရတယ်။ မုန့်ပဲလှော်နဲ့ မီနီဘာဂါကို စင်္ကာပူကို တစ်နှစ်ကွန်တိန်နာ(၅) လုံးလောက် ပို့ရတယ်'' လို့ ဒေါ်တိုးတိုးမြင့်က ထပ်မံပြောပါတယ်။ A&Tကုမ္ပဏီဟာ ၁၉၉၇ ခုနှစ်က စက်မှု(၁)ဝန်ကြီးဌာန၊ စား သောက်ကုန်လုပ်ငန်းနဲ့ ပူးပေါင်းပြီး ကုန်ကြမ်းပေး ကုန်ချောယူ စနစ် နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ ကိုယ်ပိုင်ထုတ်လုပ်ခဲ့ပြီး ယခုအခါလုပ်သားအင်အား ၂ဝဝခန့်နဲ့ မုန့်မိုျးစုံထုတ်လုပ်နေပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်က မုန့်မျိုးစုံ ရောင်းသူ တစ်ဦးကတော့ ''မုန့်တွေ ထဲမှာ ပြည်တွင်း ဖြစ်တွေက ပိုရောင်းရတယ်။ ပြည်ပက လာတဲ့မုန့်တွေက ဈေးနှုန်းနည်းနည်း မြင့်တယ်။ အများစုကတော့ ပြည်တွင်းဖြစ်ပဲစားကြတယ်။ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွတ်ကီးတွေဆို ပြည်တွင်းကပြန်လဲလို့ရတယ်။ ပြည်ပထုတ်ကလဲလို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့ဆိုင်မှာ ပြည်တွင်း ဖြစ်ပဲ အရောင်းများတယ်''လို့ ပြော ပါတယ်။ အချိုရည်ဈေးကွက် အချိုရည်ဈေးကွက်မှာ ယခင်က ပြည်ပထုတ်တွေသာရှိခဲ့ပြီး နောက်ပိုင်းမှာ ပြည်တွင်းအချိုရည်ထုတ် စက်ရုံတွေက အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်လာတာကြောင့် အချိုရည်ဈေးကွက်ရဲ့ ၇ဝ ရာခိုင်နှုန်းကို ပြည်တွင်းထုတ် ကသာ နေရာယူနေကြောင်းညောင်ပင်လေးဈေးမှ အချိုရည်မျိုးစုံရောင်းချသူတစ်ဦးက ပြောပါ တယ်။ ပြည်တွင်း အချိုရည်ဖျော်ရည် ဈေးကွက်မှာ နေရာရနေတဲ့ Happy Myanmar မှမန်နေဂျင်း ဒါရိုက်တာ ဦးကျော်သောင်းက''ဖျော်ရည်စထုတ်တုံးက ၆ မျိုး ထုတ်ခဲ့တယ်။ အခု ၉ မျိုးထုတ်တယ်။ စက်ကတော့ တရုတ်စက်ပဲ၊ နည်းပညာက အိမ်တွင်းစက်မှု လက်မှုနည်းပညာပဲ၊ အနံ့၊ အရသာနဲ့ ကြာရှည်ခံပစ္စည်းတွေကတော့ ပြင်သစ်၊ အင်္ဂလန်၊ တရုတ်ကမှာတယ်။ သကြား ကတော့ ပြည်တွင်း ဖြစ်ပဲ သုံးတယ်။ QC ထားပြီး ဘေးအန္တရာယ်ကင်းအောင် ထုတ်လုပ် တယ်။ မကြာခင်မှာ တစ်ခါသုံးဘူးသေးတွေ၊ Juice တွေ၊ အရသာသစ် တွေထပ်ထုတ်ဖို့ရှိပါတယ်'' လို့ပြောပါတယ်။ ရာသီဥတုပူပြင်းလာမှုကြောင့် အချိုရည်ဈေးကွက်ဟာ တဖြည်းဖြည်း လိုအပ်ချက် မြင့်တက်လာပါတယ်။ ဒါကြောင့် ပြည်တွင်းအချိုရည် ထုတ်လုပ်သူတွေအနေနဲ့ အရည်အသွေးမီ တိုးမြင့် ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက် ရယူရမှာဖြစ်သလို ပြည်ပကို တိုးခဲျ့တင်ပို့ဖို့လို အပ်ကြောင်း ဈေးကွက်လေ့လာသူတွေက ပြောပါတယ်။ ကော်ဖီမစ်နဲ့ တီးမစ် လူအများ ကော်ဖီမစ်လို့ အလွယ်တကူခေါ်နေကြတဲ့Instant Coffeeကို ၁၉ဝ၁ ခုနှစ်မှာ ဂျပန်လူမျိုး ဆာတိုရီကာတိုက တီထွင်ထုတ်လုပ်ခဲ့တာပါ။ ကာတိုဟာ အမေရိကန်ချီကာဂိုမြို့မှာ အလုပ် လုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ကာတိုဟာ Instant Coffee ကို စတင်တီထွင်ခဲ့ပေမယ့် ဈေးကွက်အတွင်းကို ဖြန့်ချိခြင်း မပြုနိုင်ခဲ့ပါဘူး။ ဒါပေမယ့်ကာတိုတီထွင်ခဲ့တဲ့ Instant Coffee ကိုGeorge Constant Lousis Washington က သူရဲ့မူပိုင်အဖြစ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၁ဝ ခုနှစ်အရောက်မှာ ဈေးကွက် အတွင်းကို စတင်ဖြန့်ချိခဲ့ပါတယ်။ အဲဒီအချိန်က Instant Coffee ကို စိတ်ဝင်စားမှုနည်းပါးခဲ့တာကြောင့် ထင်သလောက် မအောင်မြင် ခဲ့ပါဘူး။ ၁၉၃၈ ခုနှစ်မှာတော့ Nescafe ဆိုတဲ့ တံဆိပ်နဲ့ ဈေးကွက် အတွင်းကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီအခါမှာတော့ လူအများ အကြိုက် တွေ့မယ့်အရသာကို ပြန်လည် ပြုပြင်ထားတာကြောင့် လူကြိုက်များ လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့ Instant Coffee ဟာ တစ်ကမ္ဘာလုံးမှာ အချိန်တိုကာလအတွင်း လူကြိုက်အများဆုံး သော ဈေးကွက်ဝင်ပစ္စည်း ဖြစ်လာခဲ့ပါတယ်။ ယနေ့ပြည်တွင်းစားသုံးသူဈေးကွက်မှာ နေရာယူနေတာကတော့ ကော်ဖီမစ် တီးမစ်တွေပါပဲ၊ အရင်ကတော့ အမှုန့်တွေကို နို့ဆီ၊ သကြား၊ ရေနွေးစတာတွေနဲ့ ရောစပ်ဖျော်သောက်ခဲ့ကြတာပါ။ အခုတော့ ရေနွေးရှိရုံနဲ့ အသင့်သောက်သုံးနိုင်တဲ့ ရယ်ဒီမိတ် အထုပ် တွေပဲ ရောင်းအားရှိနေကြောင်းသိရပါတယ်။ လဘက်ရည်သောက်ချင်ရင် ဆိုင်ထိုင်ကြတဲ့ ဓလေ့ရှိနေတာ ကြောင့် လဘက်ရည် ထုတ်တွေထက် ကော်ဖီမစ်ထုတ်တွေပို ရောင်းရ တယ်လို့ စူပါဝမ်း ကော်ဖီမစ်ထုတ်လုပ်ရေးမှ စက်ရုံမှူး ဦးခင်မောင်လှိုင် က ပြောပါတယ်။ ''စူပါဝမ်း ကော်ဖီမစ်ကို ၂ဝဝဝ ခုနှစ်ကတည်းက ထုတ်ခဲ့တာ၊ ဂျပန်စက်နဲ့ထုတ်တာပဲ။ စထုတ်ချိန်က ၂ဝဝ၃ ခု နှစ်အထိ ရောင်း အား ကောင်းခဲ့တယ်။ နောက်ပိုင်းမှာဈေးကွက်ထဲကို ပြည်တွင်း ထုတ် ပြည်ပထုတ် မျိုးစုံဝင်လာတော့ ယှဉ်ပြိုင်မှုများတယ်။ ဘရာဇီးက ကော်ဖီမှာတယ်။ မလေးက ကော်ဖီမှုန့်သုံးတယ်။ Refined Sugar သုံးတယ်။ ၂ဝဝ၉ မှာ တီးမစ်ထုတ်ခဲ့တယ်။ ပြီးခဲ့ တဲ့နှစ်လကစပြီး ၅ဝ ကျပ်တန် Birthday ထုတ်ခဲ့တယ်။ အများက ၅ဝ ကျပ်တန်ကော် ဖီမစ်တွေထုတ်နေတော့ ကိုယ်လဲအရသာ အပြောင်းအလဲဖြစ်အောင် ထုတ်လိုက်တာပဲ။ Quality က မလျော့ပါဘူး''လို့ ပြောပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ် မှာ ကျင်းပခဲ့တဲ့ အိန္ဒိယ အရှေ့မြောက်ဒေသက စီးပွားရေးလုပ်ငန်း ရှင်များနဲ့ စီးပွားရေးတွေ့ဆုံပွဲမှာလည်း စူပါဝမ်းကော်ဖီမစ်တွေကို နယ်စပ်ကုန်သွယ်မှုနဲ့ တင်ပို့ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်တွင်းထုတ်ကော်ဖီမစ်တွေ အမျိုးမျိုးရှိပေမယ့် Premier ကတော့ အရောင်းရဆုံးစာရင်းမှာ ထိပ်ဆုံးကပါပဲ။ ပြီးတော့ ထိုင်း နိုင်ငံက ထုတ်တဲ့ Birdy က အရောင်းရဆုံးပဲ။ တတိယ လိုက်တာ ကတော့ Rice ပါပဲ။ လက်ဖက်ရည်ထဲမှာဆိုရင်တော Royal Myanmarတီးမစ်၊ Tea Master တွေ အရောင်းသွက်တယ်လို့ Satr Mart က တာဝန်ခံတစ်ဦးက ပြောပါတယ်။ တာမွေမြို့နယ်မှ အိမ်ရှင်မတစ်ဦး က ''ကျွန်မတို့အိမ်မှာ ကော်ဖီမစ်က အကြိုက်မတူတော့ တံဆိပ်သုံးမျိုးလောက် ဝယ်ရတယ်။ Premier ရယ်၊Rice ရယ်၊Tea Mix ရယ် ဝယ်ရတယ်။ ပြည်တွင်းထုတ် တွေကိုပဲ ဝယ်တာများတယ်''လို့ ပြောပါတယ်။ စည်သွပ်ဘူးများ အသင့်စားသောက်ကုန်တွေထဲမှာ ငါးစည်သွပ်ဘူးတွေလည်း အရောင်းသွက်နေကြောင်းသိရပါတယ်။ အထူးသဖြင့် အထက်မြန်မာ ပြည်ဘက်မှာ ပိုမိုရောင်းရကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ဈေးကွက်အတွင်း မှာပြည်ပထုတ်တွေနဲ့အပြိုင် ပြည်တွင်းထုတ်တွေ လဲ နေရာယူနေပါတယ်။ Myanmar MAKRO Industry Co.,Ltd ကလည်း ပြည်တွင်းဈေးကွက်ကို ငါးစည်သွပ်ဘူးနဲ့ အခြားစည် သွပ်ဗူး တွေထုတ် လုပ်ရောင်းချနေပါတယ်။ မကြာခင်မှာ ဈေးကွက်ခဲျ့ပြီး ပြည်ပတင်ပို့ ဖို့အတွက် အစီအစဉ်ရှိကြောင်း သိရပါတယ်။ ''ငါးကို Value Added လုပ်ပြီး ရောင်းတော့ ဈေးပိုရတာပေါ့။ ထိုင်းက နည်းပညာနဲ့ထုတ်လုပ်တာ၊ စက်ကဂျပန်စက်ပဲ၊ ပညာရှင် တွေက မကြာခဏလာရောက်သင်တန်းပေးတယ်။ ဘူးခွံကတော့ပြည်ပ က အလွယ်တကူဖွင့်လို့ရတာမှာခဲ့တယ်။ အဲဒီတော့ရောင်း အားတက် လာတယ်'' လို့ MAKRO ကစက်ရုံမှူးဦးကြည်ဝင်းက ပြောပါတယ်။ အဆိုပါစက်ရုံကနေ နှစ်စဉ်စည်သွပ်ဘူး သုံးသိန်းခန့်ထုတ်လုပ် နေပြီး ငရုတ်ဆီ ပုလင်းမျိုးစုံနဲ့ ဘာလချောင်ကြော်တွေလည်း ထုတ်လုပ်လျက် ရှိပါတယ်။ ငါးသေတ္တာဘူးမှာ ခရမ်းချဉ်သီး၊ ပဲငပိပါတဲ့ဘူးတွေ ပိုရောင်းရ တယ်၊ ပြည်တွင်းထုတ်ဆိုတော့ မြန်မာ လူမျိုး တွေ အကြိုက် အရသာ လည်းဖြစ်တယ်၊ ဈေးနှုန်းသက်သာတာလည်းပါတယ်၊ ပြည်ပထုတ် တွေက ဈေးကြီးပြီးအကြိုက် မတူဘူး၊ ပြီးတော့ မြန်မာလူမျိုးတွေက စည်သွပ်ဘူးစားတဲ့အလေ့အထ နည်းတယ်၊အရေးပေါ်တစ်ခါတစ်လေ စားတာမျိုး ပဲရှိတယ်။ ဒါကြောင့် စည်သွပ်ဘူး အရောင်းအဝယ်က လောလောဆယ် အနေအထားအရ အေးတယ်''လို့ Star Mart မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြည်တွင်းစားသောက်ကုန်လုပ်ငန်း တိုးတက်နေတာကို တွေ့ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အလား အလာ လည်းကောင်း တယ်လို့ ယူဆပါတယ်။ အရေးကြီးတာကတော့ စားသုံးသူတွေရဲ့ ကျန်းမာရေးအတွက် လုပ်ငန်း ရေရှည်ရှင်သန် အောင်မြင်ဖို့အတွက် အန္တရာယ်ကင်းပြီး စံချိန်စံညွှန်းမီတဲ့ စားသောက်ကုန်တွေ ဖြစ်ဖို့ပါပဲ။ ဈေးကွက် စီးပွားရေးပိုမိုဖြစ်ထွန်း လာတာနဲ့အတူ စားသောက်ကုန် လုပ်ငန်းလည်း အခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည် ပါတယ်လို့ စီးပွားရေးပညာရှင် ဦးသိန်းမြင့်ဝေက ပြောကြားပါတယ်။ စိုက်ပျိုးရေးကို လက်မလွတ်နိုင်သေးတဲ့ နိုင်ငံတစ်ခုအနေနဲ့ ထုတ်ကုန်တွေကို ကုန်ကြမ်းအတိုင်း ရောင်းရတဲ့အဆင့်ကနေ ပြည်ပ ကနည်းပညာနဲ့ စက်ပစ္စည်းတွေ ကိရိယာတွေ တင်သွင်းပြီး တန်ဖိုး မြှင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းရင်း အရင်က ပြည်ပတင်သွင်းရတဲ့ စားသောက်ကုန်တွေနေရာမှာ အောင်မြင်စွာ အစားထိုးရောင်းချနိုင်တာဟာ မြန်မာစားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းရဲ့ တိုးတက်မှုတစ်ခုပါပဲ။ ဒါ့အပြင် အရင်းအနှီးတွေ တိုးခဲျ့ပြီး ပြည်ပဈေးကွက်ကို တင်ပို့နိုင်အောင် ကြိုးပမ်း ဆောင်ရွက်နေတာ တွေ့မြင်နေရတာကြောင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သ လို့ ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ် ကာလမှာ ရင်ဆိုင်ကြရမယ့် အာဆီယံ လွတ်လပ်သောကုန်သွယ်မှု ဒေသ တရုတ်အာဆီယံနဲ့ အိန္ဒိယအာဆီယံ လွတ်လပ်သောကုန်သွယ် မှုဒေသများရဲ့ စိန်ခေါ်မှုများအတွက်လည်း အကောင်းဆုံးရင်ဆိုင် ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
