Background
ကမ္ဘာ့ဆန်ကုန်သွယ်မှုမှာ ၃၀ ရာခိုင်နှုန်း ပါဝင်တင်ပို့နေတဲ့ ထိုင်း နိုင်ငံ မှာ အဆိုးဝါးဆုံး ရေကြီးမှုတွေ ဖြစ် နေတဲ့အတွက် နိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်မှု၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ စတဲ့ စီးပွားရေး နစ်နာဆုံးရှုံးမှု များစွာ ဖြစ်နေပါတယ်။ အထူးသဖြင့် တော့ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့နိုင်ငံရဲ့ လက်ရှိအနေအထားတွေအရ နိုင်ငံ တကာ ဆန်လေ့လာဆန်းစစ်သူများနဲ့ ကုန်သည်များက ကမ္ဘာ့ဆန်ဈေး အမြင့် ဘက် တက်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေသလို အချို့သော သူများကလည်း အာရှနိုင်ငံအချို့ ရေကြီးလို့ သီးနှံ အထွက် လျှော့တယ်ဆိုပေမဲ့ အခြား ဆန် ထုတ်လုပ်တဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့မှာ ဒီနှစ် သီးနှံ အထွက်ပိုမယ့်အပြင် ကမ္ဘာ့ အနောက် ခြမ်းက အမေရိကန်၊ ဘရာဇီးနဲ့ အီတလီ တို့မှာလည်း ဒီနှစ် သီးနှံ အခြေအနေ ကောင်းပြီးတင်ပို့မှုပိုမယ့် အလား အလာများအရ ကမ္ဘာ့ဆန်ဈေးကွက် က အစောပိုင်းကထင်သလို ဈေးမြင့် တက် မလာနိုင်ပါဘူးလို့လည်း ခန့်မှန်း ကြပါတယ်။ တရုတ်နိုင်ငံကတော့ လက်ရှိ အချိန်ထိ ထိုင်းနိုင်ငံရေကြီးမှု ကြောင့် ပြည်တွင်း ကုန်ဈေးနှုန်းကို သက်ရောက်မှု မရှိပါဘူးလို့ နိုဝင်ဘာ လဆန်းပိုင်းမှာ ပြောထားပါတယ်။ မိမိတို့ နိုင်ငံအနေနဲ့ရော အာရှ ရေကြီးမှု ဂယက်ကြောင့် ဆန်ဈေးကွက်ကို သက် ရောက်နိုင်မှု အလားအလာရှိ၊ မရှိ ဆိုတာကို သုံးသပ်နိုင်ဖို့ ဆန်ထုတ်လုပ်၊ တင်ပို့၊ တင်သွင်းနိုင်ငံ တချို့ရဲ့ လတ်တလောအခြေအနေတွေနဲ့ ဆန်ကုန် သည်ကြီးများရဲ့အမြင်ကို လေ့လာ ကြည့်ရအောင်ပါ။ အာရှနိုင်ငံများအတွင်း ရေလွှမ်းမိုးမှု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (FAO)မှ ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်တဲ့အတွက် အာရှနိုင်ငံ များ အတွင်းပျက်စီးမှုဟာ ထိုင်းနိုင်ငံ အနေနဲ့ စုစုပေါင်း စိုက်ဧရိယာရဲ့၁၂ ရာခိုင်နှုန်း ဖြစ်တဲ့ ဟက်တာ ၁ ဒသမ ၆ သန်းထက် မနည်းပျက်စီးတယ်လို့ ခန့်မှန်းထားပြီး ကမ္ဘော ဒီးယားနိုင်ငံမှာ စုစုပေါင်းစိုက်ပျိုးမှုရဲ့ ၁၂ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်မှာ လယ်မြေ ၆ ရာခိုင်နှုန်း၊ ဗီယက်နမ်မှာ ၇ ဒသမ ၅ ရာခိုင်နှုန်း အထိ ပျက်စီးတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရေကြီးလို့ စိုက်ပျိုးထားတဲ့ စပါးလေးပုံတစ်ပုံဆုံးရှုံး နှစ် ၅၀ ကျော်အတွင်း အဆိုးဝါး ဆုံး ရေကြီးမှုကြောင့် နိုင်ငံရဲ့ အဓိက စပါးသီးနှံ လေးပုံတစ်ပုံခန့် ဆုံးရှုံးနိုင်လို့ အစောပိုင်း ခန့်မှန်းထားတဲ့ စပါးအထွက် တန်ချိန် ၂၅သန်းထဲက ၆သန်း ခန့်ပျက်စီးဆုံးရှုံးနိုင်ပြီး တန်ချိန် ၁၉ သန်းခန့်သာ ထွက်ရှိနိုင်တယ်လို့ စိုက်ပျိုးရေး ဆိုင်ရာ စီးပွားရေးရုံး အကြီးအကဲ ဖြစ်သူမှ ပြောကြားပါတယ်။ ဒါ့ အပြင် အစိုးရ တရားဝင်ပြောကြားချက်အရ သိုလှောင်ရုံ ၃၅ လုံးနဲ့ဆန်စက်များ ရေနစ်မြုပ်ခဲ့ပြီး ပျက်စီးတဲ့ ဆန်တန်ချိန် ပမာဏကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။ ဒီလိုရေကြီးမှုတွေရှိနေတဲ့တိုင် လက်ရှိအချိန်ထိ ထိုင်းနိုင်ငံက ဆန်တန် ချိန် ၉ ဒသမ ၅ သန်းခန့် တင်ပို့ပြီး ဖြစ်လို့ ယခုနှစ်အတွင်း ဆန်တန်ချိန် ၁၁ သန်းအထိ တင်ပို့နိုင်မယ်လို့ အစိုးရက ခန့်မှန်းထားပြီး ပြည်တွင်းဆန်တင်ပို့သူ များ ခန့်မှန်းတာတော့ လာမယ့်နှစ်မှာ ဆန် တင်ပို့မှု ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းပြီး တန်ချိန် ၇-၇ ဒသမ၅သန်း သာ တင်ပို့နိုင်မယ်လို့ ဆိုပါတယ်။ ရေကြီးမှုကြောင့် သယ်ယူ ပို့ဆောင်မှု အခက်အခဲများဖြစ်ကာ ဆန်တင်ပို့မှု ကြန့်ကြာ နှောင့်နှေးလျက်ရှိရာ ရေကျဆင်းမှုနှေးတဲ့အတွက် နောက်တစ်လ အထိ ကြန့်ကြာမှုရှိနိုင်တယ်လို့လည်း ဆန်တင်ပို့သူများအသင်းက ပြောကြား ပါတယ်။ အစိုးရဆန်စပါးဝယ်ယူတဲ့ အစီအစဉ်မှာ အောက်တိုဘာ လလယ် အထိ စပါးတန်ချိန် ၅၀၀၀၀ ခန့်သာ ရောင်းချမှု ရှိတယ်လို့ ထိုင်းအရာရှိ တစ်ဦးက ပြောကြားပါတယ်။ ဗီယက်နမ် ရေကြီးလို့ ဆန်ထုတ်လုပ်မှု ကို မထိခိုက်ဘူးလို့ဆို ဗီယက်နမ်နိုင်ငံဟာ ယခုနှစ် ဆန်တင်ပို့ဖို့ တန်ချိန် ၇ ဒသမ ၅ သန်းကို အစောပိုင်းမှာ လျာထားခဲ့ပြီး အောက် တိုဘာ ၁၉ ရက်မှာတော့ တန်ချိန် ၇ သန်းကျော်ကို လျှော့ချခန့်မှန်းခဲ့ပါတယ်။ နိုင်ငံတကာ ဆန်ဝယ်လက်များ ဟာ ထိုင်း အစိုးရ ဆန်စပါးဝယ်ယူရေး စီမံချက်အရ ဈေးနှုန်းမြင့်တက်နေတဲ့ အပြင် ထိုင်းနိုင်ငံရဲ့ ရေကြီးမှုကြောင့် ပျက်စီးမှုအခြေအနေတွေအရ အဝယ်နှေးထားသလို အချို့ ဝယ်လက်များ ကလည်း ဈေးသက်သာတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ဆန်ကို ဝယ်ယူဖို့ စိုင်းပြင်းနေတဲ့အတွက် လွန်ခဲ့တဲ့ သီတင်းပတ် များအတွင်း ရောင်းချမှုနည်းတဲ့ အခြေ အနေတွေအရ အဲဒီလို လျာထားချက်ကို လျှော့ချခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရေနစ်မြုပ်လို့ ဆန်ထုတ်လုပ်မှုကို မထိ ခိုက်နိုင်ဘူးလို့လည်း ပြောထားပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ စပါးစိုက်ဧရိယာ၊ ထုတ်လုပ်မှုနဲ့ တင်ပို့မှုတန်ဖိုး တို့ဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် ရေလွှမ်းမိုးပြီး ထိခိုက်မှုများကြောင့် လာမယ့်နှစ်မှာ စိန်ခေါ်မှု အခက်အခဲများနဲ့ ရင်ဆိုင် လာရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ အိန္ဒိယ်ဆန်တင်ပို့မှု တိုးမြှင့်ဖို့ ကြိုးစား စက်တင်ဘာ ၉ ရက်က စတင်လို့ ဆန်ပြည်ပတင်ပို့ခွင့်ပြုပြီး ဆန် တင်ပို့သူများဟာ ဘာစမာတီ မဟုတ်တဲ့ ဆန်တန်ချိန် ၂၅၀၀၀၀ ခန့်ကို တင်ပို့ ခဲ့ပြီး နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ အတွင်း မှာလည်း တစ်လကို တန်ချိန် ၂၅၀၀၀၀ နဲ့ ၃၀၀၀၀၀ အကြား တင်ပို့နိုင်မယ်လို့ ကုန်သည်များက ပြောကြားပါတယ်။ ပြည်တွင်းမှာ ဆန်သိုလှောင် လက်ကျန်တွေ ပြည့်နေတဲ့အပြင် လက်ရှိ နွေစပါးကိုလည်း ယခင်နှစ်ထက် ပိုစိုက်ဖို့ လျာထားတဲ့အတွက် အိန္ဒိယဆန်တန်ချိန် ၂ သန်း ၃ သန်း လောက် နိုင်ငံ တကာ ဈေးကွက်ကို ဒီနှစ်အတွင်း ထုတ်ရောင်းမယ့် အနေအထားရှိနေပါတယ်။ ဒါပေမဲ့ အိန္ဒိယဆိပ်ကမ်းများ တိုးမြှင့်တင်ပို့ဖို့ အခက်အခဲတွေကြောင့် တင်ပို့မှုနှေးကွေးကာ ကုန်ကျစရိတ် ကြီးမြင့်နေတယ်လို့ သိရပါတယ်။ ထိုင်းရေကြီးမှုအတွက် ရရှိတဲ့အခွင့် အလမ်းကို ပါကစ္စတန်ရယူဖို့ပြင်ဆင် ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် လယ်မြေဧကများစွာ ပျက်စီးပြီး အနာဂတ်မှာဆန်စပါးထုတ်လုပ်မှု ကျဆင်း လာနိုင်တဲ့ ခန့်မှန်းချက်များ အပေါ် ပါကစ္စတန် ဆန်တင်ပို့သူများဟာ အဲဒီ အခွင့်အလမ်းကို အမိအရယူပြီး ဆန် တင်ပို့မှု ကဏ္ဍမှ အကျိုးအမြတ်များစွာ ရရှိလာနိုင်ဖို့အတွက် နိုင်ငံတကာ ဈေး ကွက်များအတွင်းသို့ ဆန်များ တိုးမြှင့် တင်ပို့သွားဖို့ ကြိုးပမ်းလာကြပါတယ်။ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း အတွင်း သင့်တင့်တဲ့ဈေးနဲ့ ပါကစ္စတန်ဆန်ဝယ် လက်များကို ဆန်များ တိုးမြှင့် တင်ပို့ခြင်းဖြင့် အကျိုးထူးခံစားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိတယ်လို့ ဆန်တင်ပို့သူများက ပြောကြားပါတယ်။ ဒါပေမဲ့ ရေလွှမ်းမိုးမှုကြောင့် စပါးတန် ချိန် ၂၅၀၀၀၀ ခန့် ပျက်စီးသလို ဆည် မြောင်းများလည်း ပျက်စီးခဲ့လို့ လတ် တလော ဆန်တင်ပို့မှု နှေးကွေးနေပါတယ်။ ပြည်တွင်းလျှပ်စစ်မီးများ ပြတ် တောက်မှုများရှိလို့ ဆန်စက်လည်ပတ်မှု နှေးကွေးနိုင်တယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားလယ်မြေအချို့ပျက်စီးပေမဲ့ ဆနတင်ပို့မှုကို မထိခိုက်နိုင် ၂၀၁၁ ပထမ ၉ လအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်တင်ပို့မှု ကဏ္ဍက ဝင်ငွေရရှိမှုဟာ ကန်ဒေါ်လာ ၆၄ ဒသမ ၄ သန်းအထိ မြင့်တက်လာခဲ့ပြီဖြစ်လို့ ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးဌာနက တရားဝင်စာရင်းများအရ သိရပါတယ်။ ယခင်နှစ် စက်တင်ဘာလ အထိ ဆန်တင်ပို့မှုကရရှိတဲ့ဝင်ငွေဟာ ကန်ဒေါ်လာ ၂၂ သန်း ဖြစ်လို့ ယခုနှစ် ကာလတူမှာ ကန်ဒေါ်လာ ၄၆ သန်း တိုးမြှင့်ရရှိလာတယ်လို့ သိရပါတယ်။၂၀၁၅ ခုနှစ်မှာတော့ ဆန်တန်ချိန် ၁ သန်းတင်ပို့ဖို့ ရည်မှန်းထားပါတယ်။ ဒီနှစ် ရေနစ်မြုပ်မှုကြောင့် စပါးဟက်တာ ၂ ဒသမ ၄ သန်း စိုက်ပျိုးထားတဲ့အနက် ယခုအချိန်ထိ ဟက်တာ ၁၈၀၀၀၀ ပျက်စီးခဲ့ပေမဲ့ နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုနဲ့ ဆန်တင်ပို့မှု မူဝါဒကို ထိခိုက်နိုင်မှာမဟုတ်ကြောင်း၊ ရေကျသွားတာနဲ့ ရေနစ်မြုပ် တဲ့ တောင်သူများအမြန်ဆုံးကို မျိုးစေ့ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားဆန်ဝယ်ယူမှုကို အိန္ဒိယနဲ့ကမ္ဘောဒီးယားသို့ပါ တိုးချဲ့ဝယ်ယူ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ဆန်ရောင်းနိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့မှသာ ဆန်ရောင်းချ ဖို့ ဆွေးနွေးနေခြင်းမဟုတ်ဘဲ ပြည်တွင်းလိုအပ်ချက်ပြည့်မီဖို့နဲ့ ဈေးနှုန်းထိန်းချုပ်ဖို့အတွက် ဈေးသက် သာတဲ့ အိန္ဒိယနဲ့ ကမ္ဘောဒီးယားမှလည်း ဝယ်ယူဖို့ဆောင်ရွက်နေပါတယ်။ အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်တဲ့ဆန် တန်ချိန် ၅ သိန်း ဝယ်ယူဖို့ အင်ဒိုနီးရှားအစိုးရ လေ့လာရေးအဖွဲ့ဟာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း စားနပ်ရိက္ခာ ဝန်ကြီး ကေဗွီသောမတ်စ်နဲ့ ဆန်ဝယ်ယူ ရေး အသေးစိတ်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ သက်သာတဲ့ ဈေးနှုန်း တစ်ကီလို ရူပီး ၂၀ ဒသမ ၄၅ (တစ်တန် ကန်ဒေါ် လာ ၄၁၈) ဝန်းကျင်ဖြင့် ရောင်းချဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်များဝယ်ယူတင်သွင်းဖို့ ကုန်သွယ် ရေးဝန်ကြီးဌာနနဲ့ စာချုပ်တစ်ခု ချုပ်ဆိုထားကြောင်း သိရပါတယ်။ ပြည်တွင်းဆန်လုံလောက်လို့ ဘင်္ဂလားဒေရှ့်က ဆန်ပိုမိုတင်သွင်းဖို့ မလိုပေမဲ့ နယ်စပ်မှ အိန္ဒိယဆန်များ ဝင်ရောက် ပြည်တွင်းဆန်သိုလှောင်မှုနဲ့ လုံလောက်လို့ ဆန်ပိုမိုတင်သွင်းဖို့ အစီအစဉ်မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးဌာနက ပြောကြား ပါတယ်။ ယခင်နှစ်က ဆန်အမြောက်အမြား တင်သွင်းခဲ့ခြင်းနဲ့ အထွက် ပိုမိုခဲ့တဲ့အတွက် ယခင်နှစ်ထက် နှစ်ဆခန့်များတဲ့ ဆန်သိုလှောင်လက်ကျန်တန်ချိန် ၁ ဒသမ ၃ သန်းခန့်ရှိနေပါတယ်။ တစ်နှစ်ကို ပြည်တွင်းမှာ တန်ချိန် သန်း ၃၀-၃၃ သန်းခန့်ထုတ်လုပ်ပြီး သီးနှံထွက်ရှိမှုအပေါ် မူတည်ပြီး တန်ချိန် ၁ ဒသမ ၇ သန်းအကြား တင်သွင်းနေရရာ ယခုနှစ်မှာ တန်ချိန် ၇၅၀၀၀၀ ခန့် တင်သွင်းရနိုင် တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ နယ်စပ်မှ အိန္ဒိယဆန် တွေ ရောင်းချလျက်ရှိရာ နေ့စဉ် ဟီလီဆိပ်ကမ်းကို ကုန်တင်ကား ၁၀ စီးမှ ၁၂ စီးကြားဝင်ရောက်ပြီး အခြားဆိပ်ကမ်းများမှလည်း ဝင်ရောက်မှုရှိတယ်လို့ ဆန်တင်သွင်းသူတစ်ဦးက ပြောကြားပါတယ်။ မလေးရှားအနာဂတ်ဆန်မပြတ်လက်ရေး ဗီယက်နမ်နဲ့သဘောတူညီ မလေးရှားနိုင်ငံရဲ့ အနာဂတ်ဆန်ပြတ်လပ်တဲ့အခါတိုင်း ထောက်ပံ့ဖို့ ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၈ သိန်းရောင်းချရေး ဗီယက်နမ် အာဏာပိုင်များနဲ့ မလေးရှားဆန်ဝယ်ယူရေး အေဂျင်စီ ဘားနပ်တို့ နားလည်မှု စာချွန်လွှာရေးထိုးထားကြောင်း သိရပါတယ်။ မလေးရှား နိုင်ငံဟာ ပြည်တွင်းဈေးကွက်အတွက် ဗီယက်နမ်မှ ၄၉ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှ ၃၃ ရာခိုင်နှုန်း၊ ပါကစ္စတန်မှ ၁၆ ရာခိုင်နှုန်းနဲ့ အခြားနိုင်ငံ များမှ ၂ ရာခိုင်နှုန်းစီ တင်သွင်းရပါတယ်။ ယခင်နှစ်က တန်ချိန် ၉၃၅၀၀၀ ခန့် တင်သွင်းခဲ့ပြီး ယခုနှစ် နိုင်ငံတော် အရန်ဆန်ဖြည့်တင်း ရန် တင်သွင်းမှု ပမာဏ တိုးမြှင့်ရဖွယ်ရှိတယ်လို့ သိရပါတယ်။ မုန်တိုင်းနှစ်လုံးဝင်ရောက်ပေမဲ့ ဆန်တန် ၅ သိန်းထင် ပိုမသွင်းလို့ ဖိလစ်ပိုင်ဆို မုန်တိုင်းများဝင်ရောက်ပြီး စပါးပျက်စီးမှုများရှိခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံအနေဖြင့် ၎င်းရဲ့ဆန်တင်သွင်းမှုပမာဏနဲ့ ဝယ်ယူမှုစတင်မယ့် ကာလကို နိုဝင်ဘာလမှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ လက်ရှိ ကာလမှာ ပြည်တွင်းဆန် ဖူလုံမှုရှိနေပါတယ်။ ၂၀၁၂ တိုင်အောင် ဆန်တင်သွင်းမှာမဟုတ်ကြောင်းနဲ့ ဆန်တန်ချိန် ၅ သိန်းထက်ပိုပြီး တင်သွင်းမှာ မဟုတ်ကြောင်း သတင်းများလွှင့်ထုတ်နေပါတယ်။ ဒါပေမဲ့ အချို့သော လေ့လာဆန်းစစ်သူများကတော့ ဒီလအတွင်း ဆန်တင်သွင်းမယ့်ပမာဏကို တိုးမြှင့်ပြင်ဆင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်း ထားပါတယ်။ အာဖရိကမှာ ဆန်ဝယ်ယူမှုအများဆုံး နိုက်ဂျီးရီးယားက ဆန်တင်သွင်းမှု ပိတ်ပင်နိုင်ဖို့ကြိုးစား အာဖရိကမှာ ဆန်အများဆုံးတင်သွင်းတဲ့ နိုက်ဂျီးရီးယားဟာ ၄ နှစ်အတွင်း ဆန်တင်သွင်းမှုကို ပိတ်ပင်ဖို့ ရည်မှန်းထားပါတယ်။ ပြည်တွင်းထုတ်လုပ်မှုကို ဆန်တန်ချိန် ၄၂၀၀၀၀ တိုးမြှင့်ပြီး ၂၀၁၂ ပထမ ၃ လအတွင်း ဆန်စက် ၁၄ လုံးကို အပြီးသတ်တည်ဆောက် သွားရန် မျှော်မှန်းထားပါတယ်။ မြန်မာပြည်တွင်းစပါးဆန်ဈေးကွက် အသစ်ဝင်လို့ ဈေးအေး ထိုင်းနဲ့အိမ်နီးချင်းဖြစ်တဲ့ မိမိတို့နိုင်ငံရဲ့ လက်ရှိမိုးစပါးအသစ်များထွက်ပေါ်စပြုနေပြီဖြစ်ပြီး ထွက်ရှိမှုအနေနဲ့ အချို့ဒေသတွေမှာ မိုးများပြီး ရေနစ်မြုပ်လို့ စပါးခင်းတွေ ပြန်လည်စိုက်ပျိုးမှုရှိခဲ့သလို အချို့ မှာလည်း စိုက်ပျိုးဖို့ အချိန်မမီလို့ စိုက်ဧကလျော့တဲ့အခြေအနေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအနေအထားကို ခြုံကြည့်ရင်တော့ ထုတ်လုပ်ပိုလျှံမှုက သိသိသာသာမလျော့နိုင်ဘူးလို့ အများက သုံးသပ်ကြပါတယ်။ ပြည်တွင်း ဆန်စပါးဈေးကွက်အနေနဲ့လည်း မိုးဆန် အသစ်တွေဝင်လာစပြုနေပြီဖြစ်လို့ ဈေးအေးနေတဲ့ သဘောရှိနေပါတယ်။ မြန်မာ့ဆန်ဈေးကွက်အပေါ် သက်ရောက်နိုင်မှု သူတို့အတွေးအမြင်များ နိုင်ငံတကာဈေးကွက်မှာ မြန်မာ့ဆန်ဈေးကွက်အခြေအနေနဲ့ ထိုင်း နိုင်ငံရဲ့ သက်ရောက်နိုင်မှု အလားအလာတွေကိုတော့ လက်တွေ့ ဆန်စပါးနယ်ပယ်မှာ လုပ်ရှားနေတဲ့ ဆန်တင်ပို့သူများရဲ့ အမြင်များ ကိုလည်း တင်ပြချင်ပါတယ်။ ဧရာရွှေဝါကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာဦးလူမော်မြင့်မောင်ရဲ့အမြင်ကို ပြောကြားရာမှာ " အာရှမှာ ရေနစ်မြုပ်မှုကြောင့် လက်ရှိမှာ နိုင်ငံတကာဈေးကွက်ကို ထိခိုက်မှု မရှိတဲ့ အပြင် အကျဘက်ကို ဆင်းနေတဲ့ သဘောရှိနေပါတယ်။ကမ္ဘာ့ဆန် ဈေးကွက်မှာတောင် ပြောင်းလဲမှုမရှိလို့ မြန်မာဆန်ဈေးကွက်ကိုလည်း သက်ရောက်မှု မရှိသေးပါဘူး။ ရေလွှမ်းမိုးမှုတွေနဲ့ ထိုင်းစပါးဝယ်ယူရေး စီမံကိန်းကြောင့် လတ်တလောမှာ ဝယ်လက်တွေက ဈေးကွက် အနေအထားကို စောင့်ကြည့်တဲ့သဘောရှိနေလို့ ဝယ်လိုအားပျောက် နေတဲ့ အနေအထားရှိနေပါတယ်။ ထိုင်းနဲ့ ဗီယက်နမ်တို့က ဆန်ဈေးတင်တဲ့အချိန် အိန္ဒိယက ဈေးကွက်ထဲလျှော့ဈေးနဲ့ ထုတ်ရောင်းလာ တဲ့အတွက် အခုဆိုရင် အာဖရိကဈေးကွက်ကို ရောင်းဖို့တောင် ခက်ခဲ နေပါတယ်။ ဝယ်လက်တွေက ထိုင်းနိုင်ငံရဲ့ ထုတ်ရောင်းမှုအခြေ အနေကို စောင့်ကြည့်နေကြတာဖြစ်ပြီး လာမယ့်ဒီဇင်ဘာလ လောက် မှာတော့ နိုင်ငံတကာဈေးကွက် အကောင်းဘက်ကို ရောက်လာနိုင် တယ်လို့ သုံးသပ်ရပါတယ်"လို့ ဆိုပါတယ်။ ဆက်လက်ပြီး " အဲဒီလို ပြည်ပဝယ်လိုအားတွေတက်လာလို့ မြန်မာနိုင်ငံက ဆန်တွေတိုးတက်တင်ပို့ရမယ်ဆိုရင်တော့ မြန်မာ့ ဆန်အရည်အသွေးကိုထိန်းပြီး ပုံမှန်တင်ပို့နိုင်အောင် ပြင်ဆင်စရာရှိတာ တွေ ဆောင်ရွက်ဖို့တော့ အကြံပြုလိုပါတယ်။ အခုဆိုရင် အာဖရိက ကို အိန္ဒိယဆိပ်ကမ်းက ဆန်တင်ပို့မယ်ဆိုရင် မြန်မာဆိပ်ကမ်းက တင်ပို့တဲ့ စရိတ်ထက် ဒေါ်လာ ၂၀ လောက် သက်သာတယ်။ နောက် ပြီး မြန်မာဆိပ်ကမ်း မှာကုန်တင်ကုန်ချလုပ်ဖို့အတွက်တစ်ခါတစ်ရံ ကုန် ကြပ်နေတဲ့အခါမျိုးမှာ သင်္ဘောတွေက ပင်လယ်ဝမှာ စောင့်ဆိုင်းပြီး နေရတဲ့အတွက်လည်း တင်ပို့တာကြန့်ကြာမှုရှိပြီး သင်္ဘောငှားရမ်းတဲ့ အခါ ကုန်ကျစရိတ်ပိုပါတယ်။ အဲဒီလိုကုန်ကျစရိတ်တွေ သက်သာဖို့နဲ့ သင်္ဘောငှားရမ်းမှု အဆင်ပြေစေဖို့၊ အချိန်တိုအတွင်း တင်ပို့နိုင်ဖို့ဆိုရင် လက်ရှိဆိပ်ကမ်းတွေရဲ့ အခြေခံ အဆောက်အဦတွေကို တိုးမြှင့်ဖို့လို သလို ဆိပ်ခံတံတားတွေကိုလည်း ပိုမိုတိုးချဲ့ဖို့ လိုပါလိမ့်မယ်။ဒါ့အပြင် ဆန်အရည်အသွေး နိမ့်ကျလို့ တစ်ဘက်ဝယ်သူနဲ့ စကားပြောရတာမျိုး၊ အရည်အသွေးနိမ့်လို့ ဈေးလျှော့ရတာမျိုးမရှိရအောင်လည်း ဆန်တင်ပို့သူများအနေနဲ့ မိမိတို့ကုန်ကို အရည်အသွေးထိမ်းဖို့လိုသလို ကုန်ပစ္စည်း စစ်ဆေးတဲ့ အေးဂျင့်များအနေနဲ့လည်း တိကျတဲ့စည်းကမ်း အတိုင်း မှန်မှန်ကန်ကန် စစ်ဆေးထောက်ခံပေးဖို့တော့ အကြံပြုဖို့ လိုပါတယ်" လို့၎င်းရဲ့အမြင်ကို ဆွေးနွေးပါတယ်။ အောင်နိုင်သစ္စာကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဇော်ဦး ကလည်း " လက်ရှိဆန်တစ်တန် FOB ဈေး ကန်ဒေါ်လာ ၃၆၅- ၃၇၅ ပဲရှိပါတယ်။ ဆန်စာချုပ်အသစ်မရှိသေးပါဘူး၊ စာချုပ် အဟောင်းတွေကိုပဲ တင်ပို့နေတဲ့အနေအထားရှိနေပါတယ်။ နိုင်ငံ တကာဈေးကွက်အခြေအနေကို ပြောရမယ်ဆိုရင် အိန္ဒိယကလည်း စပါးအထွက်ပိုလို့ ဆန်ပိုရောင်းမယ့်အခြေအနေအရ နိုင်ငံတကာ ဈေးကွက်ကို အိန္ဒိယဆန်တန် ၂-၃ သန်း တကယ်ရောင်းမယ်၊ ထိုင်း ကလည်းသူ့ရဲ့ သက်တမ်းကြာအရန်ဆန်တွေကို အစိုးရအချင်းချင်း ရောင်းဖို့ စီစဉ်နေတယ်၊ နောက်ပြီး အီးယူဈေးကွက်မှာလည်း အီတလီ ဆန်တွေ အပြည့်နေရာယူမယ့်အနေအထားရှိနေတယ်၊ ဒီလို အကြောင်းရင်းတွေရှိနေလို့ ကမ္ဘာ့ဈေးကွက်မှာ ဆန်မရှားနိုင်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ နာဂစ်ဖြစ်တုန်းက စပါးတွေပျက်စီးပြီး ဆန်ဈေးတက်မယ်လို့ အများက ခန့်မှန်းခဲ့ကြပေမဲ့ အဲဒီနှစ်တစ်နှစ်လုံးရော ၂၀၀၉ တစ်နှစ်လုံးပါ ဈေးမတက်ခဲ့ပါဘူး။ နောက်တစ်ချက်က ထိုင်းရေစိုဆန်တွေကလည်း အတိုင်းအတာ တစ်ခုအထိတော့ သုံးလို့ရနေအုံးမှာဖြစ်လို့ ရေစိုဆန်တွေကို ပြည်တွင်း ရော ပြည်ပဈေးကွက်တွေကိုပါ အနိမ့်ဈေးနဲ့ ထုတ်ရောင်းမယ့်အလား အလာရှိတာကလည်း ဈေးနှုန်းကို ကျဆင်းစေနိုင်ပါတယ်။ဒါ့အပြင် အာဖရိကမှာလည်း မနှစ်ကထက်စာရင် သီးနှံပိုထွက်တဲ့သတင်းတွေ အရ ဝယ်လိုအားနည်းနေတဲ့အတွက် ဒီဇင်ဘာလအတွင်းအထိတော့ ဆန်ဈေးမတက်နိုင်ဘူးလို့ ခန့်မှန်းပါတယ်"လို့ ဆိုပါတယ်။ ဆက်လက်ပြီး " ပြည်တွင်းအနေအထားအရ လက်ရှိမှာ အချို့ ဆန်တင်ပို့သူအနည်းစု ဆန်၊စပါး ဝယ်ယူမှုရှိနေပါတယ်။ ဒီဇင်ဘာလ လောက်မှာ ဝယ်လိုအားပြန်ကောင်းလာလို့ ပြည်ပကို တင်ပို့ရမယ် ဆိုရင် ပြည်တွင်းဈေးကွက် ပုံမှန်ကောင်းနိုင်ပေမဲ့ တင်ပို့မှုနည်းရင် တော့ တောင်သူတွေ နွေစပါးစိုက်ပျိုးမှုလျှော့ပြီး အခြားသီးနှံတွေ ပြောင်းလဲ စိုက်ပျိုးလာနိုင်ပါတယ်။ နောက်တစ်ချက်က လက်ရှိဆန်အသစ်တွေ ဈေးအေးရတာက အစိုဓာတ်ပါဝင်မှုကြောင့်လည်း တစ်ကြောင်းပါ။ ကျွန်တော်တို့နိုင်ငံမှာ စပါးခြွေလှေ့စက်တွေ၊ စပါး အခြောက်ခံစက်တွေ အသုံးပြုနေပြီဆိုပေမဲ့ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့စက်မှုလယ်ယာစနစ်အဖြစ်ရောက်ရှိဖို့က အစသာရှိပါသေး တယ်။ ဒါကိုလည်း ပြန်လည်သုံးသပ်ပြီး အရည်အသွေးမြင့်တဲ့ဆန် တွေ တင်ပို့နိုင်အောင် ကြိုးစားဖို့လိုပါတယ်လို့ '' အကြံပြုပြောကြားပါတယ်။ ဆန်တင်သွင်းနိုင်ငံများမှ တုံ့ဆိုင်းနေချိန် ဆန်ထုတ်လုပ်နိုင်ငံမားက တိုးမြှင့်ထုတ်လုပ် အာရှနိုင်ငံများအတွင်း အဆိုးဝါးဆုံး ရေနစ်မြုပ်မှုကြောင့် အဓိက ဆန်တင်ပို့သည့် ထိုင်းနိုင်ငံထိခိုက်နစ်နာမှုများ ကြီးမားလို့ ဆန်တင်ပို့မှု လျော့ကျနိုင်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဆန်ဈေး တစ်တန် ကန်ဒေါ်လာ ၇၅၀ ဝန်းကျင်ထိ မြင့်တက်လာနိုင်တယ်လို့ အချို့ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ လတ်တလော ဆန်တင်သွင်းမှုဟာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဈေးသက်သာတဲ့ အိန္ဒိယနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ တင်သွင်းဖို့ ဆောင်ရွက်နေသလို ဖိလစ်ပိုင်နိုင်ငံကလည်း ဆန်တင်သွင်းမှုကို တုံ့ဆိုင်းနေဆဲ ဖြစ်ပါတယ်။ ဆန်အများဆုံး ထုတ်လုပ်နေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ လက်ရှိ မှာ ဆန်သိုလှောင်လက်ကျန်များစွာရှိနေသလို လာမယ့်နွေစပါး ပိုမိုထွက်ရှိဖို့လည်း အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တိုးမြှင့်ဖို့စီစဉ်နေပါတယ်။ အလားတူ ဆန်ထုတ်လုပ်တဲ့ နိုင်ငံများစွာတို့ဟာလည်း ထုတ် လုပ်မှုတိုးမြှင့်ဖို့ အစိုးရထောက်ပံ့မှု အစီအစဉ်များအပါအဝင် နည်းလမ်းများစွာနဲ့ ဆောင်ရွက်လျက် ရှိနေပါတယ်။ ထိုင်းနိုင်ငံက တင်ပို့မှု ကျဆင်းတဲ့ ပမာဏကို ဗီယက်နမ်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့က ပြန်လည် ဖြည့်ဆည်းပေးနေသလို အိန္ဒိယနဲ့ ပါကစ္စတန်တို့က သူ့ထက် အပြင် အနိမ့်ဈေးနဲ့ ကမ်းလှမ်းနေခြင်းတွေက ဆန်ဈေးကွက်အတွင်း ဈေးမတက်ရတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ ရိုက်ခက်လာနိုင်တာတွေကို စောင့်ကြည့် ထိန်းသိမ်းဖို့တော့လို ထိုင်းနိုင်ငံရေနစ်မြုပ်မှုကြောင့်လတ်တလောမှာ ကမ္ဘာ့ဈေးကွက် ကိုလည်း ရိုက်ခတ်မှုနည်းသလို ပြည်တွင်းဆန်ဈေးကွက်မှာ လည်း သက်ရောက်မှုမရှိသေးဘူးလို့ ဆိုရပါမယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက အရန် ဆန်တွေ ထုတ်ရောင်းလာခြင်းနဲ့ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့ ကလည်း ဈေးကွက်ကို အပြိုင်ရောင်းချမှုတွေရှိလာတဲ့အချိန် မြန်မာဆန်ဈေးကွက်က တင်ပို့မှု အရှိန်မပျက်ရအောင် အရည်အသွေး ထိန်း ချုပ်ဖို့ လိုပါတယ်။ တောင်သူတွေ စပါးစိုက်ပျိုးမှုလျော့ကျမသွားရေး ဆန် တင်ပို့မှုမလျော့ဖို့လိုသလို သီးနှံပေါ်ချိန် တောင်သူများ ထိုက်သင့်တဲ့ အကျိုး အမြတ်ရမယ့် ဈေးနှုန်း ဖြစ်ဖို့လည်း ထိန်းညှိရမယ့် အကြောင်းရင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ထိုင်းစပါးဝယ်ယူရေး စီမံကိန်းကြောင့် ဈေးပိုတဲ့ ထိုင်းနိုင်ငံနယ်စပ်မှတစ်ဆင့် မြန်မာဆန် တွေ မှောင်ခိုသွားခြင်းဖြင့် ဆန်အထွက်ပမာဏ ခန့်မှန်းမရဘဲ ပြည် တွင်း စားသုံးသူဈေးကွက်ကို မထိခိုက်ရအောင်လည်း စောင့်ကြည့် ရမယ့် အချက်တစ်ခုဖြစ်ပါကြောင်း။
ကမ္ဘာနှင့် အဝှမ်း ရင်ဆိုင်ကြုံတွေ့ နေရသော ရာသီဥတုပြောင်းလဲခြင်း၊ ရေစီးကြောင်းများ ပြောင်းလဲလာခြင်း၊ ရေကြီးရေလျှံခြင်း၊ ကုန်းတွင်းပိုင်းရေချို ဒေသသို့ ရေငန်ဝင်ရောက်မှုများ များ ပြားလာခြင်း၊ ရေချိုရရှိမှုနည်းပါးခြင်း ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများထိခိုက်လာကာ ရေနေ သတ္တဝါများတွင် ငါးနေ၊ ငါးထိုင်ပျက် ပြားခြင်း၊ ရေစီးရေလာနှင့် ငါးတက်၊ ငါးဆင်းလမ်းကြောင်းများ ပျက်ယွင်း လာခြင်း၊ ငါးများ နေထိုင်ခိုအောင်း ပေါက်ဖွားကြီးပြင်းရာရေပြင်၊ ရေကန်၊ ရေရိုး၊ မြစ်၊ ချောင်း၊ အင်းအိုင်များ (habitat) တွင် ငါးစာပြင်(feeding ground) များ ဆုတ်ယုတ်လာခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။ ရေနေသတ္တဝါများသည် ၎င်းင်းတို့၏ ဘဝစက်ဝန်းတစ်လျှောက် အစာ အတွက် ရွှေ့ပြောင်းခြင်း(feeding migration)၊ မျိုးပွားရန်အတွက် ရွှေ့ပြောင်းခြင်း (spawning migration) နှင့် ဆောင်းခိုရန် ရွှေ့ပြောင်းခြင်း (over wintering migration) စသည့်ရွှေ့ ပြောင်းခြင်း (၃)ရပ်ဖြင့် နေ ထိုင်ကျက် စားလေ့ရှိရာ ငါးတို့၏ သဘာ၀ အခြေအနေကို ကျွမ်း ကျင် ပိုင်နိုင်စွာ သိရှိထား မ ှ သ ာ လျှင်ငါးဖမ်း ဆီးခြင်း လုပ်ငန်း၌ ငါးအထိ၊ အမိ ပိုမိုလာနိုင် မည်ဖြစ်ပါသည်။ မိုးနှောင်းရာသီ(post monsoon) ဖြစ်သော (သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ)များတွင် ဆောင်းဦး ရာသီကို ကူးပြောင်း ရောက်ရှိတော့ မည်ဖြစ်ကြောင်း ရေသတ္တဝါများက သဘာဝအသိမှ ရရှိသဖြင့် အုပ်စု လိုက် နေတတ်သော ငါးမျိုးစိပ် အချို့သည် ဆောင်းခိုရန်ရွှေ့ပြောင်းခြင်းကို စတင်ပြီ ဖြစ်ပါသည်။ ထိုသို့ ရွှေ့ပြောင်းခြင်း ဆောင်ရွက် ရာ၌ အချို့ငါးမျိုးများသည် ရေချိုတွင် လည်းကောင်း၊ အချို့မှာ ရေချို ဒေသမှ ရေချို/ရေငန်စပ်ဒေသသို့လည်းကောင်း၊ ရေငန်မှ ရေချိုသို့ လည်းကောင်း စုန် ဆင်းဆန်တက်ခြင်း၊ ရေစီးကြောင်းနှင့် အတူ မျောပါခြင်း၊ အလေ့အထ အမျိုး မျိုး ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ချောင်းအတွင်း အုပ်စု လိုက် နေထိုင်သော ငါးဇင်ရိုင်းများ ရေပေါ်ဆန်တက် ကူးခတ်မှုသတင်း ဖြစ်စဉ်သည်ငါးတို့၏ သဘာဝနေထိုင် ကျက်စားရင်း ၎င်းင်းကြိုက်နှစ်သက်မှု မရှိ သော သဘာ၀၀န်းကျင်ကို ရင်ဆိုင်ရ ချိန်နှင့် တိုက်ဆိုင်မှုပင်ဖြစ်ကြောင်း တွေ့ ရှိရပါသည်။ ဒီရေအတက်အကျရှိသော ပုဇွန် တောင်ချောင်းတွင် ပတ်ဝန်းကျင် မြို့ပြ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စွန့်ပစ် ပစ္စည်းများပြားခြင်း၊ စက်ရုံ၊ အလုပ်ရုံနှင့် မြို့ပြလူနေမှုစနစ်ကြောင့် ရေထုညစ် ညမ်းမှုဖြစ်ပေါ်နိုင်ပြီး၊ ရေစစ်ချိန် (ရေ အကျဆုံးအချိန်)ဖြစ်ခြင်း၊ မြို့ပြစွန့်ပစ် ပစ္စည်းများကြောင့် အနည်ကျရွှံ့နွံများ ပြားပြီး ရေသတ္တဝါများ နေထိုင်ကျက် စားရန် ရေလွှာ၊ ရေထုနည်းပါးလာခြင်း၊ ရွှံ့နွံများကြောင့် ရေနောက်ကျိမှု များ ပြားခြင်းများ ဖြစ်ပေါ်ကာ ငါး များ၏ ရွှေ့ပြောင်း ရာလမ်းကြောင်း တွင်အဟန့်အတားဖြစ်ပေါ်ခဲ့ရကြောင်း တွေ့ရှိရပါသည်။ ငါးများသည် အပူချိန် ရုတ်တရက် ပြောင်းလဲခြင်း၊ ရေ၏ချဉ်ဖန်နှုန်း (စံ) ရုတ်ချည်းပြောင်းလဲမှုဒဏ်ကို ခံ နိုင်ရည်မရှိပါ။ ထို့အတူ ရေထုညစ်ညမ်းခြင်း ကြောင့်ရေတွင်အောက်ဆီဂျင် ပျော်ဝင် မှု နည်းပါးခြင်း၊ အောက်ဆီဂျင် ပြတ် တောက်ခြင်းကို ခံနိုင်ရည်မရှိပါ။ ရေထဲ တွင် ပျော်ဝင်နေသော အောက်ဆီဂျင် ကို ပါးဟက်မျှင်များမှတစ်ဆင့် စုပ်ယူ ကြရာတွင် ရေနောက်ကျိမှု၊ ရေထုညစ်ညမ်းမှုကြောင့် ရေစစ် (filter) ကဲ့သို့ ဖြစ်သော ပါးဟက်မျှင်များတွင် ပိတ် ဆို့ မှုဖြစ်ပွားကာ အသက် ရှင်သန်ရပ် တည်ရန် ပိုမိုခက်ခဲစွာ ရုန်းကန်ရလေ့ ရှိပါသည်။ ပုဇွန်တောင်ချောင်းတွင် အုပ်စု လိုက် ရေပေါ်မျောပါနေသော ငါးဇင် ရိုင်းအုပ်သည် သာမန်ထက် ပိုမို ပူပြင်းသော နေအပူချိန်ကြောင့် ရေ အပူချိန် ရုတ်တရက်မြင့်တက်မှုကို ရုတ်တရက် ကြုံတွေ့ရသဖြင့် လည်းကောင်း၊ ငါးဇင် ရိုင်းအများဆုံးတွေ့ရှိရ ခြင်းမှာ ရေပေါ် လွှာနေထိုင်ကျက်စား ငါးဖြစ်ခြင်း၊ အုပ် စုလိုက် ရွှေ့ပြောင်းနေထိုင်တတ်ခြင်း၊ အောက်ဆီဂျင်ပြတ် တောက်ချိန်တွင်သိုလှောင် အောက်ဆီဂျင် (air bladder) ပမာဏသေးငယ်ခြင်း ကြောင့် လည်းကောင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သုံးသပ်ထားသည် ကို တွေ့ရှိရပါသည်။ အဆိုပါဖြစ်စဉ်ကဲ့သို့ အလား တူ ဖြစ်ရပ် ၂၀၀၅ ခုနှစ်တွင် သုံးခွမြို့ နယ် သောက်ရေကန်၌ ငါးများ နေ့စဉ် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းကို ငါးလုပ်ငန်း ဦးစီးဌာနမှ ရေ/မြေ စစ်ဆေးဆောင်ရွက်ခဲ့ ရာ လွန်ခဲ့သော ၃၅နှစ်တာ ကာလက ပင် ကန် ပြန်ဆယ်တင်မှုမရှိခြင်း၊ ရေကန်အနီး စိုက်ပျိုးထားသော သစ်ပင် များမှ ရွက်ကြွေများ ကန်အတွင်း ကျ ရောက်၍ ဖက်ဆိုးရေအဖြစ် ကာဗွန်ဒိုင်အောက် ဆိုက်ထုတ်လုပ်မှု များပြား ခြင်းကြောင့် တီလားဗီးယား၊ ငါးခူ၊ ငါးရံ့ ကဲ့သို့ ငါးမျိုးများ သေဆုံးသွားခြင်း၊ အဆိုပါ ရွက်ပုတ် ရွှံ့နွံများကို ဖယ်ရှား လိုက်မှသာ ရေထုညစ်ညမ်းမှု မရှိဘဲ ငါးသေဆုံးမှု မရှိတော့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ရှေးယခင် က ငါး ဖမ်းဆီးရာတွင် ငါးများမူးမော် ထိုင်းမှိုင် စေသည့် ထုံး၊ ဘုံလုံသီး၊ ကျီးခေါက်၊ မဟာဂါကဲ့သို့သော သဘာဝထွက် ပစ္စည်းများ ရေတွင်ပျံ့နှံ့စိမ့်ဝင်စေ ခြင်းဖြင့် ငါးဖမ်းခြင်း၊ အင်ဒရင်း၊ ဝါဆေးရည်၊ မာလာသီယွန်ကဲ့သို့သော ငါးများ သေကြေ ပျက်စီးစေနိုင်သည့် ဓာတုဗေဒပစ္စည်းများ ရေတွင်ပျံ့နှံ့ စီးဆင်းစေခြင်းဖြင့် ငါးဖမ်းခြင်းများကို ဆောင်ရွက်ခဲ့ကြသော်လည်း မြစ် ချောင်း၊ အင်းအိုင်များကို မှီခိုနေသည့် ပတ်ဝန်းကျင်လူထု၊ ကျွဲနွား၊ သားငှက် ထိခိုက်မှုရှိသဖြင့် တရားမဝင်နည်းလမ်း များအဖြစ် သတ်မှတ်ကာ ဥပဒေဖြင့် ကာကွယ်ပေးခဲ့ခြင်း၊ ပြစ်မှုကျူးလွန်သူများကို အရေးယူခြင်း ဆောင်ရွက်ခဲ့ သဖြင့် ယခင်ဓလေ့ထုံးစံ ဆေးချ ငါး ဖမ်းနည်းပပျောက်လျော့နည်းသွား ပြီဖြစ်ပါသည်။ ထိုကဲ့သို့ အဆိပ်ချ ခြင်းဖြင့် အဆိပ်မိ ငါးများ သည် အုပ်စုအလိုက် နေထိုင်နိုင်စွမ်း မရှိတော့ခြင်း၊ ဆောက်တည်ရာမဲ့ ဦးခေါင်းအောက်စိုက်၍ ဆန်ကောဝိုင်းကဲ့သို့ လည်နေ တတ်ခြင်း၊ ရှင်သန်ရပ် တည်နိုင်စွမ်း နည်းပါး၍ အချိန်တို အတွင်း သေဆုံးတတ်ခြင်း၊ မိနစ်ပိုင်းမျှ ဖြင့် ပုပ်သိုး ဆွေးမြေ့လွယ်ခြင်း၊ ၎င်းင်း ဝန်းကျင်တွင် ရေပျော်ငှက်တို့ ဝဲပျံနေတတ်ခြင်း၊ စားသုံးပါက ငှက်များပင် သေကြေတတ် ခြင်း ဖြစ်ပေါ်လေ့ရှိရာ ယခုငါးဇင်ရိုင်း များ ရင်ဆိုင်ရသည့် အဟန့်အတားနှင့် ကွဲလွဲလျက်ရှိ ကြောင်းတွေ့ရှိရပါသည်။ ပုဇွန်တောင်ချောင်းတွင် ငါးဇင် ရိုင်း အုပ်စုများ ရေပေါ်ဆန်တက်နေ ခြင်းသည် ရွှေ့ပြောင်းခြင်း ၃မျိုး အနက် ရာသီနှင့်ကိုက်ညီသော ရွှေ့ ပြောင်းခြင်း ကို ဆောင်ရွက်ရင်း၊ ရာသီဥတု ပြောင်း လဲလာမှု သဘာ၀ ပတ်ဝန်းကျင်ရေထု ညစ်ညမ်းမှု၊အောက်ဆီဂျင်ပြတ်တောက် မှုများကြောင့် အရင်းခံဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ ပတ်ဝန်းကျင် ရေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရန်နှင့် ရေနေသတ္တဝါများ အတွက် အသက်ရှင်သန်ရေး အားထား ရာ ရေတွင်ပျော်ဝင်သည့် အောက်ဆီ ဂျင် ပြတ်တောက်မှုမရှိစေရေး၊ မြို့ပြ နေပြည်သူများမှ စနစ်တကျ အမှိုက်စွန့် ပစ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ် ပစ္စည်းများ ပုပ်သိုးလွယ်စွန့်ပယ်ပစ္စည်း များ၊ ပလတ်စတစ်၊ ဖော့ပုံးကဲ့သို့သော အထောက်အကူပစ္စည်းများ ကမ်းတွင်း နှင့် ရေတွင် စွန့်ပစ်ခြင်း၊ လောင်စာဆီ သုံးရေယာဉ်များနှင့် ဓါတ်ငွေ့သုံးစက်ရုံ များမှ ဖိတ်စင်ယိုကျမှုဖြစ်ပေါ်ခြင်းများ ကို တာဝန်သိသော၊ တာဝန်ယူတတ် သော အသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်း ရှောင်ကျဉ်ခြင်းဖြင့် ရေပျော်ငါးကလေး များ၏ ကမ္ဘာ ကို စာနာ စိတ်ထား ထိန်းသိမ်း ကာကွယ် သင့်ပါကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံတိုင်းက စားနပ်ရိက္ခာဖူလုံ ရေးကို ဦးစားပေးကြစမြဲပါ။ မိမိတို့နိုင်ငံ မှာလည်း ဆန်ဖူလုံရေး၊ ဆီဖူလုံရေးကို အစိုးရ အဆက်ဆက်က ဇောက်ချလုပ် ကိုင်ခဲ့ပါတယ်။ ဒီနေ့အထိ ကိုယ့်နိုင်ငံက လယ်ယာစိုက်ပျိုးရေးကိုပဲ အခြေပြုနေရ သေးတဲ့ နိုင်ငံဖြစ်တော့ ပြည်ပပို့ကုန် အမယ်တွေကို ကြည့်ရင် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းစတဲ့ လယ်ယာထွက်ကုန် တွေကိုပဲ အဓိကတွေ့ရမှာပါ။ ဒီလယ်ယာထွက်ကုန်တွေထဲမှာမှ ဆန်ဆိုရင်လည်း တိုင်းပြည်ရဲ့ အဓိက အခြေခံစားသောက်ကုန် ဖြစ်တဲ့အတွက် နှစ်စဉ်ထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှုတွေကို သေချာစွာ တွက်ချက်ပြီးမှ ပြည်ပတင်ပို့ သင့်တဲ့ပမာဏကို ခွင့်ပြုပေးနေသလို၊ နှမ်းနဲ့ပတ်သက်လို့လည်း နှမ်းနက်နဲ့နှမ်း ဖြူကိုသာ ပြည်ပကိုတင်ပို့ခွင့်ပြုပြီး၊ ဆီကြိတ်နှမ်းဖြစ်တဲ့ နှမ်းနီနဲ့နှမ်းညိုကိုတော့ ပြည်တွင်းဆီဖူလုံဖို့နဲ့ ဆီစက်လုပ်ငန်းရှင် တွေ အလုပ်အကိုင် အခွင့်အလမ်းရှိဖို့ ပြည်ပကို တင်ပို့ခွင့်မပြုခဲ့ပါဘူး။ မြေပဲ ကိုလည်း နှမ်းနီ၊ နှမ်းညိုလိုပဲ ခွင့်မပြုခဲ့ ပါဘူး။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း နှမ်းနီ၊ နှမ်းညိုသာမက မြေပဲလုံးဆန်တွေကို ပြည်ပက ဝယ်လိုအားကလည်း ရှိနေတော့ တရားမဝင်လမ်းကြောင်းက ခိုးထွက်နေခဲ့တာဆိုတော့ နိုင်ငံတော် အတွက်အခွန်အခ အပါအဝင် အဖက် ဖက်က ဆုံးရှုံးမှုတွေပဲရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မေလကစပြီး ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ စားအုန်းဆီကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့ပါတယ်။ ဒီအတွက် တစ်ပိဿာ ၂၅၀၀ ကျပ်ဝန်း ကျင်က မဆင်းတဲ့ စားအုန်းဆီဟာ တစ်ပိဿာ ၂၀၀၀ ကျပ် အောက်ကို ဆင်းလာခဲ့ပါတော့တယ်။ တင်သွင်းတဲ့ စားအုန်းဆီကိုလည်း Cloud Point (CP) ၁၀ မှတ်ကနေ ၈ မှတ်ထိ အဆင့် မြှင့်ပြီး သွင်းဖို့ နဲ့ Iodine Value (IV) ကိုလည်း 58 min နဲ့ သွင်းဖို့ စီစဉ် ခဲ့ပါတယ်။ ပြည်သူ တွေအနေနဲ့ ပြည် တွင်းမှာ အဆင့်မြင့် စားအုန်းဆီတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူ စားသုံးခွင့်ရလာခဲ့ပါပြီ။ ဒီအခြေအနေ မှာ အရင်က ပြည်ပကို တင်ပို့ခွင့် ကန့်သတ်ထားတဲ့ နှမ်းနီ၊ နှမ်းညို၊ မြေပဲလုံး ဆန်တွေကိုစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် ၁/၂၀၁၁ နဲ့ ပြည်ပတင်ပို့ ခွင့်ပြုခဲ့ပါတယ်။ ပြည်ပမှာ ဈေးကွက် ရှိပြီး၊ ဝယ်လိုအားလည်းရှိနေတဲ့ ကုန်ပစ္စည်းတွေ ဖြစ်လို့ တင်ပို့ခွင့်ပြုတဲ့ အတွက်ဝယ်လိုအားရဲ့တွန်းအားကြောင့် စိုက်ပျိုးထုတ်လုပ်မှုမြင့်တက်လာစေဖို့ ရည်ရွယ်သလို အဓိက ဈေးကွက်ကြီး တစ်ခုကိုပဲ မှီခိုနေရတဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ စိုက်ပျိုးနေတဲ့ တောင်သူတွေ အနေနဲ့လည်း ဒီနှစ် ဈေးကောင်းလိုက် နောင်နှစ်ဈေးမကောင်းလိုက်နဲ့ သံသရာ လည်နေတဲ့ ဘဝကနေ ကိုယ့်လယ်ယာမြေမှာ ပြည်ပဈေးကွက် ပုံမှန်ရှိတဲ့ သီးနှံ တွေ ပြောင်းလဲစိုက်ပျိုး နိုင်စေဖို့လည်း အခွင့်အလမ်းတွေ ရခဲ့ပါတယ်။ နှမ်းနီ၊ နှမ်းညိုနဲ့ မြေပဲဆန်တွေကို ပြည်ပကို ဒီအတိုင်း တင်ပို့တာထက် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် နှမ်းဆီ၊ ပဲဆီကြိတ်ပြီးတင်ပို့ဖို့ နိုင်ငံတော်က ပိုပြီးလိုလားပါ တယ်။ ဒါမှလည်း ပြည်တွင်းက ဆီစက် တွေလည်းအလုပ်အကိုင် အခွင့်အလမ်း မလျော့သလို ထွက်လာတဲ့ ပဲဖတ်၊ နှမ်း ဖတ်ကလည်း ပြည်တွင်းမွေးမြူရေး လုပ် ငန်းမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်က ဖြစ်စေချင်တဲ့ ပဲဆီ၊ နှမ်းဆီ ထုတ်လုပ်ပြီး ပြည်ပတင်ပို့ဖို့ အတွက် မြန်မာလုပ်ငန်းရှင်တွေ ဘယ် လို ကြိုးပမ်းအားထုတ်နေတယ်၊ ဘယ်လောက်အဆင့်ဖြစ်နေတယ်ဆိုတာ ကို ကောမတ်စ်အဖွဲ့က လေ့လာ ဆွေးနွေး ခဲ့တာကို ပြန်လည်တင်ပြလိုက်ပါတယ်။ မျိုးကောင်းမျိုးသန့်တွေရရှိဖို့လို ပဲဆီကို နိုင်ငံခြားသို့တင်ပို့နိုင်ရန် တောင်သူများအနေနဲ့ မြေပဲမျိုးကောင်း မျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုးရန် လိုအပ်လှသလို အဆိုပါ မျိုးကောင်းမျိုး သန့်များကို ရရှိရန်မှာလည်း နိုင်ငံတော် အပိုင်းမှ ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်လှကြောင်းလည်း သိရပါတယ်။ ဧရာဝတီမြေပဲဆီစက်ပိုင်ရှင် ဦးခင်စိုးက "တကယ်လို့ ပြည်ပကိုတင်ပို့တော့ မယ်ဆိုရင် ဒီမှာစိုက်တဲ့မျိုးက ကောင်းဖို့ တော့လိုတယ်။ ဥပမာ တရုတ်နိုင်ငံဆန်း တုန်းပြည်နယ်ကထွက်တဲ့မြေပဲဆိုရင် တစ်ဧကကို တင်း၁၀၀ကျော်လောက် ထွက်တယ်။ အဲဒီမျိုးကတော့အကောင်း ဆုံးပဲ။ မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့ကိုက် ညီမှုရှိမရှိမသိရပေမယ့် အဲဒီလိုမျိုးကို စိုက်လို့ရမယ်ဆိုရင်တော့ အကောင်းဆုံး ပဲ။ ဒါပေမယ့် အခုအဲဒီဒေသမှာလည်း ရာသီဥတုဖောက်ပြန်မှုတွေဖြစ်နေလို့ ပဲဆီကို လိုအပ်နေတဲ့ဒေသတစ်ခုဖြစ် နေတယ်"လို့ မြေပဲမျိုးကောင်းမျိုးသန့် ရရှိရေးအတွက် အကြံပြု ပြောကြား ခဲ့ပါတယ်။ ငွေသဇင်မင်း ဆီစက်လုပ်ငန်းမှ ဦးအောင်ရွှေကလည်း "ပြည်ပကိုတင်ပို့ ခွင့်ရမယ်ဆိုရင် မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်ဖို့လိုပါတယ်။ မျိုးကောင်းမျိုး သန့်တွေ ရတဲ့အတွက် ဆီထွက်နှုန်းပို လာနိုင်တဲ့အတွက် ပြည်ပတင်ပို့ရာမှာ အထောက်အကူပြုနိုင်မှာပါ။ ဒါပြင့် မြေ ကြီးမှာဥတဲ့ပဲက ပဲသားကျစ်တဲ့အတွက် ဆီပိုထွက်ပါတယ်။ သဲသောင်မှာစိုက်တဲ့ ပဲက ပဲသားပွတဲ့အတွက်ဆီအထွက်နှုန်း နည်းတယ်။ ပဲကို စနစ်တကျသိုလှောင် မယ်၊ အခြောက်ခံမယ်။သန့်သန့်ရှင်းရှင်း ထားမယ်ဆိုရင် မှိုတက်တာတို့ ဆီညံ့ တာတို့မဖြစ်နိုင်ပါဘူး"လို့ပြောခဲ့ပါတယ်။ ခေတ်မီနည်းစနစ်တွေအသုံးပြုဖို့လို ပဲဆီကို အထွက်နှုန်းတိုးစေဖို့ အတွက် မျိုးကောင်းမျိုးသန့်တွေရရှိရေး ဟာ အရေးပါသလို ခေတ်မီ နည်းစနစ် များနဲ့ တပ်ဆင်ထားတဲ့ စက်ပစ္စည်းများ အသုံးပြုရေးဟာလည်း အရေးပါလှတဲ့ ကဏ္ဍတစ်ရပ် မှာပါဝင်နေကြောင်း ဧရာ ဝတီပဲဆီလုပ်ငန်းမှ ဦးခင်စိုးက ထောက် ပြခဲ့ပါတယ်။ "ကျွန်တော်တို့အနေနဲ့လက်ရှိလည် ပတ်နေတဲ့စက်တွေနဲ့ထုတ်လုပ်ဖို့က မဖြစ်နိုင်ဘူး။ လက်ရှိလည်ပတ်နေတဲ့ စက်တွေနဲ့ကြိတ်ခွဲတဲ့အခါကျတော့ အလေအလွင့် ဆုံးရှုံးမှုတွေ များတယ်။ မမြင်ရတဲ့လေလွင့်မှု တွေပေါ့။ သူတို့ဆီ က ခေတ်မီစက်တွေနဲ့ကြိတ်မယ်ဆိုရင် အဲဒီစက်တွေက တစ်ကြိမ်တည်းနဲ့လည် တဲ့အတွက် အပူပမာဏ မဆုံးရှုံးဘူး။ မြေပဲဆီရဲ့သဘာဝက ပူနေတဲ့အချိန်မှာ ကြိတ်တဲ့အတွက်ဆီထွက်အားပိုကောင်း တယ်။အေးသွားရင်ဆီကလိုသလောက် မထွက်တော့ဘူး။ မြေပဲဆန် အချိန်၁၀၀ ကို သူတို့ဆီက စက်နဲ့ကြိတ်လို့ဆီအချိန် ၄၀ထွက်ရင် ဒီကစက်နဲ့ကြိတ်ရင် အချိန် ၃၇လောက်ပဲထွက်တယ်။ မြေပဲဖတ်ဆို ရင်လည်း မြေပဲဖတ် အချိန် ၁၀၀ကို ဆီပမာဏ ၇/ ၈ရာခိုင်နှုန်းလောက်ပါသွားတဲ့အချိန်မှာ သူတို့စက်ကထွက်တဲ့ မြေပဲဖတ်က ဆီပမာဏ ၁ရာခိုင်နှုန်း လောက်ပဲပါတော့တယ်။ ဆီပါဝင်မှု ပမာဏနည်းလေ ပရိုတင်းဓာတ်ပါဝင်မှုပမာဏ များလေဆိုတော့ သူတို့ဆီက မြေပဲဖတ်က တိရစ္ဆာန်တွေအတွက် ပိုပြီးကောင်းနေတယ်။ ဒီကဆီစက်တွေ က မွေးမြူရေးသမားတွေအတွက်လည်း ပရိုတင်းဆုံးရှုံးရသလို တစ်ဖက်မှာလည်း ဆီဈေးက လိုအပ်တာထက်ပိုမြင့်လာ တာပေါ့။ ဒါဟာ လည်ပတ်တဲ့စက်ရဲ့ အားသာချက်ကြောင့် ဖြစ်လာမယ့် အကျိုးတရားတွေပါ"လို့ ပြည်တွင်းဆီ စက်များနဲ့ ပြည်ပက ခေတ်မီဆီစက်များ ရဲ့အခြေအနေကို နှိုင်းယှဉ်ပြောပြခဲ့တာပါ။ တရုတ်ကိုသွားမယ့် ဧရာဝတီ ဧရာဝတီမြေပဲဆီကို တရုတ်နိုင်ငံ ကိုပို့နိုင်ဖို့ ကြိုးစားနေကြောင်း သိရပါ တယ်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ ဧရာဝတီမြေပဲဆီဟာ ဈေးကွက်ဝင်ပြီး သားဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။ "ကျွန်တော့်ရဲ့ဧရာဝတီမြေပဲဆီကို ယူနန်ကိုပို့ဖို့ စီစဉ်နေပါတယ်။ အဲဒီမှာ တော့ ယန်ကျန်းဆိုတဲ့ တံဆိပ်နဲ့ရောင်း နေတာပါ။ ယန်ကျန်းဆိုတာ သူတို့ဆီ ကအခေါ်ပေါ့။ ဧရာဝတီလို့ အမည်ရပါ တယ်။ ကျွန်တော့်မြေပဲဆီကို ကုန်စည်ပြပွဲမှာ တရုတ်တွေ ဝယ်သွားတာရှိ တယ်။ သူတို့ဆီမှာ သုံးတဲ့ဆီက ဒီက ဆီလောက်မကောင်းဘူး။ ကျွန်တော်တို့ ဆီက မြေပဲဆီက Quality ကောင်းပြီး သား။ ဒါပေမယ့် ပို့မယ်ဆိုရင် အဲဒီနိုင်ငံ ရဲ့စည်းမျဉ်းစည်းကမ်းတွေကို သိထားဖို့ တော့လိုမယ်။ တရုတ်နိုင်ငံဆိုရင် သူတို့ ဆီမှာ ပြည်နယ်တစ်ခုဖြတ်တိုင်း အခွန် ဆောင်နေရတယ်။ ဒါကြောင့် သူတို့ဆီ က တံဆိပ်နဲ့ကပ်ပြီးရောင်းမှအဆင်ပြေ တာ။ ပြည်ပကသွင်းကုန်ဆိုရင် ပြည် နယ်တစ်ခုဖြတ်တိုင်းအခွန်ဆောင်နေရ တာ"လို့ ဧရာဝတီမြေပဲဆီကို ယူနန်ကို ရောင်းချမယ့်ပုံစံကို ပြောပြခဲ့ပါတယ်။ နှမ်းဆီကိုလည်း ပို့မည် ဧရာဝတီမြေပဲဆီလုပ်ငန်းဟာ နှမ်းဆီကိုလည်း ပြည်ပကိုပို့ဖို့ စီစဉ်နေတယ် လို့ ဆိုပါတယ်။ နှမ်းဆီကို ပို့နိုင်ဖို့အတွက် စီစဉ်နေကြောင်း သိရပါတယ်။ "ကျွန်တော်တို့နှမ်းဆီကို ပြည်ပ နိုင်ငံတွေက လက်ခံထားပြီးသားပါ။ အရင်တုန်းကတည်းက နှမ်းဆီကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက စား မှ မစားကြတာ။ အဲဒီတော့ ပိုလျှံနေ တာ။ နှမ်းဆီကိုတော့ ပို့ဖို့ စီစဉ်နေပါတယ်"လို့ ဧရာဝတီဆီစက်ပိုင်ရှင် ဦးခင် စိုးက ပြောခဲ့တာပါ။ အဆင်သင့်မဖြစ်သေးပါ မြေပဲဆီတွေ နှမ်းဆီတွေကို ပြည်ပ ကိုတင်ပို့ခွင့်ရချင်ပါတယ်ဆိုပေမယ့် လည်း နိုင်ငံတော်က တမုဟုတ်ချင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပြည်ပကို တင်ပို့ခွင့်ပိတ်ပင်ထားတဲ့ မြေပဲဆီတွေ နှမ်းဆီတွေကို ခွင့်ပြုလိုက်တဲ့အချိန်မှာ လုပ်ငန်းရှင်တချို့ဟာ အခက်အခဲများ နဲ့ရင်ဆိုင်နေရတဲ့အတွက် အဆင်သင့် မဖြစ်သေးကြောင်း သိရပါတယ်။ "ကျွန်မတို့ အနေနဲ့က ဒီနှစ်မှာ တော့ ပြည်ပကို ပို့ဖို့အဆင်သင့် မဖြစ်သေးပါဘူး။ ဘာကြောင့်လည်းဆို တော့ ဒီနှစ်မှာက သိတဲ့အတိုင်း မိုးက လည်းများရေတွေကလည်းကြီးဆိုတော့ ကုန်ကြမ်းရဖို့ အခက်အခဲရှိသလို ကုန် ကြမ်းတွေကို ဝယ်ပြီးလှောင်ဖို့ကလည်း အခက်အခဲတွေရှိတယ်။ နှမ်းကကိစ္စမရှိ ပေမယ့် မြေပဲကတော့ စိုရင် မှိုတက် တာတွေ ဘာတွေနဲ့ ဒုက္ခပေးနိုင်တယ်။ နောက်နှစ်မှာ ဆိုရင်တော့ ပို့နိုင်မှာပါ။ ပို့မယ်ဆိုရင်တော့ တရုတ်နဲ့စင်ကာပူကို ပို့မှာပါ"လို့ ငွေသဇင်မင်းဆီစက်ပိုင်ရှင် ွှက ပြောခဲ့တာပါ။ မကွေးမြို့ရှိအမေထွားဆီစက်ပိုင်ရှင် ဦးဋ္ဌေးအောင် ကလည်း "ကျွန်တော်တို့ ဆီစက်အနေနဲ့ ဒီနှစ်မှာတော့ ပြည်ပကိုပို့ဖို့ အစီအစဉ်မရှိသေးပါဘူး။ လာမယ့် နှစ်မှာဆိုရင်တော့ စက်အသစ်ဆင်ဖို့ လည်းရှိတယ်။ အဲဒီအချိန်ကျမှပဲ ဝယ်လက်ကို ရှာရမှာ။ ကုန်ကြမ်းကတော့ ဆောင်းမြေပဲကိုပဲ အဓိကထားပြီးဝယ် ရမှာဆိုတော့ အဲဒီအချိန်ကျမှပဲ ပြည်ပပို့မယ်အစီအစဉ်ကို စတော့မယ်"ဟု ပြောခဲ့ပါတယ်။ ကိုရီးယားနဲ့ မန္တလေးရှားသွားမယ့် ဇွဲ မြန်မာ့နှမ်းဆီကို နိုင်ငံတကာဈေး ကွက်မှာ ထိုးဖောက်နိုင်ဖို့အတွက် ပြင်ဆင်နေတာကို သိရှိရပါတယ်။ မြန်မာ့နှမ်းဆီမှာ ဖယောင်းပါဝင်မှုများတဲ့အ တွက် အဲဒီဖယောင်းကို လျှော့ချသန့်စင် ပြီး ပြည်ပနိုင်ငံများကို ပို့နိုင်အောင်စီစဉ် လျက်ရှိကြောင်း သိရပါတယ်။ ဇွဲနှမ်းဦးရည်ဆီသန့်မှဦးတင်အောင်ကျော်က "ကျွန်တော်ကတော့ဒီဇွဲအမှတ် တံဆိပ်နဲ့ ပြည်ပကို ပို့ဖို့စီစဉ်နေပါတယ်။ အခုလောလောဆယ်မှာတော့ ကိုရီးယားနဲ့မလေးရှားက ကုမ္ပဏီတွေနဲ့ဆွေးနွေးဖို့ စီစဉ်နေပါတယ်။ သူတို့ဖက်က ကျွန်တော်တို့ အကောင်းဆုံးလုပ်ထား တာကို လက်ခံနိုင်မလား၊ သူတို့ဖက်က သတ်မှတ်ထားတဲ့အတိုင်း ကျွန်တော် တို့က လုပ်နိုင်မလား အဲဒါတွေကို သေ သေချာချာညှိနှိုင်းပြီးမှပဲ ပြောနိုင်မှာပါ။ အခုအချိန်မှာတော့ ကျွန်တော့်ရဲ့နှမ်းဆီ ကို ကိုရီးယားနဲ့မလေးရှားကတော့ ကြိုက်တယ်"လို့ ဆိုပါတယ်။ မြန်မာ့ ပဲဆီ၊ နှမ်းဆီတွေ ပြည်ပ ဈေးကွက်ကို ပုံမှန်တင်ပို့ရောင်းချနိုင်ရေး ကို ကြိုးပမ်းကြရာမှာ အထက်မှာ ဆွေးနွေးခဲ့သလို အထွက်ကောင်းတဲ့ မျိုးတွေ၊ ခေတ်မီ စိုက်ပျိုး၊ သိုလှောင်ထိန်းသိမ်း နည်းတွေ၊ ဆီကြိတ်တဲ့ခေတ်မီ နည်း ပညာနဲ့ ဆီစက်တွေ လိုအပ်ပါတယ်။ တောင်သူစိုက်ပျိုးထွက်ရှိလာတဲ့ ပဲတွေ၊ နှမ်းတွေကိုပဲ ထိုင်စောင့်ပြီး ဆီကြိတ်ပို့ ဖို့ဆိုတာထက် စိုက်ပျိုးချိန်ကနေ သိုလှောင်၊ ကြိတ်ခွဲ၊ ထုတ်လုပ်မှုအဆင့် ဆင့်မှာ စနစ်တကျ ရင်းနှီးမြှုပ်နှံဆောင်ရွက်မှသာ မြန်မာ့ပဲဆီ၊ နှမ်းဆီတွေ ကမ္ဘာ့ဈေးကွက်မှာ ရပ်တည်နိုင်မှာဖြစ် ကြောင်းပါ ခင်ဗျား။..
အာဆီယံ-ဂျပန်စင်တာရဲ့ ကုန်စည် ပြပွဲကိစ္စနဲ့ ဒီနှစ်စက်တင်ဘာလကုန်ပိုင်း မှာ မောင်ပန်းသီး ဂျပန်နိုင်ငံ၊ တိုကျိုနဲ့ အိုဆာကာကို ရောက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက် နေ့က ဂျပန်မှာ ငလျင်ဒဏ်ကြောင့် ဆူနာမီရေလှိုင်းတွေဖြစ်ခဲ့ပြီးတစ်ဟုန်ထိုးစီး နေတဲ့ ရေလှိုင်းများနဲ့အတူ ကားငယ်လေးတွေ အများအပြား မျောပါခဲ့တာ ကို ရုပ်မြင်သံကြားမှာ Live Show တာကို ကြည့်နေရင်း စိတ်မ ကောင်း ဖြစ်မိသလို ကားငယ်လေးတွေ ဂျပန် မှာ ဘာကြောင့် ဒီလောက်များများ အသုံးပြုနေတယ်ဆိုတာကို စိတ်ဝင်စား မေးခွန်းထုတ်မိခဲ့ပါတယ်။ ဒီမေးခွန်းအဖြေရဖို့ ဂျပန်ရောက် တုန်းနီးစပ်ရာ ပုဂ္ဂိုလ်တွေကို စုံစမ်း မေးမြန်းခဲ့ပါတယ်။ ကားငယ်လေး တွေကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုနေတဲ့ အာဆီယံ-ဂျပန်စင်တာ ကဝန်ထမ်း Mr.Go Matsuura ကို စပ်စုကြည့်တဲ့ အခါ ဂျပန်နိုင်ငံမှာ ၁၀၀၀ စီစီနဲ့ အောက် အလေးချိန် ၃၅၀ ကီလိုဂရမ် ထက်မများသောယာဉ်ငယ်လေးများကို အဝါရောင်နံပါတ်သတ်မှတ်ပြီး K ကားလို့ ခေါ်ကြောင်း၊ သူစီးတဲ့ K ကားငယ် ဟာ ၆၆၀ စီစီအင်ဂျင်ပါဝါရှိပြီး လူ ၄ ယောက်စီးနင်းနိုင်ပြီး အမြန်နှုန်းမှာ တစ်နာရီ ကီလိုမီတာ ၁၄၀ အထိ မောင်းနိုင် ကြောင်း၊ အလုပ်သွားခြင်း၊ မိသားစုနှင့် အပန်းဖြေထွက်ခြင်း၊ ဈေးဝယ်ခြင်းစတဲ့ ကိစ္စအားလုံးအတွက် သုံးနိုင်ပြီး ဆီစားနှုန်းကလည်း အဲယားကွန်း အသုံးပြု လျက်ဓာတ်ဆီတစ်လီတာကိုကီလိုမီတာ ၂၀ သုံးနိုင်တာမို့ တစ်ဂါလန်ကို ကီလို မီတာ ၈၀ (မိုင် ၅၀) အထိရကြောင်း၊ မြို့တွင်းမှာ ကားရပ်ရင်လည်း အလွယ် တကူရပ် နိုင်တဲ့အတွက် သူ့ဇနီးမှာ လည်း အလုပ်သွားဖို့ K ကားငယ် တစ်စီးသီးခြားရှိကြောင်း ပြောပါတယ်။ K ကားလေးတွေရဲ့အားသာချက် တွေကို သူကဆက်ရှင်းပြရာမှာ ဂျပန် လူမျိုးတွေအနေနဲ့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးကို အ လေးထားတဲ့ အပြင် လွန်ခဲ့တဲ့ လေးငါးနှစ်ကစပြီး စီးပွားရေးတိုးတက်မှု နှေးကွေးလာမှု ကြောင့် ခြိုးခြံချွေတာရေးကိုလည်း အထူးဦးစားပေးလာကြကြောင်း၊ တိုကျို လူဦးရေ ၃၆ သန်းကျော်ဟာ အလုပ် သွားအလုပ်ပြန်မှာ ရထားကို အားထား အသုံးပြုလေ့ရှိပြီး မြေအောက်ရထားအ ပါအဝင် တိုကျိုမြို့မှာ ရထားလိုင်း ၆၀ ကျော်နေ့ညပြေးဆွဲနေကြောင်း သိရ ပါတယ်။ (စင်ကာပူမှာ ရထားလိုင်း ၄ လိုင်းသာ ပြေးဆွဲပါတယ်။) တိုကျိုမြို့ကဲ့သို့ မြို့ကြီးများမှာ ကားတစ်စီး ဝယ်တော့မယ်ဆိုရင် ကားဝယ်မယ့်သူရဲ့ နေအိမ်/အ ခန်းနှင့် တစ်ကီလိုမီတာအကွာအတွင်း ကားရပ်နားရန် နေရာရှိကြောင်းကို ဒေသခံ ရဲစခန်း ထောက်ခံချက်ပါမှသာ ကား ဝယ်ယူခွင့်ပြုပါတယ်။ ဒါပေမယ့် K ကားငယ်လေးများကို ဝယ်စီးမည်ဆိုပါ က ရဲစခန်းထောက်ခံချက်မလိုဘဲ ဝယ်စီးခွင့်ရှိကြောင်း၊ ကားရပ်နားနေရာ ငှား ရမ်းခမှာလည်း ဒေသအလိုက်ကားတစ် စီးကို တစ်လ ဒေါ်လာ ၄၀၀ မှ ၆၀၀ အထိပေးရကြောင်း၊ နံပါတ်ဝါတပ် K ကားငယ်လေးများကိုတော့ နေရာကျဉ်း ပြီးဦးစားပေးအဆင့်သတ်မှတ်တဲ့အ တွက်ဒေါ်လာ ၁၅၀ ခန့်ဖြင့်ငှားနိုင် ကြောင်း၊ ဂျပန်အစိုးရက ကားများကို အခွန် ကောက်ခံရာမှာ အင်ဂျင်ပါဝါ စီစီနဲ့ သတ်မှတ်ကောက်ခံပြီး ၁၀၀၀ စီ စီအောက် K ကားငယ်လေးတွေသုံးတာ ကိုအားပေးတဲ့အနေနဲ့ အထူးသက်သာ တဲ့နှုန်းနဲ့ ကောက်ခံပေးကြောင်း၊ အင် ဂျင်ပါဝါကြီးလေလေ အခွန်များများ ကောက်ခံလေဖြစ်လို့ အခွန်စနစ်နဲ့ K ကားလေးတွေကို ပိုစီးလာအောင်ဆွဲ ဆောင်မှုပေးထားတာကြောင့် ယနေ့ ဂျပန်မြို့နေအခြေခံလူတန်းစားနဲ့ လူ လတ်တန်းစားများဟာ K ကားလေး တွေကို ပိုပြီးဝယ်ယူအသုံးပြုလာကြ ကြောင်းရှင်းပြပါတယ်။ ကိုရွှေဂျပန်က K ကားလေးတွေ ကို ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်လို့ ဆက်ညွှန်းပါသေးတယ်။ပထမအချက်က ကားရပ်နားတဲ့နေရာ ငှားရမ်းခသက် သာခြင်းနဲ့ဝယ်တဲ့အခါရဲစခန်းထောက် ခံချက်မလိုခြင်း၊ ဒုတိယ အချက်က ဘီး ခွန်အပါအဝင် အခွန်အခများသက် သာခြင်း၊ တတိယအချက်က ကားအရွယ်ငယ်သဖြင့် ယာဉ်ကြော ပိတ်ဆို့မှု သက်သာခြင်း၊ စတုတ္ထအချက် က ဆီစားနှုန်း သက်သာခြင်း(ဂျပန်မှာ ဓာတ်ဆီတစ်ဂါလန် ကျပ် ၆၀၀၀ ခန့်) ပဉ္စမအချက်က ဆီအသုံးပြုမှုနည်းပြီး မီးခိုးထွက်တာအလွန်နည်းတဲ့အတွက် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုသက် သာစေခြင်းတို့ကြောင့် ကုန်ကျစရိတ် နည်းပြီး စီးပွားရေးတွက်ခြေကိုက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုခြင်းစတဲ့ ဂုဏ်ပုဒ် တွေနဲ့ ပြည့်စုံကြောင်း ချီးမွမ်းခန်းဖွင့် သွားပါတယ်။ သူစီးနေတဲ့ ၂၀၀၂ မော်ဒယ် K ကားကို အခုဝယ်မယ်ဆိုရင် ဒေါ်လာ ၂၀၀၀ ပတ်ဝန်းကျင်လောက် သာရှိကြောင်း၊ ၂၀၀၀ မော်ဒယ်ဆိုရင် ဒေါ်လာ ၁၅၀၀ (မြန်မာကျပ် ၁၂ ဒသမ ၅ သိန်း) လောက်ပဲရှိတယ်လို့ ရှင်းပြပါတယ်။ သူပြောတာကြားရတော့ မောင် ပန်းသီးတို့ငယ်ငယ် ၁၉၆၅/၆၆ ခုနှစ် လောက်က မာဇဒါ ဘီ ၃၆၀ လေးဘီး ကားလေး အဖေ ဝယ်ခွင့် မဲပေါက်လို့ စီးခဲ့ရတာကို အမှတ်ရမိနေပါတယ်။ အဲဒီအချိန်က အဖေက လခ ကျပ် ၁၂၀၀ ရတဲ့ခရိုင်အဆင့် အရာ ထမ်း တစ်ဦးပါ။ မာဇဒါကားလေးကို ကျပ် ၁၈၀၀၀ နဲ့ ဝယ်ခွင့်ရတော့ တန်ဖိုး တစ်ဝက်ငွေသွင်းပြီး ကျန်တစ်ဝက်ကို လခမှ အရစ်ကျလပေး (Installment) စနစ်နဲ့ အစိုးရကစီစဉ်ရောင်းပေးတာကို မှတ်မိပါတယ်။ အဲဒီခေတ်က အဖေ့ လစာနဲ့ ဆိုရင် ၁၅ ဆလောက်ရှိတဲ့ ဂျပန် ကားလေးကို မိသားစုနဲ့ စီးခဲ့ရတာကို အမှတ်ရနေပါတယ်။ အခုလည်းအဖေတို့ ခေတ်ကလို ဂျပန် K ကားသေးလေး တစ်စီးလောက် ဝယ်ပြီး မြန်မာပြည်မှာ စီးရင်ဘယ် လောက် ကုန်ကျမလဲလို့ ဂျပန်မှာရှိတဲ့ မြန်မာမိတ်ဆွေတွေကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ယခုကား ဟောင်းအပ်ပြီး ၁၉၉၅ မော်ဒယ်အထက် ဝယ်သွင်းခွင့်ရ ချိန်မှာ မြန်မာတွေ ကြိုက်တဲ့အင်ဂျင် ပါဝါများတဲ့ မတ်တူး ရွှေငါး၊ ဆာ့ဖ် စတဲ့ ကားတွေအလုအယက်မှာကြပြီး လေလံ အပြိုင်ဆွဲကြလို့ ဂျပန်လေလံဈေးကွက် မှာ အမြင့်ကားတွေ ဈေးသုံးလေးဆ တက်သွားပေမဲ့ အခြားဆလွန်းကား၊ ဗင်ကား၊ K ကားငယ်လေးတွေ အပါ အဝင် ကားအများစုဟာ မူလအတိုင်း ဈေး သက်သက်သာသာနဲ့ ဝယ်လို့ရပါ တယ်တဲ့။ နမူနာအနေနဲ့ အင်ဂျင် ပါဝါ ၂၀၀၀ စီစီရှိတဲ့ ၂၀၀၀ မော်ဒယ် တိုယိုတာမတ်တူးကို ဒေါ်လာ ၃၀၀၀၊ အင်ဂျင်ပါဝါ ၂၀၀၀ စီစီရှိတဲ့ ၁၉၉၈ မော်ဒယ် ကယ်ဒီးနား ဗင်တစ်စီးကို ဒေါ်လာ ၂၄၀၀၊ ၁၅၀၀ စီစီရှိတဲ့ ၂၀၀၀ ခုနှစ်၊ နစ်ဆန်းဆန်နီဆလွန်းတစ်စီးကို ဒေါ်လာ ၂၀၀၀ သာရှိကြောင်း သိရပါ တယ်။ ကားတွေကို ကွန်တိန်နာနဲ့ ထည့်ပို့ရင် အထိအခိုက်သက်သာပြီး ဆိပ်ကမ်း မှာပစ္စည်းအပျောက်အရှ နည်းတာမို့ ကွန်တိန်နာကို အများဆုံးအသုံးပြုကြကြောင်း၊ ဂျပန်က ရန်ကုန်အရောက် ကွန်တိန်နာတစ်လုံး ဒေါ်လာ ၄၀၀၀ လောက်ရှိပြီး K ကားလေးဆိုရင် ၅ စီး ဆံ့တာမို့ တစ်စီးဒေါ်လာ ၈၀၀ လောက် ပဲကျမယ်လို့ သိရပါတယ်။ ဒါကြောင့် K ကားလေးတစ်စီးကို ရန်ကုန်ဆိပ်ကမ်း အရောက်ဒေါ်လာ ၂၅၀၀(ကျပ်သိန်း ၂၀)လောက်သာ ရှိပါ မယ်။ ဆိပ်ကမ်းမှာ ပေးရမဲ့ CIF ဈေးပေါ်မှာ အကောက်ခွန်နဲ့ ကုန်သွယ်ခွန် နှစ်ရပ်ပေါင်း အခွန် ၆၅ ရာခိုင်နှုန်း (ကျပ်၁၃ ဒသမ၅ သိန်း)နဲ့ ကညန လိုင်စင် လုပ်ရာမှာ ပေးရမဲ့ FOB ၁၀၀ ရာခိုင်နှုန်း (ကျပ် ၁၂ ဒသမ ၅ သိန်း) စုစုပေါင်းကျပ် ၂၆ သိန်းလောက် ကုန်ကျမှာမို့ စုစုပေါင်း ကျပ် ၄၆ သိန်း လောက်နဲ့ဆိုရင် နံပါတ် ထွက်ပြီး ဂျပန် ကားတစ်စီးစီး နိုင်မယ်လို့ စိတ်ကူးကြည့် မိပါတယ်။ ဂျပန်မှာလို အင်ဂျင်ပါဝါနည်း ပြီး ဆီစားသက်သာတဲ့ ၁၀၀၀ စီစီ အောက်ကားလေးတွေကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အားပေး တဲ့အနေနဲ့ ဇိမ်ခံကား၊ အမြင့်ကားတွေနဲ့ မတူအထူး အခွန်လျော့ပေးမှုမျိုး ဒီမှာ ရှိမယ်ဆိုရင် ပိုမိုသက်သာ သွားမှာပါ။ လူကြိုက်များတဲ့ ဇိမ်ခံကား၊ အမြင့် ကားတွေကို လုဝယ်ကြလို့ တစ်စီးကို ဒေါ်လာ ၁၅၀၀၀ ကျော်လောက်ရှိနေ တဲ့အချိန် မှာ K ကားလေးတစ်စီးဟာ ဒေါ်လာ ၁၅၀၀ နဲ့ ၂၀၀၀ ကြားသာရှိပါတယ်။ သွင်းကုန်တန်ဖိုးနဲ့ တွက်ရင် ဒေါ်လာတစ်သန်းမှာဇိမ်ခံကား၊ အမြင့် ကား၆၀/၇၀စီးလောက်သာ သွင်းနိုင်ပြီး K ကားလေးတွေ သွင်းမယ်ဆိုရင် အစီး ၆၀၀/ ၇၀၀ လောက်သွင်းနိုင်တာ ကြောင့် ကားစီးနိုင်တဲ့လူဦးရေ ၁၀ ဆလောက် တိုးပွားလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာတွေ ညီညီညွှတ်ညွှတ် စည်းစည်းလုံးလုံးနဲ့ စနစ်တကျ ဝယ် တတ်ဖို့တော့လိုပါမယ်။ မတ်တူး၊ ရွှေငါး၊ ဆာ့ဖ်ကားတွေလို အလုအယက် အပြိုင် အဆိုင်လုပ်ကြမယ် ဆိုရင်တော့ ဂျပန် တွေကို လုပ်ကျွေးနေသလို ဖြစ်သွား နိုင်တာကိုလည်း သတိချပ်ဖို့လိုပါတယ်။ ဒါဆိုရင် မောင်ပန်းသီးလစာရဲ့ အဆ ၂၀ ကျော်နဲ့ အဖေတို့ခေတ်ကလို ဂျပန် လုပ်ကားလေးတစ်စီးဝယ်စီးနိုင်မယ်လို့ အတွေးနဲ့ ကြည်နူးနေမိပါတယ်။ ဂျပန်နိုင်ငံ လိုဖွံ့ဖြိုးပြီး နိုင်ငံကြီးမှာ ပင် အစိုးရနဲ့ ပြည်သူသဘောညီစွာနဲ့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး၊ လောင်စာဆီ ချွေတာရေးနဲ့ စီးပွားရေး တွက်ခြေကိုက်မှုတွေကို ဦးစားပေးပြီး Small is Beautiful ဆိုတဲ့စကားလို K ကားလေးတွေ ကိုပိုမိုသုံးစွဲအောင် စီစဉ်ခြင်းဟာ အတုယူထိုက်တဲ့ စံနမူနာ ကောင်းတစ်ခုလို့ မှတ်ယူမိပါကြောင်း တင်ပြလိုက်ရပါတယ်။ (မှတ်ချက်။ ။ K ဆိုတာ ဂျပန်လို Kei ရဲ့ အတိုကောက်ဖြစ်ပြီး ပေါ့ပါးခြင်းလို့ အဓိပ္ပာယ်ရတယ်လို့ သိရပါတယ်။)