၂ဝ၁ဝ အတွင်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နံှမှုအတွက်လာရောက်ခဲ့တဲ့ နိုင်ငံတကာမှ ဧည့်သည်များ မြန်မာနိုင်ငံဟာ ၁၉၈၈ ခုနှစ်ကစပြီး ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုယ့်မှာမရှိသေးတဲ့ အရင်းအနှီးနဲ့နည်းပညာတွေ၊ ကျွမ်းကျင်သူ တွေကို ပြည်ပကဖိတ်ခေါ်ပြီး ကိုယ့်နိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နံှလုပ်ကိုင် စေဖို့အတွက် စီစဉ်ဆောင်ရွက်ကြပါတယ်။ မြန်မာ နိုင်ငံရဲ့ စီးပွားရေး ဦးတည်ချက်(၄)ရပ်မှာ''ပြည်တွင်းပြည်ပမှအတတ်ပညာနင့်အရင်းအနှီးများဖိတ်ခေါ်၍စီးပွားရေး ဖွံ့ဖြိုး တိုးးတက်ေ်အောင် တည်ဆောက်ရေး'' ဆိုတဲ့ ဦး တည်ချက်တစ်ရပ်ပါဝင်ပါတယ်။ ဒီအတွက် ပြည်ပက ရင်းနှီးမြုပ်နံှသူတွေ လုပ်သာကိုင်သာ ရှိမယ့်၊မက်လုံးတွေရှိမယ့် နိုင်ငံခြားရင်းနှီးမြူပ်နံှမှုဆိုင်ရာ ဥပဒေတစ်ရပ် လိုအပ် တာကြောင့်မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြူပ်နံှမှုဥပဒေ ( The Union of Myanmar Foreign Investment Law )ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ကပြဌာန်းခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပြင်ပရင်းနှီးမြူပ်နံှမှုဟာ အရေးပါတယ်။ ယနေ့အထိ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံ ၃ဝ ကျော်က ကဏ္ဍကြီး ၁၂ခုမှာ ရင်းနှီးမြူပ်နံှမှု ၄၃၆ ခုနဲ့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း ၂၆၅၃ဝကျော်ဖိုး ရင်းနှီးမြူပ်နံှထားပြီးဖြစ်ပါတယ်။ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ နှိုင်းယှဉ် ရင်တော့မြန်မာနိုင်ငံကို ရင်းနှီး မြုပ်နံှမှုစီးဝင်တာတွေ နည်းနေသေးတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြူပ်နံှသူတွေဆိုတာကလည်း စီးပွားရေး သမားတွေဆိုတော ့ကိုယ်ရင်းနှီးမြူပ်ခဲ့တဲ့နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေဘယ်လောက် တည်ဆောက်ထားပြီးပြီလဲ၊ ဘယ်လောက်ဖွံ့ဖြိုးတိုးတက်နေပြီလဲဆိုတာကို ကြည့်ကြတာပါ။သူတို့လိုချင်တဲ့ အခြေခံအဆောက်အအုံတွေရှိမှ လာရောက်ရင်းနှီးမြူပ်နံှဖို့ စိတ်ကူးကြတာပါ။ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံး တဲ့အချိန်ကစပြီး၊ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာ လျှပ်စစ်စွမ်းအားကဏ္ဍ၊ လမ်းတံတားအခြေခံ အဆောက်အအုံကဏ္ဍ၊ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ တွေအပါအဝင် ကဏ္ဍစုံမှာဘဏ္ဍာငွေ အမြောက်အမြားသုံးစွဲပြီး အခြေခံအဆောက်အအုံတွေ တည်ဆောက်ခဲ့ပါတယ်။ အခြေခံ အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး တည်ဆောက်ပြီး တည်ဆောက်ဆဲနဲ့ အနာဂတ်အခြေအနေတွေကို ကောမတ်စ် ဂျာနယ်အတွဲ (၁ဝ)အမှတ် (၃၄)မှာ ရေးသားခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံမှာ ဒီနှစ် နိုဝင်ဘာလမှာ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲကြီး အပြီးထွက်ပေါ်လာမဲ့ အစိုးရ အသစ်တစ်ရပ်က ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ဖော်ဆောင်ရာမှာ အဓိကကျတဲ့နိုင်ငံခြား ရင်းနှီးမြူပ်နံှမှုများပိုမို စီးဝင်လာရေးအတွက် နိုင်ငံခြားရင်းနှီးမြူပ်နံှမှုများကို ဆွဲဆောင်ဖိတ်ခေါ်မယ်လို့ ပြည်ပလုပ်ငန်းရှင်များက ယူဆလျက်ရှိပါတယ်။ ဒါ့အပြင် ၂ဝ၁၅ ခုနှစ်မှာအကောင်အထည်ဖော်မဲ့ အာဆီယံ စီးပွားရေးအသိုက်အဝန်းအရ ရင်းနှီးမြူပ်နံှမှုများလွတ်လပ်စွာ စီးဆင်းကြတော့မှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ပေါြွကယ်ဝတဲ့ သယံဇာတနဲ့ မဟာဗျူဟာအရ အချက်အချာကျတဲ့တည်နေရာကြောင့် ပြည်ပက ရင်းနှီးမြူပ်နံှသူတွေ မျက်စိကျနေတယ်လို့လည်း သိရပါတယ်။မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦး တည်ဆောက်မှု လုပ်ငန်းတွေအပေါ် မပြတ်လေ့လာစောင်ကြည့်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် စက်မှုနိုင်ငံကြီးများက ရင်းနှီးမြူပ်နံှမှုနဲ့ ကုန်သွယ်မှုပိုင်းဆိုင်ရာနဲ့ ဆက်စပ်တဲ့အစိုးရဌာနတွေ၊ စီးပွားရေးအသင်းအဖွဲ့တွေ၊ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေဟာ ၂ဝ၁ဝ ပြည့်နှစ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်မှု တိုးတက်များပြားလာတာကို သတိထားစောင့်ကြည့်မိရင် တွေ့နိုင်ပါတယ်။ ၂ဝ၁ဝပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ လယ်ထိ ပြည်ပမှကုန်သွယ်မှုနဲ့ ရင်းနှီးမြူပ်နံှမှုဆိုင်ရာအဖွဲ့တွေ လာရောက်မှုကို လေ့လာကြည့်တဲ့အခါ ထိုင်းနိုင်ငံက (၅) ကြိမ်၊ ဗီယက်နမ်နိုင်ငံက (၄) ကြိမ်၊ တရုတ်နိုင်ငံက(၃) ကြိမ်၊ မလေးရှား၊ ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့မှ (၁) ကြိမ်စီ အသီး သီးလာရောက်ခဲ့ပြီး လူဦးရေ အားဖြင့် ၈ဝဝ ကျော်ခန့် လာရောက်ခဲ့တာကို ပြည်ထောင်စု မြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ မှတ်တမ်းများအရ သိရပါတယ်။ ဒီလိုလာရောက်တဲ့နိုင်ငံရဲ့ အဖွဲ့သီးသီးနဲ့ မြန်မာလုပ်ငန်းရှင်များအကြား ကုန်သွယ်မှုနဲ့ရင်းနှီးမြူပ်နံှမှု တိုးမြင့်ရေးဆွေးနွေးညှိနှိုင်းခဲ့တာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။ထိုင်းနိုင်ငံကအများဆုံးလာရောက် ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင် Thailand Board of Investment အဖွဲ့၊ Institute ofAsian Studies Chualalong University အဖွဲ့၊Department of Industrial Promotion Federation အဖွဲ့၊Trade & Investment Promotion Departmentof Thai Industries အဖွဲ့ Departmentof Foreign Trade Thai Ministry of Commerce eJU Kanchanburi Province တို့မှဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များ ဒီနှစ်အတွင်းမှာ မြန်မာနိုင်ငံကို (၅)ကြိမ် လာရောက်ခဲ့ကြပြီး၊ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်း၊ လယ်ယာသုံးစက်ကိရိယာပစ္စည်း၊ စက်ယန္တရား၊ အဝတ်အထည်၊ ဟိုတယ်နဲ့ spa သုံးပစ္စည်း၊ အိမ်သုံး၊ လူသုံးကုန်ပစ္စည်းတွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မဲ့ နေရာကို သွားရောက်ခဲ့သလို Thailand Board of Investment (BOI) Institute of Asian Studies Chualalong University မှလာရောက်တဲ့ အဖွဲ့ဟာဆိုရင် ရန်ကုန်-နေပြည်တော်သာမကဘဲ မန္တလေး - မူဆယ် အထိ ကားနဲ့သွားခဲ့ပြီး လေ့လာခဲ့ကြသလို ရန်ကုန် နဲ့ မန္တလေးမှာရှိတဲ့ စက်မှုဇုန်များကိုလည်း သွားရောက်လေ့လာမှု ပြုခဲ့ကြပါတယ်။ မြန်မာနဲ့ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုကို ကြည့်ရင် ပင်လယ်ရေကြောင်း နဲ့ နယ်စပ်ကုန်သွယ်မှု နှစ်ရပ်အပေါ် ၂ဝဝ၅-၂ဝဝ၆ဘဏ္ဍာနှစ်က ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ နီးပါး ရှိခဲ့ရာကနေ၂ဝဝ၉ -၂ဝ၁ဝ ဘဏ္ဍာနှစ်မှာတော့ ၃ ဒသမ ၅ဘီလီယံ ကျော် ကိုတိုးတက်ခဲ့တာ တွေ့ခဲ့ရပါတယ်။ ကုန်သွယ်နေတဲ့ ကုန်ပစ္စည်းတွေကတော့ ပို့ကုန်ပိုင်းမှာ ရေထွက်ပစ္စည်း၊ ခနောက်စိမ်း၊ ကော်ဖီမစ်၊ ဘိုကိတ်ပဲ၊ ခေါက်ဆွဲခြောက်၊ ရေချိုပုစွန်၊ ပဲတီစိမ်း၊ ကြက်သွန်ဖြူ၊ သစ်ခေါက်၊ ရော်ဘာခွဲသား၊ သစ်မာခွဲသားတို့ဖြစ်ပြီး အများဆုံး သွင်းကုန်တွေကတော့ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ဒီဇယ်၊ ဓာတ်ဆီ၊ PVC ပိုက်၊ နို့ဆီနို့စိမ်း၊ ဆောက်လုပ်ရေးပစ္စည်းများဖြစ်ပါတယ်။ဗီယက်နမ်က ဒုတိယအများဆုံးလာ ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များက ဒီနှစ်အတောအတွင်း (၄) ကြိမ်လာရောက်ခဲ့ပြီး ဒုတိယ အများဆုံးလာရောက်တဲ့နိုင်ငံဖြစ်ပါတယ်။ Vietnam Trade & Investment Mission, Hochimin City Investment & Trade PromotionCentre ဟနွိုင်းလူငယ်လုပ်ငန်းရှင်များအသင်း၊ ဟိုချီမင်းစီးပွားရေး လုပ်ငန်းရှင်များအသင်း Tourist Corporation တို့မှ အဖွဲ့ဝင်စုစုပေါင်း ၂၅ဝ ဦးခန့် လာရောက်ခဲ့ကြပါတယ်။ အလူမီနီယမ်လုပ်ငန်း၊ ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုကဏ္ဍ၊စတီးနဲ့ သံကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့လုပ်ငန်း၊ စားသောက်ကုန်နဲ့ အဖျော်ယမကာလုပ်ငန်း၊ ဓာတုပစ္စည်းအမျိုးမျိုး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်မှုပစ္စည်းများ၊ အလှကုန်များ၊ ခရီးသွားလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး ခဲ့ကြပါတယ်။ မြန်မာနဲ့ ဗီယက်နမ် ကုန်သွယ်မှုအခြေအနေများကတော့၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၄၈ သန်း ကျော် ရှိခဲ့ရာက၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၈၂ သန်းကျော်ထိ အသီးသီး တိုးတက် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့တဲ့ပို့ကုန်တွေကတော့ ပဲတီစိမ်း၊ ရော်ဘာ၊ ကျွန်းသစ်လုံး၊သစ်မာလုံး၊ ရေထွက်ပစ္စည်းများဖြစ်ပြီး၊ သွင်းကုန်တွေကတော့ သံနဲ့ သံမဏိပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ တာယာကျွတ်နဲ့ ဆေးဝါးများဖြစ်ပါတယ်။တရုတ်နိုင်ငံကလည်း ရင်းနှီးမြူပ်နံှဖို့စိတ်ဝင်စား တရုတ်နိုင်ငံက ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ကုန်သည်စက်မှု အသင်းတွေက ဦးဆောင်ပြီး စီးပွားရေး လုပ်ငန်းရှင်များဟာဒီကာလအတွင်းမှာ (၃) ကြိမ် လာရောက်ခဲ့ပါတယ်။ တရုတ် နိုင်ငံ Yunnan Provincial Chamber of Commerce ၊ Foreign Trade& Economic Cooperation of Guandong Province ၊ The All China Federation of Industry and Commerce(ACFIC) တို့မှ ဌာနဆိုင်ရာနဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၃ဝ ကျော်လာရောက်ခဲ့ကြပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့ဟာလယ်ယာစိုက်ပိုျးရေးနှင့် စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်များထုတ်လုပ်ရေး၊အဆင့်မြင့်သစ်အချောထည်နဲ့ ပရိဘောဂထုတ်လုပ်ရေး၊ ှ့ Shopping Center များထူထောင်ရေး၊ ဟိုတယ် နဲ့ခရီးသွားလုပ်ငန်း၊ သတ္တုကဏ္ဍများကို စိတ်ပါဝင်စားစွာ မေးမြန်း ဆွေးနွေးခဲ့ကြပြီး ရန်ကုန်စက်မှုဇုန်ရှိ သစ်အချောထည်စက်ရုံနဲ့ အထည်ချုပ်လုပ်ငန်းများ ကိုလည်း စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြတယ်လို့သိရပါတယ်။ မြန်မာ-တရုတ်(ဟောင်ကောင်) အပါအဝင်နှစ်နိုင်ငံ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှုပမာဏ တွေကတော့၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာနှစ်မှာကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်ရှိခဲ့ရာမှ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာသန်း ၂ ဒသမ၈ ဘီလီယံကျော်ထိ တိုးတက်ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်နိုင်ငံသို့တင်ပို့တဲ့ ပို့ကုန်တွေကတော့ ပဲတီစိမ်း၊ နှမ်း၊ ရော်ဘာ၊ ကျွန်းသစ်လုံးနဲ့ ရေထွက် ကုန်များဖြစ်ပြီးသွင်းကုန် အနေနဲ့မော်တော်ယာဉ်၊ မီးရထား၊ ဆက်သွယ်ရေးပစ္စည်း၊ လေအေးပေးစက်၊ အင်ဂျင်စက်အမျိုးမျိုး၊ စက်နဲ့ စက်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားဆိုင်ရာ ပစ္စည်းများ၊ ရေနံထွက် ဓာတုပစ္စည်း၊ ပလတ်စတစ်ပစ္စည်း၊ သံနဲ့သံမဏိပစ္စည်း၊ ကော်ဖီနဲ့ လက်ဖက်ခြောက် တို့ဖြစ်ပါတယ်။ နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်နေတဲ့ ပစ္စည်းတွေကတော့ ပို့ကုန်များမှာ ရော်ဘာ၊ ပြောင်းဖူး စေ့၊ ပဲတီစိမ်း၊ ငါးရှဉ့်၊ကဏန်း၊ ရေငန်ငါး၊ အေးခဲအမဲသားနဲ့ ရာသီအလိုက်သီးနံှများဖြစ်တဲ့သရက်သီး၊ ဖရဲသီး၊ သခွာမွှေးတို့ဖြစ်ပြီး၊ နှမ်းမျိုးစုံ၊ ပရဆေးကုန်ကြမ်း၊ဝဥခြောက်နဲ့ ကြိမ်များ တင်ပို့ပါတယ်။ သွင်းကုန်အနေနဲ့ ဓာတ်မြေသြဇာ၊ ဖိနပ်မျိုးစုံ၊ နို့မှုန့်၊ ဖယောင်း၊ ဘိလပ်မြေနဲ့ ချည်ခင်များအဓိက တင်သွင်းပါတယ်။ဖိလစ်ပိုင်လည်းစိတ်ဝင်စား ဖိလစ်ပိုင်နိုင်ငံကတော့ ဇူလိုင်လအတွင်းမှာ လာရောက်ခဲ့ပြီး စီးပွားရေးလုပ်ငန်း ၈ ခုမှ အဖွဲ့ဝင် ၁၂ ဦး လိုက်ပါလာ ခဲ့ပါတယ်။ဖိလစ်ပိုင်ကုန်သွယ်မှုနဲ့ စက်မှုလုပ်ငန်းဌာနမှ ဦးဆောင်ပြီး လာရောက်ခဲ့တာဖြစ်ပါတယ်။ လူသုံးကုန်၊ အလှကုန်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတွေမှာ ပူးပေါင်းထုတ်လုပ်ရောင်းချ ဖြန့်ဖြူးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနဲ့ဖိလစ်ပိုင်နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏများမှာ၂ဝဝ၅-၂ဝဝ၆ တွင် ကန်ဒေါ်လာ သန်း ၂ဝ နီးပါးရှိခဲ့ရာမှ ၂ဝဝ၉-၂ဝ၁ဝ တွင် ကန်ဒေါ်လာ ၄၁ သန်းကျော် ထိ တိုးတက်လျက်ရှိတာတွေ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓိကတင်ပို့တဲ့ ပို့ကုန်အမယ်များကတော့ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ ပဲယင်း၊ ကုလားပဲ၊ မတ်ပဲ၊မန်ကျည်းသီး၊ မြေထောက်ပဲ၊ နနွင်းနဲ့ သစ်အချောထည်များဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံကနေ ဆေးနဲ့ဆေးဝါးပစ္စည်း၊ သံနှင့် သံမဏိ၊ စက္ကူအမျိုးမျိုး၊ ဖန်နှင့် ဖန်ထည်ပစ္စည်း၊ ပလတ်စတစ် ပစ္စည်းများ၊ နို့ဆီ၊အလှကုန်၊ ဆေးဝါးကြီးနဲ့ ဓာတုဗေဒကုန်ကြမ်းပစ္စည်းများကို တင်သွင်းလျက် ရှိပါတယ်။ မလေးရှားနိုင်ငံကကဏ္ဍမှာပူးပေါင်းဆောင်ရွက်ဖို့စိတ်ဝင်စား ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၃ဝ ရက်နေ့က မလေးရှားနိုင်ငံ ပြည်ပကုန်သွယ်မှုဖွံ့ဖြိူးတိုးတက်ရေး ကော်ပို ရေးရှင်း (Malaysia External Trade Development Corporation -MATRADE) မလေးရှားကုန်စည် ပို့ဆောင်ရေးအသင်း (Federation of Malaysian Freight Forwarders - FMFF) တို့မှ ဦးဆောင်ပြီး ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းမှလုပ်ငန်းရှင် ၄ဝ ဦးပါအဖွဲ့ လာရောက်ခဲ့ကြပါတယ်။ 'စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုထူထောင်ရာမှာLogistic ကမပါမဖြစ်အထူးအရေးပါတယ်။ အာရှတိုက်အပါအဝင် နိုင်ငံအားလုံးနဲ့ ကုန်သွယ်မှုကွန်ရက်ကြီးအဖြစ် အပြန်အလှန် ချိတ်ဆက်ကာ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍကို အချိန်မီစရိတ် သက်သာတဲ့ ခေတ်မီနည်းပညာ သွင်းအားစုတွေကို သုံးပြီး ကျွန်တော်တို့မလေးရှား ပြည်ပကုန်သွယ်မှု ဖွံ့ဖြိူးတိုးတက်ရေး ကော်ပိုးရေးရှင်းကလုပ်ဆောင်နေပါတယ်''။' " မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံ နှစ်နိုင်ငံပူးပေါင်းပြီး ပိုမို တိုးမြင့်ကုန်သွယ်ကြဖို့ စီးပွားရေးကဏ္ဍအသီးသီး ဖွံ့ဖြိူးရေး အတွက်နဲ့ ကမ္ဘာ့ဈေးကွက်ကြီးအတွင်း ရောင်းဝယ်ဖလှယ်မှု အရှိန်အဟုန်ပိုမိုရရှိစေဖို့ ကုန်သည်စက်မှုအသင်းချုပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ သက်ဆိုင်ရာဌာနများရဲ့ ပေါင်းစပ် အကောင်အထည်ဖော်မှုများနဲ့ ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။'' ''မလေးရှားရဲ့ Logistic ကဏ္ဍက အာဆီယံ ကလက်ခံကျင့်သုံးနေတဲ့ စံနှုန်းစနစ်များအတိုင်း အဆင့်မြင့် ဆိပ်ကမ်းများ၊ စီးပွားရေးဇုန်များ စတဲ့ဝန်ဆောင်မှုကောင်းများ၊ ပံ့ပိုးပေးမှုများနဲ့ ဖွံ့ဖြိူးတိုးတက်လျက်ရှိရာ နှစ်နိုင်ငံယခုလိုပေါင်းစပ်ပြီး ကုန်သွယ်မှု ပိုမိုဖွံ့ဖြိူးူရန် ဆောင်ရွက်သွားကြရန် လိုပါတယ်'' လို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး HE. Mazal Muhammad က မြန်မာလုပ်ငန်းရှင်များနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့ပါတယ်။ မြန်မာ-မလေးရှား ကုန်သွယ်မှုကိုကြည့်လျှင် ၂ဝဝ၅-၂ဝဝ၆ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၂၃၁ သန်းကျော်ကနေ ၂ဝဝ၉-၂ဝ၁ဝဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၁၂သန်းကျော်ထိတိုးမြင့် ကုန်သွယ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံနဲ့ အများဆုံးကုန်သွယ်တဲ့ ပို့ကုန်ပစ္စည်းတွေကတော့ ဆန်၊ ပဲအမျိုးမျိုး၊ မန်ကျည်းသီး၊ ရော်ဘာ၊ ထန်းလျက်၊ကျောက်စိမ်း၊ ငါး၊ ပုစွန်တို့ဖြစ်ပြီး အများဆုံးကုန်သွယ်တဲ့ သွင်းကုန်ပစ္စည်းတွေကတော့ သံနှင့် သံမဏိ၊ ဆောက်လုပ်ရေးပစ္စည်း၊ ရေနံထွက်ပစ္စည်း၊ စားအုန်းဆီ၊ ငါးဖမ်းပိုက်၊ ဘိလပ်မြေ၊ ဓာတုပစ္စည်း၊ မော်တော်ယာဉ်၊ စက်နှင့်စက်ပစ္စည်း နဲ့ ဆေးဝါး တို့ဖြစ်ပါတယ်။အိန္ဒိယရဲ့ Look East ပေါ်လစီနဲ့အရှေ့မြောက်ဒေသ ဖွံ့ ဖြိုးရေးမှာ မြန်မာနိုင်ငံက အရေးပါ အိန္ဒိယနိုင်ငံပါလီမန်အမတ် Mr. Mani Shankar Aiyar နဲ့မီဇိုရမ်ပြည်နယ် ဂုဏ်ထူးဆောင် ကုန်သွယ်ရေးဝန်ကြီး Mr.Lairinllana Sailo ဦးဆောင်ပြီး၊ ကော်လ်ကတ္တားကုန်သည်စက်မှု အသင်းချုပ်က တာဝန်ရှိသူများပါဝင်တဲ့ အိန္ဒိယအရှေ့မြောက်ဒေသများဖြစ်တဲ့ မီဇိုရမ်၊ မဏိပူရ၊ အာသံနဲ့ အရူနာချာပရာဒက်ချ်ဒေသများကစီးပွားရေးလုပ်ငန်းရှင် ၅၅ ဦးဟာ စက်တင်ဘာလ ဒုတိယပတ်အတွင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အာဆီယံနိုင်ငံများနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နံှမှုများ တိုးတက်အောင်ဆောင်ရွက်ရန် ရည်မှန်းချက်ထား ရှိတဲ့အတွက် အာဆီယံနိုင်ငံများရဲ့ တံခါးပေါက်ဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ဆက်စပ်လျက်ရှိတဲ့ အရှေ့မြောက်ဒေသကို အိန္ဒိယ နိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လိုကြောင်းနဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များကိုလည်း အိန္ဒိယ အရှေ့မြောက် ဒေသမှာ လာရောက်ရင်းနှီးမြုပ်နံှကြရန် ဖိတ်ခေါ်မှုပြုလုပ်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုများကို ကြည့်တဲ့အခါ၂ဝဝ၅-၂ဝဝ၆ ခုနှစ်မှာ ကန်ဒေါ်လာသန်း ၅၇ဝနီးပါး ရှိခဲ့ရာကနေ၂ဝဝ၉-၂ဝ၁ဝမှာ ကန်ဒေါ်လာသန်း ၁၂ဝဝ ကျော် အသီးသီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိတာ တွေ့ရပါတယ်။ မြန်မာ- အိန္ဒိယနယ်စပ်မှာ အများဆုံးကုန်သွယ်နေတဲ့ ပစ္စည်းတွေကတော့ ကွမ်းသီး၊ ချင်းပဲ (ပဲယင်း)၊ နံနံစေ့၊ ငါးလေး ခြောက်၊ဆေးရိုး၊ ဆေးကြေမှုန့်၊ ပန်းသီး၊ ဝက်အရှင်၊ စားသောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းများ တင်ပို့နေကြပြီး အများဆုံးသွင်း ကုန်တွေကတော့ ဓာတ်မြေသြဇာ၊ ၁/၄ဝ ချည်၊ ပလတ်စတစ် အကြည်ပြား၊ ဇီယာ၊ ဆောင်မေခါးတို့ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းမှ ကုန်သွယ်နေတဲ့ ပစ္စည်းတွေကတော့ ပဲအမျိုးမျိုး၊ ကျွန်းသစ်လုံး၊ သစ်မာလုံး၊ သစ်ပါးလွှာနဲ့ သကြားတို့ဖြစ်ပြီး အများဆုံးတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကတော့ မီးရထားနဲ့ မီးရထားပစ္စည်း၊ စက်နဲ့စက်ပစ္စည်း၊ သံနဲ့ သံမဏိပစ္စည်း၊ ဓာတုပစ္စည်းများ၊ ပလတ်စတစ်ပစ္စည်းများ၊ ချည်ခင်၊ တာယာနဲ့ ဆေးဝါးများ ဖြစ်ပါတယ်။ကိုရီးယားကလည်း ကုန်သွယ်မှုတိုးမြင့်ဖို့ စိတ်ဝင်စား Korea Importers Association မှ ဥက္ကဋ္ဌ Dr.Je Tae Lee ဦးဆောင်တဲ့ ၁၉ ဦးပါအဖွဲ့ဟာ ၂ဝ၁ဝ ပြည့်နှစ် မေလ ၂ဝရက်နေ့က လာရောက်ခဲ့ကြပြီး သဘာဝအရင်းအမြစ်၊ မီးသွေး၊ ရွှေ၊ ငွေ၊ ဇင့်၊ နီကယ်၊ သံ အစရှိတဲ့ သတ္တုလုပ်ငန်းများ၊ ဒီဇယ်စွမ်းအင် စက်ရုံနဲ့ စက်မှုဆိုင်ရာကုန်ကြမ်းပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းများ၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်စွမ်းအားလုပ်ငန်းများ၊ မီးစက်များ၊ ဆေးနဲ့ ဆေးပစ္စည်းများ၊ အလှကုန်ပစ္စည်း၊ ထုတ်ပိုး ပစ္စည်းအမျိုးမျိုး၊လုံခြုံရေးသုံးအာရုံခံကိရိယာ၊ အဏုကြည့် မှန်ပြောင်းများ၊ စက်မှုလုပ်ငန်းသုံးဖန်ကုန်ကြမ်း ပစ္စည်းများ၊ ဓာတုဗေဒသုံး ကုန်ကြမ်းပစ္စည်းများ၊ ဟိုတယ် လုပ်ငန်းသုံးပစ္စည်းများ၊ လယ်ယာထွက်ကုန်တန်ဖိုးမြင့်ကုန်ထုတ် လုပ်ရန် Color Sorter စက်၊ ရေသန့်စက်၊ ကွန်ပျူတာလုပ်ငန်းသုံးပစ္စည်းများနှင့် စပ်လျဉ်းပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်နဲ့အရောင်းအဝယ်ပြုလုပ်ရန် ဆွေးနွေးမှုများ ပြုခဲ့ကြပါတယ်။ မြန်မာ-ကိုရီးယား နှစ်နိုင်ငံကုန်သွယ်မှု အခြေအနေများကတော့ ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာနှစ်မှာ ကန် ဒေါ်လာ ၁၂၄ သန်းခန့်ရှိခဲ့ရာ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာသန်း ၃ဝဝ နီးပါးထိပိုမိုတိုးတက်ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ မြန်မာ-ကိုရီးယား နှစ်နိုင်ငံကုန်သွယ်နေတဲ့ ပစ္စည်းတွေကတော့ ပို့ကုန်အနေနဲ့ နှမ်း၊ ရော်ဘာ၊ သစ်ပါး လွှာ၊ အထပ်သား၊ချုပ်ပြီးအထည်များဖြစ်ပြီး၊ သွင်းကုန်အနေနဲ့ မော်တော်ယာဉ်နဲ့ မော်တော်ယာဉ် အပိုပစ္စည်းများ၊ သံနဲ့ သံမဏိပစ္စည်းများ၊ စက်နဲ့စက်ပစ္စည်းများ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ သားရေတု ပစ္စည်းများ၊ စက္ကူ၊ ချည်ခင်များ၊ ဆေးဝါး၊ ကော်ဖီ၊လက်ဖက်ခြောက်တို့ ဖြစ်ပါတယ်။
စပါးသီးနှံမှာကျရောက်တက်တဲ့ ဖြုတ်ကောင်(Hopper) ကိုကာကွယ်ဖို့ (IPM) နည်းနဲ့ ဘက်စုံပိုးမွှားကာကွယ်ရေးစီမံချက် အလုပ်ရုံဆေးနွေးပွဲကျင်းပ စပါးသီးနံှမှာကျရောက်ပြီး အများဆုံးဖျက်ဆီးတတ်တဲ့ ဖြုတ်ကောင် (Hopper) ကို Integrated Pest Management (IPM) နည်းနဲ့ သဘာဝနည်းလမ်းများ အတိုင်း ဘက်စုံပိုးမွှားကာကွယ်နိုင်မယ့် အခြေအနေ အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ မိုျးစေ့ဌာန၊ FAO Auditorium မှာ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁ ရက်က ကျင်းပခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းနဲ့ အပြည် ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန(IRRI) တို့ ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ပညာရှင်များ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နဲ့ ပါမောက္ခများ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ အရာထမ်းများ IRRIမှ ဂေဟဗေဒ သိပ္ပံ ပညာရှင်များဖြစ်တဲ့ Dr K.L.Heong ၊ Dr Lorry Wing မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဗဟိုအလုပ်အမှုဆောင်များ၊ ဆန်စပါး အထူးပြုကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၈ဝ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးကျော်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်နဲ့ IRRIမှ ပညာရှငDr K.L Heong တို့မှ အမှာစကားအသီး သီး ပြောကြားကြပြီး၊ စပါးဖျက်ပိုးဖြုတ်ကောင်ကို ဂေဟ နည်းစနစ်နဲ့ သဘာဝနည်းများအတိုင်း ကာကွယ်နိုင်မယ့်အခြေအနေကို စုပေါင်းဆွေးနွေး အမြင်ခြင်း ဖလှယ်ခဲ့ကြပါတယ်။ဖြုတ်ကောင်ကျရောက်တတ်တဲ့ အကြောင်းရင်းများ စပါးပင်တွေ ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်တတ်တဲ့ ဖြုတ်ကောင်ကျရောက်ရတဲ့ အကြောင်းရင်းတွေကတော့ ရေကြီးရေလံျှမှု၊ မိုးခေါင်ခြောက်သွေ့မှုနဲ့ နာဂစ်လို လေမုန်တိုင်း အကြီးအကျယ် ကျရောက်မှုတွေဆိုတဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့်အပြင် ပိုးသတ်ဆေး အလွယ်တကူနဲ့ အလွန်အကံျွသုံးစွဲမှုတွေကြောင့်လို့ Dr. K.L.Heong က ပြောကြားပါတယ်။ ဒါကြောင့်လည်း အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဖြုတ်ကောင် ကျရောက်ခဲ့ပါ တယ်။ ၂ဝဝ၉ ခုနှစ် ဇူလိုင်လမှာ စတင်ဖြစ်ပွားခဲ့ကာ ထိုင်းနိုင်ငံမှာ လယ်မြေဟက်တာ ၁ သန်းမှ စပါးတန်ချိန် ၁ ဒသမ ၁ သန်း၊ စုစုပေါင်း ထုတ်လုပ်မှုရဲ့ ၁၆ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရသလို ဗီယက်နမ်မှာဟက်တာ ၃ သိန်းခန့် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပြီး၊ တရုတ်နိုင်ငံမှာ ဟက်တာ ၄ သိန်းနီးပါး ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ယခု နှစ် ၂ဝ၁ဝ မှာလည်းထိုင်းမှာဟက်တာ ၅သောင်း၊ ဗီယက်နမ်မှာ ဟက်တာ ၁၄ဝဝဝဝခန့်နဲ့ မလေးရှားမှာ ဟက်တာ ၂ဝဝဝ ခန့် ပျက်စီးခဲ့ရတယ်လို့ ထပ်လောင်း ပြောကြား ပါတယ်။ဖြုတ်ကောင် များကို ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်များဟာ လေတိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက် ပြန့်ပွားတတ်ရာ မြန်မာနိုင်ငံမှာလည်း နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက် ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်မှာ ဖြုတ်ကောင်ကျရောက်မှုကြောင့် စပါးများပျက်စီး ခဲ့ရတယ်လို့ ဆိုပါတယ်။စပါးဖျက်ဆီးမှုအများဆုံး ဖြုတ်ကောင် မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့ ဆန်၊ စပါးဖျက်တဲ့ ပိုးမွှား ၁၄ မိုျးရှိတဲ့အနက် ကျရောက်မှုအများဆုံး ဖြုတ် အမိုျးအစား ၄ မိုျးရှိတယ်လို့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ အပင်ကာကွယ်ရေးဌာနမှ မန်နေဂျာဒေါ်ဖြူဖြူလွင် က ပြောကြားပါတယ်။ အဲဒီဖြုတ်တွေကတော့ brown plant hopper လို့ခေါ်တဲ့ ဖြုတ်ညို၊Green Leafhopper ဖြစ်တဲ့ ရွက်လိပ်ပိုး၊ white backed plant hopper လို့ခေါ်တဲ့ ကျောဖြူ ဖြုတ်ပိုးနဲ့ Zigzag leaf hopper တို့ဖြစ်ပါတယ်။ ဒီပိုးတွေထဲမှာ စပါးထွက်ရှိမှုကို အဆိုးဝါးဆုံး ထိခိုက်တာကတော့ ဖြုတ်ညိုနဲ့ ကျောဖြူ ဖြုတ်ကောင်ပဲ ဖြစ်တယ်လို့လည်း ဒေါ်ဖြူဖြူလွင်က ပြောကြားပါတယ်။မြန်မာနိုင်ငံမှာလည်း ဖြုတ်ကျရောက်မှုကြောင့် စပါးအထွက်ထိခိုက်မှုရှိခဲ့ အာရှနိုင်ငံတွေမှာ စပါးအထွက် ထိခိုက်အောင် ကျရောက်တဲ့ ပိုးဟာ ဖြုတ်ညိုနဲ့ ကျောဖြူဖြုတ်များ ဖြစ်သလို မြန်မာနိုင်ငံမှာ လည်း ဖြုတ်ညို ကျရောက်မှုကြောင့် စပါးခင်းများ ပျက်စီးပြီး အထွက်ဆုတ်ယုတ်ခဲ့တဲ့ အတွေ့အကြုံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ၁၉၉၈-၉၉ ခုနှစ် မိုးရာသီမှာ ပထမဆုံးအကြိမ်အနေနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီး ၆ ခု၊ ရှမ်း၊ မွန်၊ ကယားနဲ့ ကရင်ပြည်နယ်လေးခုမှာရှိတဲ့ မြို့နယ် ၄၈ မြို့နယ်၊ လယ်မြေ ဧရိယာ ၈၈ဝ၂၉ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ အများဆုံးထိခိုက်ခဲ့တဲ့ ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ဧက ၅၂ဝဝဝ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တစ်ခါကတော့ ၂ဝဝ၈-၂ဝဝ၉ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပြီးတဲ့နောက် ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှာ နွေစပါး ရာသီအတွင်း လယ်မြေ ၇၁ဝ ဧက ထိခိုက်ပျက်စီးခဲ့ရပြီး ဒီနှစ် ၂ဝ၁ဝ မိုးစပါး ရာသီမှာလည်း ဒေဒရဲမြို့နယ်မှာ ဖြုတ်ညို ကျရောက်မှု ပြန်ဖြစ်လာတာ တွေ့ရပါတယ်။ မနောသုခနဲ့ သီးထပ်ရင် စပါးအမျိုးအစားများမှာ ထိခိုက်မှု ခံရတယ်လို့လည်း ဆိုပါတယ်။ဖြုတ်ပိုးပြန့်ပွားနိုင်မှု ဖြုတ်ညိုဟာ အရွယ်အစားသေးပြီး ဘဝစက်ဝန်း (Life Cycle) တိုပါတယ်။ ဥအမြောက်အမြားဥနိုင်ပြီး လျင်မြန်စွာ ပံျသန်းသွားလာနိုင်တာကြောင့် ပြန့်ပွားနှုန်းမြန်တယ်လို့ အပင်ကာကွယ်ရေးဌာန ဒုတိယ ကြီးကြပ် ရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းဝင်းက ရှင်းလင်းပြောကြားပါတယ်။ ဒါကြောင့် လေတိုတ်ခတ်ရာ လမ်းကြောင်း အတိုင်း ပြန့်ပွားနိုင်သလို ရေကြီးမှု ကြောင့်လည်း ပံျ့နံှ့နိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လယ်သမားများဟာ စပါးပင်မှာ ပိုးမွှား ကျရောက်ပြီဆိုတာနဲ့ ပိုးသတ် ဆေးဖြန်းရမယ်ဆိုတဲ့ မှားယွင်းတဲ့ အသိရှိခြင်းကြောင့်လို့ Dr K.L Heong ကလည်း ထပ်လောင်းရှင်းလင်းပါတယ်။ စပါးမှာ ကျရောက်တတ်တဲ့ ရွက်လိပ်ပိုးကြောင့် စပါးရွက် ၆၇ ရာခိုင်နှုန်းခန့် ပျက်စီးမှုရှိတဲ့တိုင် စပါးအထွက်နှုန်းကို ထိခိုက်နိုင်မှု မရှိဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ တောင်သူ အများစုဟာ ပိုးသတ်ဆေးသုံးစွဲမှုကြောင့် ရွက်လိပ်ပိုးသာမက လယ်သမားများရဲ့ အခြားမိတ်ဆွေ ပိုးမွှားများပါ သေကျေပျက်စီးရတဲ့အတွက် ပိုးသတ်ဆေးဖျန်းပြီး နှစ်ပတ်အတွင်း ဖြုတ်ညိုများဟာ ဥဥပြီး ၃-၄ ရက်ခန့်ကြာရင် တားမနိုင်ဆီးမရ ပြန့်ပွားနိုင်တယ်လို့ ဆိုပါတယ်။ပိုးသတ်ဆေးများ အလွယ်တကူမသုံးစွဲသင့့််် စပါးမှာကျရောက်တတ်တဲ့ ပိုးနဲ့ပတ်သက်လို့ ရွက်လိပ်ပိုးလို အထွက်နှုန်းကို ဆိုးဆိုးရွားရွား ထိခိုက်မှု မရှိတဲ့ပိုးဆိုရင် ဒီအတိုင်းပဲ ပိုးရဲ့ အရိပ်အခြေကိုကြည့်ပြီး နေသင့်ပါတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လည်း ဆိုရင် ပတ်ဝန်းကျင်မှာရှိတဲ့ ဒီပိုးတွေရဲ့ ရန်သူပိုး (တောင်သူများရဲ့ မိတ်ဆွေပိုး)တွေက အလိုအလျောက် ထိန်းခုျပ်နိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်လူတို့ရဲ့မိတ်ဆွေ ပိုးတွေကို သေစေနိုင်ပြီး ဖြုတ်ညိုတွေ တိုးပွားဖို့ အခွင့်အလမ်းတွေ ဖြစ်စေတဲ့ ပိုးသတ်ဆေးတွေ အလွယ်တကူ မသုံးစွဲသင့်ဘူးလိုံ့ီ Dr K.L Heong က ဆိုပါတယ်။ ဗီယက်နမ်နဲ့ထိုင်းတို့မှာ ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကို (IRRI) က သုတေသနလုပ်ခဲ့ရာမှာ ရွက်လိပ် ပိုးကျတဲ့ စပါးခင်း များကို ပိုးသတ်ဆေးဖြန်းခဲ့တာကြောင့် နောက်ဆက်တွဲအဖြစ် ဖြုတ်ညိုများကျရောက် ကာ စပါးစိုက်ဟက်တာ ၅ဝဝဝဝ ခန့် ပျက်စီးခဲ့တာ တွေ့ရှိရတယ်လို့လည်း ထပ်လောင်းပြောကြားပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးလုပ်ငန်းများက ပိုးသတ်ဆေးမျိုးစုံ ရောနှောပြီး (cocktail) ပုံစံဆေးဘူးများ သုံးစွဲခြင်းကို စနစ်တကျ ထိန်းခုျပ်တားဆီးသင့်တယ်လို့ ဆိုပါတယ်။အပင်ပိုးမွှားထိန်းသိမ်းရေး(IPM) စနစ်ကျင့်သုံးဖို့လိုစပါးများကို ဖျက်ဆီးတတ်တဲ့ ဖြုတ်ကောင်ကျရောက်မှုကို အပင် ပိုးမွှားထိန်းသိမ်းရေး (Integreded Pet Management) စနစ်နဲ့ ကာကွယ်တာ အကောင်းဆုံးပါလို့ ပညာရှင်တွေရဲ့ လေ့လာသုတေသနပြု ချက်အရ Dr. K L Heong က ပြောကြား ပါတယ်။ ဒီလို အပင်ပိုးမွှား ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှ ဇီဝမျိုးစုံပြည့်စုံမှု (Bio- diversity)၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ် (Environment & Ecosystem) နည်းလမ်းများနဲ့သာ ဖြေရှင်းနှိမ်နင်းခြင်းဟာ အထိရောက်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်ပြီး စဉ်ဆက်မပြတ် စိုက်ပိုျး ထုတ်လုပ်နိုင်ရေး (Sustainable Agriculture) ကို ဖော်ဆောင်နိုင်မှာပါလို့ အကြံပြု ပြောကြားပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းပိုအောင်မြင် ဖြုတ်ပိုးကျရောက်ပြီဆိုရင် အဲဒီစပါးခင်းကို မီးရှို့ပြီး တခြားလယ်ကွင်းတွေကို စီးဆင်းနိုင်တဲ့ ရေစီးရေလာ ကို ဖြတ်တောက်ရပါမယ်။ ဗီယက်နမ်နိုင်ငံမှာ ဖြုတ်ကောင်ကျရောက်မှုကို အလင်းထောင်ချောက်(Light trip) အသုံးပြု ဖမ်းဆီးကြပါတယ်။ ဒါပေမဲ့ ဒါဟာ ပြန့်ပွားနှုန်းမြန်တဲ့ ဖြုတ်ကောင်ကို မနှိမ်နင်းနိုင်ခဲ့ပါဘူး။ အမှန်တကယ်တော့ ကုသခြင်းထက် မကျရောက်အောင် ကာကွယ်ခြင်း ပိုမိုအောင်မြင်မှာ ဖြစ်ပါတယ်။ ဖြုတ်ကောင်များကို နှိမ်နင်းရာမှာ ဖြုတ်ကောင်ရဲ့ သဘာဝရန်သူများဖြစ်တဲ့ ဝတ်မှုံကူးတဲ့ အကောင်များ (Pollinators) များနဲ့ နှိမ်နင်းခြင်းဟာ အထိရောက်ဆုံးလို့ ဆိုပါတယ်။ ဒါကြောင့် ပိုးမကျအောင် ကာကွယ် တဲ့ အနေနဲ့ ဝတ်မှုံကူးတဲ့အကောင်များ နေထိုင်နိုင်တဲ့ သဘာဝ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးသင့်ပါတယ်။ ပိုးသတ်ဆေးဖျန်းခြင်းဟာ မလိုလားတဲ့ ဓာတ်ြွကင်းများကြောင့် ပတ်ဝန်းကျင်ကို ဖျက်ဆီးမှုများဖြစ်ကာ ဝတ်မှုံ ကူး တိရစ္ဆာန်ငယ်များသေဆုံးပြီး၊ ဖြုတ်ကောင်များ အလွယ်တကူ ပေါက်ပွား ဖျက်ဆီးခံရနိုင်ပါတယ်။ ဂေဟစနစ်နဲ့ ကာကွယ် Dr K L Heong ဆက်လက်ပြောကြားရာမှာ ကမ္ဘာပေါ်ရှိ စိုက်ပိုျးရေးနိုင်ငံများနဲ့ သုတေသနများမှ IPM ကို ဖော်ဆောင်ရာမှာ သဘာဝ နည်းစနစ်များကိုသာ ဂေဟနည်းလမ်းများနဲ့ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါ တယ်လိုဆိုပါတယ်။ ပတ်ဝန်းကျင်မှာ လူတို့ရဲ့ သဘာဝမိတ်ဆွေပိုးတွေ အများကြီးရှိပေမဲ့ လူတွေက သတိ မထားမိကြပါဘူး။ အလွယ်တကူ သတိထားမိတာကပျား တွေပဲဖြစ်ပါတယ်။ ပျားတွေဟာ ကိုယ်တိုင်လည်း ဝတ်မှုံကူးသလို ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်တွေပိုးတွေကိုလည်း ခေါ်ယူလာ တတ်ကြတာကြောင့် ပျားတွေ လာရောက်နိုင်ဖို့ စပါးပင်တွေရဲ့ကြားမှာ အဝါရောင်၊ အဖြူရောင်ပန်းတွေ ပွင့်တဲ့အပင်တွေ စိုက်ပျိုးခြင်းဟာ အကောင်းဆုံးသော ဂေဟစနစ်ပဲ ဖြစ်ပါတယ်လို့ ထောက်ပြပါတယ်။ စပါးစိုက်ခင်းတွေမှာ ရေနေသတ္တဝါများထည့်သွင်းခြင်း၊စိုက်ခင်းများအနီးအဝါရောင်၊ အဖြူရောင် ပန်းပွင့်အပင်များဖြစ်တဲ့ ပဲတီစိမ်း၊ ရုံးပတီသီးတို့လို သီးပင်စားပင်၊ ပန်းပင်တွေကိုကန်သင်းဘောင် မှာ စိုက်ပိုျးမယ်ဆိုရင် ပိုးသတ်ဆေးဖျန်းဖို့ လိုအပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် စပါးကွင်းတွေကြားထဲမှာ ပဲတီစိမ်း၊ နှမ်းစိုက်ပိုျးသလို ဗီယက်နမ်မှာလည်း ဂေါ်ဖီထုပ်ပင်နဲ့ အခြား ပင်များ၊ နယူးဇီလန်မှာလည်း ခရမ်းရောင်ပန်းပွင့်များ ကြားညှပ် စိုက်ပိုျးခြင်းဖြင့် ဖြုတ်ကောင် ကျရောက်မှုကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ ဂေဟစနစ်အားသာချက်ရှိ Dr. K.L Heong က ဆက်လက်ဆွေးနွေးရာမှာ ဇီဝမျိုးစုံ၊ သီးနံှ အပင်မိုျးစုံစိုက်ပျိုးခြင်းဟာ ပိုးမွှား အန္တရာယ်ကို သိသိသာသာတားဆီးမှု ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ သစ်သီးဝလံစတာတွေကို စုံစုံလင်လင် စိုက်ပျိုးလေ့ရှိတာကြောင့် ဒီလိုရှိနေပြီးသား အခြေအနေကောင်းများကို ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အားသာချက်က ဒေသအသီးသီးမှာ စပါးမျိုးခွဲများစွာကို စိုက်ပိုျးခြင်းပဲ ဖြစ်ပါတယ်။ ပိုးမွှား ကျရောက်မှု ဒဏ်ခံရတဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့မှာ စပါး ၂မိုျး ၃ မိုျးခန့်ကိုသာ တစ်နိုင်ငံလုံး စိုက်ဧရိယာရဲ့ ၇ဝ-၈ဝ ရာခိုင်နှုန်းမှာ စိုက်ပျိုးတာကြောင့်အပင်မိုျး စုံလင်မှုနည်းပါးပြီး ပိုးမွှား ပြန့်ပွားလွယ်ကာ ဆုံးရှုံးမှုများရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။IPM နည်းနဲ့ နှိမ်နင်းဖို့ လယ်သမားတွေ နိုးထသင့်ပါပြီ ''ထိုင်းနိုင်ငံကတော IPM နည်းစနစ်ရဲ့ အကိုျးရလဒ်ကို နားလည်လာပြီဖြစ်လို့ ပိုးသတ်ဆေးသုံးစွဲမှု ထိန်းခုျပ်လာကြပြီး ဘက်စုံပိုးမွှားကာကွယ်ရေး စီမံချက်များ ချမှတ်ကာ ဖြုတ်ကျရောက်မှုကို ကာကွယ်နေပြီဖြစ် ပါတယ်။h IPM ရဲ့ အနှစ်သာရနဲ့ သရုပ်မှန်ကို ပိုးသတ်ဆေးဖျန်းခြင်းနဲ့ ခွဲခြားနိုင်ရေး၊h IPM နဲ့ပတ်သက်တဲ့ ပညာပေး လုပ်ငန်းများ (Capacity Building)ကို IRRI မှ ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပို့ချပေးဖို့ ကျွန် တော်တို့ IRRIကလည်း မြန်မာ့စိုက်ပိုျးရေးလုပ်ငန်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းတို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘယ်နေရာမှာဘဲဖြစ်ဖြစ် စပါးပင်တွေ ပိုးကျရောက်နေရင် စိတ်ဓာတ် မကျဘဲ အကြောင်းရင်းကိုဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်တဲ့ အကြောင်းရင်းတွေကို သေချာစိစစ်ပြီးIPM နည်းနဲ့ နှိမ်နင်းဖို့ လယ်သမားတွေ နိုးထသင့်ပါပြီ''လို့ Dr. K.L Heong က တိုက်တွန်း ပြောကြား ပါတယ်။ ဆန်စပါးအထူးပြုကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်မယ် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆွေးနွေးရာမှာ အသင်းဝင် ဆန်စပါး အထူးပြုကုမ္ပဏီ ၃၃ ခုရှိပြီး တောင်သူလယ်သမားများနဲ့ ၂ဝဝ၉ ခုနှစ်ကစပြီး ထိတွေ့ လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။ ''နိုင်ငံတော်အစိုးရအနေနဲ့ ဆန်စပါးနဲ့ပတ်သက်လို့ စားနပ်ရိက္ခာဖူလုံဖို့ (Food Security)၊ ဘေးကင်းစိတ်ချရဖို့(Food Safety) ကို စနစ်တကျဆောင်ရွက်ဖို့ ညွှန်ကြား ထားပါ တယ်။ ကျွန်တော်တို့ အထူးပြုကုမ္ပဏီများအနေနဲ့ စိုက်ပိုျးထုတ်လုပ်ကြိတ်ခွဲရောင်းချတဲ့ ကွင်းဆက် တစ်လျှောက်မှာ ရင်းနှီးမြုပ်နံှဆောင် ရွက်နေတာဖြစ်လို့ အသင်းတိုင်းမှာ Food Safety အသိနဲ့သတိ အမြဲ ယှဉ်တွဲထားရှိရမှာဖြစ်ပါတယ်။ ယခုအလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတဲ့ ဖျက်ဆီးတတ်တဲ့ပိုးမွှားများကို ပိုးသတ်ဆေးဖြန်းခြင်းနဲ့ ဖြေရှင်းခြင်းဟာ မလိုလားအပ်တဲ့ ဇီဝမိုျးကွဲ (Biodiversity) ကို ထိခိုက်စေတဲ့ အခြေအနေများ ဖြစ်ပေါ်တတ်လို့ ရှောင်ရှားနိုင်ရေး ကျွန်တော်တို့ ကိုယ်တိုင်သိသလို လယ်သမားတွေအသိရှိဖို့ ချပြဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်''ဟု ပြောကြားသွားပါတယ်။IPM စနစ်သုံးစွဲခြင်းဖြင့် ဝင်ငွေပိုမိုရရှိနိုင် သဘာဝနည်းလမ်းများဖြစ်တဲ့ စိုက်ခင်းအနီး ပန်းပင်များ စိုက် ပျိုးခြင်း၊ ကန်သင်းပေါင်မှာ စားပင်သီးနံှ များ စိုက်ပျိုးခြင်းဖြင့် ပိုးမွှားအန္တရာယ် ကာကွယ်ရာရောက်တဲ့အပြင် တောင်သူတွေ တစ်ဖက်တစ်လမ်းမှ ဝင်ငွေ တိုးတက်စေတာကြောင့် ဒီစနစ်ကို ဖော်ဆောင်သင့်ပါတယ်လို့ ဦးရဲမင်းအောင်က ဆက်လက် ပြောကြားပါတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ ပိုးသတ်ဆေးသုံးစွဲမှုဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေသေးတာဖြစ်လို့ ဒီလို အချိန်အခါကောင်းမှာ ဆောင်ရွက်မယ်ဆိုရင် ပိုမိုအောင်မြင်နိုင်ပါတယ်။ IPMကို စနစ်တကျ ဆောင်ရွက်ခြင်းအားဖြင့် ပိုးသတ်ဆေးတင်သွင်းမှုအတွက် နိုင်ငံခြားငွေ သုံးစွဲမှု လျော့ နည်းသွားမှာဖြစ်သလို၊ ဇီဝမိုျးစုံထိန်းသိမ်းမှုကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်တဲ့အပြင် စိုက်ပျိုးရေး ထုတ်ကုန်များလည်း ပိုးသတ်ဆေးကြောင့် ဖြစ်ပေါ်တတ်တဲ့ ဓာတ်ြွကင်းအန္တရာယ်မှ ကာကွယ် နိုင်မှာဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။ဘေးကင်းစိတ်ချရတဲ့ မြန်မာ့ဆန်ဈေးကွက် ဖော်ဆောင်လာနိုင် ''ဒီလိုကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓာတုဆေးဝါးကင်းစင်တဲ့ ဆန်၊စပါးများထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်တွင်း ဈေးကွက် သာမက ပြည်ပဈေးကွက်မှာပါ ဘေးကင်းစိတ်ချရတဲ့(Food Safty) မြန်မာ့ဆန်ဈေးကွက် ဖော်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ လက်ရှိမြန်မာ့စိုက်ပိုျး ရေးရဲ့ တောင်သူတွေကို တိုက်တွန်းဆောင်ရွက်နေတဲ့ ''ဘာပဲစိုက်စိုက် နေကြာညှပ်စိုက်'' ဆိုတဲ့ ဆောင်ပုဒ်ဟာလည်း နိုင်ငံတကာမှာဆောင်ရွက်နေတဲ့ ပိုးမွှား ကာကွယ်ရေးစနစ်(IPM) ကို အထောက်အကူပြုနေပါတယ်။ လာမယ့်နှစ်တွေမှာ အထူးပြု ကုမ္ပဏီတွေ အနေနဲ့ စပါးမိုျးစေ့များနဲ့အတူ သစ်သီးဝလံ၊ ပန်းမန်မိုျးစေ့များကိုပါ ပူးတွဲထောက်ပံ့ခြင်းဖြင့် အသင်း အနေနဲ့ရော အထူးပြုကုမ္ပဏီအနေနဲ့ပါ ညှိနှိုင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ IPM လုပ်ငန်းများ ပိုမိုကျယ်ပြန့် အောင်မြင်လာစေဖို့ လက်ရှိအထူးပြုကုမ္ပဏီများမှ ဆန်စပါးထွက်ရှိရာဒေသများမှာ ရေတို၊ ရေရှည်စီမံကိန်းများချမှတ်ပြီး မြန်မာ့စိုက်ပိုျးရေးလုပ်ငန်းနဲ့ IRRI တို့ရဲ့ အကူအညီရယူ ပူးပေါင်းကာ သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာများမှာ တောင်သူများကို အနီးကပ်လက်တွေ့ဆောင်ရွက်သွားမှာပါ'' လို့ ဦးရဲမင်းအောင်က ပြောကြားခဲ့ကြောင်းပါခင်ဗျာ။MIRT
အများအားဖြင့် ကုမ္ပဏီကြီးတွေ က နည်းပညာသစ်တွေကို ဖြန့်ဝေ သုံးစွဲခွင့်ပြုဖို့ တုံ့ဆိုင်းလေ့ရှိကြ တယ်။ ဒါပေမယ့် နိုင်ငံတကာ စံချိန်စံညွှန်းတွေမှာ နည်းပညာ သစ်တွေ ထည့်သွင်းရေးဆွဲထား လို့ အဲဒီနည်းပညာတွေကို လွယ် လင့်တကူ ရယူဖြန့်ဝေသုံးစွဲနိုင် တယ်။ ဒါကြောင့် ကုန်ကျစရိတ် လျော့ကျလာနိုင်ပါတယ်။- နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ ထုတ်လုပ်လို့ ကမ္ဘာနဲ့အဝှမ်းလက် ခံနိုင်တဲ့ ကုန်စည်ဖြစ်တာကြောင့် ဈေးကွက်ပွင့်ပြီး ဈေးကွက်သစ် ဖန်တီးနိုင်တယ်။ အကိုျးအမြတ် တိုးလာပါတယ်။- အောင်မြင်ပြီးသား အချက်တွေ အပေါ် အခြေခံပြီး စံချိန်စံညွှန်း တွေသတ်မှတ်ထားလို့ သုတေသနပြု စွန့်စားရမှုတွေအနည်းဆုံး ဖြစ်သလို ဆန်းသစ်တီထွင်ပြီး သားဖြစ်လို့ တီထွင်ဆန်းသစ်ရတဲ့ စရိတ်လျော့ကျလာပါတယ်။- အရည်အသွေးကိုက်ညီမှု ထောက် ခံချက်လက်မှတ်တွေကို လက်ခံနိုင် ပြီး (၂)ခါပြန် စစ်ဆေးရမှုတွေ လျှော့ချနိုင်လို့ စရိတ်လျော့ကျ လာပါတယ်။ အဲဒီလိုစရိတ်လျော့တာ၊ ဈေး ကွက်ပွင့်တာ၊ ဈေးကွက်သစ်ထွင်နိုင် တာ၊ ဆန်းသစ်တီထွင်မှု မြင့်မားတာ၊ နှစ်ခါပြန်စစ်ဆေး ရမှု လျော့ကျတာ တွေကြောင့် ထုတ်လုပ်မှု၊ ဖွံ့ဖြိုးတိုးတက် မှု၊ ပြိုင်ဆိုင်နိုင်မှုတွေ မြင့်တက်လာလို့ ကမ္ဘာ့ စီးပွားရေးကို အထောက်အကူပြု ပါတယ်။ နောက်တစ်ချက်က ဖွံ့ဖြိုးဆဲ နိုင်ငံတွေအပေါ် FTA ၏ အကိုျးကျေး ဇူးတွေကို တင်ပြလိုပါတယ်။ ဒီနေ့ ကမ္ဘာ့ ကုန်သွယ်ရေးရဲ့ ၆ဝ ရာခိုင်နှုန်းလောက် က NAFTA-North America FTA? APEC-Asia Pacific Economic Cooperation? EU-European Union? CAFTA- Central America FTA စတဲ့ အမိုျးမိုျးသော ဒေသဆိုင်ရာ FTA တွေမှာ လုပ်ဆောင် နေတာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနဲ့ FTA ရဲ့ သက်ရောက်မှုကို တင်ပို့ကုန်မူဝါဒတစ်ခုတည်းပေါ် စူးစိုက် လေ့လာတာ မလုံလောက်တော့ဘဲ ပို့ကုန်ကဏ္ဍနဲ့အတူ နိုင်ငံရဲ့ ကဏ္ဍ အားလုံး ဖွံ့ဖြိုးမှုကိုပါ လေ့လာရပါမယ်။ FTA ထူထောင်လို့ ဖွံ့ဖြိုးဆဲနိုင်တွေ အတွက် လုပ်သားအခွင့်အလမ်းတွေ တိုးပွားနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရတာ ထင်သာ မြင်သာ ရှိလာပါလိမ့်မယ်။ အရင်က တားမြစ် ထားတဲ့ ကုန်သွယ်ရေး အတားအဆီး တွေကို ထိထိရောက်ရောက် ကျော် လွှားနိုင်လာလို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နံှမှု (FDI-Foreign Direct Investment) အခွင့်အလမ်းတွေ တိုးပွားလာနိုင်ပါတယ်။ ဒါပေမယ့် FTA ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အခက် အခဲတွေလဲ ရှိလာနိုင်ပါတယ်။ အဓိကအခက်အခဲကတော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ထုတ် ကုန်တွေနဲ့ ဈေးကွက် မှာ ယှဉ်ပြိုင်နိုင် မှုကို ထိခိုက်နိုင် တာပါပဲ။ ဒါပေမယ့် ဘယ်လုပ်ငန်းမှာမဆို အဆိုး၊ အကောင်း ဒွန်တွဲနေတာကြောင့် အကိုျးကျေးဇူးနှင့် ထိခိုက်နိုင်မှုကို ညှိနှိုင်းချိန်ဆ လုပ်ဆောင်ဖို့ လိုအပ်ပါ တယ်။ FTA ရဲ့ အကိုျး၊ အပြစ်တွေကို ညှိနှိုင်းနိုင်ဖို့ စံချိန်စံညွှန်းတွေကို လက်နက် ကိရိယာတစ်ခုအဖြစ် အသုံးချ နိုင်တာ တွေ့ရပါတယ်။ အတိတ်ကာလ ကတော့ စံချိန်စံညွှန်းတွေကို ကိုယ်ကိုျးစီးပွား ကာကွယ်ရေးအတွက် အခိုျ့ နိုင်ငံတွေက အသုံးချခဲ့ကြပါတယ်။ အခု လို Globalization ကာလမှာတော့ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတွေကို အသုံးချပြီး ကုန်သွယ်ရေးညီမျှမှုတွေကို ဖန်တီးနိုင်လာလို့ ကုန်သွယ်ရေးအတား အဆီးတွေကို ကျော်လွှားနိုင်လာပြီ ဖြစ်လို့ စံချိန်စံညွှန်းရဲ့ အရေးပါမှုကို ပိုမိုသတိပြုလာကြပြီး စံချိန်စံညွှန်း သုံးစွဲ မှုတွေ တိုးတက်လာနေပါတယ်။ WTO/TBTစာခုျပ်မှာ အစိုးရ ပေါင်း ၁၃ဝ ကျော်က အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းတွေကို နိုင်ငံရဲ့ နည်းဥပဒေတွေမှာ အခြေခံအဖြစ်သုံးဖို့ ကတိကဝတ် ပြုထားကြပြီးဖြစ်လို့ မိမိ ထုတ်ကုန်ကို အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းတွေအသုံးချပြီး ထုတ်လုပ်ထား မယ်ဆိုရင် တင်သွင်းမယ့် နိုင်ငံရဲ့ နည်း ဥပဒေတွေနဲ့ ကိုက်ညီတာကြောင့် ကမ္ဘာ့ ဈေးကွက်ကို လွယ်ကူစွာ ထိုးဖောက်နိုင် ပါလိမ့်မယ်။ ပြည်တွင်း ဈေးကွက်ကို လည်း စံနှုန်းမကိုက်တဲ့ ကုန်စည်တွေ ဝင်လာရင် တားမြစ်ကာကွယ်နိုင်ပါ တယ်။ဒါတင်မကဘဲ FTA တည်ထောင် ချိန်မှာဒေသတွင်းမှာ တစ်ပြေးညီသတ် မှတ်မယ့် စံချိန်စံညွှန်းတွေကလည်း အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းတွေ ကို အခြေခံမှာဖြစ်လို့ မိမိထုတ်ကုန်တွေ ကို အဲဒီ စံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ထားမယ်ဆိုရင် ဒေသတွင်း ဈေးကွက်ယှဉ်ပြိုင်နိုင်မှုဆိုတဲ့ စိန်ခေါ် မှုကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် FTA မှာ အပြန်အလှန် အသိအမှတ်ပြု လက်မှတ်ရေးထိုးတဲ့ အစီအစဉ်တွေအရ ဒေသတွင်းမှာ အသိအမှတ် ပြုထားတဲ့ ထောက်ခံချက် လက်မှတ်ထုတ်ပေးရေးဌာနတွေက ရရှိ ခဲ့တဲ့စစ်ဆေးရေးအဖြေလွှာတွေကိုလည်း ဒေသတွင်း နေရာတိုင်းက လက်ခံနိုင်ပါ လိမ့်မယ်။ MRA တွေအရ နှစ်ခါပြန် စစ်ဆေးရမှုကို လျှော့ချနိုင်လို့ စရိတ် လျော့ကျ နိုင်ပါတယ်။ ရှုပ်ထွေးတဲ့ အရည်အသွေးစစ်ဆေးရေး လုပ်ငန်းစဉ် တွေကို ဖြေရှင်းပြီးသားဖြစ်သွားပါ တယ်။ စစ်ဆေးတဲ့ အချိန်ကာလတိုသွား လို့ ဈေးကွက်ကို မြန်မြန်ရောက်နိုင်ပါ တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နံှငွေ မြန်မြန်ပြန်ပေါ်လာပါတယ်။ အခြား အလားတူ ကုန်စည် တွေထက် အရင် မိမိကုန်စည်က ဈေးကွက်တင်နိုင်လို့ ဈေးကွက်မှာ အသာစီးရနိုင်ပါတယ်။ FTA လွတ်လပ်သော ကုန်သွယ် မှုဒေသမှာ မိမိကုန်စည်ကို အခြားကုန် စည်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ထုတ် လုပ်သူတွေက နိုင်ငံတကာ စံချိန်စံညွှန်း တွေကိုသုံးပြီး ထုတ်လုပ်ဖို့နဲ့ ဓာတ်ခွဲ ခန်းတွေနဲ့ လက်မှတ်ထုတ်ပေးရေး အဖွဲ့တွေဘက်ကလည်း အပြန်အလှန် သိ အမှတ်ပြုအစီအစဉ် MRA တွေမှာ ပါဝင်နိုင်အောင် ဒေသဆိုင်ရာ အဖွဲ့က အသိအမှတ်ပြုတဲ့ ဓါတ်ခွဲခန်း၊ အသိအမှတ်ပြုတဲ့ လက်မှတ်ထုတ်ပေး ရေး အဖွဲ့တွေဖြစ်အောင် ကြိုးပမ်းကြမှ သာ လွတ်လပ်သော ကုန်သွယ်မှုဒေသ အပြောင်းအလဲမှာ လိုက်လျောညီထွေ ပါဝင်လှုပ်ရှားသွားနိုင်မှာဖြစ်ပြီး ဈေး ကွက်ယှဉ်ပြိုင်နိုင်မှုကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။
လေကြောင်းပို့ဆောင်ရေးအခြေခံအဆောက်အအုံများ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နံှမှုများ တိုးမြှင့်လာစေရေးအတွက် လေကြောင်း သယ် ယူပို့ဆောင်ရေးကဏ္ဍလည်း အရေးပါသော လုပ်ငန်းကဏ္ဍတစ်ခုအဖြစ် ပူးပေါင်းပံ့ပိုး ဆောင်ရွက် ပေးလျက် ရှိပါသည်။ လေကြောင်းသယ်ပို့ကဏ္ဍတွင် ပြည်တွင်းလေကြောင်းလိုင်းများနှင့် သယ်ယူ ပို့ဆောင်ပေးခြင်းနှင့် ပြည်ပ နိုင်ငံများသို့ ချိတ်ဆက်ကာ နိုင်ငံတကာ ကုန်သွယ်မှုကွန်ယက်နှင့် တစ်ဆက် တစ်ဆက်တည်း အချိန်နှင့် တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ပေးနေမှုကို လည်း အဆင့်မီမီဝန်ဆောင်မှု ပေးနေပြီဖြစ်ပါ သည်။ ပြည်တွင်း လေကြောင်းလိုင်းများ အနေဖြင့် ဝန်ဆောင်မှုများပေးရာတွင် ယခင် ၁၉၈၈ ခုနှစ် မတိုင်ခင်က လေယာဉ်ကွင်း ၆၆ ခုသာရှိခဲ့ပြီး၊ ယခု ၂ဝ၁ဝ ခုနှစ်တွင် လေယာဉ်ကွင်း ပေါင်း ၆၉ ခုအထိ တိုးခဲျ့ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ လေယာဉ်ပြေးလမ်း အနေ ဖြင့် ယခင်က ပြေးလမ်းအရှည်ပေ ၅ဝဝဝ နှင့်အထက် ၂၁ ကွင်း၊ ပေ ၅ဝဝဝအောက်၄၅ကွင်းသာ ဝန်ဆောင် မှု ပေးနိုင်ခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် ပြေးလမ်း အရှည်ပေ ၁ဝဝဝဝ အထက် ရှိသော လေယာဉ်ကွင်း ၁၁ ကွင်း၊ ပေ ၅ဝဝဝ အထက် ကွင်း ၂၇ကွင်းနှင့် ပေ ၅ဝဝဝ အောက် ကွင်း ၃၁ ကွင်းအထိ တိုးခဲျ့တည်ဆောက်ကာ အဆင့်မြှင့်ပြင် ဆင်ခဲ့ပါသည်။ မြန်မာ့လေကြောင်းမှ ပြည်တွင်းလေယာဉ်ပြေးဆွဲမှုအပိုင်းတွင် ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေး၊ ကလေး၊ ခန္တီး၊ မုံရွာ၊ ဟုမ္မလင်း၊ နေပြည်တော်၊ ဟဲဟိုး၊ တာချီလိတ်၊ ကိုျင်းတုံ၊ မိုင်းဆတ်၊ လွိုင်ကော်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ညောင်ဦး၊ စစ်တွေ၊ ဘားအံ၊ ကျောက်ဖြူ၊ သံတွဲ၊ ရန်ကုန်၊ ဘုတ်ပြင်းနှင့် လားရှိုး မြို့များသို့ ပြည်တွင်းလေကြောင်းခရီးစဉ်အဖြစ် ပုံမှန်ပံျသန်းကာ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
မီးရထားလမ်း အခြေခံအဆောက်အအုံများ နိုင်ငံတစ်ခု၏ လူနှင့်ကုန်စည်ပို့ ဆောင်ရေးကဏ္ဍတွင်ကုန်ကျစရိတ်သက် သာစွာဖြင့်ထိရောက်တွင်ကျယ်သောပို့ဆောင် မှုအတွက် မီးရထား ပို့ဆောင်ရေး ကဏ္ဍ မှာလည်း အရေးပါလှသည်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာနသည် ရထားလမ်းများ ပိုမိုတိုးတက်ကောင်းမွန် အောင်ပြုပြင်ခြင်း၊ အဆင်မြှင့်တင်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန် ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများ ပိုမို ဖြစ်ထွန်းလာစေရန် ရထားလမ်းသစ်များ၊ တိုးခဲျ့ဖောက်လုပ်ခြင်း၊ လူစီးတွဲနှင့် ကုန်တွဲများကို ကုန်ကျစရိတ်သက်သာစွာဖြင့် ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ခြင်း စသည့် ကုန်စည်ပို့ဆောင်မှုအပိုင်း လွယ်ကူချောမွေ့စေရေးအပြင် ခရီးသွားပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေး အတွက်ပါ ဆောင်ရွက်ပေးလျက်ရှိသည်။ အစိုးရရုံးစိုက်ရာ နေပြည်တော်ကိုဗဟိုပြု၍ ပြည်နယ်နှင့်တိုင်း များသို့ ဆက်သွယ်သွားလာနိုင်ရန် နေပြည်တော်-ပုဂံ၊ နေပြည်တော်-ပြည်၊ နေပြည်တော်-မန္တလေး၊ နေပြည်တော်-ရွှေညောင်၊ နေပြည်တော် -လွိုင်ကော်၊ နေပြည်တော်-ချောက်နှင့် နေပြည်တော်-ရန်ကုန်သို့ ရထားလမ်းများ တိုးခဲျ့ဖောက်လုပ်ပေး ခဲ့သည်။ မြန်မာနိုင်ငံ၌ ရန်ကုန်-ပြည် ရထားလမ်းသည် ပထမဆုံးဖောက်လုပ်သော ရထားလမ်းဖြစ်ပြီး၊ ရန်ကုန်-မန္တလေးရထားလမ်းသည် ဒုတိယမြောက်ဖောက်လုပ်သော ရထားလမ်း ဖြစ်သည်။ နယ်ခဲျ့အင်္ဂလိပ် တို့က မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် ကျွန်ပြုအုပ်ခုျပ်ခဲ့ကြရာတွင်၎င်းတို့ အတွက် အကိုျးရှိနိုင်သည့် ကားလမ်း၊ ရထားလမ်းများကိုသာ ဦးစားပေး၍ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက် ရေးဟူသော ရည်ရွယ်ချက်ကောင်းမိုျးမရှိခဲ့ကြောင်း တွေ့ရသည်။ ၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံတွင် ရထားလမ်း ခရီးမိုင် ပေါင်း ၁၉၇၆ မိုင်၊ ဘူတာရုံပေါင်း ၄၈၇ ရုံသာရှိခဲရာမှ ယခုအခါ ရထားလမ်းခရီးမိုင် ၃၄၃၃ မိုင်၊ ဘူတာရုံပေါင်း ၈၇၅ ရုံနှင့် တိုးတက် တည်ဆောက်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်လာသော မြန်မာ့မီးရထားကဏ္ဍ စဉ် အကြောင်းအရာ ရေတွက်ပုံ ၁၉၈၈ခုနှစ် ၂ဝ၁ဝခုနှစ် တိုးတက်မှု ၁ ရထားလမ်းခရီး (မိုင်) မိုင် ၁၉၇၆ ၃၄၃၃ ၁၄၅၇ ၂ ဘူတာ ရုံ ၄၈၇ ၈၇၅ ၃၈၈ ၃ တံတားကြီး/တံတားငယ် စင်း ၅၆၅ဝ ၁ဝ၉ဝ၈ ၅၂၅၈ ရထားပို့ဆောင်ရေးကဏ္ဍ စဉ် အကြောင်းအရာ ၁၉၈၈ ၂ဝ၁ဝ တိုးတက်မှု ၁ လူစီးရထားပြေးဆွဲမှု ၂၄၃ ၄၁၂ ၁၆၉ စင်း ၂ ကုန်ရထားပြေးဆွဲမှု ၁၈ ၂၁ ၃ စင်း ၃ စက်ခေါင်း ၂၃၉ ၃၁၉ ၈ဝ စင်း ၄ ရထားလမ်းခရီး (မိုင်) ၁၉၇၆ ၃၄၃၃ ၁၄၅၇ မိုင် ၅ သံလမ်း (မိုင်) ၂၇၉၃ ၄၄ဝ၂ ၁၆ဝ၉ မိုင် ၆ ဘူတာရုံ ၄၈၇ ၈၇၅ ၃၈၈ ရုံ ၇ ရထား၊ တံတားစုစုပေါင်း ၅၆၅ဝ ၁ဝ၉ဝ၈ ၅၂၅၈ စင်း ၈ ခရီးသည်ပို့ဆောင်နိုင်မှု(၁)နှစ်သန်း ၄၈ .၈ ၆၇ ၁၈ .၂ သန်း ၉ ကုန်တန်ချိန်ပို့ဆောင်နိုင်မှု(၁)နှစ်သန်း ၁ .၅ ၃ ၁ .၅ သန်းဖောက်လုပ်ဆဲရထားလမ်းသစ်များ စဉ် ရထားလမ်းပိုင်း ခရီးမိုင် ၁ သရက်-ကျွန်းချောင်း ၁၈၃ ဒသမ ဝဝ ၂ ကသာ-ဗန်းမော် ၉၈ ဒသမ ဝဝ ၃ မိုးနဲ-ကိုျင်းတုံ ၂၂၆ ဒသမ ဝဝ ၄ ပျော်ဘွယ်-နတ်မောက်-ကန်ပြား-မကွေး ၉၅ ဒသမ ဝဝ ၅ ထားဝယ်-မြိတ် ၁၃၂ ဒသမ ဝဝ ၆ ရေချမ်းပြင်-အမ်း-မင်းဘူး ၂၄၅ ဒသမ ၅၄ ၇ ပုသိမ် (ဘဲဂရက်)-ညောင်တုန်း-ရန်ကုန် (လှိုင်သာယာ) ၈၉ ဒသမ ဝဝ ၈ ပြည် (ရွှေတံခါး)-တောင်ငူ (ကျေးတော)-နေပြည်တော် ၁၂ဝ ဒသမ ဝဝ ၉ ဟင်္သာ-ညောင်တုန်း ၄၈ ဒသမ ဝဝ ၁ဝ နေပြည်တော်-တပ်ကုန်း-ပင်လောင်း ၁ဝ၅ ဒသမ ဝဝ စုစုပေါင်း ၁၃၄၁ ဒသမ ၅၄ဆက်လက်ဖောက်လုပ်မည့် ရထားလမ်းသစ်စီမံကိန်း စဉ် လမ်းပိုင်း ခရီးမိုင် ၁ ပဲခူး-ခရမ်း-သုံးခွ-သန်လျင် (အုတ်ဖိုစု) ၆၇ ဒသမ ၂၅ ၂ လားရှိုး-မူဆယ် ၁၄၅ ဒသမ ဝဝ ၃ ကလေး-တမူး ၈၄ ဒသမ ၃၅ စုစုပေါင်း ၂၉၆ ဒသမ ၆ဝ
လမ်းတံတား အခြေခံအဆောက်အအုံများ နိုင်ငံတော်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အအုံများတွင် လမ်းပန်းဆက်သွယ်မှု လွယ်ကူ ချောမွေစေရေးကို အထောက်အကူဖြစ်စေမည့် လမ်းတံတားများ တည် ဆောက်ပေးနိုင်ခြင်းမှာလည်း အရေးကြီးသည်။ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှုကြောင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားစေရန် အထောက်အကူပြုစေ သကဲ့သို့ နိုင်ငံ တကာမှာ ရင်းနှီး မြှုပ်နံှသူများ၏ နိုင်ငံတစ်ခုတွင် ရင်းနှီးမြှုပ်နံှစေရန် အလေးထားစဉ်းစားသည့်ကဏ္ဍတစ်ခုလည်း ဖြစ်ပါ သည်။ နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလတွင်ဖြစ်ပေါ်လာမည့် မဟာမဲခေါင်ဒေသခွဲ၏ နယ်စပ်ဖြတ် ကျော်သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ သဘောတူစာခုျပ်များအရလည်းကောင်း နယ်စပ်စီးပွားရေး စြင်္ကန်များအရလည်းကောင်း လမ်းတံတား အခြေခံအဆောက်အအုံများကို တည်ဆောက်လျက်ရှိသည်။ နိုင်ငံတော်က လမ်း၊ တံတားသစ်များကို တစ်ကဏ္ဍပြီးတစ်ကဏ္ဍ တစ်ပိုင်းပြီးတစ်ပိုင်း ဖွင့်လှစ်ပေးခဲ့ သည်။ လမ်းနှင့်တံတား ကဏ္ဍသစ်ကို တိုးခဲျ့ဆောင်ရွက်လျက်ရှိရာ ပြည်နယ်နှင့်တိုင်းအသီးသီး၌ ၁၉၈၈ ခုနှစ်မတိုင်မီက လမ်းအရှည် ၁၃၆၃၅ မိုင်သာ ရှိခဲ့ရာမှ ယခုဆိုလျှင် ၂၁၃၆၁မိုင် ၂ဖာလုံအထိ တိုးခဲျ့ဖောက် လုပ်နိုင်ခဲ့သည့်အတွက် ၇၇၂၆ မိုင် ၂ဖာလုံ ထပ်မံတိုးပွားလာခဲ့သည်။ လမ်းပန်းဆက်သွယ်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ပြည့်စုံကုန်လုံစေရေးအတွက် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း သည် မော်တော်ကားလမ်းနှင့်အတူ တံတားအင်အားကိုလည်း တိုးခဲျ့ တည် ဆောက်ပေးလျက်ရှိသည်။ ဧရာဝတီမြစ်ရိုး တစ်လျှောက် မအူပင်၊ နဝဒေး၊ ဒေးဒရဲ၊ ဗိုလ်မြတ်ထွန်း စသော ဧရာဝတီမြစ်ကူးတံတားကြီးများအပြင် ဗလမင်းထင်၊ အနော်ရထာ၊ ဧရာဝတီ (မကွေး) နှင့် ရတနာပုံ တံတား (မန္တလေး) တို့ကိုလည်း ထပ်မံတည်ဆောက်ပေးထားသည်။ ချင်းတွင်းတွင် နှစ်စင်း၊ စစ်တောင်းတွင် သုံးစင်း၊ သံလွင်တွင် ငါးစင်းစသည့် တံတားသစ်ကြီးများအပါအဝင် လိုအပ် သည့်နေရာများ၌ တံတားကြီး ငယ်များ ဖြည့်ဆည်းပေးထားသည်။ ၁၉၈၈ခုနှစ်မှ ယနေ့ထိ ပေ ၁ဝဝနှင့် ပေ ၁၈ဝ အကြား တံတားပေါင်း ၂၉၁၅ စင်းနှင့် ပေ ၁၈ဝ အထက် တံတားကြီး အစင်း ၂၄ဝ အထိ တည်ဆောက်ဖွင့်လှစ်ပေး နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဧရာဝတီမြစ်ကိုဖြတ်ကျော်၍ တံတားကြီး ၅ စင်း ထပ်မံတည်ဆောက်လျက်ရှိရာတွင် နှစ်လမ်းသွား ကားလမ်းနှင့် ရထားလမ်း ယှဉ်တွဲပါရှိသည့် တံတားကြီး ၄ စင်းနှင့် နှစ်လမ်းသွား ကားလမ်းသာပါရှိသည့် မြစ်ကူးတံတားကြီးတစ်စင်းတို့ဖြစ်သည်။ တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတားများ ၁၉၈၈ခုနှစ်မှ ယနေ့ထိ ပေ ၁၈၀ နှင့်အထက် တည်ဆောက်ပြီး တည်ဆောက်ဆဲ၊ တည်ဆောက်ရန် လျာတံတားကြီးများ
ပုဂ္ဂလိကကဏ္ဍက စက်သုံးဆီ ရောင်းချဖြန့်ဖြူးမှုကို လွဲှပြောင်းလုပ်ကိုင်နိုင်ငံတော်မှ ကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ နိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် စက်သုံးဆီဖြန့်ဖြူးမှုလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ၂ဝ၁ဝခုနှစ် ဇွန်လ ၁ဝရက်နေ့မှစ၍ လွဲှအပ် လုပ်ကိုင်စေခဲ့ပါသည်။ ထိုသို့လုပ်ကိုင်ရာတွင် နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၂၇၂ဆိုင်အနက်မှ ၂၆ဝ ဆိုင်ကို ပုဂ္ဂလိကကဏ္ဍသို့ လွဲှပေးခဲ့ပြီး ၁၂ ဆိုင်ကိုမူ နိုင်ငံပိုင်ကဏ္ဍ အရောင်းဆိုင်အဖြစ် သတ်မှတ်၍ ရောင်းချခဲ့ပါသည်။ ပုဂ္ဂလိကသို့လွဲှပြောင်း ရောင်းချ ရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ၏ ပြည်နယ်/တိုင်းဒေသ ကြီးအလိုက် ခွင့်ပြုသည့်စက်သုံးဆီအရောင်းဆိုင်များနှင့် နိုင်ငံ ပိုင်ကဏ္ဍဖြန့်ဖြူးရောင်းချသည့် ဆိုင်များ၏ အခြေအနေကို ဖော်ပြလိုက်ပါသည်။ ပုဂ္ဂလိကသို့ လွဲှပြောင်းရောင်းချရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခွင့်ပြုသည့် စက်သုံးဆီအရောင်းဆိုင်များနှင့် နိုင်ငံပိုင်ကဏ္ဍ ဖြန့်ဖြူးရန်အရောင်းဆိုင်စာရင်း အီသနော ကြံမှ အီသနောထုတ်လုပ်မှုများလည်း ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ထီးခိုျင့်မြို့ နယ်၊ မောင်းကုန်းကျေးရွာတွင် ဂရိတ်ဝေါကုမ္ပဏီမှ တစ်နှစ်လျှင် အီသနောတန် ၃၆ဝဝ ကျ စက်ရုံကို တည်ထောင်ပြီး ၂ဝဝ၈ ခုနှစ် စက်တင်ဘာလတွင် စတင် လည်ပတ် ခဲ့ပါသည်။ ၂ဝဝ၈-ဝ၉ တစ်နှစ်ပတ်လုံး လည်ပတ်မှုမှ အီသနော ဂါလန် ၁ ဒသမ ၅ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး မန္တလေး၊ မုံရွာနှင့် ရွှေဘိုတို့တွင် ဆိုင် ၅ ဆိုင် ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း သိရပါသည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့စွမ်းအင်များ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုကို ထူထောင်ရာတွင် စွမ်းအင်ကဏ္ဍမှာ လွန်စွာအရေးပါ လှသည်။ ယနေ့မျက်မှောက်ခေတ် ကမ္ဘာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ အင်အားကြီးနိုင်ငံများအားလုံးက စွမ်းအင် ဆိုင်ရာ မဟာဗူျဟာများချမှတ်ပြီး မိမိနိုင်ငံအတွင်းသာမက နိုင်ငံ တကာ အထိပါ ဖြန့်ကြက်၍ စွမ်းအင် အရင်းအမြစ်များရရှိရန် ကြိုးပမ်းဆောင်ရွက်နေမှုများကိုတွေ့ရသည်။ အထူးသဖြင့် ယနေ့ကမ္ဘာ တွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသများတွင် စွမ်းအင်အရင်းအမြစ်ရှာပုံတော်ဖွင့်ပုံများမှာ စိတ်ဝင်စားစရာအဖြစ်တွေ့ရသည်။ မြန်မာနိုင်ငံ၌ အနာဂတ်စွမ်းအင်လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော် အစိုးရက ချမှတ်ပေးသည့် စွမ်းအင်မူဝါဒများကို စွမ်း အင်ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။ ၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ နိုင်ငံ၏ စွမ်းအင်ကဏ္ဍအခြေအနေကို ကြည့်ပါက ကုန်းတွင်းရေနံမြေ ၁၉ခု၊ကုန်းတွင်းရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အရှည်မိုင် ၂၅ဝ ဒသမ ၉၁မိုင် သာရှိခဲ့သည်။ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု မရှိခဲ့သည့်အပြင် ပြည်တွင်းစွမ်းအင်လိုအပ် ချက်ကိုလည်း ဖူလုံအောင်ဖြည့်ဆည်းပေးနိုင်မှု အားနည်းခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေများအဖြစ် လုပ်ကွက် ၄၇ ကွက်၊ မုတ္တမကမ်းလွန် ပင်လယ် ပြင်၊ တနင်္သာရီကမ်းလွန်ပင်လယ်ပြင်နှင့် ရခိုင်ကမ်းလွန်ပင်လယ်ပြင် စသည့် မြန်မာ့ရေပြင်ပိုင်နက်အတွင်းတွင် လုပ်ကွက် ၂၆ ကွက်၊ ကမ်းလွန်ရေနက်ပိုင်းဒေသ လုပ်ကွက် ၁၈ ကွက်တို့ကိုဖော်ထုတ်ပြီး နိုင်ငံခြားကုမ္ပဏီများနှင့် အကိုျးတူ ပူးပေါင်းအကောင် အထည်ဖော် ဆောင် ရွက်လျက်ရှိရာ အနာဂတ်စက်မှုနိုင်ငံထူထောင်ရေးအတွက် စွမ်းအင်ကဏ္ဍ၏အခြေခံကောင်းများဟု ဆိုရ ပေမည်။ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုတက်မှုအခြေပြဇယား(၁၉၈၈ ခုနှစ်အခြေအနေနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ၃၁-၁၂-၂ဝဝ၉ ရက်နေ့အထိ အခြေအနေနှိုင်းယှဉ်ချက်)
လျှပ်စစ်စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများ စက်မှုကဏ္ဍဖွံ့ဖြိုးမှုအတွက် အခြေခံလိုအပ်ချက်သည် လျှပ်စစ်စွမ်းအင်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရသည် လျှပ်စစ်စွမ်းအား ဆိုင်ရာ အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးလျက်ရှိသည်။ ယခုရေတွင်းတူး ယခုရေကြည်သောက် ၍ မရသော်လည်း မကြာသောကာလတွင် စက်မှုအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို အောက်ပါ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်လျာထားလျက်ရှိသည့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များက သက်သေခံလျက်ရှိသည်။ရေအားလျှပ်စစ် စီမံကိန်းများ နိုင်ငံတစ်ခု၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက် အအုံများထဲတွင် လျှပ်စစ်စွမ်းအင် ကဏ္ဍမှာ ရှေ့ဆုံးမှပါဝင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရေအားလျှပ် စစ်ထုတ်လုပ်နိုင်သည့် သဘာဝမြစ်ချောင်းများ ပေါများသည့် အတွက် မြန်မာ့လျှပ်စစ်ကဏ္ဍတွင် ရေအား လျှပ်စစ်ကို အဓိကထုတ်လုပ်သုံးစွဲခဲ့ကြသည်။ ၁၉၈၈ ခုနှစ်မတိုင်မီက ရေအားလျှပ်စစ်စက်ရုံ နှစ်ရုံသာ ရှိပြီး၎င်းတို့မှာ ၁၆ဝမဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ဘီလူးချောင်းရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံ အမှတ် (၂)နှင့် ၅၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ကင်းတားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတို့ဖြစ်သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအပါအဝင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၄ ခုကို အောက်ပါအတိုင်း အကောင်အထည်ဖော်နိုင်ခဲ့သည်-