အိုမင်းဟောင်းနွမ်းသော ပုဂ္ဂလိကပိုင် မော်တော်ကားများအစားထိုးလဲလှယ်ရေး အစီအစဉ်အရ မော်တော်ယာဉ်တင်သွင်းခွင့် အထူးပါမစ်ထုတ်ပေးမှုနဲ့ စပ်လျဉ်း၍ စာနယ်ဇင်းအဖွဲ့များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ Video Conferencing စနစ်ဖြင့် ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် ၁၀း၀၀ နာရီအချိန်မှာ ကျင်းပခဲ့ပါတယ်။ နေပြည်တော်ဖက်မှ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ ဝန်ကြီးရုံး ရုံးအဖွဲ့မှူး ဦးတိုးအောင်မြင့်၊ သွင်းကုန်လုပ်ငန်းဌာနညွှန်ကြားရေးမှူး ဦးကိုကိုမင်း၊ ပို့ကုန်သွင်းကုန် မူဝါဒနှင့် ဥပဒေလုပ်ငန်းများဆိုင်ရာ စိစစ်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန မူဝါဒဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးလင်းတို့ တက်ရောက်ကြပြီး မီဒီယာပိုင်းမှ Skynet up to date channel မှ Producer ဦးရွှေဦးနှင့်Presenter ဒေါ် ကြည်ပြာအောင်၊ ရန်ကုန်ဖက်မှ တက်ရောက်ကြသူများမှာ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဝင်းမြင့်နဲ့ The Voice Weekly, Weekly Eleven, Venus, 7 Day, ကုမုဒြာ၊ မော်ဒန်၊ ပြည်မြန်မာဂျာနယ်တို့မှ အယ်ဒီတာများ၊ သတင်းထောက်ချုပ်များ၊ သတင်းထောက်များ တက်ရောက်ခဲ့ကြပါတယ်။ သတင်းဌာနများရဲ့ ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများမှ ဖြေကြားချက်များကို ကောမတ်စ်ပရိသတ်များအတွက် ဖော်ပြလိုက်ပါတယ် မော်တော်ယာဉ်တင်သွင်းခွင့် အထူးပါမစ်နှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းချက်များ ကားဟောင်းအပ်တဲ့ စလစ်ကိုင်ဆောင်ထားပြီး ကားအပ်ဖို့ ၃လခွင့်ပြု ထား ပါတယ်။ ကား မဝယ်နိုင်သေးခင် ဘယ်ကာလအထိ ကိုင်ထားခွင့်ရှိပါသလဲ။ နောက်ထပ်ငွေ ဘယ်လောက်လိုက်ရမယ်ဆိုတာကို မခန့်မှန်းနိုင်သေး တဲ့အတွက် စလစ်ကို ထိုးအပ်လိုက်တာတွေ ရှိနေပါတယ်။ ဥပမာ-လေးဘီးကားဟောင်း တစ်စီးအပ်လျှင် ဒေါ်လာ ၃၅၀၀ တန် ကား တစ်စီးအတွက် နောက်ထပ်ဘယ်လောက်ကုန်ကျမလဲဆိုတာ နမူနာတွက်ချက်ပေး စေချင် ပါတယ်။ ကားအပ်ချိန်မှာ ပါမစ်မှာ ဖော်ပြထားတဲ့ အင်ဂျင်နံပါတ်၊ Chassis နံပါတ်၊ Frame နံပါတ်၊ Model Year များ၊ သင်္ဘော တင် ဆိပ်ကမ်း ကွဲလွဲမှုစတဲ့ ပြသနာများ ပေါ်ပေါက်လာလျှင် ဘယ်လိုဖြေရှင်းပေးနိုင်ပါသလဲ။ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး၊ပို့ကုန် သွင်းကုန် မူဝါဒနှင့် ဥပဒေလုပ်ငန်းများဆိုင်ရာစိစစ်ဆောင်ရွက်ရေးဌာန ကားဟောင်းအပ် စလစ်နဲ့ပတ်သက်ပြီး ယခုတွေ့ဆုံပွဲမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ မပါတဲ့အတွက် OSS အစည်းအဝေးမှာ တင်ပြပြီး ရန်ကုန်တိုင်း ညွှန်ကြားရေးမှူးရုံးမှ တစ်ဆင့် အဖြေကို ပြန်ကြား ပေးသွားပ့ါမယ်။ မိမိတို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ခွင့်ပြုထုတ်ပေးထားသော သွင်းကုန် အထူးပါမစ်ကို သက်တမ်း ၃ လ ခွင့်ပြု ပေးထားပါတယ်။ ကားဟောင်းအပ်နှံပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ သွင်းကုန် အထူးပါမစ်နဲ့ လျှောက်ထားတဲ့ ကားတန်ဖိုးပေါ်မူ တည်ပြီးပေးရပါမယ်။ သွင်းကုန်လိုင်စင် ကြေးများ ကို သတ်မှတ်ထားတဲ့ နှုန်းထားများအတိုင်း ဆိပ် ကမ်းရောက် တန်ဖိုးအပေါ်တရားဝင် Exchange Rate နဲ့ တွက်ပြီး တန်ဖိုးအပေါ် မူတည်ပြီး ကျပ် ၁၀၀၀၀ ကို လိုင်စင်ကြေး ၂၅၀ ကျပ်၊ ကျပ် ၁၀၀၀၁ မှ ၂၅၀၀၀ ကျပ်ထိကို လိုင် စင်ကြေး ၆၂၅ ကျပ်၊ ကျပ် ၂၅၀၀၁ မှ ၅၀၀၀၀ ထိ ကို လိုင်စင်ကြေး ၁၂၅၀ ကျပ်၊ ကျပ် ၅၀၀၀၁ မှ ကျပ်တစ်သိန်းထိကို လိုင်စင်ကြေး ၂၅၀၀ ကျပ် နှုန်းနဲ့ ကျပ်၁၀၀၀၀၁ မှ ၂၀၀၀၀၀ ထိကို ၅၀၀၀ ကျပ် ကောက်ခံ လျက်ရှိပါတယ်။ Online စနစ်နဲ့ လိုင်စင်လျှောက်ထားပါက Online ဆောင်ရွက်ခနဲ့ စာရွက်စာတမ်းကြေး အပါအဝင် နိုင်ငံတော် အတွက် ၄၀၀၀ ကျပ် ပေးသွင်းရပါမယ်။ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဒီစရိတ် တွေပဲရှိပါတယ်။ ကားဆိပ်ကမ်းသို့ ရောက်ရှိတဲ့ အခါ ဆိပ်ကမ်းရောက်တန်ဖိုး အပေါ် အကောက် ခွန်လုပ်ထုံးလုပ်နည်းအရ အကောက်ခွန်ပေး ဆောင်ရပါတယ်။ ဆက်လက်ပြီး အကောက်ခွန် ဌာနရဲ့ တွက်ချက်မှုအရ ကုန်သွယ်လုပ်ငန်းခွန်၊ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ကြေးများပေးဆောင်သွားရမှာဖြစ်ပါတယ်။ Invoice မှာပါတဲ့ ဖော်ပြချက်တွေအတိုင်း စီးပွားရေးနဲ့ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အထူးသွင်းကုန်ပါမစ်မှာ ဖော်ပြပြီးခွင့်ပြုပေးတာ ဖြစ်ပါတယ်။ ကညနမှာ ကားဟောင်းအပ်တဲ့ စလစ်မှာပါတဲ့ ကားဟောင်းပိုင်ဆိုင်သူ အမည်နဲ့ အထူး သွင်းကုန်ပါမစ်ထုတ်ပေးပါတယ်။ သို့သော် တစ်ခါတစ်ရံ အကြောင်းအမျိုးမျိုးကြောင့် Special Power လွှဲအပ်ခံရသူက လာရောက်လျှောက် ထားတာမျိုးလည်း ရှိပါတယ်။ မူဘောင်အတွင်းလွဲမှားမှုကို စိစစ်ပြီး ပြင်ဆင်ချက် ချက်ချင်းထုတ်ပေးပါတယ်။ လျှောက် ထားသူ ကားပိုင်ရှင်များအနေနဲ့ အခက်အခဲ မရှိ လောက်ပါဘူးလို့ ဖြေကြားလိုပါတယ်။ အထူးပါမစ်ရသွားပြီးမှ ပါမစ်မှာ ဖော်ပြတဲ့အတိုင်းမကိုက်ညီလျှင် ဘယ်လိုအရေးယူပါသလဲ။ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး၊ ခွင့်ပြုတဲ့အခါ ဘယ်အမျိုးအစား၊ ဘယ်မော်ဒယ်၊ ဘယ်နှစ်ထုတ်ဆိုတာ ဘောင်လေးတွေ ထုတ်ပြန် ကြေညာသွားပြီးဖြစ်ပါတယ်။ Toyota Saloon ၁စီးဟာ ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ Model အတွင်း ထုတ်လုပ်တဲ့ ကားတွေတင်သွင်း ခွင့်ပြုပေးထားပါတယ်။ ပထမ အထူးပါမစ် လျှောက်ထားစဉ်က ၂၀၀၀ ခုနှစ်က Model ကိုဝယ်ယူရရှိ ထားပြီး ဖြစ်လို့၂၀၀၀ ခုနှစ်ထုတ်အနေနဲ့ Invoice တင်ပြပြီး အထူးပါမစ် လျှောက်ပါတယ်။ ၂၀၀၀ ခုနှစ်ထုတ် တိုယိုတာစလွန်းကား ၁ စီးလို့ အသေး စိတ် အချက်အလက်များ ဖော်ပြပြီး ပါမစ်ထုတ် ပေးထားပါတယ်။ ဥပမာ- ဆိပ်ကမ်းရောက်လာတဲ့ အခါ ၂၀၀၀ ခုနှစ်လို့ ပြောပေမယ့် နှစ်အပြောင်း အလဲ အရှုပ်အထွေးများ ဖြစ်တတ်ပါတယ်။ ၂၀၀၁ ခုနှစ်နဲ့ သွားချိတ်တတ်တာလေးတွေ ရှိတတ်ပါတယ်။ ၂၀၀၂ ထိ ခွင့်ပြုပေးထားတာမို့ ဒီလို ဘောင်အတွင်းက အမှားအယွင်းမျိုးကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အထူး ပါမစ်ဌာနကိုလာလျှောက်လျှင် ပြင်ဆင်ခွင့်ပြု ပေးပါတယ်။ အောင်ဖြိုးမာန်၊ ကုမုဒြာဂျာနယ် ကားစီးရေဘယ်လောက်အတွက် ပါမစ် ထုတ်ပေးထားပြီးပါပြီလဲ။ ဦးကိုကိုမင်း၊ ညွှန်ကြားရေးမှူးသွင်းကုန်လုပ်ငန်းဌာန အထူးပါမစ်ထုတ်ပေးရေး OSS အဖွဲ့အနေနဲ့ စက်တင်ဘာလ ၁၉ ရက်မှ အောက်တိုဘာ ၇ရက် အထိ ကားအစီးရေ ၂၀၄၀ စီးအတွက် ပါမစ် ထုတ်ပေးထားပြီးဖြစ်ပါပြီ။ ကားတင်သွင်းတဲ့အခါ လျှောက်ထားတဲ့ မော်ဒယ်နဲ့ မကိုက်ပေမယ့် ခွင့်ပြုထားတဲ့ ဘောင်ထဲဝင်လျှင် ပြင်ဆင်ခွင့်လျောက်ထားလို့ ရတယ်လို့ သိရပါတယ်။ အဲ့ဒိလိုလျောက်ထားတဲ့အခါမှာ ဘာများလိုအပ်ပါသလဲ။ လျှောက်ထားတဲ့ မော်ဒယ်နဲ့ သွင်းလာတာ မတူညီမှုများအတွက် ဒဏ်ရိုက်ဖို့အစီအစဉ်ရှိပါသလား၊ ဦးကိုကိုမင်း၊ ညွှန်ကြားရေးမှူး မော်ဒယ် Year လွဲမှားပြီး ဆိပ်ကမ်းကို ရောက်ရှိလာတာနဲ့ပတ်သက်လို့ သတ်မှတ်ပေး ထားတဲ့ ဘောင်အတွင်းလွဲမှားမှုအတွက် ပြင်ဆင်ချက် လာလုပ်ရပါမယ်။ သင်္ဘောတင် အထောက် အထား၊ သွင်းကုန်ပါမစ်မူရင်းနဲ့လာပြီး ပြင်ဆင်ရပါမယ်။ စီးပွားကူးသန်းပါမစ်ထုတ်ပေးရေး OSS အဖွဲ့မှာ လာရောက်ပြင်ဆင်ပြီးပါက ဆိပ်ကမ်း၊ အကောက်ခွန်တို့ကို တင်ပြရင် ဆက်လက်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အရေးယူမှုရှိမှာ မဟုတ်ပါဘူး။ ကားတင်သွင်းသူအနေနဲ့ သင်္ဘောတင် တန် ဆာ (BL) ရရှိတာနဲ့ တစ်ပြိုင်နက် ကားဆိပ်ကမ်း မရောက်မီမှာ ပါမစ်မှာ ဖော်ပြထားတဲ့ အချက် အလက်များ၊ Classification များ ကွဲလွဲတယ်ဆို တာနဲ့ ပါမစ်မူရင်းယူလာပြီး စီးပွားကူးသန်းဝန်ကြီး ဌာန အထူးပါမစ်ထုတ်ပေးရေးအဖွဲ့ကို လာရောက်ပြင်ဆင်ရန် လိုအပ်ပါတယ်။ ပြင်ဆင်ချက်ကို နေ့ချင်းပြီး ဆောင်ရွက်ပေးသွားပါမယ်။ Invoice မှာပါတဲ့ အတိုင်းခွင့်ပြုပေးတယ်လို့ သိရပါတယ်။ရရှိထားပြီးသား Invoice တွေ အထူး ပါမစ်တွေအတိုင်း အတိအကျ မလွဲ မမှားဘဲ သွင်းလို့ရနိုင်ပါသလား။ ဦးကိုကိုမင်း၊ ညွှန်ကြားရေးမှူး ပါမစ်တွေ ခွင့်ပြုတဲ့အခါ Invoice မှာပါ တဲ့အချက်အလက်နဲ့ သတ်မှတ်ချက်များ ကိုက် ညီလျှင်ပါမစ် ထုတ်ပေးပါတယ်။ ပါမစ်အတိုင်း တိတိကျကျ မှန်မှန်ကန်ကန်သွင်းလျှင်ဘာပြဿနာ မှ မရှိပါဘူး။ အချို့အချက်အလက်အပေါ် နည်းနည်းပါးပါး လွဲမှားမှုရှိလျင် ပြင်ဆင်ပေးနိုင်ပါတယ်။ ှုInvoice, ပါမစ်အတိုင်း မှန်မှန်ကန်ကန်လုပ်လျှင် အကောင်းဆုံးပါပဲ။ မှားသွားလို့ ပြန်အပ်ပါ ဆိုတာမျိုး ယနေ့ထိ လုပ်ဆောင်ခြင်းမရှိသေးပါ ဘူး။ ခွင့်ပြုပြီးသားပါမစ်များကို ပြန်လည် ရုပ်သိမ်း ခြင်း တစ်ခါမျှမရှိဘူးပါ။ တချို့ပါမစ်တွေကို ဖုန်းနဲ့ညွန်ကြားပြီး ပယ်ဖျက်တယ်လို့ ကြားသိရလို့ မေးနေတာပါ။ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး၊ OSS မှာပါတဲ့ဌာနတွေရဲ့ စက်တင်ဘာလ ၁၅ရက်မှ ၁၈ရက် အတွင်းညှိနှိုင်းမှု ၃-၄ ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ခွင့်ပြုနိုင်မဲ့ Year Model တွေကိုနေပြည်တော်-ရန်ကုန် စီးပွားကူးသန်း ရုံး တွေကကြော်ငြာဘုတ် တွေမှာ ကပ်ထားပါတယ်။ ကားအဟောင်းအပ်တဲ့နေရာတွေမှာလည်း အသိ ပေးထားဖို့ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာနနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်ထားပါတယ်။ မှားယွင်းလို့ လိုင်စင်ပြန်သိမ်းရခြင်းမျိုး မရှိအောင် ဂရုပြုလုပ်ဆောင် ပေးလျှက် ရှိပါတယ်။ ကြော်ငြာဘုတ်မှာ ကပ်ထားတာကို ယခုအချိန်ထိ ပြင်ဆင်ဖြည့်စွက်ခြင်း လုံးဝမလုပ်သေးပါ။ နိုင်ငံ ပေါင်းစုံ တရုတ်၊ဂျပန်၊ကိုရီးယား၊ ဥရောပ၊ အာရှ နိုင်ငံတွေရဲ့ ကားမျိုးစုံတွေသွင်းနိုင်ဖို့ အတွက် ကပ်ထားပါတယ်။ ညှိနှိုင်းလို့မပြီးပြတ်သေးတဲ့ကိစ္စတွေကို ဌာနက တာဝန်ရှိသူပုဂ္ဂိုလ်တွေနဲ့ အပတ်စဉ် အစည်းအဝေးလုပ်ပြီး ဖြေရှင်းပေးနေပါတယ်။ လိုအပ်လျှင်လိုအပ်တဲ့အချိန်မှာ ခေါ်ယူအစည်း အဝေးလုပ်ပါတယ်။ Bi Weekly Eleven မှာ ရေးထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုလျှင် ကားတစ်မျိုးက Wagon မှာရော Sedan မှာပါ Sub Brand ရှိနေတယ်။ အခုပါမစ်ပေး လိုက် Saloon Hatchback အမျိုး အစားတူ ၂၀၀၂ မော်ဒယ်ဘောင်အတွင်းက ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝိဝါဒ မကွဲပြား ဘဲဖြစ်နေတာ က Wagon အုပ်စုမှာလည်း ဒီ Sub Brand နဲ့ ရှိနေတာဖြစ်တဲ့အတွက် တကယ်လို့များ အခု သွင်းလာတဲ့အခါ Wagon အုပ်စု ဖြစ်နေပြီး1999 model ထက်ကျော်သွားလျင် ရန်ကုန် ဆိပ်ကမ်း ရောက်တဲ့အခါ အခက်အခဲမဖြစ်အောင် သတိပြုမိအောင်လို့ သတိပေးခြင်းဖြစ်ပါတယ်။ လိုအပ်လျင် ကူညီပေးဖို့၊ လဲလှယ်ပေးဖို့ ဆက်သွယ် ညှိနှိုင်းခဲ့တာ သာဖြစ်ပါတယ်။ Spec အတိုင်း တင်သွင်းတာ အတွက် အရေးယူဆောင်ရွက်ခြင်း မရှိပါဘူးလို့ ဖြေကြားလိုပါတယ်။ အောင်သူရသတင်းထောက် (7 DAY JOURNAL) ပါမစ်သက်တမ်း(၃)လရှှိတယ်လို့ပြော သွားပါတယ်။ (၃)လကျော်သွားလျှင် သက်တမ်းတိုးလို့ ရပါသလား။ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး၊ အထူးပါမစ်ထုတ်ပေးတဲ့ အစီအစဉ်တွေ မှာ ပထမကားဟောင်း အပ်ရပါတယ်။ နိုင်ငံခြား ကုမ္ပဏီနဲ့ ဆက်သွယ်ပြီးကားဝယ်ဖို့လုပ်ရမယ်။ငွေ လွှဲပို့ပေးမယ်လို့အာမခံပြးီမှ စီးပွား ကူးသန်းဝန်ကြီး ဌာနမှာ သွင်းကုန်အထူး ပါမစ်လာလျှောက်ထား ကြတာ ဖြစ်ပါတယ်။ တင်သွင်းလာမဲ့ ဆိပ်ကမ်းကို ကြည့်တော့ ဂျပန်၊ စင်ကာပူ ဆိပ်ကမ်းတွေ အများဆုံးဖော်ပြထားပါတယ်။ ဒီခရီးက အချိန်(၃) လဆို လုံလောက်ပါတယ်။ သို့သော် အကြောင်း တစ်စုံတစ်ရာကြောင့် ဝယ်သူဘက်က မဟုတ်ဘဲ ရောင်းသူဘက်ကြောင့် နှောင့်နှေး ကြန့်ကြာမှု ရှိပါက တင်ပြလျှင် စဉ်းစား ဆောင်ရွက်ပေးမယ် လို့ဖြေကြားလိုပါတယ်။ ကားပါမစ်တွေယူထားပြီး သက်တမ်းတွေ လာတိုးနေလျှင် အခက်အခဲတွေ ရှိလာ နိုင်ပါတယ်။တကယ်လုံလောက်တဲ့ ခိုင်လုံ ချက်အကြောင်းများကြောင့်ဆိုလျှင် တိုးပေးပါမယ်။ ဇင်သော်၊ သတင်းထောက် (မော်ဒန်) ကားဟောင်းအပ်နှံတဲ့စလစ်ရပြီး ဘယ်ကာလ အတွင်းပါမစ်လာထုတ်ရမယ်ဆိုပြီး အချိန်သတ်မှတ်ထားတာ ရှိပါသလား သိချင်ပါတယ်။ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး အချိန်သတ်မှတ်ထားတာ လောလောဆယ် မရှိပါ။ဒါပေမဲ့ ဒီဟာနဲ့ပတ်သက်ပြီးနောင် OSS အဖွဲ့အစည်းမှာ တင်ပြပေးပြီး သင့်လျော်တဲ့ သက်တမ်းတစ်ခု သတ်မှတ်ဖို့ဆွေးနွေးသွားပါမယ်။ ယခု ကားတင်သွင်းခွင့် ပါမစ်ကိစ္စများကို ဆောင်ရွက်ရာမှာ ၉၉ ရာခိုင်နှုန်းဟာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများက လုပ်နေတယ် လို့သိရပါတယ်။ နိုင်ငံတော် အစိုးရက ယခုလိုကားဟောင်း လဲလှယ် တင်သွင်းခွင့် ပေးခြင်းဟာ ပြည်သူလူထု သက်သာချောင်ချိရေး လုပ်ပေးတဲ့ ရည်ရွယ်ချက်လို့ သိရပါတယ်။ ယခုကား တင်သွင်းခွင့် လျှောက်ထားရာမှာ စာရွက်စာတမ်း အထောက်အထားများပြီး အဆင့်များနေလို့ု့ ကြန့့််ကြာမှုတွေ ရှှိ တယ်လ်လိို့ိ့ ကြားသိရပါတယ်။ အဆင့်လျှော့ချပေးနိိုင်မှုရှှိ၊ မရှှိ သိပါရစေ။ လိိုင်စင် လာလျှောက်တဲ့ဲ့အခါ အဓိကကြုံတွေ့နေရတဲ့ဲ့ အခက်အခဲများအပေါ် အကြံပြုချက်ကိိုလည်းသိပါရစေ။ ဦးကိုကိုမင်း၊ ညွှန်ကြားရေးမှူး ကားတင်သွင်းခွင့်ပါမစ်လာလျှောက်တဲ့ သူထဲ မှာ ပိုင်ရှင်အနည်းစုသာဖြစ်ပြီး အများစုကတော့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများသာဖြစ်ပါတယ်။ ပထမ ၃-၄ ရက်အတွင်းမှာ ကားဟောင်း ပိုင်ရှင် ကိုယ်တိုင် လာရောက်ပေမယ့် အများစုဟာ ပြည်ပ နိုင်ငံက ကားဝယ်ယူတာနဲ့ပတ်သက်လို့ အကျွမ်း တဝင်လုပ်နိုင်တဲ့သူရှားပါတယ်။ အဲဒီအချိန်မှာ နိုင်ငံ တကာကားနဲ့ပတ်သက် ကျွမ်းကျင်တဲ့ သူတွေပေါ် လာလို့ နောက်ပိုင်း အဲဒီကုမ္ပဏီတွေကပဲ စုစည်းပြီ အများစုကို ဆောင်ရွက်ပေးလာတာဖြစ်ပါတယ်။ One Stop Service မှာ ပါမစ်လျှောက်ထား မယ်ဆိုရင် အဓိက အရေးကြီးတာက ကညနကို ကားအပ်စဉ်ထုတ်ပေးတဲ့ပုံစံ 'ဃ' အထောက် အထားပါရပါမယ်။ အစပိုင်းမှာ တချို့က အဲဒီပုံစံ 'ဃ'တစ်ခုပဲယူလာကြပါတယ်။ အဓိကတော့ အထောက်အထား ၄ခု လိုပါတယ်။ ပုံစံ'ဃ'၊ နောက်ကား ပိုင်ရှင်မှ နိုင်ငံခြားနဲ့ အရောင်းအဝယ်လုပ်ဖို့ MICB မှာ Account ဖွင့်ထားတဲ့စာအုပ်ပြရမယ်၊ နောက်ပြီး Sale Contract (သို့) Invoiceပါရမယ်၊ကိုယ်တိုင်လျှောက်ရင် မှတ်ပုံတင်မူရင်း ပါရမှာဖြစ်ပြီး တကယ်လို့ ကိုယ် တိုင်မ ဟုတ်ရင် Special Power လိုအပ်ပါ တယ်။ စပြီးဆောင်ရွက်တဲ့စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လာရောက်တဲ့ သူတွေထဲမှာ စာရွက်စာတမ်းအပြည့်အစုံပါသူ အားလုံးကို နေ့ချင်းပြီးလုပ်ပေးပါတယ်။ အောက်တိုဘာလ ၇ ရက် တစ်ရက်ထဲမှာပဲ ၄၁၂ စီးအတွက် ပါမစ် ထုတ်ပေးခဲ့ပါတယ်။ ပုံမှန်ဆိုရင် အစောင် ၁၀၀-၂၀၀ရှိတဲ့ရက်မှာ ည ၈နာရီ-၉နာရီမှာ ပြီးပေမဲ့ အဲဒီနေ့က ည ၁၂ နာရီ-၁နာရီ ထိ အပြီး လုပ်ပေးပါတယ်။ နောက်ပိုင်းလည်း ပါမစ်ထုတ် သူ တိုးလာမှာဖြစ်လို့ လိုအပ်တဲ့ စက်ပစ္စည်း၊ နည်းပညာနဲ့လူအင်အားတွေနဲ့တိုးပြီး ဆောင်ရွက်ဖို့ အသင့်ပြုလုပ်ထားပါတယ်။ ပါမစ် လုပ်ရာ မှာ ပါရမယ့် အထောက်အထားများကို ကညန ရဲ့ပြည်နယ်တိုင်းဒေသကြီးအတွင်း ကား လက်ခံတဲ့ ဌာန ၁၈ ခုမှာလည်း ကြိုတင် ဖြန့်ဝေအသိ ပေး ထားပါတယ်။ လတ်တလောကုမ္ပဏီတွေကို ကားတင် သွင်းခွင့် ပါမစ်ထုတ်ပေးနေပြီ ဆိုတဲ့ သတင်းတွေ ထွက် နေပါတယ်။ ကုမ္ပဏီ တချို့က ပြောတာ တော့ ကားတင်သွင်းခွင့်မရသေးဘူးလို့ ဆိုပါတယ်။ အဲ့ဒါ ဟုတ်မဟုတ်နဲ့ နောက်တစ်ခုက တော့ ကားတင်သွင်းခွင့် ပါမစ်အတုပေါ်နေတဲ့ ကိစ္စကို ဘယ်လို ဖြေရှင်းဆောင်ရွက်မလဲ ဆိုတာ သိပါရစေ။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး နံပါတ်(၁)မေးခွန်းဖြစ်တဲ့ကုမ္ပဏီတွေကို ကား ပါမစ်ထုတ်ပေးဖို့ ကိစ္စကိုညှိနှိုင်း တင်ပြထားဆဲ ဖြစ်ပါတယ်။ဆက်လက်ပြီး ဆောင်ရွက် သွားမဲ့အစီ အစဉ်ထဲမှာ ပါရှိပြီးဖြစ်ပါတယ်။ ဒုတိယမေးတဲ့ ကားပါမစ်အတုကိစ္စ အနေနဲ့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာန နေပြည်တော်ရုံးချုပ် မှာမော်တော် ကားပါမစ်ထုတ်ပေးရာမှာအကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့နဲ့ One Stop Services အဖွဲ့နဲ့ တစ် ထိုင်ထဲ စိစစ်ပြီး ပါမစ်များထုတ်ပေးနေတာဖြစ်ပြီး၊ ထုတ်ပေးတဲ့ ပါမစ်များကို သက်ဆိုင်ရာဌာန များ ကို မိတ္တူပေးပို့ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ အခုလက်ရှိ ဆောင် ရွက်နေတဲ့ သွင်းကုန်အထူးပါမစ်ပေးတဲ့ အစီ အစဉ်မှာ ယာဉ်အိုယာဉ်ဟောင်းများကို လဲလှယ်တဲ့ မော်တော်ကားဟောင်းပိုင်ရှင ်တစ်ဦးချင်းကိုပဲ ထုတ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဘဏ်ထဲမှာ ဒေါ်လာ ၃ သောင်းသွင်းထား တဲ့ဲ့ ပြည်ပမှာ သွားရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေနဲ့ သင်္ဘောသားတွေကို ကားတင်သွင်းခွင့် ပြုမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ကားတင်သွင်းခွင့်ရှိပြီလား သိပါရစေ။အောင်သူရသတင်းထောက် (7 DAY JOURNAL) ပြည်ပမှာအလုပ်လုပ်သူများအတွက် ကားတင်သွင်းခွင့်ကို ၂၀၁၁ ခုနှစ်အတွင်း ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ သိပါရစေ။ အားမာန်အမှုဆောင်အယ်ဒီတာ(7 DAY JOURNAL) ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောထားတဲ့ နိုင်ငံခြားငွေရရှိနေတဲ့ သင်္ဘောသား အလုပ်သမား၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများအား ကားတင်သွင်းခွင့်ပြုမှုကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ဘယ်တော့လောက် ခွင့်ပြုနိုင်မလဲ သိပါရစေ။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး ပြည်ပမှာ တရားဝင်သွားရောက် လုပ်ကိုင်နေ တဲ့ အလုပ်သမားများ၊ သင်္ဘောသားများနဲ့ပြည်ပ ပို့ကုန် လုပ်ငန်းရှင်များဟာ နိုင်ငံတော်အတွက် ဝင်ငွေရှာပေး နေသူတွေဖြစ်လို့ ကားတင်သွင်းခွင့် ပြုဖို့ ဆောင်ရွက်နေပါတယ်။ ပထမအဆင့် ကား ဟောင်းလဲလှယ်မှု ဆောင်ရွက်နေတာဖြစ်ပြီး ဒုတိ ယအဆင့် Show Room ဖွင့်ဖို့ကိစ္စဆောင်ရွက် ပြီးတာနဲ့ နိုင်ငံခြားမှာသွားရောက်အလုပ် လုပ်နေ သူ၊ ပြည်ပပို့ကုမ္ပဏီတွေအတွက်ကိုလည်း တစ်ဆင့် ပြီး တစ်ဆင့် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ရှေ့မှာပြောခဲ့သလို ပြည်ပတွင် တရားဝင်လုပ်ကိုင်မှုများ အတွက် ကားတင်သွင်း ခွင့်ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်လို့ ရက်သတ်မှတ်ပြီး မပြောလိုပါဘူး။ ဘက်စ် ကားတင်သွင်းရေးနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေမှာ ဈေးနှုန်း အရမ်းကြီးမြင့်တာရှိလို့ နိုင်ငံတော်အပိုင်းမှ ဈေးနှုန်းပြင်ဆင်မှု တွေရှိပါသလား သိပါရစေ။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး အထူးပါမစ်တင်သွင်းမှုကိစ္စ စတင်ဆောင်ရွက်ဖို့သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့နဲ့ တင်သွင်း ခွင့်ပြုနိုင်တဲ့ကားတွေရဲ့မော်ဒယ်နဲ့အမျိုးအစား သတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး ညှိနှိုင်းအစည်း အဝေးထိုင်ပြီးတာ (၄) ကြိမ်ရှိပါပြ၊ီ မော်တော်ကား တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ဌာနတွေရဲ့ တင်ပြ ညှိနှိုင်းမှု အပေါ်မှာ အခြေခံပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။စပြီးခွင့်ပြုစဉ်ကတည်းက ထုတ်လုပ်တဲ့ နိုင်ငံမှာကန်ဒေါ်လာ ၃၅၀၀ နဲ့ထရပ်ကားကြီးတွေ၊ ဘတ်စ်ကားကြီးတွေ ဝယ်ယူတင်သွင်းလို့မရနိုင် ဘူးဆိုတာ သတိပြုမိပါတယ်။ ဒါ့ကြောင့် မို့ ထရပ် ကားဆိုရင် ဆိပ်ကမ်းမှာရောက်တဲ့ တန်ဖိုး ဒီထက် ပိုပြီးများဖို့၊ဘတ်စ်ကားဆိုရင်လည်း ဆိပ်ကမ်း အရောက် တန်ဖိုးဒေါ်လာ၃၅၀၀ထက်ပိုမယ်ဆိုတဲ့ အကြောင်း ခွင့်ပြုချက်တင်ပြခဲ့ပါတယ်။ ဒါ့ကြောင့် ထရပ်ကားတွေရဲ့ တန်ဖိုးကို ဆိပ်ကမ်းအရောက် ဒေါ်လာ ၁၂၀၀၀နဲ့ ဘတ်စ်ကားတွေရဲ့ တန်ဖိုးကို ဒေါ်လာ ၁၅၀၀၀နဲ့ ခွင့်ပြုပေးဖို့ ဆောင်ရွက်ပြီးဖြစ် ပါတယ်။ ဆက်လက်ပြီး Procedure တွေ ဖြေလျှော့ဖို့ မေးမြန်းတာတွေရော၊ ကျွန်တော်တို့ရဲ့ လုပ်ငန်း တွေကို နားလည်လာဖို့အတွက်ပါ အနည်းငယ် ရှင်းပြလိုပါတယ်။ ကားဟောင်းအပ်နှံပြီး အစားထိုး တင်သွင်းမှုအပေါ်မှာ ကားတင်သွင်းခွင့် အထူး ပါမစ်တွေ ထုတ်ပေးစဉ် တွေ့ကြုံရတဲ့အခက် အခဲ များ နေ့စဉ်ကြုံတွေ့နေရတဲ့ ပေါ်ပေါက်နေရတဲ့ အခက် အခဲများပေါ်မူတည်ပြီး သက်ဆိုင်ရာOne Stop မှာပါတဲ့ ဌာနဆိုင်ရာအဖွဲ့တွေနဲ့ နေ့စဉ် အဖြေရှာလျက်ရှိနေပါတယ်။ ကားတင်သွင်းခွင့် ပါမစ်လျှောက်ထားရာမှာ တချို့နိုင်ငံတွေမှာ ဒေါ် လာနဲ့ လက်မခံတာတွေရှိနေလို့ ဘယ်နိုင်ငံတွေမှာ LC ဖွင့်ရင် ဘယ်လိုငွေကြေးနဲ့မှ ဖွင့်လို့ အသုံးပြုလို့ ရတယ်ဆိုတာကို ကြိုတင်ကြေညာထားဖို့ ဘဏ်နဲ့ ညှိနှိုင်းထားပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေး လုပ် ထုံး လုပ်နည်းအရဘဏ်မှာ ကိုယ်ပိုင် ဒေါ်လာ Account ရှိမှသာတင်သွင်းခွင့်ပြုတာဖြစ်ပေမဲ့ အထူးပါမစ်မို့ ယခုကားလဲလှယ်တင်သွင်းရာမှာ နိုင်ငံခြား ငွေ Account မရှိသူအတွက် အခြား Account ကနေပြီး ကားဖိုးကို ပေးချေခွင့်ပြုထား ပါတယ်။ နိုင်ငံတော်က စေတနာနဲ့ ဆောင်ရွက်တာ ဖြစ်လို့ စီးပွားကူးသန်းတစ်ခုထဲရဲ့ သဘောနဲ့မဟုတ် ဘဲ ဘဏ်နဲ့ ညှိနှိုင်းဆောင်ရွက်တာဖြစ်ပါတယ်။ ဒေါ်လာနဲ့ ပေးချေလို့မရတဲ့ နိုင်ငံတွေမှာ ဝယ်တဲ့ အခါ စီးပွားကူးသန်းနဲ့ ဘဏ်ညှိနှိုင်းပြီး လုပ်ထုံး လုပ်နည်းနဲ့အညီ ငွေလဲလှယ်ပေးချေဖို့ ညှိနှိုင်း ထားပြီး ဖြစ်ပါတယ်။ ကုန်သွယ်မှုသဘော မဟုတ် ဘဲ မော်တော်ယာဉ် ဟောင်းပိုင်ရှင်တွေကို ကား လဲလှယ်ခွင့် ပေးထားတာဖြစ်ပါတယ်။ အသေးအမွှားကွဲလွဲတဲ့ ကိစ္စတွေကို အကောက်ခွန်ရဲ့ သတ်မှတ်ချက်လုပ်ထုံးလုပ်နည်း အတိုင်းပဲ လုပ်ဖို့ သဘောတူထားပါတယ်။ ဒီနိုင်ငံ ထဲကို တခြားနည်းနဲ့ ရောက်ရှိနေတဲ့ ကားများကို အထူးပါမစ်နဲ့ ခွင့်မပြုဖို့ ညှိနှိုင်းထားသလို မရိုး မသားလုပ်တဲ့ကားများကိုလည်း သိမ်းဆည်းမယ်လို့ ကြေညာထားပါတယ်။နောက်ပြီး Model / Years ကွဲလွဲချက်များကို မူလခွင့်ပြုချက်ဘောင်အတွင်းက ကွဲလွဲမှုရှိရင် သတ်မှတ်တဲ့ ဒဏ်ကြေးနဲ့ ပေးသွားဖို့ ဆောင်ရွက်ထားပြီး ပါမစ်သက်တမ်းကျော်လွန်မှ ရောက်လာတဲ့ကားများကို ဒဏ်ရိုက်အရေးယူ သွားမှာ ဖြစ်ပါတယ်။ ကွဲလွဲမှုများကို ဆိပ်ကမ်း မရောက်မီ စီးပွားကူးသန်းမှာ ပြင်ဆင်၊ တင်ပြတာ တွေလုပ်ရင် ဒဏ်ကြေးပေးဖို့မလိုပါဘူး။ ကုန်သွယ် ရေးရဲ့ လုပ်ထုံးလုပ်နည်းအရ ဆိပ်ကမ်းရောက်ပြီးမှ ပြင်ဆင်ခွင့်မပြုပါဘူး။ Ceilng Limmit ရဲ့ Upper Limmit နဲ့ Lower Limmitထက် ပိုပြီးနိမ့်တဲ့၊ မြင့်တဲ့ကားများ တင်သွင်းခြင်းကို ညှိနှိုင်းခြင်းမရှိဘဲ ပြစ်ဒဏ်ချအရေးယူသွားမှာဖြစ်ပါတယ်။ဈေးကွက် အတွင်း ဈေးနှုန်းကြီးမြင့်မှု သက်သာစေရန် Sub -Brand သီးခြားသတ်မှတ်ခြင်းမပြုဘဲ ကြော်ငြာ ဘုတ်မှာ ကြော်ငြာထားတဲ့ ကားများအားလုံးကို တင်သွင်း ခွင့်ပြုဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ မိမိနိုင်ငံသားရဲ့ အကျိုးကို ရှေ့ရှုပြီး Seller ဈေး ကွက်မှာ ဈေးဆွဲတင်လို့ မရမယ့် ဈေးကွက်ထိန် သိမ်းနိုင်မယ့် နည်းလမ်းတွေကို ဝိုင်းဝန်းစဉ်းစားပြီး ဆက်လက်အကောင်အထည်ဖေါ်လုပ်ဆောင်သွား ရပါမယ်။ ဒါကြောင့် ShowRoom တွေမှာ ကား ဟောင်းတွေ လဲလှယ်ရမယ့် ဒေါ်လာ ၃၅၀၀ အတွင်း တန်ဖိုးရှိကားများ ရောင်းချနိုင်ရေး လုပ်ထုံး လုပ်နည်း တင်ပြဆောင်ရွက်ထားဆဲ ဖြစ်ပါတယ်။ ဒေါ်ကြည်ပြာ၊SKYnet Presenter ဂျာနယ်တွေမှာဖေါ်ပြနေတဲ့ ဒေါ်လာ ၅၀၀၀ နဲ့ ဘာကားမှဝယ်လို့မရဘူးလို့ ပြောနေတာတွေကို ဖြေကြားပေးစေလိုပါတယ်။ ဈေးနှုန်းနဲ့မသတ်မှတ်ဘဲ မော်ဒယ်အမျိူးအစားနဲ့ သတ်မှတ်ပေးသင့်တယ်လို့ ဂျာနယ်တွေမှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး သဘောထား သိလိုပါတယ်။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး ဥပမာ တိုယိုတာ၊ ဆလွန်းဆိုရင် ၁၉၉၅ မှ ၂၀၀၂ ခုနှစ်အတွင်း ကားများကို တင်သွင်းခွင့် ပေးထားတယ်။ တခြားကားတွေကိုလည်း ခုနှစ် အလိုက်၊ ယာဉ်အမျိုးအစားအလိုက် ၊ မော်ဒယ် အလိုက် သတ်မှတ်ပေးထားပါတယ်။ အကျုံးဝင် အောင်လည်း ဆောင်ရွက်ပေးထားပါတယ်။ One Stop Service နဲ့ မပြတ်ရင် သက်ဆိုင်ရာဌာနနဲ့ ညှိပြီး လုပ်ပေးနိုင်သမျှ မူဘောင်ထဲက တတ်နိုင် သမျှအတတ်နိုင်ဆုံး လုပ်ပေးသွားပါမယ်။ ကားဈေး တွေ ကို Internet တွေမှာ ကြည့်နိုင်ပါတယ်။ ကြိုက်တဲ့လူများလို့ ဈေးများသွားပေမဲ့ ခွင့်ပြုငွေ ပမာဏဘောင်ထဲမှာဝယ်လို့ရတဲ့ကားတွေရှိပါတယ်။ ဒုတိယမေးခွန်းအနေနဲ့ ကားဟောင်းပိုင်ရှင် များအတွက် အထူးအစီအစဉ်ဖြစ်ပါတယ်။ နိုင်ငံ ခြားငွေ လက်ဝယ်ကိုင်ထားသူ၊ စုဆောင်းထားသူ တွေက အများစု မဟုတ်ပါဘူး။ ကားဟောင်းပိုင် ရှင်ထဲမှာ လူတန်းစားမျိုးစုံ ပါဝင်ပါတယ်။ ပြန်တင် သွင်းနိုင်မယ့် မြညေိ မျိုးစုံ ကြော်ငြာပေးထားပါတယ်။ စီးပွားကူးသန်းသဘောတစ်ခုထဲနဲ့ လုပ်ထား တာ မဟုတ်ပါဘူး၊ ကညန၊ အကောက်ခွန်၊ ဘဏ်တို့နဲ့ ညှိပြီးမှ ဈေးနှုန်းကို စနစ်တကျ လေ့လာပြီး ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။ ဈေးနှုန်းအစား မော်ဒယ်နဲ့လုပ်ဖို့ ဆိုတာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သဘောတစ်ခုထဲနဲ့ လုပ်ဆောင်ရန် အစီအစဉ်မရှိပါဘူး။ နိုင်ငံတော်မှ စေတနာထားပြီး အထူးအစီအစဉ်ဖြင့် ဆောင်ရွက် ပေးတာဖြစ်လို့ စီးပွားရေးတစ်ရပ်အနေနဲ့ သဘော မထားဖို့ ပြောကြားလိုပါတယ်။ အားမာန်၊ အမှုဆောင်အယ်ဒီတာ ဝန်ဆောင်မှု ကုမ္ပဏီတွေက တစ်ဆင့်ကားတင်သွင်းခွင့် လျောက်ထားသူတွေများတယ်လို့ သိရပါတယ်။ ကားဟောင်းအပ်နှံသူနဲ့ ဝန်ဆောင်မှု ကုမ္ပဏီတွေအကြား စီးပွားကူးသန်းဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်း သတ်မှတ်ပေးထားတာ ရှိပါသလား။ ဝန်ဆောင်ခ တစ်စုံတစ်ရာ သတ်မှတ်ပေးထားပါသလား၊ပြသနာ တစ်စုံတစ်ရာပေါ်လျှင် စီးပွားကူးသန်းအနေနဲ့ ကြားခံဖြေရှင်းပေးဖို့စီစဉ်ထားတာ ရှိပါသလား။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး ယခုအကျိုးဆောင်လုပ်နေတဲ့ ၊ ကြော်ငြာနေ တဲ့ ကုမ္ပဏီတွေအနေနဲ့ မော်တော်ကားဟောင်း အစား ပြည်ပက ကားအသစ်သွင်းဖို့ လုပ်ပေးနေ တာဟာစီးပွားကူးသန်းဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ် နည်းနဲ့ တစ်ထပ်ထဲ မဖြစ်ပါဘူး။ ဥပမာ နိုင်ငံခြား ကုမ္ပဏီက မြန်မာပြည်မှာ တရားဝင်ကားရောင်းချ တာနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်ပေးဖို့ စီမံစီးပွားမှာ အကျိုးဆောင်ကုမ္ပဏီ လျှောက်ထားရပါမယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှာ အကျိုးဆောင်မှတ်ပုံတင်ထားပြီးဖြစ်တဲ့ ကုမ္ပဏီ ကိုသာ စီးပွားကူးသန်းဝန်ကြီးဌာနက အကျိုး ဆောင်လုပ်ငန်းလုပ်ခွင့်ပေးထားပါတယ်။ ကားတွေ ကိုရောင်းချခွင့် တရားဝင်အကျိုးဆောင်လွဲအပ် စာနဲ့ အပ်နှံထားရပါမယ်။ နိုင်ငံခြားကုမ္ပဏီကိုယ် စား ကားရောင်းဝယ်ခွင့် အပ်နှံထားကြောင်း နိုင်ငံ ခြားကုမ္ပဏီမှ တာဝန်ရှိသူက မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကုမ္ပဏီရုံးသို့ လာရောက်၍ ဖြစ်စေ၊ နိုင်ငံ ခြား ကုမ္ပဏီနိုင်ငံရှိ မြန်မာသံရုံးတွင်ဖြစ်စေ တရား ဝင် အကျိုးဆောင်အပ်နှံကြောင်း လုပ်ဆောင်ရမှာ ဖြစ် ပါတယ်။ တရားဝင်အကျိုးဆောင်အဖြစ် မှတ် ပုံတင်ပြီးမှသာ ကားရောင်းဝယ်လုပ်ပေးခြင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီညွှတ်မှာ ဖြစ်ပါတယ်။ တရားဝင်အကျိုးဆောင်မှတ်ပုံတင်မရှိသူနဲ့ ကားတင်သွင်းရန် လုပ်ဆောင်ပြီး ရောင်းသူနှင့် ဝယ်သူအကြားမှာဖြစ်ပေါ်သော ပြဿနာကတော့ မြန်မာနိုင်ငံတွင်ရှိသည့် တည်ဆဲ ဥပဒေများအရ ရောင်းသူနှင့် ဝယ်သူအကြားမှာပဲ အပြန်အလှန် တာဝန်ရှိမှာ ဖြစ်ပါတယ်။ ကျော်ဆန်းမင်း၊ အမှုဆောင်အယ်ဒီတာ(The Voice Weekly) နှစ်လေးဆယ်သက်တမ်းကျော်ကားများ အပ်နှံသည့် ကိစ္စပြီးသွားလျှင် နှစ်သုံးဆယ်မှ လေးဆယ်ကြားကားများကို အပ်နှံခြင်းကိစ္စခေတ္တ ဆိုင်းငံသွားမယ်လို့ သတင်းတွေထွက်နေတာ မှန်ပါသလား။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မှာ ကားဟောင်းအပ်ပြီးကြောင်း စာရွက်စာတမ်း များပါလျှင် အထူးပါမစ်ထုတ်ပေးမယ်လို့ ကြေညာ ထားပြီးဖြစ်ပါတယ်။ ပြင်ဆင်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပါဘူး၊ ထုတ်ရန်အစီအစဉ် လည်း မရှိပါဘူး၊ ဂျာနယ်များမှ တစ်ဆင့် မမှန်ကန် တဲ့ သတင်းများ ပျံ့လွင့်မှုမရှိအောင် ဝိုင်းဝန်း ကူညီ ပေးရန်နှင့် မှန်ကန်တိကျသည့် သတင်းများကို ဖေါ်ပြဖို့ ပြောကြားလိုပါတယ်။ ကျော်ဆန်းမင်း၊ အမှုဆောင်အယ်ဒီတာ(The Voice Weekly)ှ့ Show Room ၁၀ခုကို ဖွင့်ခွင့်ပေးထားပြီးပြီလို့ သိရပါတယ်။ မဖွင့်ရသေးဘူး ဆိုရင် ဘယ်တောာ့ဖွင့်မလဲ သိပါရစေ။ မေငယ်၊ သတင်းထောက်ချုပ်(ပြည်မြန်မာ)Show Room ဖွင့်လှစ်ဖို့လာလျှောက်ကြတဲ့ လျှောက်လွှာထဲမှာ ပြည်တွင်းပြည်ပကုမ္ပဏီ ဘယ်နှစ်ခုရှိလဲ သိပါရစေ။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး လက်ရှိအချိန်မှာ မော်တော်ကား Show Room ကို ပြည် တွင်းမှာ ဖွင့်လှစ်နိုင်ဖို့အတွက် စီးပွားကူးသန်း ဝန်ကြီးဌာနအနေနဲ့ ဘယ်ကုမ္ပဏီ ဘယ်ပုဂ္ဂိုလ်ကိုမှ ဖွင့်လှစ်ခွင့်ပေးထားခြင်း မရှိသေး ပါဘူး။ ယခုပထမအဆင့်အနေ နဲ့ ကားဟောင်းလဲလှယ် တင်သွင်း မှုကို ဆောင်ရွက်နေတာဖြစ်ပြီး၊ဒုတိယအဆင့် အနေနဲ့မော်တော်ကား Show Room ဖွင့်ဖို့ကိစ္စဆောင်ရွက်မှာဖြစ်ပါတယ်။Show Room ဖွင့်ဖို့လိုအပ်တဲ့အချက်အလက်တွေလေ့လာစုစည်း တင်ပြထားပြီးဖြစ် ပါတယ်။နောက်အဆင့်အနေနဲ့ နိုင်ငံခြားမှာသွားရောက်လုပ်ကိုင်သူ များ၊ သင်္ဘောသားများနဲ့ပြည်ပပို့ကုန် ကုမ္ပဏီတွေကားတင်သွင်းခွင့် ကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လတ်တလော ကား Show Room ဖွင့်ခွင့်လျှောက်လွှာအစောင် ၃၀လောက်တော့ ရှိပါပြီ၊ ဆက်လက်လျှောက်ထားဆဲပဲဖြစ်ပါတယ်။ အများစုကပြည်တွင်းက လျှောက်ထားတာဖြစ်ပြီး ပြည်တွင်းက ဘယ်နှစ်ခု ၊ ပြည်ပကဘယ်နှစ်ခုဆိုတာကိုတော့ မိမိတို့အနေနဲ့ အတိ အကျပြောလို့မရသေးပါဘူး။ ဖွင့်ဖို့ စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပြီး မကြာခင် ဖွင့်လှစ်နိုင်တော့မှာဖြစ်ပေမဲ့အချိန်အတိ အကျတော့ ပြောလို့ မရသေးပါဘူး။ ဦးရွှေဦး (SKYnet Producer)ဦးသန်းအောင်၊ ညွှန်ကြားရေးမှူးှ့သတင်းဂျာနယ်တွေမှာ ShowRoom တွေဖွင့်ခွင့်ရနေပြီလို့ ဖော်ပြနေကြပါတယ်။ညွှန်ကြားရေးမှုးကြီး ဖြေကြားထားပြီး ဖြစ်ပေမဲ့ ပိုမိုရှင်းလင်းသွားစေရန် ထပ်မံဖြေကြားပေးစေလိုပါတယ်။ ShowRoom ဖွင့်ဖို့ အသေးစိတ်လေ့လာပြီး ဖွင့်ခွင့် ရသွားမယ့် ကုမ္ပဏီတွေအတွက် လုပ်ထုံးလုပ်နည်းတွေ အကြမ်းဖျင်း ရေးဆွဲ တင်ပြထားပြီး ဖြစ်ပါတယ်။ လတ်တလော ဦးစားပေး ဆောင် ရွက်နေတာကတော့ သတ်မှတ်ပေးထားတဲ့ ဈေးနဲ့ ဝယ်လို့မရဘူးဆိုတဲ့ သတင်းတွေကြောင့် ကားသစ်လဲမယ့်သူတွေကို အထောက်အကူပြု စေရန် သတ်မှတ်နှုန်းထားနဲ့ ကားဝယ်နိုင်အောင် ShowRoom ဖွင့်ခွင့် လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲတင်ပြထားတာဖြစ်ပါတယ်။ ကားဟောင်းများအစားထိုးလဲလှယ်ရေးကိစ္စက အထူးကိစ္စဖြစ်ပါတယ်။ နည်းလမ်းများကို ဘက်ပေါင်းစုံမှ စဉ်းစားပြီး တင်ပြထားတာ ဖြစ်လို့ ခွင့်ပြုချက်ရတာနဲ့ ထုတ်ပြန်ပေးသွားပါမယ်။
ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် Manual မှသည် Online ဆီသို့မှတ်မှတ်သားသားထိုစကား ကျွန်တော့် ခေါင်းထဲမှာ '' အသေးအဖွဲဟူ၍မရှိ '' '' အရာရာကို အလေးအနက်ထား ဆောင်ရွက်ရမည် '' ဆိုတဲ့ စကားစွဲနေတယ်။ နောက်ထပ်မှတ်သားစွဲထင်နေတာက ''စဉ်းစားရန် မပျက် ကွက်နဲ့ '' ''သတင်းပို့ရန် မပျက်ကွက်နဲ့ '' '' ဆောင်ရွက်ရန် မပျက် ကွက်နဲ့''ဆိုတာပါပဲ။ ဒါတွေဟာ လက်တွေ့ဘဝနဲ့ ကိုက်ညီနေပြီး လိုက်နာ ဆောင်ရွက်နေရ တာကြောင့် စိတ်ထဲစွဲထင်နေတာပါ။ မရှိမဖြစ်ကုန်သွယ်ရေး နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဇောက်ချလုပ်ကိုင်ခြင်း၊ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းနဲ့ ဈေးကွက်များ ကြီးထွားလာရေးတို့လိုအပ်ပါတယ်။ ကမ္ဘာ့နိုင်ငံကြီးများပင်လျှင် ပြည်ပကုန်သွယ်မှုလောကကို လက်လှမ်းမီရေးနဲ့ ပြည်ပဈေး ကွက်ရရှိရေးအတွက် စဉ်ဆက်မပြတ်ကြိုးစား ဆောင်ရွက်နေကြရတာကို တွေ့ရပါတယ်။ တစ်ကမ္ဘာလုံးပြဿနာအနေနဲ့ လွှမ်းခြုံဆက်စပ် ပြောင်းလဲနေတဲ့ ဒီကနေ့ အချိန်အခါကာလမှာ စီးပွားရေးဖွံ့ဖြိုး တိုး တက်ရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဟာ ကုန်သွယ်မှုပါပဲ။ တစ်နည်းအားဖြင့်တော့ ကုန်သွယ်မှုပြုလေလေ စီးပွားရေး ပိုမို တိုးတက်ကောင်းမွန်လေလေလို့ ဆိုရမှာပါ။ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်သွယ်ရေးဟာ တိုးတက်မှုရဲ့ တွန်းအား အင်ဂျင် တစ်လုံးပဲဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ၊ မဖွံ့ဖြိုးသေးသော နိုင်ငံ တွေအားလုံးအတွက် ကုန်သွယ်ရေးရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် လိုအပ်နေတယ်ဆိုတာ တွေ့ရပါတယ်။ အတိတ်ကိုလှန်သော် အရင်ကတော့ ကုန်သွယ်မှုကို နိုင်ငံတော်က အဓိက ဆောင်ရွက်နေပြီး နောက်ပိုင်းမှာမှ စီးပွားရေးမူဝါဒတွေ ပြောင်းလဲပြီး '' ဈေးကွက်စီးပွားရေးစနစ် '' အကောင်အထည်ဖော်လို့ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပေးခဲ့တာပါ။ ဈေးကွက်စီးပွားရေးစနစ် မကျင့်သုံးမီ ကာလကို အတိတ်ကာလလို့ ဆိုကြပါစို့၊ အဲဒီအခြေအနေ အဲဒီအချိန် ခါတုန်းက လိုင်စင်ကို လူအင်အားနဲ့ပဲ ဆောင်ရွက်ကြတာပါ။ လက်ရေးတွေနဲ့ဖြည့် လက်နှိပ်စက်ရိုက်၊ ကာဗွန်တွေခံ အိုး ..... များပြားလှစွာ ပင်ပန်းစွာ ဆောင်ရွက်ခဲ့ကြရပါတယ်။ စာရွက်တွေ တစ်ပုံတစ်ပင်နဲ့လုပ်ခဲ့ကြရတာပါ။ အဲဒီတုန်းက ကုန်သွယ်မှုပမာဏ ဟာ မပြောပလောက်ပါဘူး။ ၁၉၉၈-၉၉ လောက်က ကုန်သွယ်မှု ပမာဏဟာ အများဆုံး ၄ ဘီလီယံ ဝန်းကျင်ထိသာ ရှိခဲ့တာပါ။ ဒါတောင်မှ ဝန်ထမ်းတွေဟာ နေ့မနား၊ ညမနား၊ အချိန်မီပြီးဖို့အတွက် ဆောင်ရွက်ပေးခဲ့ကြရပါတယ်။ ကုန်သွယ်မှုတိုးသော်လည်း ဈေးကွက်စီးပွားရေးစနစ်နဲ့အတူ ကုန်သွယ်မှုပမာဏတွေ တိုးတက်၊ ကုမ္ပဏီတွေကလည်း များပြားစွာ ပေါ်ထွက်လာသလို သွင်းကုန်ထုတ်ကုန်လိုင်စင်ပမာဏဟာလည်း တိုးတက်များပြားလာခဲ့ ပါတယ်။ ကုန်သွယ်မှုပမာဏ တွေတိုး လိုင်စင်တွေကများလာပေမယ့် တိုးမလာတာက ဝန်ထမ်းအင်အားပါ။ ဘယ်လောက်ပဲတိုးလာပါစေ ဝန်ထမ်း အင်အား က ပြောင်းလဲမှုမရှိပါဘူး။ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားမှုစနစ်တွင် နည်းလမ်း (၃)မျိုးနှင့် လိုင်စင် လျှောက်ထားမှု အခြေအနေ လိုင်စင်လျှောက်ထားမှု စုစုပေါင်း၏ ၅၄% မှာ Online စနစ်သို့ ကူးပြောင်းနိုင်ပြီး ကျန် ၄၆%မှာ Manual စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည် Diskette (လိုင်စင် application ပုံစံအား လုပ်ငန်းရှင်မှမိမိအစီအစဉ်ဖြင့် ဖြည့်သွင်းခြင်း)Manual (လိုင်စင် application ပုံစံအား ဌာန(PAC)ဝန်ထမ်းများမှ ဖြည့်သွင်းပေးသည့်ဝန်ဆောင်မှု)Tradenet(Tradenet website ကို onlineအသုံးပြု၍ လိုင်စင် လျှောက်ထားခြင်း)စဉ်းစားရန် မပျက်မကွက်ခဲ့ ကုန်သွယ်မှုပမာဏဟာ နှစ်စဉ်တိုးတက်လာတာနဲ့အတူသွင်းကုန်ထုတ်ကုန်လုပ်ငန်းပမာဏတွေဟာလည်း ပို၍ ပို၍တိုးတက် များပြားလာခဲ့ပါတယ်။ ဒီလိုတိုးတက်များပြားလာတာနဲ့အတူ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရုံးလုပ်ငန်းတွေဟာလည်း တိုးတက်များပြားလာခဲ့ပါတယ်။ ဒါကြောင့်မို့ ဝန်ထမ်းအင်အားနဲ့ အလုပ်အင်အား မမျှတတော့ဘဲ တစ်ပတ်မှာ ၂ ရက်ကနေ ၃ ရက် ထိ နေ့ရောညပါ လုပ်ငန်းတွေကို ဆောင်ရွက်လာခဲ့ရပါတယ်။ နောက်ထပ်လည်း ဒီထက်ကုန်သွယ်မှု ပမာဏတိုးတက်အောင် ဆောင်ရွက်ဖို့ ကြိုးစားနေတာကြောင့် ရေရှည်အတွက် ဘာလုပ်သင့် လဲဆိုတာ စဉ်းစားခဲ့ကြရပါတယ်။ စဉ်းစားခဲ့ကြတဲ့အစဟာ (၂၀၀၄) ခုနှစ်ပါ။ စဉ်းစားချက်အခြေခံ မနိုင်မနင်းဖြစ်ပြီး ကြန့်ကြာမှုတွေ မဖြစ်စေဖို့၊ အမှားအယွင်း နည်းစေဖို့၊ လုပ်ငန်းတွေ ယခုထက်ပိုမိုလျင်မြန်သွက်လက် စေဖို့၊ နိုင်ငံတော်က ဆောင်ရွက်မယ့် e - government အကြိုပြင် ဆင်မှုအနေနဲ့ ဆောင်ရွက်ဖို့၊လိုင်စင်နဲ့ ပတ်သက်သော ဝန်ထမ်းများ Paper Work များဖြင့်ပိကာ နေ့၊ ညပင်ပန်းစွာ ဆောင်ရွက်နေရမှု တွေ ပပျောက်ဖို့၊ နှစ်စဉ်တိုးမြှင့်လာသည့် ကုန်သွယ်မှု ပမာဏနဲ့အတူ ဝန်ထမ်းဦးရေ ထပ်တိုးခန့်စရာမလိုဘဲ ထိရောက်တဲ့ စီမံခန့်ခွဲမှုစနစ်နဲ့ ဆောင်ရွက်ဖို့ ကြံဆခဲ့ပါတယ်။ အဖြေထုတ်သော် အခက်အခဲနဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအပေါ် ကြိုတင်တွက်ဆပြီး အဖြေထုတ်တဲ့အခါမှာတော့ ဝန်ထမ်းဦးရေတိုး ခန့်စရာမလိုဘဲ ထိရောက်တဲ့ စီမံခန့်ခွဲမှု စနစ်နဲ့ e - government မူဘောင်ထဲကနေ Online စနစ်ကို အခြေခံ ဆောင်ရွက်ဖို့အတွက် တာဝန်ရှိသူများက ဆုံးဖြတ် အဖြေထုတ်ခဲ့ပါ တယ်။ စတင်ဆောင်ရွက် သွင်းကုန် ထုတ်ကုန်လိုင်စင်များကို အလွယ်တကူ လျှောက်ထားနိုင်ဖို့အတွက် အိုင်အီးအယ်လ်ပီအက်စ် (IELPS) (Import Export Licensing & Permit System)ကို ၂၀၀၄ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်တာနဲ့အတူ ယခင်က လိုင်စင်တစ်စောင်ကို စာရွက်စာတမ်း ထောက်ခံစာတွေ တစ်ထပ်ကြီးနဲ့ ဆောင်ရွက်ရာကနေ အခုတော့ စာရွက်စာတမ်းတွေ တစ်ဝက်ကျော် လျှော့နည်းသွားတယ်။ ဒါ့ပြင်အချိန်လည်းတော်တော် သက်သာသွားတယ်။အမှားအယွင်းလည်းတော်တော်နည်းသွားတယ်။လုပ်ငန်းလည်းတွင်ကျယ်လာတယ်။ ဝန်ထမ်းတွေလည်း ယခင်က တစ်ပတ်မှာ ၂ ညအိပ် ၃ ရက်လောက် ဆောင်ရွက်ခဲ့ရတဲ့ ကိစ္စတွေက အခုတော့ ၂ နာရီလောက်နဲ့ပြီးအောင် ဆောင်ရွက်လာ နိုင်ပါတော့တယ်။ ဒါ့ပြင် ရုံးအသုံးအဆောင် စရိတ်တွေလည်းလျော့ ကျသွားပါတယ်။ ဒါ့ပြင်လက်ရှိ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ကုန်သွယ်မှု ပမာဏ 13 Billion ထိ တိုးတက်ခဲ့တာတောင် ရှိတဲ့ဝန်ထမ်းအင်အား နဲ့ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့တာဟာ သက်သေပါပဲ။ လုပ် ငန်းရှင်တွေ အတွက်လည်း ပိုမိုလွယ်ကူလာတယ်။ အားသာချက် အဓိက အားသာချက်ကတော့ ပို့ကုန်သွင်းကုန်လိုင်စင် တွေကို အင်တာနက်ချိတ်ဆက်ထားတဲ့ ဘယ်နေရာကမဆို ဝင်ရောက်လျှောက်ထားနိုင်တာပါပဲ။ ကုမ္ပဏီကနေ လျှောက်ရင် ရသလို အင်တာနက်ချိတ်ဆက်မထားသူတွေအနေနဲ့ PAC လို့ခေါ်တဲ့ Public Access Center ကနေလျှောက်ထားတာ၊ ရုံးကကွန်ပျူတာ မှာ အချက်အလက်တွေ ပြည့်စုံစွာဖြည့်စွက်ပြီး၊ memory Stick/ CD စတာတွေနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စီးပွားကူးသန်းရုံးကို သယ်ယူလာပြီး လျှောက်ထားတာတွေလဲ လုပ် လို့ ရပါတယ်။ ဒါမှမဟုတ်ရင်တော့ Manual နဲ့လျှောက်ထားမယ် ဆိုလည်း လက်ခံဆောင်ရွက်ပေးနေပါတယ်။ တဖြည်းဖြည်း အလေ့ အကျင့်ရလာတာနဲ့အတူ အခုဆိုရင် လိုင်စင်လျှောက်ထားမှုရဲ့ ၅၄ ရာခိုင်နှုန်းမှာ Online စနစ်ကိုကူးပြောင်းနိုင်ပါပြီ၊ ကျန် ၄၆ ရာခိုင်နှုန်း ကိုတော့ Manual လို့ခေါ်တဲ့ လိုင်စင် Application ပုံစံကို ဌာန၊ PAC ဝန်ထမ်းများမှ ဖြည့်သွင်းပေးတဲ့ ဝန်ဆောင်မှုစနစ်နဲ့ ဆောင်ရွက်နေဆဲပါ။ အဓိက အားသာချက်ကတော့ လိုင်စင်တင်ဖို့ အတွက် Online က တင်မယ်ဆိုရင်တော့ ရုံးပိတ်ရက်မရှိတော့သလို နေ့ည လည်း မရှိတော့ပါဘူး။ ၂၄ နာရီ ရုံးဖွင့်ရက် ရုံးချိန်ဖြစ်နေသလိုပါပဲ။ ဒီလိုလုပ်နိုင်ဖို့အတွက်ကတော့ Myanmar Tradenet မှာတစ်နှစ် အတွက် ၁၃၀၀၀ိ/- ပေးပြီး အသင်းဝင်ထားရမှာပါ။ ဒါမှမဟုတ်လဲ လိုင်စင်ပုံစံကိုဝယ်၊ မိမိကွန်ပျူတာထဲမှာ ထည့်ထားရင် ရပါတယ်။ ဒါဆိုကြိုက်တဲ့အချိန် မိမိကွန်ပျူတာကနေ တင်ထားရုံပါပဲ။ တစ်ဆင့်တက် ပို့ကုန်သွင်းကုန်လိုင်စင်ကို online ကနေ လျှောက်ထား လာတာနဲ့အတူ လိုင်စင်ကြေးပေးသွင်းရာမှာ ငွေကြေး သယ်ယူပြီး ပေးသွင်းရတဲ့ ဒုက္ခက ကင်းဝေးပြီး အဆင်ပြေစေဖို့ E-Payment System ကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ကုမ္ပဏီအများစုက ရန်ကုန်မှာဆိုတော့ နေပြည်တော်ကို ငွေသားသယ်လာပြီး ပေးသွင်း စရာမလိုတော့ပါဘူး။ ရန်ကုန်က မြန်မာနိုင်ငံသားများဘဏ်မှာ ငွေစာရင်းဖွင့်ပြီး ငွေပေးသွင်းထားရင် ပို့ကုန်သွင်းကုန် လိုင်စင်ကြေးကို ငွေသားပေးသွင်းရန် မလိုဘဲ ဘဏ်စာရင်းကနေ အလိုအလျောက် ပေးသွင်းတာဖြစ်ပါတယ်။ အခု E-Payment System ကြောင့် လိုင်စင်ကြေး ပေးသွင်းရန် ငွေကြေးပမာဏကလဲ manual တွက်စရာမလိုတော့ဘဲ လိုင်စင်ကြေး၊ သက်တမ်းတိုးကြေး၊ ပြင်ဆင် ကြေး စတာတွေကိုလဲ E-Payment System ကတွက်ချက်ပေး တာကြောင့် ငွေကြေးဆိုင်ရာ အငြင်းပွားမှုတွေလဲ မရှိတော့တာ တွေ့ရပါတယ်။ဒီ E-payment System ကြောင့် ပို့ကုန်သွင်းကုန်လိုင်စင်နဲ့ ပါမစ်ကြေးတွေအပါအဝင် ဌာနကိုပေးသွင်းရမဲ့ ငွေကြေးတွေ အတွက် ငွေသားအမြောက်အမြား ကိုင်ဆောင်ပြီး ခရီးသွားရတဲ့ အခက်အခဲ၊ အချိန်ကြန့်ကြာတဲ့ အခက်အခဲတွေကို ကျော်လွှား နိုင်ပြီဖြစ်ပါတယ်။ ဒီလိုငွေကြိုတင် ပေးသွင်းမှုကို မြန်မာနိုင်ငံသားများ ဘဏ်က ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကို အီးမေးလ်ဖြင့် အကြောင်းကြားပေးပြီး ငွေစာရင်းဌာနက E-payment စာရင်း ပြန်လည်ထည့်သွင်းပေးမှာဖြစ်ပါတယ်။အဲဒီနောက် လုပ်ငန်းရှင်ရဲ့ လိုင်စင်ကြေး ကျသင့်ငွေကို သက်ဆိုင်ရာစာရင်းက အွန်လိုင်းစနစ်နဲ့ E-payment Software ကို အသုံးပြုပြီး အလိုအလျောက်နုတ်ယူ သွားတဲ့ စနစ်ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံသားများ ဘဏ်တစ်ခုတည်းနဲ့ ဆောင်ရွက်လို့ ရပါသေးတယ်။ နယ်စပ်လိုင်စင် နယ်စပ်ကုန်သွယ်မှုပြုနေသော လုပ်ငန်းရှင်တွေ အဆင် ပြေစေဖို့တွက် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန နယ်စပ်စခန်း အားလုံး ကနေ ပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးတဲ့စနစ်နဲ့ ပတ် သက်ပြီး Online ဆောင်ရွက်နိုင်ဖို့ (BTOS) (Border Trade Online System) ကို ဆောင်ရွက်ဖို့လိုအပ်လာတာကြောင့် ၂၀၀၇ ခုနှစ် ဇန်နဝါရီလမှာ စတင်ဆောင်ရွက်ပေးခဲ့ပါတယ်။ဒီစနစ်မှာကတော့ One Stop Service မှာ ပါဝင်တဲ့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်စတာတွေပါ ပါဝင်လာခဲ့ပါတယ်။ဒီစနစ်နဲ့ပတ်သက်ပြီး မူဆယ်နယ်စပ်ကုန်သွယ် ရေး အသင်းဥက္ကဌလည်းဖြစ် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်တဲ့ ဦးဟန်စိန်က '' အွန်လိုင်းလိုင်စင်စနစ်နဲ့လုပ်ရတာ အချိန်၊ ငွေ၊ လူအင်အား သုံးရတာကနေ တော်တော်သက်သာသွား တယ်။ လုပ်ငန်း လုပ်ရတာ လွယ်ကူလျင်မြန်တော့ ကုန်သွယ်မှု ပိုများလာပြီး ကုန် သွယ်မှု ပမာဏလည်း ပိုတိုးတက်လာဖို့ပဲရှိတော့တယ်'' လို့ တကယ် ပါဝင်ပတ်သက်လုပ်ငန်းဆောင်ရွက်နေရတဲ့ အတွေ့အကြုံ ပေါ်မှာ ကောက်ချက်ချသွားခဲ့ပါတယ်။ လုပ်ငန်းရှင်နဲ့ ကိုယ်စားလှယ် စီးပွား/ကူးသန်းဝန်ကြီးဌာနမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ကိုယ်စားလှယ်တွေရဲ့ မှတ်ပုံတင်တာကို တိကျမှန်ကန်မြန်ဆန် စေဖို့အတွက်ကိုလည်း (Company and Agent Registration System) ကို ဆောင်ရွက်ပေးထားပါတယ်။ အရင်တုန်းက ဆိုရင် ကုမ္ပဏီရဲ့ ဒါရိုက်တာစာရင်းမှာပါဝင်မှု မရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို လိုင်စင်ကိစ္စ စေလွှတ်ရင် တာဝန်ရှိသူတွေက လိုင်စင်နဲ့ ပတ်သက်လို့ မရှင်းလင်းတာ မေးရင် အခက်အခဲဖြစ်ပါတယ်။ အခုကတော့ Company And Agent Registration System ကြောင့် အဆင်ပြေ သွားခဲ့ပါပြီ။ အချိန်ကုန် သက်သာ၊ လူပင်ပန်းသက်သာလျင်မြန်စွာနဲ့ ဆောင်ရွက်နိုင်ခဲ့ပါပြီ။ ကုန်သွယ်မှုအစီရင်ခံစာများ အပတ်စဉ် လစဉ် နှစ်စဉ် ပြုစုနေတဲ့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာအမျိုးမျိုးကို လိုတဲ့အချိန် လိုသလို အလွယ်တကူ လျင်မြန်စွာ ထုတ်ယူရနိုင်စေဖို့အတွက် ကုန်သွယ်မှုအချက် အလက်အစီရင်ခံစာ (Trade Data Reporting System) ကိုလဲ ဆောင်ရွက်ထားခဲ့ပါတယ်။ ဒါကြောင့်လဲ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်ကို လိုအပ်တဲ့အချိန်မှာ တိကျမှန်ကန်စွာနဲ့ ချက်ချင်းထုတ်လာနိုင်ခဲ့ပါတယ်။ ပို့ကုန်သွင်းကုန် အမှန်တင် အချက် အလက်စာရင်းတွေကို နိုင်ငံအလိုက် ပစ္စည်းအမျိုးအစားအလိုက် ခုနှစ် အလိုက် ကြည့်ရှုနိုင်ဖို့အတွက် (Import Export Licensing & Permit System) နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် (Trade Data Reporting System) ကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှာကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ အခုအခါမှာတော့ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ဆိုင်ရာ ကုန်သွယ်မှု စာရင်းတွေကို တစ်ပါတည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။လောလောဆယ် ပို့ကုန် သွင်းကုန် Report ၇၀ မျိုး၊ကုန်သွယ်မှု ပမာဏ Report ၅ မျိုးတို့ကို ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းမှတ်တမ်း ဒါ့ပြင် လိုင်စင်လျှောက်ထားရာမှာ မသမာမှု မလုပ်နိုင်စေဖို့၊ မှန်မှန်ကန်ကန်ဖြစ်စေဖို့၊ ဈေးနှုန်း အချက်အလက်တွေကို ကာလအလိုက် စစ်ဆေး အတည်ပြုနိုင်ဖို့အတွက် Price Data Bass System ကိုလည်း ၂၀၀၄ ခုနှစ်ကတည်းက စနစ် တကျဆောင်ရွက်ထားခဲ့ပါတယ်။လက်ရှိမှာအခြေခံ ဈေးနှုန်းစာရင်းပေါင်း သွင်းကုန်တွင် ပစ္စည်းအမယ် ၉၀၉၀၈ မျိုး၊ ပို့ကုန်အမယ် ၃၇၇၀ မျိုးကို မှတ်တမ်းတင်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ပြင် နယ်စပ် ကုန်သွယ်ရေးစခန်းမှ တိုက်ရိုက်ဈေးနှုန်းထည့်သွင်း ခြင်းကိုလည်း ဆောင်ရွက်ခဲ့ရာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းက တိုက်ရိုက်ထည့်သွင်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ Video Conference ကုန်သွယ်မှုဆောင်ရွက်ပြီဆိုတာနဲ့ ကုန်စည် တင်ပို့သူ၊ တင်သွင်းသူ ဌာနဆိုင်ရာအသင်းအဖွဲ့ စသည်ဖြင့်ပါဝင်ပတ်သက်သူတွေက အများအပြား ပါ။ ဒါ့ပြင် ပါဝင်ပတ်သက်သူတွေအားလုံးကလည်း တွေ့ဆုံဆွေးနွေးပြောရန်က များပြားလှပါတယ်။ မိမိတို့တွေ့ကြုံနေရတဲ့ ကုန်သွယ်မှုဆိုင်ရာ အခက် အခဲတွေကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆွေးနွေး ရမယ့်ကိစ္စတွေလည်း ရှိပါတယ်။ ကိစ္စရှိတိုင်း နေပြည်တော် သွားလာရမယ်ဆိုရင် ခရီးစရိတ်၊ အချိန်၊ စားသောက်စရိတ် စတဲ့ အရင်းအနှီးများ လှပါတယ်။ ဒါကြောင့် သက်သာ၊ လွယ်ကူ အစစ အဆင်ပြေစေဖို့အတွက် အုပ်ချုပ်မှုမြို့တော် နေပြည်တော်နဲ့ စီးပွားရေးမြို့တော် ရန်ကုန်ဟာ အချိန်မရွေး Real Time Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးနိုင်အောင် ဆောင်ရွက်ပေး ထားပါတယ်။ ဒါကြောင့် အချိန်မရွေး နေပြည် တော်နဲ့ ရန်ကုန်မျက်နှာချင်းဆိုင်တွေ့ ပြေပြေလည် လည် လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း ဆွေး နွေးနိုင်ခဲ့ကြပါတယ်။ သတင်းအချက်အလက် ကုန်သွယ်ရောင်းဝယ်မှုနဲ့ ပတ်သက်နေသူတွေအားလုံး ပြည်တွင်း၊ပြည်ပ ကုန်သွယ်မှုသတင်း တွေ၊ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ကုန်စည်သတင်းတွေ၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်တွေ သိနိုင်ဖို့၊ Commerce Website (www.commerce. gov.mm) ကို ၂၀၀၁ ခုနှစ်က စတင် လွှင့်တင်ခဲ့ပြီး ၂၀၀၃မှာတော့ ကိုယ်ပိုင် Domain name နဲ့ သီးခြားရပ်တည်လွှင့်တင်ခဲ့တာပါ။ ထုတ် ကုန်သွင်းကုန်ကိစ္စတွေကို Online ပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ တိကျမြန်ဆန်စွာလုပ်ကိုင်နိုင်တဲ့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး သိလိုသမျှ မေးမြန်းနိုင် တဲ့ Myanmar Tradenet Website (www.myanmartradenet.gov.mm)ကို ၂၀၀၆ ဖေဖော်ဝါရီမှာ လွှင့်တင်ထားသလို ဈေးကွက်သတင်း တွေ၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် တွေ၊ ဈေးကွက်ဈေးနှုန်းအခြေအနေ၊ ပြည်တွင်း ပြည်ပကုန်သွယ်မှုသတင်းတွေကို အများပြည်သူ တို့သိနိုင်ဖို့ အပတ်စဉ်ထုတ် စီးပွားရေးစာစောင် ဖြစ်တဲ့ The Commerce Journal ကိုလည်း တစ်ပတ်တစ်ကြိမ် ထုတ်ဝေပေးနေပါတယ်။ ဒါ့ပြင် The Commerce Journal ကိုလဲ (www. commerce journal.com.mm)မှာ e-book အနေနဲ့ ဖတ်နိုင်အောင် လွှင့်တင်ပေးထားပါတယ်။ ရုံးတွင်းဆက်သွယ်မှုစနစ် ကုမ္ပဏီတွေဌာန ဆက်သွယ်ဆောင်ရွက် မှုကို Online ပေါ် ရွှေ့ပြောင်းဆောင်ရွက်ခဲ့သလို ရုံးဌာနတွင်းမှာလဲ Online ကို အခြေခံ ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် ရုံးတွင်းမှာလဲ DEMS လို့ခေါ်တဲ့ Document Exchange Management Systemကို ဆောင်ရွက်ခဲ့သလို Internet နဲ့လဲ စာပေးစာယူလုပ်ငန်းတွေ အားလုံး ဆောင်ရွက်နိုင်အောင် စီမံခဲ့ပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွေမှာ စတင် အသုံးပြုခဲ့ပါတယ်။ ဌာနအကြီးအကဲတွေ အနေနဲ့ လက်အောက်ဌာနတွေနဲ့ နေ့စဉ်လုပ်ငန်းဆောင် ရွက်မှုတွေကို အချိန်မရွေး၊ နေရာဒေသ မရွေးဘဲ လိုအပ်သလို ကြပ်မတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီစနစ်တွေ ဆောင်ရွက်ခဲ့တာကြောင့် တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ တာဝန်ရှိသူတွေဟာ သိရှိနေပြီး အချိန်တိုအတွင်း လုပ်ငန်းတွေကို လျင်မြန်ပြီး မြောက်စေခဲ့ပါတယ်။ ဒါ့ပြင် အချိန်၊ ငွေကုန်ကျမှု တွေသက်သာခဲ့ပြီး ဝန်ထမ်းတွေရဲ့ လုပ်အားနဲ့ အလုပ်ပမာဟာ ပိုမိုတိုးတက်လာခဲ့ရပါတယ်။ စာရွက်စာတမ်း လုံခြုံမှုကိုလဲ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ သူတို့အပြော စီးပွားကူးသန်းမှာ တာဝန်ထမ်းဆောင်ဖူးပြီး ယခုအခါမှာတော့ ပြင်ပစီးပွားရေးအနေနဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်းတွေလုပ်နေတဲ့ ဝန်ထမ်းဟောင်း တစ်ဦးက '' အရင်တုန်းက လိုင်စင်တစ်စောင် ထုတ် ပေးဖို့ဆိုရင် စိစစ်ရတဲ့ စာရွက်စာတမ်းတွေက အများကြီး လက်ရေးနဲ့ဖြည့် လက်နှိပ်စက်နဲ့ ရိုက် စာရွက်တွေ တစ်ပုံတစ်ပင် အင်မတန် ဒုက္ခရောက် ခဲ့တာ၊ မှားလို့အဆူခံခဲ့ရတာလည်း အကြိမ်ပေါင်း မနည်းဘူး၊ အခုတော့ အွန်လိုင်းနဲ့ လိုင်စင်လျှောက် ထားတဲ့အချိန်ကစပြီး တော်တော်လေး အဆင်ပြေ သွားတယ်။ ရုံးမှာ မိုးလင်းအောင် အလုပ်လုပ်ရတဲ့ ဘဝကနေ လွတ်သွားတယ်။ ပြီးတော့ အရင်က လိုင်စင်က နည်းနည်းလေး အခု တဖြည်းဖြည်းနဲ့ များလာတာ အရင်ထက် ၅ ဆလောက် ပိုများ တယ်။Manual နဲ့ ဆက်လုပ်နေရင် ဘယ်လိုမှ မနိုင်တာ သေချာတယ်၊ အခု ကိုယ်တိုင်လိုင်စင် လျှောက်ရတဲ့ အချိန်မှာလည်း Online System ကြောင့် တော်တော်ကို လွယ်ကူအဆင်ပြေနေပြီ'' လို့ ပြောသွားပါတယ်။ ဒါဟာ အွန်လိုင်းပေါ်မှာ ဆောင်ရွက်နိုင်အောင် စဉ်းစားခဲ့တဲ့၊ လုပ်ဆောင်ခဲ့ တဲ့ အသီးအအပွင့်တွေရဲ့ အကျိုးကျေးဇူးပါပဲ။ နိဂုံးချုပ်သော် ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးဆိုတာ အခုမှထပြီးလုပ်တဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ကုန် သွယ်မှုပမာဏ ၄-၅ ဘီလီယံလောက်ပဲရှိခဲ့တဲ့ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်းက နောင်တစ်ချိန်ကုန် သွယ်မှုတွေတိုးမြင့်လာရင် ဘယ်လိုထိထိရောက် ရောက် စီမံမလဲဆိုတာကို ကြိုတင်စဉ်းစားလုပ် ဆောင်ခဲ့တာပါ။ ဒီနေ့ ၁၃ ဘီလီယံကုန်သွယ်မှု ရှိလာပေမဲ့ ရှိတဲ့ဝန်ထမ်းအင်အားနဲ့ နိုင်နင်းအောင် စီမံခန့်ခွဲနေနိုင် တာဟာ အမြော်အမြင်ကြီးမားခဲ့တဲ့ ဝန်ကြီးဌာနမှာ တာဝန်ယူခဲ့တဲ့ အကြီးအကဲ အဆက်ဆက်ရဲ့ ''စဉ်းစားရန်၊ ညွှန်ကြားရန်၊ လုပုပ်ေ်ဆောင်ရ်ရန်'' မပျက်ကွက်ခဲ့လို့ပါပဲ၊
ဆီကောင်းဆီသန့်ကိုသာ စားသုံးပါ အသက်ရှင်နေထိုင်နိုင်ရေးအတွက် နေ့စဉ်နှင့် အမျှ သွားလာလှုပ်ရှားရုန်းကန်နေရသော လူသား များအတွက် နေ့စဉ်စားသုံးနေကြရသော အစား အစာများအား အကြမ်းဖျင်းခွဲကြည့်လျှင် ပရိုတင်း (Protein)ခေါ် အသားဓာတ်၊ ကာဘိုဟိုက်ဒြိတ် (Carbohydrate)ခေါ် ကစီဓာတ်နှင့် အဆီဓာတ် (Fat)တို့ အချိုးညီစွာ ပေါင်းစပ်ဖွဲ့စည်းပါဝင်လျက် ရှိကြောင်း တွေ့ရပေမည်။ လူသားတို့အတွက် လိုအပ်သောစွမ်းအင်ကို စားသုံးနေသော အစား အစာများမှရရှိကြရာ ပရိုတင်းနှင့် ကာဘိုဟိုက် ဒြိတ်တို့ထက် အဆီဓာတ်မှ နှစ်ဆခန့် ပိုမိုပေးနိုင် သည်ဟု အာဟာရပညာရှင်များက ဆိုကြပါသည်။ ဆီ တစ်ဂရမ်စားတိုင်း လူ့ခန္ဓာကိုယ်အတွက် စွမ်းအင် ကိုး ကယ်လိုရီခန့်ရရှိနိုင်ပြီး အသားဓာတ်နှင့် ကာဘိုဟိုက်ဒြိတ်တို့မှမူ တစ်ဂရမ်စားပါမှ ၄ ဒသမ ၅ ကယ်လိုရီခန့်သာ ရရှိနိုင်သည်ဟု ဆိုပါသည်။ ဆီသည် စွမ်းအင်ပါဝင်မှုအမြင့်မားဆုံး အစာ ဟုဆိုရပေမည်။ ဆီတွင် ဗီတာမင်အေ၊ ဒီ၊ အီး၊ ကေ ဟူသော ဆီပျော်ဗီတာမင် လေးမျိုး ပျော်ဝင် လျက်ရှိသဖြင့် သက်စောင့်ဗီတာမင်ဓာတ်များကို ခန္ဓာကိုယ်က ရရှိစေပါသည်။ ထို့ပြင် စားသုံးဆီ အများစုတွင် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လို အပ်သော အဆီအက်စစ်များ (Esstential Fatty Acid) သုံးမျိုးဖြစ်သော လင်နိုလစ်အက်စစ်(Linoleic Acid)၊ လင်နိုင်လင်းနစ်အက်စစ် (Linolenic Acid)နှင့် ကရာစီဒိုနစ်အက်စစ် (Arachidonic Acid) တို့ ပါဝင်နေတတ်ပါသည်။ ကျန်းမာရေးနှင့် အာဟာရသုတေသီများ၏ အဆိုအရ လူတစ်ဦးသည် တစ်နေ့လျှင် ဆီ သုံးကျပ်သားခွဲ ခန့်နှင့် တစ်လလျှင် တစ်ပိသာခန့် စားသုံးလျှင် လုံလောက်သည်ဟု ဆိုပါသည်။ ''ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လို ပုံ'' ဟူသော မြန်မာစကားပုံတစ်ခုသည် မြန်မာလူ မျိုးများ၏ အစာရေစာ ပေါဝကယ်ဝမှုကို ဖော်ညွှန်း ထားခြင်းဖြစ်ပါသည်။ သို့ရာတွင် ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ ကျန်းမာရေးရှုထောင့် အရ ဆီကိုစားသုံးမှု လျှော့ချလာကြသော်လည်း တိုးတက်လာသော လူဦးရေနှုန်းနှင့် နှိုင်းဆလျှင် ပြည်တွင်းမှထွက်ရှိသော စားသုံးဆီများနှင့် လုံလောက်မှုမရှိ၍ ယခုအခါတွင် ပြည်ပမှပင် စားအုန်းဆီများ ဝယ်ယူတင်သွင်းဖြန့်ဖြူးလာကြရ ပေသည်။ ဆီကိုတော့ ရေမချိုးနိုင်ကြတော့ပါ။ လျှော့၍သာ စားသုံးလာကြရပါသည်။ ဆီကိုလျှော့စားခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန် သည်ဆိုသော်လည်း မစားဘဲနေ၍လည်းမရသကဲ့ သို့ စားသုံးလိုက်သောဆီသည်လည်း ကျန်းမာရေး အတွက် အထောက်အကူဖြစ်ရန်လိုပါသည်။ ထို့ ကြောင့် ဆီကောင်းဆီသန့်များကို ရွေးချယ်စားသုံး တတ်ရန် လိုအပ်လာပါသည်။ ဆီကောင်းနှင့် ဆီသန့်သည် အဓိပ္ပာယ် အနည်းငယ်ကွာခြားပါသည်။ မူလပင်ကိုယ်သဘာ ဝကပင် ကောင်းမွန်သောဆီကို ဆီကောင်းဟုခေါ် ဆိုပါသည်။ စားသုံးဆီများကို ထိတွေ့ခံစားသော သူများမှာ ထုတ်လုပ်သူများ၊ သိုလှောင်ဖြန့်ဖြူး ရောင်းချသူများ၊ စားသုံးသူများနှင့် ကျန်းမာရေး ရှုထောင့်မှ စားသုံးရန်သင့်/မသင့်ကို သုံးသပ်သော သူများဟူ၍ လူတန်းစား လေးမျိုးရှိပါသည်။ စားသုံးသူ၊ ထုတ်လုပ်သူများအနေဖြင့် စားသုံးသူများ ထုတ်လုပ်ရာတွင် လွယ်ကူခြင်း၊ ဆီတွင် ရှိနေသော မကောင်းသောအရသာ၊ အနံ့ဆိုးများ ကို ဖယ်ထုတ်ပစ်ရာတွင် လွယ်ကူစွာဆောင်ရွက်နိုင် သောဆီကို ဆီကောင်းဟု သတ်မှတ်ကြသည်။ သိုလှောင်ဖြန့်ဖြူးရောင်းချရာတွင် ကြာရှည် သိုလှောင်နိုင်ခြင်း၊ အရည်အသွေးကျဆင်းမှုအလွန် နည်းသောဆီများကို သိုလှောင်ဖြန့်ဖြူးရောင်း ချသူများက ဆီကောင်းဟု သတ်မှတ်ကြသည်။ ဆီများသည် သိုလှောင်ထားရှိစဉ်တွင် လေထဲရှိ အောက်စီဂျင်နှင့် ဆီတွင်ပါဝင်နေသော ဖေါ့စဖာ တိုက် (Phosphatide) များဓာတ်ပြုပြီး အရောင် များ၊ အနံ့များနှင့် အရသာများ ပျက်စီးလာခြင်း ကြောင့်ဖြစ်သည်။ ယင်းဖော့စဖာတိုက် ပါဝင်မှုများ သော စားသုံးဆီများမှာ ပဲပုပ်ဆီ (၁.၁-၃.၂ %)၊ ပြောင်းစေ့ဆီ (၁-၃%)၊ နို့ထောပတ်(ဝ.၆- ၁.၄%)၊ ဖွဲနုဆီ (ဝ.၀၈-၂ %) နှင့် ဝါစေ့ဆီ (ဝ.၇-ဝ.၉ %) တို့ ဖြစ်ကြသည်။ စားသုံးသူများအတွက်ကတော့ မူလသီးနှံစေ့များမှ ဖိညှစ်ထုတ်ယူ (သဘာဝနည်း)ခြင်းဖြင့် ရရှိလာသောဆီများတွင် မူလသီးနှံစေ့ရှိ နှစ်သက်ဖွယ်ကောင်းသော အနံ့၊ အရသာရှိနေသည့် ဆီမျိုး ကို ဆီကောင်းဟု သတ်မှတ်ကြသည်။ ဥပမာမြေပဲဆီ၊ နှမ်းဆီ၊ အုန်းဆီ၊ သံလွင်ဆီနှင့် ပြောင်းစေ့ ဆီ၊ နို့ထောပတ် ၊ ဆီထောပတ်၊ မာဂျရင်းနှင့် ဒိန်ခဲများကိုလည်း စားသုံးရာတွင် အနံ့၊ အရသာ ကောင်းသောကြောင့် ဆီကောင်းဟုသတ်မှတ်ကြ သည်။ ကျန်းမာရေးပညာရှင်များကမူ ပြည့်ဝအဆီ အက်စစ် (Saturated Fatty Acid) ပါမစ်တစ်အက်စစ်(Palmitic Acid) ပါဝင်မှုများသော ဆီမျိုးကို စားသုံးလျှင် နှလုံးရောဂါ၊ သွေးတိုးရောဂါ များဖြစ်စေတတ်သဖြင့် ယင်းဆီမျိုးကို မစားသုံးစေ ဘဲ ခန္ဓကိုယ်အတွက် မရှိမဖြစ် အဆီအက်စစ်(Essential Fatty Acid)၊ လင်နိုင်လစ် အက်စစ် (Linoleic Acid) ပါဝင်မှုများသော ဆီမျိုးကို ကျန်းမာရေးအတွက် ဆီကောင်းဟု ထောက်ခံ သတ်မှတ်ကြသည်။ စားသုံးဆီများတွင် ဆီမဟုတ်သော ပစ္စည်းများပါရှိတတ်ရာ ဆီထဲ၌ ပျော်ဝင်ခြင်းမရှိဘဲ၊ အနယ်အနှစ်များအဖြစ်ရှိနေသော မူလသီးနှံ အစအနများ၊ မြေကြီး၊ ခဲ၊ အမှိုက်သရိုက်များ၊ ဖယောင်း များကို ဆီစစ်ကိရိယာနှင့်သေချာစွာ စစ်ထုတ်ဖယ် ရှားနိုင်ပါသည်။ သို့ရာတွင် ဆီတွင် တစ်သားတည်း ပျော်ဝင်နေတတ်သော အဆီအက်စစ်လွတ်များ (Free Fatty Acid) အရောင်ဆိုးများ၊ (Pigments) အနံ့ဆိုး၊ (Oridant) ၊ အော်ဒီဟိုက်၊ ကီတုန်း (Ketone) များကိုမူ စနစ်တကျ ဓာတ်ပြု ပစ္စည်းများနှင့် ဖယ်ရှားသန့်စင်ရမည်ဖြစ်ပါသည်။ သို့မှသာ ဆီသန့်ကိုရရှိမည်ဖြစ်ပါသည်။ ဆီမှ ဆီ မဟုတ်သော ပစ္စည်းများကို စနစ်တကျဖယ်ရှား သန့်စင်ပြီးဖြစ်သည့် ဆီသန့်များအနက် အရသာ ရှိမှု၊ မရှိမှု၊ အနံ့ကောင်းမှု၊ မကောင်းမှုတို့ကို ရှေ့ တန်းတင် အလေးထားခြင်းမပြုဘဲ ကျန်းမာရေး အတွက်သင့်လျော်သော ဆီကောင်းများဖြစ်သည့် ဆူးပန်းဆီ၊ ပန်းနှမ်းဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီစသည့် ဆီကောင်းများကို ရွေးချယ်စားသုံးသင့်ကြပါသည်။ မိမိတို့စားသုံးလိုက်သော ဆီများသည် ကျန်းမာရေးအတွက် စားသုံးရန်သင့်သည်ဟု ဆိုသော် လည်း ဆီသန့်များဖြစ်ရန် အထူးအရေးကြီးလှပါသည်။ စားသုံးဆီများ၏ စားသုံးရန်သင့်သော အရည်အသွေးများအား သတ်မှတ်ထားရှိရာမှ အရေးကြီးသော အရည်အသွေးတချို့အား ကောက်နုတ်ဖော်ပြရလျှင် - (က) Oil Properties ၄၀ ဒီဂရီစင်တီဂရိတ်တွင် ကြည်လင်နေသော အဝါရောင်ရှိရမည်။(ခ) Acid Value / FFA အချဉ်ဓာတ်ကိန်းဖြစ်သည်။ အဆီအက်စစ် လွတ်များ မည်မျှပေါ်(Free Fatty Acid) နေပြီ ကို တိုင်းတာခြင်းဖြစ်သည့် သတ်မှတ်ထားသည့် ပါဝင်မှုနှုန်းထက်မြင့်လာလျှင် လျှာပေါ်တင်ကြည့် လျှင် ရှတတဖြစ်သည်ကို တွေ့ရှိရမည်။ (ဂ)Iodine Value (I.V) ဆီအလေးချိန် ၁၀၀ ဂရမ်က စုပ်ယူလိုက်သော အိုင်အိုဒင်း အလေးချိန်ကို ကိန်းတစ်ခု အနေဖြင့် ဖော်ပြခြင်းဖြစ်သည်။ ဆီအမျိုးအစား ်တစ်ခု၏ မပြည့်ဝမှု (Unsaturation) အခြေအနေကို တိုင်းတာခြင်းဖြစ်သည်။ ကျန်းမာရေး အတွက် သင့်လျော်မှု ရှိ၊ မရှိ ဆုံးဖြတ်ရာတွင် အရေးကြီးသောအချက်ဖြစ်သည်။ အိုင်အိုဒင်း တန်ဖိုးများလေ၊ ကျန်းမာရေးအတွက် စားသုံးရန် သင့်လျော်လေဖြစ်သည်။ မပြည့်၀ အဆီအက်စစ် များ ပါဝင်မှုများလေ၊ အစာချေဖျက်ရာတွင် လွယ်ကူ၍ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးရောဂါ ဖြစ်ပေါ်စေမှုကို နည်းလေဖြစ်သည်။ (ဃ) Peroxide Value (P.V) လေအောက်စီဂျင်နှင့် ထိတွေ့ကာ ဓာတ်တိုးပြောင်းလဲသွားနိုင်သည့် အရာဝထ္ထုများပါဝင်မှု အခြေအနေကို တိုင်းတာခြင်းဖြစ်သည်။ မပြည့်၀ အဆီအက်စစ်ပါဝင်မှုများသော ဆီတို့သည် ဓာတ်တိုးလွယ်ကြ၍ ကြာရှည်သိုလှောင် ထားမခံလေ ဖြစ်သည့် P.V တန်ဖိုး 10(Max) ထက် ကျော်လွန်သောဆီများအား သိုလှောင်ထားရန် မသင့်တော့ပါ။ (င) Titer / Cloud Point အဆီအက်စစ်များ၏ အစိုင်အခဲဖြစ်မှတ် (Solidification Point) ဖြစ်သည့်ဆီများတွင် ပုံဆောင်ခဲဖြစ်မှတ် (Crystallistaion Point) ကိုကြည့်၍ တိမ်ခိုးဖြစ်မှတ် (Cloud Point) ဖြင့် ဖော်ပြလေ့ရှိသည်။ စားအုန်းဆီတွင် (Cloud Point) ဖြင့်ဖော်ပြပြီး မြေပဲဆီတွင်မူTiter ဖြင့် ဖော်ပြသည်။ သဘာဝနည်းဖြင့်ထုတ်လုပ်သော စားသုံးဆီများတွင် Cloud Point ဖြစ်နေတတ်ပါသည်။(ဥပမာ-မြေပဲဆီ ၁၂ ဒီဂရီစင်တီဂရိတ်) မူလဆီထွက်သီးနှံစေ့၏ အပေါ်တွင် ဖုံးအုပ်ထား သော ဖယောင်းပါးများ ဆီတွင်ပျော်ဝင်နေခြင်း ဖြစ်၍ ကုန်စင်အောင်စစ်ယူခြင်းမပြု၍ပါလာတတ်ခြင်းဖြစ်သည်။ စားသုံးရာတွင် အန္တရာယ်မဖြစ် သော်လည်း စားအုန်းဆီတွင်မူ ဆီအခဲပိုင်းနှင့် အရည်ပိုင်းနှစ်မျိုးပါရှိနေ၍ ဆီအခဲပိုင်း (Stearin) ကို ဖယ်ရှားစစ်ထုတ်ပစ်မှသာလျှင် စားသုံးရန်သင့် သဖြင့် အဓိကအားဖြင့် Stearin ပါဝင်နေမှုပေါ် မူတည်၍ Cloud Point ဖြစ်နေတတ်သဖြင့် Cloud Point သည် အရေးကြီးသော သတိပြု ရမည့်အချက်တစ်ချက်ဖြစ်နေပါသည်။ ဆီအခဲပိုင်း များ ပါဝင်မှုများနေလျှင် စားသုံးရာတွင် အစာချေ ဖျက်နိုင်မှုနည်း၍ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေး တိုးရောဂါဖြစ်ပေါ်စေမှု များစေပါသည်။ စားအုန်း ဆီတွင် Cloud Point အား8-10 C (Max) သတ်မှတ်ထားပါသည်။ (စ) Saponification Value ဆီအလေးချိန် တစ်ဂရမ်မှ ဆပ်ပြာဖြစ်ရန် လိုအပ်သော ပိုတက်စီယမ်ဟိုက်ဒြောက်ဆိုဒ် (KOH) မီလီဂရမ်အလေးချိန်ကို ကိန်းတစ်ခု အနေဖြင့် ဖော်ပြခြင်းဖြစ်သည်။ ဆပ်ပြာဖြစ်ကိန်း ဟုခေါ်သည်။ (ဆ)Rancidity ဆီပျက်/မပျက်အား တိုင်းတာခြင်းဖြစ်သည်။ (ဇ) Melting Point စားအုန်းဆီတွင် ဆီအရည်နှင့်အခဲတို့ တွဲ ဖက်ပါဝင်နေတတ်ပြီး အခြေအနေ တစ်ရပ်ရပ် ကြောင့် ဆီအရည်များအတွင်း ဆီအခဲများ ဖြစ်လာခဲ့လျှင် မည်သည့်အပူချိန်ဒီဂရီစင်တီဂရိတ်တွင် အရည်ဘဝသို့ ပြန်လည်ကူးပြောင်းနိုင်သည်ကို ဖော်ပြခြင်းဖြစ်သည်။ နိုင်ငံတကာ အရောင်းအဝယ်ပြုလုပ်ရာတွင် သတ်မှတ်ထားသော ဟင်းသီးဟင်းရွက်ဆီများ၏ အရည်အသွေး၊ စံချိန်စံညွှန်းများအား ဖော်ပြလိုက်ရပါသည်။ အထက်ဖော်ပြပါ စားသုံးဆီများ၏ စားသုံးရန်သင့်သော အရည်အသွေး သတ်မှတ်ချက်များ အရ စားသုံးသူများအနေဖြင့် ကျန်းမာရေးရှုထောင့် မှသင့်လျော်သော ဆီများအား ရွေးချယ်စားသုံးကြ ရာတွင် မိမိစားသုံးလိုက်သောဆီသည် ဆီကောင်း ဖြစ်သကဲ့သို့ ဆီသန့်ဖြစ်ရန်လည်း ဂရုပြုမိစေရန် အကြံပြုလိုက်ရပါသည်။
ကမ္ဘာ့ဆန်ဈေးကွက်ထဲ အနိမ့်ဈေးဖြင့် ဝင်ရောက်လာသည့် အိန္ဒိယနှင့်လေ့လာစောင့်ကြည့်ရမည့် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်တို့၏ နည်းဗျူဟာများ လမင်း အာရှတိုက်ဟာ ကမ္ဘာတစ်ဝန်း ဆန်စပါးထိပ်တန်းထုတ်လုပ်သူတွေရော၊ အများဆုံး စားသုံးသူများလည်း နေထိုင်တဲ့ တိုက်ဖြစ်သလို ငွေကြေးဖောင်းပွမှုဒဏ်ကို တိုက်ဖျက်နေရတဲ့ လူဦးရေ အများဆုံး အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ တည်ရှိရာ ဖြစ်ပါတယ်။ ဒီဧပြီလမတိုင်မီအထိ ဈေးအနိမ့်မှာရှိနေခဲ့တဲ့ အာရှ ဆန်ဈေးဟာ အဲဒီနောက်ပိုင်း အလွန်ကစပြီး ဈေး ၃ဝ ရာခိုင်နှုန်းကျော် မြင့်တက်လာ ခဲ့တာ တွေ့ရပါတယ်။ဒါပေမဲ့ဆန်ထုတ်လုပ်တဲ့ နိုင်ငံအများစုမှာ သိုလှောင် ဆန် အမြောက်အမြားရှိနေတဲ့အတွက် ၂ဝဝ၈ ခုနှစ်မှာ ကြုံတွေ့ခဲ့ရသလို စားနပ် ရိက္ခာအကျပ်အတည်းမျိုး တစ်ဖန်ပြန်ဖြစ်လာနိုင် စရာ မရှိဘူးလို့တော့ အာရှ ဆန်ကုန်သည်တွေက ဆိုပါတယ်။ အာရှဆန်ဈေးမြင့်တက်လာတဲ့ အခြေခံအကြောင်းအရင်း ဒါပေမဲ့ ဒီစက်တင်ဘာ ပထမလဝက်အတွင်း အာရှဆန်ဈေးဟာ တစ်နေ့ တစ်မျိုးဈေးနှုန်း အပြောင်းအလဲ အတက်အကျတွေဖြစ်နေတာ သတိထားမိ ပါတယ်။ ဆန်စပါးမူဝါဒအပေါ် ကတိပြုထားတဲ့ ပြူထိုင်းပါတီ အာဏာရရှိခဲ့တဲ့ ဇူလိုင် ၇ ရက်ကတည်းက အာရှ အခြေခံ ဆန်ဈေး အတက်ဘက်ကို ဦးတည်လာ ခဲ့ရာမှ ယခုလထဲမှာ ဆန်ဈေးနှုန်းတိုးတက်ရခြင်း အခြေခံအကြောင်းရင်းဖြစ်တဲ့ ထိုင်းအစိုးရသစ်ရဲ့ စပါးဝယ်ယူရေးအစီအစဉ်သစ်ကို အောက်တိုဘာ ၇ ရက်မှာ စတင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဆန်တင်ပို့နိုင်ငံများမှ ဆန်ဈေးများတိုးမြှင့် အာရှအခြေခံစံနှုန်းဖြစ်တဲ့ ထိုင်း ဆန်ဈေးမြင့်တက်လာခဲ့ခြင်းနဲ့အတူ ကမ္ဘာမှာ ဒုတိယ အများဆုံးတင်ပို့တဲ့ ဗီယက်နမ်နိုင်ငံမှာလည်း ပြည်ပဝယ်လိုအားတွေ တက်လာတာကြောင့် ပြည်တွင်း ဆန်ဈေးမြင့်တက်မှုရှိလာသလို ပြည်ပတင်ပို့ ဆန်ဈေးလည်း လိုက်ပါမြင့်တက်လာတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ မနှစ်က ရေလွှမ်း မိုးပြီး သဘာဝဘေးတွေကြောင့် ဆန်တင်ပို့မှု နည်းခဲ့ပြီး မှန်မှန်ဘဲတင်ပို့ဖို့ အားသန် နေတဲ့ ပါကစ္စတန်ကလည်း အဓိကတင်ပို့ နိုင်ငံတွေလောက် ဈေးမြှင့်တင်ခဲ့ခြင်း မရှိပေမဲ့ အလိုက်အထိုက် တိုးမြှင့်ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လနောက်ပိုင်း အာရှ ဆန်ဈေးအပြောင်းအလဲကို ဖော်ပြလိုက်ပါတယ် ရက်စွဲ ထိုင်း ဗီယက်နမ် ပါကစ္စတန် အိန္ဒိယ ၂၅ မှတ် ၂၅ မှတ် ၂၅ မှတ် ၂၅ မှတ်၁၈-၈-၁၁ ၅၃ဝ ၅၂ဝ ၄၃၅ -၂၆-၈-၁၁ ၅၃ဝ ၅၃ဝ ၄၃ဝ -၃၁-၈-၁၁ ၅၃၅ ၅၁ဝ ၄၅ဝ -၈-၉-၁၁ ၅၆၅ ၅ဝ၅ ၄၇၅ -၁၅-၉-၁၁ ၅၃၅ ၅ဝဝ ၄၅ဝ ၄၅ဝ အာရှဆန်ဈေးတက်လာခြင်းနှင့်အတူ အိန္ဒိယဆန်တင်ပို့မှု ခွင့်ပြု အာရှဆန်ဈေးတွေ အတက်ဘက်ဦးတည်နေတဲ့ ဇူလိုင်လထဲမှာ ဆန်တင်ပို့တာကို ၃ နှစ်လောက်ရပ်နား ထားတဲ့ အိန္ဒိယဟာ ဆန်သိုလှောင်မှုတွေ စုပုံနေတဲ့အပြင် လက်ရှိမိုးစပါး ရာသီမှာလည်း အထွက်ပိုမယ့် အလား အလာတွေကြောင့် ပြည်တွင်းဆန် တင်ပို့သူတွေရဲ့ တိုက်တွန်းလှုံ့ဆော်မှုတွေ အရ မနေသာတော့ဘဲ ဘာစမာတီ မဟုတ်တဲ့ ဆန်တန်ချိန် တစ်သန်းတင်ပို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆန် တစ်သန်းတင်ပို့ခွင့်ပြုခဲ့ရာမှာ ကိုတာ သတ်မှတ်ချက်တွေကို ဝေဖန်စွပ်စွဲမ ှုတွေ ရှိလာလို့ အထက်တရားရုံးက ကိုတာသတ်မှတ်ဆုံးဖြတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီလို လုပ်နေချိန်မှာပဲ အာရှဆန်ဈေး ထိုးတက်လာခဲ့တော့ စပါးသစ် သိုလှောင်ဖို့ အခက်အခဲ ဖြေရှင်းဖို့ အတွက် ရော ဆန်တင်ပို့သူတွေ ဈေးကောင်းနဲ့ ရောင်းချဖို့အတွက်ပါ ဆန်တန်ချိန် နှစ်သန်း တင်ပို့ဖို့ စက်တင်ဘာလ ၈ ရက် နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဈေးကွက်ကို ဈေးအလျှော့ဆုံးနဲ့ စတင်ကမ်းလှမ်း အိန္ဒိယဆန် တင်ပို့သူတွေဟာ အစိုးရက ဆန်တင်ပို့ခွင့်ပြုပြီးတာနဲ့ ချက်ချင်းဆိုသလို နိုက်ဂျီးရီးယားကို ထိုင်း၊ ဗီယက်နမ်တို့ထက် ဈေးအသက် သာဆုံးလျှော့ပြီး တစ်တန်ကန်ဒေါ်လာ ၄၇ဝ နဲ့ ရောင်းခဲ့သလို ဆက်တိုက်ဆို သလို ဘင်္ဂလားဒေ့ရှ်နဲ့ အာဖရိကကို တန်ချိန် ၃၅ဝဝဝဝ နဲ့ ၄ သိန်းကြား တစ်တန်ကန်ဒေါ်လာ ၄၂၅ မှ ၄၆ဝ ဈေးတွေနဲ့ ရောင်းချမှုတွေလည်း လုပ်လာပါတယ်။ဈေးကွက်ထဲ စဝင်လာချင်း မှာပဲ ပြိုင်ဘက်တွေရဲ့ ဆန်ဈေးထက် သိသိသာသာကွာခြားလျော့နည်း ရောင်းချမှုတွေလုပ်လာတဲ့အခါ အဓိက ဆန်ရောင်းသူတွေ ဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ် တို့ကလည်း သူတို့ရဲ့ ကမ်းလှမ်းဈေးတွေ လျှော့ချလာပါတယ်။ အထူးသဖြင့် အမြင့်ဆုံးကို ရောက်နေတဲ့ ဈေးနဲ့ စာချုပ်ထားတဲ့ ဝယ်လက်အချို့ ရဲ့ စာချုပ်ပယ်ဖျက်မှုတွေ ရှိလာတဲ့ ထိုင်း ဆန်ရောင်းသူတွေဟာ တစ်ရက် ကို ၅ ဒေါ်လာ၊ ၁ဝ ဒေါ်လာနဲ့ နေ့စဉ်ဆိုသလိုလျှော့ပြီးကမ်းလှမ်းလာတာတွေ့ ရပါတယ်။ ဒုတိယနေရာမှာရှိတဲ့ ဗီယက်နမ် ဆန်တင်ပို့သူတွေကလည်း ထိုင်း ဆန်ရောင်းသူတွေလောက် ဈေးများများနဲ့ နေ့စဉ်မလျှော့ပေမဲ့ ကြိုကြား ကြိုကြားဈေးလျှော့ဖော်ပြတာတွေ တွေ့ ရပါတယ်။ ဈေးလျော့မှုတွေရှိနေပေမဲ့ ဈေးနှုန်းကွာခြားမှုများနေဆဲ ဒီလိုဈေးလျှော့လာပေမဲ့ အိန္ဒိယ က ဈေးကွက်ထဲကို အနိမ့်ဆုံးဈေးနဲ့ ဝင်လာတဲ့ အတွက် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်တို့ရဲ့ ဆန်ဈေးကွာခြားမှုဟာ များနေသေးတာ တွေ့ရပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့ ပေါက်ဈေးရဲ့ အများဆုံး ၂၅ မှတ်ဆန်ဈေးနှုန်း ကွာခြားမှုတွေကို ကြည့်မယ်ဆိုရင် ထိုင်းက ဒေါ်လာ ၅၃၅ ရှိချိန်မှာ ဗီယက်နမ်က ထိုင်းထက် ၃၅ ဒေါ်လာ နိမ့်ပြီး ကန်ဒေါ်လာ ၅ဝဝ ရှိပါတယ်။ အိန္ဒိယ က ဒေါ်လာ ၃၈၅-၃၉၅ ရှိတာကြောင့် ထိုင်းဆန်ထက် ၁ဝ၅ ဒေါ်လာလျော့ပြီး ဗီယက်နမ်ထက် ဒေါ်လာ ၆ဝ လျော့နည်းပါတယ်။အဲဒီအချိန်မှာ ပါကစ္စတန် က ကန်ဒေါ်လာ ၄၁ဝ-၄၂ဝ ဝန်းကျင်နဲ့ ကမ်းလှမ်းထားပါတယ်။ ဒါတွေက လတ်တလောဈေးကွက်မှာဖြစ်နေတဲ့ အနေအထားပါ။ ထိပ်တန်းဆန်တင်ပို့ နိုင်ငံနဲ့ တင်သွင်းနိုင်ငံတွေရဲ့ လက်ရှိ အခြေအနေနဲ့ အလားအလာကိုလည်း ဆက်ပြီးလေ့လာကြည့်ရ အောင်ပါ။ လယ်သမားရဲ့ဝင်ငွေတိုးတင်နိုင်ဖို့ အဓိကထားတဲ့ ထိုင်းဆန်စပါးမူဝါဒ ထိုင်းအစိုးရသစ်ဟာ ဈေးကွက်ပေါက်ဈေးထက် နှစ်ဆပိုတဲ့ ဈေးနဲ့ တောင်သူတွေဆီက စပါးဝယ်ယူမယ့် အစီအစဉ်ကို အောက်တိုဘာလ ၇ ရက်နေ့ကနေ ဖေဖော်ဝါရီလကုန်ထိ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ် အကောင်အထည်ဖော်မယ်လို့ ကြေညာခဲ့အပြီးမှာ ထိုင်းဆန်စက် လုပ်ငန်းရှင်တွေ၊ ဆန် ကုန်သည်တွေဟာ ရသမျှ ဆန်စပါးကို တတ်နိုင်သမျှ ဝယ်ယူစုဆောင်းခဲ့ကြလို့ ပြည်တွင်း ဈေးတွေမြင့်တက်လာသလို ပြည်ပတင်ပို့ဈေးကိုလည်း အမြင့်ဆုံးနဲ့ ကမ်းလှမ်းခဲ့ကြပါတယ်။ ဒါကြောင့် လည်း ကမ္ဘာ့ဈေးကွက် ဝယ်လက်တွေ က ဈေးသက်သာတဲ့ နိုင်ငံတွေမှာ ဝယ်ယူလာကြလို့ နံပါတ် ၁ ဆန်တင်ပို့ သူနေရာအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာတဲ့ အခြေအနေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ရှိအစိုးရရဲ့ ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူကတော့ လယ်သမား တွေ ဝင်ငွေတိုးပြီး စီးပွားရေး မြင့်တက် လာမယ်ဆိုရင် လက်ရှိ ကျင့်သုံးမယ့် ဆန်စပါးမူဝါဒကြောင့် ကမ္ဘာမှာ ဆန် တင်ပို့မှု ထိပ်တန်းနေရာ မရတော့ရင် လည်း ဝမ်းမနည်းပါဘူးလို့ ဆိုပါတယ်။ ဆန်တင်ပို့မှု မကျဆင်းရေ၊အိမ်နီးချင်းနိုင်ငံများနဲ့ ဆွေးနွေး မကြာသေးခင်အချိန်ကဘဲ နိုင်ငံ မြောက်ပိုင်းမှာရေလွှမ်းမိုးမှုတွေကြောင့် စပါးအထွက် အနည်းငယ် လျော့ကျ နိုင်သလို ပြည်ပဝယ်လက်နှေးသွား လို့လည်း တင်ပို့မှု ကျဆင်းနိုင်တဲ့ အနေ အထားရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိ ဝန်ကြီးချုပ် ရင်လတ်ကတော့ သူရဲ့ မူဝါဒအရ ဆန်တင်ပို့မှု မကျဆင်းရေး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ လာအို တို့ကို အစိုးရအချင်းချင်း ဆန်ကုန်သွယ် မှုပြုရေး သွားရောက်နေတဲ့သတင်း တွေလည်း တွေ့နေရပြီဖြစ်ပါတယ်။ ဆန်စပါးသစ် သိုလှောင်ဖို့ ဆန်လက်ကျန်ထုတ်ရောင်းမယ် နောက် ၃ ပတ်အတွင်းမှာ စပါး သစ်တန်ချိန် သန်းချီပြီး ဝယ်ယူတော့ မှာဖြစ်လို့ လက်ရှိအစိုးရ သိုလှောင် ဆန်ဟောင်း တန်ချိန် ၂ သန်းကိုလည်း စပါးသစ်ဝယ်ယူတဲ့ကာလမှာထုတ်ရောင်း သွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် လည်း အစိုးရအချင်းချင်း ရောင်းချမှု အတွက်ပါ ကြိုးစားနေတာ ဖြစ်သလို ပြည်တွင်းဆန်စက်လုပ်ငန်း ရှင်တွေနဲ့ ဆန်တင်ပို့သူတွေကိုလည်း ရောင်းချနိုင် တဲ့ အလားအလာရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ လက်ရှိ ဆန်စက်နဲ့ ဆန်တင်ပို့သူတွေမှာလည်း အမြတ် များများရမယ့် အစိုးရဆန် ဝယ်ယူမယ့် အစီအစဉ်ကို မျှော်ကိုးပြီး တန်ချိန် ၃ သန်းလောက်ပိုက်ထားတဲ့ အခြေအနေ ရှိနေလို့အစိုးရရဲ့ သိုလှောင် ဆန်ဝယ်ယူ လိုတဲ့ အနေအထားမရှိဘူးလို့ ဆိုပါ တယ်။ အစိုးရက သိုလှောင် ဆန်ဟောင်းတွေက အရည်အသွေး နိမ့်လို့ ဈေးလျှော့ရောင်းထုတ်မလား ဆိုတာ ကိုတော့ ကုန်သည်တွေက စောင့်ကြည့် နေဆဲ ဖြစ်ပါတယ်။ ဒုတိယ ဆန်အများဆုံး တင်ပို့နိုင်ငံရဲ့ အားသာချက် ထိုင်းနိုင်ငံက ဆန်တန်ချိန် သန်း ၂ဝ ခန့်ထုတ်လုပ်ချိန်မှာ ဗီယက်နမ်က ၂၅ သန်းခန့်ထုတ်လုပ်ပြီး နှစ်နိုင်ငံက ကမ္ဘာ့ဆန်ကုန်သွယ်မှုရဲ့ ထက်ဝက် နီးပါးကို ချုပ်ကိုင်ထားပါတယ်။ ကမ္ဘာ့ ဆန်ကုန်သွယ်မှု တစ်နှစ်တန်ချိန် ၃၂ သန်းခန့်ရှိတဲ့အနက် ထိုင်းက ၁ဝ သန်း ဝန်းကျင်နဲ့ ဗီယက်နမ်က တန်ချိန် ၆ သန်း၊ ၇ သန်းခန့် ပါဝင်နေပါတယ်။ ဗီယက်နမ်ရဲ့ အားသာချက်က မဲခေါင်မြစ်ဝှမ်းဒေသ မြေဆီလွှာကောင်းမွန် မှုကြောင့် ထိုင်းဆန်အထွက်နှုန်းထက် ၂ ဆတိုးပြီး ဗီယက်နမ်က ထုတ်လုပ် နိုင်တာပါပဲ။ နောက်တစ်ချက်က ဈေး နှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိတာကြောင့် လက် ရှိ အခြေအနေအရဆိုရင် လာမယ့် နှစ်ဆန်ဈေးကွက်ကို ဗီယက်နမ်က ဦးဆောင်သွားမလားလို့တောင် ကုန်သည် ကြီးများက သုံးသပ်နေကြပါတယ်။ ဆန်တင်ပို့မှု မူဝါဒသစ်ကြောင့် ဆန်တင်ပို့မှု အခင်း အကျင်းပြောင်းလဲလာ ယခင်နှစ်နှောင်းပိုင်းက ဆန်တင်ပို့ သူတွေဟာ အနည်းဆုံး ဆန်သိုလှောင်ရုံနဲ့ ဆန်စက်ရှိရမယ်ဆိုတဲ့ အစိုးရ ရဲ့ဆန်မူဝါဒသစ်အရ ဗီယက်နမ်ရဲ့ ဆန်တင်ပို့မှု အခင်းအကျင်း ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။ အရင်က ဆန် တင်ပို့သူကုမ္ပဏီ ၂ဝဝ ကျော်ရှိရာမှ အရည်အချင်းရှိတဲ့ ဆန်တင်ပို့သူတွေ ဖြစ်တဲ့ စုစုပေါင်း ဆန်တင်ပို့မှုရဲ့ ၈၇ ရာခိုင်နှုန်းခန့်တင်ပို့တဲ့ ကုမ္ပဏီ ၈ဝ ခန့် သာ ဆန်ကာတင်ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ လဆန်းအထိ ဗီယက်နမ်က ဆန်တန်ချိန် ၅ ဒသမ ၃ သန်းတင်ပို့ပြီး နောက်ထပ်တန်ချိန် ၂ သန်းလည်း အမှာအော်ဒါတွေ ရရှိ ထားလို့ ယခုနှစ်မှာ တန်ချိန် ၇ သန်း ကျော်တင်ပို့ဖို့ ရည်မှန်းထားတယ်လို့ ဗီယက်နမ် စားနပ်ရိက္ခာအသင်း (VFA) က ပြောကြားပါတယ်။ အရည် အသွေးပိုမိုကောင်းဖို့ဦးတည်လာနေ ဗီယက်နမ်နိုင်ငံ ဆန်ရောင်းဝယ်မှုကဏ္ဍမှာ ဆန်တင်ပို့သူတွေကို အရည်အချင်းစစ်ထုတ်တဲ့ မူဝါဒတွေ ပြောင်းလဲသလို အရေအတွက်ထက် အရည်အသွေးကို ပိုအလေးထားလာတဲ့ သဘောလည်းတွေ့ရပါတယ်။ ၂ဝ၁၂ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အတွင်းမှာ နှစ်စဉ်ဆန်တန်ချိန် အနည်းဆုံး ၆ သန်းကိုအရည်အသွေး ကောင်းကောင်း နဲ့ တင်ပို့နိုင်ဖို့ (VFA) က အကောင် အထည်ဖော်မယ်လို့ သိရပါတယ်။ လယ်ကွင်းများ အဆင့်မြှင့်တင်မှုတွေ၊ မျိုးမသန့်စပါးတွေ ရွေးထုတ်ပြီး မျိုး သန့်စပါးတွေ တိုးစိုက်ဖို့အပြင် ထုတ် ကုန်များမှာ တိကျတဲ့ကုန်သွယ်မှု အမှတ်တံဆိပ်တွေနဲ့ အရည်အသွေး မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ တစ်ကျော့ပြန်ဝင်လာတဲ့ အိန္ဒိယ အရင်က ကမ္ဘာ့ဆန်တင်ပို့မှု တတိယနေရာယူထားတဲ့ အိန္ဒိယဟာ ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကာလ ဆန်ဈေးတွေ မြင့်တက်လာစဉ် များပြားလှတဲ့ လူဦး ရေအတွက် စားနပ်ရိက္ခာဖူလုံဖို့ ဆန် တင်ပို့မှု ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၉-၂ဝ၁ဝ မှာ ရာသီဥတု ကောင်းပြီး စပါးတွေအထွက်ပိုလာလို့ အရန်သိုလှောင်ဆန်ပမာဏာဟာ ရည်မှန်းထားတာထက် ပိုခဲ့ပါတယ်။ ဒါပေမဲ့ လည်း ဘာစမာတီဆန်ကိုသာ တင်ပို့ခွင့် ပြုခဲ့ပြီး အချို့ဘာစမာတီမဟုတ်တဲ့ ဆန်ကို သံတမန်ဆက်ဆံရေးအရသာ အိမ်နီး ချင်းနိုင်ငံတွေကို တင်ပို့စေခဲ့တာ ဖြစ်ပါ တယ်။ ၂ နှစ်ဆက်တိုက် စပါး အထွက်ကောင်းပြီး အရံသိုလှောင်ဆန် တွေ စုပုံလာတဲ့ ဒီနှစ်မှာတော့ ပြည်တွင်း ဆန်ဈေး ကျပြီး တောင်သူတွေမထိခိုက် ဖို့ ကမ္ဘာ့ဈေးကွက်မှာ ဈေးအတက် ဘက် ချီတက်နေချိန် ဈေးကောင်းရဖို့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဆန်တန်ချိန် ၁ သန်းနဲ့ ဈေးကွက်မျက်နှာကို စဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီစက်တင်ဘာလ ပထမပတ် မှာတော့ ဆန်တန်ချိန် ၂ သန်း ထပ်မံ ခွင့်ပြုခဲ့ပြီးတဲ့နောက် ဆန် တင်ပို့သူတွေဟာ အချိန်မဆိုင်းဘဲ အာဖရိကဈေးကွက်ကို အမိအရ ဖမ်း ဆုတ်လာတာ တွေ့ရပါတယ်။ ဈေးကွက်ကို ယှဉ်ပြိုင်မှုစွမ်းအား အပြည့်နဲ့ ဝင်ရောက် ဈေးကွက်ထဲစဝင်လာချင်းမှာဘဲ ဗီယက်နမ်ဆန်ဈေးထက် ကန်ဒေါ်လာ ၅ဝ ခန့်ခွာပြီး တစ်တန် ကန်ဒေါ်လာ ၄၂၅ ကနေ ၄၆ဝ၊ ၄၇ဝ အတွင်း ဈေးတွေနဲ့ အရည်အသွေး အလိုက် ဈေးလျှော့ ရောင်းချလာခဲ့ပါတယ်။ ထိုင်း ဆန်ဈေးမြင့်လို့ ဈေးသက်သာတဲ့ ဆန်ရောင်းလက်တွေကို စောင့်ကြည့် နေချိန် အိန္ဒိယက အခိုျဆုံးဈေးနဲ့ ချင်း နင်းဝင်ရောက်လာပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာဖရိကဈေးကွက်ဝေစုကို သိမ်းကံျုးဖို့ စိုင်းပြင်းလာပါတယ်။ ဒီလိုဈေးကွက် အလားအလာကောင်းနေတဲ့ ကာလမှာ စပါးသစ်တွေ ဝယ်ယူဖို့အတွက် သို လှောင်ရုံတွေ ရှင်းလင်းရတော့မှာဖြစ် လို့ ခွင့်ပြုပြီးဖြစ်တဲ့ ဆန်တန်ချိန် ၃ သန်းအပြင် နောက်ထပ်ဆန်ဘယ် လောက်များများ တင်ပို့ခွင့်ပြုဦးမလဲဆို တာကိုလည်း ဆန်တင်ပို့သူတွေ စောင့် စားလို့နေကြတာ တွေ့ရပါတယ်။ ဈေးကွက်ဝေစုမလျော့ရေး ပါကစ္စတန်ကလည်းပြင်ဆင် ကမ္ဘာ့ဆန်တင်ပို့မှု တတိယ အဆင့်ကို အိန္ဒိယနဲ့အပြိုင်လုခဲ့တဲ့ ပါကစ္စတန်ကလည်း ရေလွှမ်းမိုးမှုတွေ သဘာဝဘေးတွေနဲ့ ကြုံတွေ့ရလို့ ဆန်တင်ပို့မှုလျော့ကျပေမဲ့ သူရဲ့ အဓိကကျ တဲ့ ဘာစမာတီနဲ့ ပေါင်းဆန် ဈေးကွက် မလျော့ကျရေးအတွက် အလေးထား လာပါတယ်။ အထူးသဖြင့်တော့ နိုင်ငံ တကာဈေးကွက်ကို အိန္ဒိယဝင်ရောက် လာခြင်းဟာ ပါကစ္စတန်ဆန်ဈေးကွက်အတွက် ခြိမ်းခြောက်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပါကစ္စတန် ပြည်တွင်းဆန်ဈေးက အိန္ဒိယနဲ့ယှဉ်ရင် ပိုမိုမြင့်မားနေသလို နိုင်ငံတကာဈေးကွက်မှာ အိန္ဒိယရဲ့ ဈေးနှုန်းနဲ့ ဆန် အမျိုးအစားက ကျယ်ကျယ် ပြန့်ပြန့် ရှိနေ တာတွေအတွက် ပါကစ္စတန် ဆန် တင်ပို့သူတွေဟာ မှန်ကန်ထိရောက်တဲ့ နည်းဗျူဟာတွေ ချမှတ်ရတော့မှာဖြစ် ပါတယ်။ ဒါပေမဲ့မကြာသေးခင်က ဆင်းပြည်နယ်မှာ ရေလွှမ်းပြီး စပါးစိုက်လယ် မြေတချို့ပျက်စီးခဲ့လို့ စပါး အထွက် အနည်းငယ်လျော့မယ်လို့ ခန့်မှန်းထားပါတယ်။ ပါကစ္စတန်အနေနဲ့ လက်ရှိမှာ ဗီယက်နမ်တို့လို ဆန် အမြောက်အမြား မကျန်တော့ပေမဲ့ အဓိကဝယ်လက်တွေ ဖြစ်တဲ့ ယူအေအီး၊ အီရန်၊ အိုမန်တို့ အပြင် အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကိုလည်း ဆန်ပိုမိုတင်ပို့ရေးလာမယ့် သီတင်းပတ် တွေမှာ သွားရောက် ဆွေးနွေးမယ်လို့ သိရပါတယ်။ ဒါက အဓိကဆန်တင်ပို့တဲ့နိုင်ငံတွေရဲ့ နည်းဗျူဟာ အခင်းအကျင်းတွေပါ။ နောက် တစ်ဖက်ကတော့ အဓိက ဆန်တင်သွင်းတဲ့ နိုင်ငံတွေရဲ့ ဆန်စပါးမူဝါဒကိုလည်း လေ့လာကြည့်ဖို့ လိုပါတယ်။ ကမ္ဘာ့ဆန်ထိပ်တန်းတင်သွင်းသူအဖြစ်မှ အနည်းဆုံးတင်သွင်းဖို့ ဖိလစ်ပိုင် ကြိုးစား ပြီးခဲ့တဲ့ ၂ နှစ်ကျော်က ကမ္ဘာ့ ဈေးကွက်မှာ အများဆုံးဆန် တင်သွင်း သူဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံကို လေ့လာ မယ်ဆိုရင် အသုံးစရိတ်လျှော့ချဖို့ စဉ်း စားပြီး လယ်သမားတွေဆီက ဆန်ဝယ်ယူမှုကို တန်ချိန် ၅ သိန်းကနေ တန်ချိန် ၂၇ဝဝဝဝ သာဝယ်ယူမယ်လို့ ဆိုပါ တယ်။ နိုင်ငံတော်စားနပ် ရိက္ခာအာဏာပိုင်(NFA) ဟာ လယ်သမားတွေဆီက ကန်ဒေါ်လာ ၃၉၉ နဲ့ ဝယ်ယူပြီး ဆန်အမျိုးအစားအလိုက် လက်လီဈေးကွက် ပေါက်ဈေးထက် လျော့ပြီး တစ်တန်ကန် ဒေါ်လာ ၄၂၂ မှ ၇ဝ၄ နဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။ နိုင်ငံအနေနဲ့ ပြည်တွင်း ဖူလုံဖို့ ကြိုးစားနေတာဖြစ်လို့ အရင်က တစ်နှစ်ကို ဆန်တန်ချိန် ၁ သန်းမှ ၂ သန်း အထိ တင်သွင်းခဲ့ရာမှ ၂ဝ၁၂ မှာ တန်ချိန် ၅ သိန်းထက် ပိုမသွင်းဘူးလို့ သိရပါတယ်။ ဆန်သိုလှောင်မှုကို အပြည့်အဝဖြည့်တင်းမယ့် အင်ဒိုနီးရှား လူဦးရေတိုးပွားလာတာနဲ့အမျှ စားသုံးမှုပိုလာတဲ့ အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဆန်တင်သွင်း နိုင်ငံဖြစ်လာခဲ့ပါတယ်။ အစိုးရရဲ့ အရန် သိုလှောင်ဆန်တန်ချိန် ၁ ဒသမ ၅ သန်း ရှိဖို့ ရည်ရွယ်ပြီး နိုင်ငံပိုင်အေဂျင်စီမှ ဆန်တင်သွင်းခဲ့ရာမှ ၂ဝ၁ဝ-၁၁ အတွင်း တန်ချိန် ၂ ဒသမ ၂ သန်းအထိ တင် သွင်းခဲ့ တယ်လို့ သိရပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ မှာလည်း ပြည်တွင်း လယ်သမားတွေဆီက ဝယ်ယူမှုအပါအဝင် စုစုပေါင်းတန်ချိန် ၁ ဒသမ ၅ သန်း ဝယ်ယူသွားမယ်လို့ သိရပါတယ်။ လတ်တလော ထိုင်းနိုင်ငံက ဆန်တန်ချိန် ၃ သိန်းနဲ့ ဗီယက်နမ်က ဆန်တန်ချိန် ၅ သိန်းကို ဒီနှစ်ကုန်ပိုင်း အရောက် တင်သွင်းသွားမှာဖြစ်ပြီး ပြည်တွင်း သိုလှောင်မှုပြည့်မီဖို့ ဈေးသက်သာတဲ့ ပါကစ္စတန်နဲ့ အိန္ဒိယက တင်သွင်းဖို့လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ ပြည်တွင်းဆန်ဖူလုံဖို့ ကြိုးစားနေပေမဲ့ လက်ရှိတင်သွင်းနေဆဲ မလေးရှား ပုံမှန်အားဖြင့် မလေးရှားနိုင်ငံဟာ တစ်နှစ်ကို ဆန်တန်ချိန် တစ်သန်းဝန်းကျင်တင်သွင်းနေရတာ ဖြစ်ပေမဲ့ လက်ရှိ ကာလမှာတော့ ပြည်တွင်းဖူလုံဖို့ အထွက်တိုးမျိုးစေ့များနဲ့ ဆည်မြောင်း စနစ်များ တိုးတက်စီမံနေပြီး ၂ဝ၁၅ ခုနှစ်မှာ ပြည်တွင်းဖူလုံဖို့ဆိုပြီး ရည်မှန်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ပြည်တွင်း စားသုံးမှုရဲ့ ၇ဝ ရာခိုင်နှုန်းသာဖူလုံပြီး ၃ဝ ရာခိုင်နှုန်းဖြစ်တဲ့ ဆန်တန်ချိန် ၇ သိန်းကို တင်သွင်း နေရဆဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဆန်တင်ပို့မှု ထက်ဝက်လျော့မယ်ဆို တောင်အာရှရဲ့ အဓိက ဆန်ဝယ်လက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ယခင်ဘဏ္ဍာနှစ်တန်ချိန် ၁ ဒသမ၂၆ သန်းခန့်တင်သွင်းခဲ့ရပေမဲ့ ဒီနှစ်မှာစပါးအထွက်တိုးလာတာကြောင့် ဇူလိုင်လ ၁ ရက်နေ့မှာ စတင် တဲ့ ဘဏ္ဍာနှစ်အတွင်းမှာ တန်ချိန် ၈ သိန်းခန့်တင်သွင်းရမယ်လို့ အစောပိုင်းက ခန့်မှန်းခဲ့ပေမဲ့ လက်ရှိ အခြေအနေအရတန်ချိန် ၄ သိန်းခန့်သာ တင်သွင်းရတော့မယ်လို့ စားနပ်ရိက္ခာဌာန ဝယ်ယူရေးဒါရိုက်တာက ပြောကြားပါတယ်။ လတ်တလောအိန္ဒိယက ဈေးသက်သက်သာသာနဲ့ ရောင်းချနေလို့ အိန္ဒိယ ဆန်ဝယ်ယူမယ့် အလားအလာရှိနေတာ တွေ့ရပါတယ်။ ဈေးကွက်ကြီးမားတဲ့ အာဖရိက ဈေးသက်သာတဲ့ ဆန်ကိုပိုဝယ် ပြီးခဲ့တဲ့လပိုင်းများအတွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်ခဲ့တဲ့ ဂယက်ကြောင့် အာဖရိကနိုင်ငံ အများစုမှာ စားနပ်ရိက္ခာအကျပ် အတည်း ဖြစ်နေတာကြောင့် အထူးသဖြင့် ဆန်ဝယ်လိုအား ကြီးမား တဲ့ နိုက်ဂျီးရီးယားနိုင်ငံဟာ ဈေးသက်သာတဲ့ ဆန်ဈေးကွက်ကို ရှာဖွေ ဝယ်ယူလျက်ရှိနေတာ တွေ့ရပါတယ်။ ဈေးုကွက်ယှဉ်ပြိုင်တင်ပို့ချိန် တင်သွင်းမှုလျော့နိုင် တစ်ကမ္ဘာလုံးအခြေအနေကို ခြုံကြည့်မယ်ဆိုရင် အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ရဲ့ခန့်မှန်းချက်အရ ၂ဝ၁၁-၁၂ မှာ ကမ္ဘာ့ ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၇၃ဝဝဝ ကျဆင်းပြီး တန်ချိန် ၄၅၆ ဒသမ ၃ သန်းသာရှိပြီး ကမ္ဘာ့ဆန်စားသုံးမှုမှာ တန်ချိန် ၄၅၅ ဒသမ ၂ သာရှိမှာဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ နှစ်ကုန် ဆန်လက်ကျန် ပမာဏကိုတော့ တန်ချိန် ၉၇ ဒသမ ၅ သန်း ရှိမယ်လို့ ဆိုပါတယ်။ ထိုင်းနဲ့ အမေရိကန်တို့လို ဆန်တင်ပို့နိုင်ငံတွေ က တင်ပို့မှုကျဆင်း မှာဖြစ်လို့ ၂ဝ၁၂ မှာ ကုန်သွယ်မှုက တန်ချိန် ၂၄ဝဝဝဝ ကျဆင်းပြီး တန်ချိန် ၃၁ ဒသမ ၉ သန်းကို ရောက်ရှိမယ်လို့ ဆိုပါတယ်။ ခြုံငုံသုံး သပ်ရမယ်ဆိုရင် ဆန်တင်ပို့နိုင်ငံတွေက ဈေးကွက်ယှဉ်ပြိုင် တင်ပို့နေချိန်မှာ ဆန်တင်သွင်းနိုင်ငံတွေကလည်း ပြည်တွင်းဖူလုံမှုအတွက် ဆောင်ရွက်လျက်ရှိပြီး တင်သွင်းမှုကို လျှော့ချလာတာ တွေ့ရပါတယ်။ ဆန်ပြည်ပ တင်ပို့မှုအားကောင်းဖို့ မြန်မာဆောင် ရွက် လက်ရှိမြန်မာနိုင်ငံရဲ့ ဆန်စပါးလုပ်ငန်းကို ခြုံငုံသုံးသပ်ရမယ် ဆိုရင် လက်ရှိအစိုးရသစ်လက်ထက်မှာ ဆန်တင်ပို့မှုလုပ်ငန်းတွေကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ကြီးကြပ်ဆောင်ရွက်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ဇူလိုင်လမှာ ပြည်ပတင်ပို့တဲ့ ဆန်အပါအဝင် ပို့ကုန် အချို့ကို ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုခဲ့တာကြောင့် ယခုလ ပိုင်းမှာ ဆန်တင်ပို့မှုတိုးတက်လာခဲ့တဲ့သဘောတွေ့ရပါတယ်။ ဒါ့အပြင် ဆန်စပါးလုပ်ငန်းကွင်းဆက်တစ်လျှောက် အခြေခံ လူတန်းစား ဖြစ်တဲ့ တောင်သူတွေရဲ့ လူနေမှုဘဝတိုးတက်ဖို့နဲ့အတူ ဆန်စပါးတိုး တက်ထွက်ရှိရေး ဆန်စပါးအထူးပြုကုမ္ပဏီများ ဖွဲ့စည်းဆောင်ရွက်နေ တာ ဖြစ်လို့လာမယ့်နှစ်တွေမှာ ဆန်စပါးလုပ်ငန်းတိုးတက်ပြီး ပြည်ပ တင်ပို့မှုအားကောင်းလာမယ့် အနေအထားရှိနေတာ တွေ့ရပါတယ်။ ထိပ်တန်းဆန်တင်ပု့ိ၊ သူတွေရဲ့မူဝါဒအပြောင်းအလဲကို စောင့်ကြည့် ကမ္တာ့ထိပ်တန်း ဆန်တင်ပို့သူနှစ်ဦးဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ် ကိုယ်စားပြု ဆန်တင်ပို့သူများအသင်းတို့ တွေ့ဆုံပြီး ထိုင်းဆန်ဝယ်ယူမယ့်အစီအမံရဲ့ သက်ရောက်မှုအပေါ် စီမံခန့်ခွဲမှုဆိုင်ရာများနဲ့ ကုန် သွယ်ရေးအစီအမံများကို ယခုရက်ပိုင်းအတွင်း ဆွေးနွေးကြမယ်လို့ လည်းသိရပါတယ်။ လက်ရှိဆန်ဈေးကွက် အခင်းအကျင်းမှာ အိန္ဒိယ ပြန်လည်ဝင်ရောက်ခြင်းဟာ ဈေးကွက်အပြောင်းအလဲတွေ ဖြစ်လာခဲ့တာ အသေအချာတွေ့ရပါတယ်။ ထိုင်းအရန်ဆန် ထုတ်ရောင်းမှု တွေနဲ့အတူ အိန္ဒိယဆန်များ အလုံးအရင်းနဲ့ ရောင်းချလာမယ်ဆိုရင် ကမ္ဘာ့ဈေးကွက်က ဈေးနှုန်းဦးတည်ချက် ပြောင်းသွားမလားဆိုတာ စောင့်ကြည့်နေကြသလို ထိုင်းနဲ့ ဗီယက်နမ် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပြီး အာရှဆန်ဈေးကို ထိန်းကိုင်ထားမလားဆိုတာလည်း နိုင်ငံ တကာ ဆန်အသိုင်းအဝိုင်းက စဉ်းစားနေကြပါတယ်။ ဆန်တင်ပို့နိုင်ငံ၊ တင်သွင်းနိုင်ငံတွေရဲ့ နိုင်ငံရေးမူဝါဒ၊ ရာသီဥတုနဲ့ ထွက်ရှိမှုအခြေအနေ၊ ငွေကြေးတန်ဖိုး အပြောင်းအလဲ၊ ကမ္ဘာ့ စီးပွားရေးအခြေအနေနဲ့ မမျှော်မှန်းနိုင်တဲ့ အဖြစ်အပျက်တွေကြားမှာ အာရှဆန်ဈေးကွက်ကို ဘယ်သူကများ ဦးဆောင်သွားမလဲဆိုတာ လေ့လာစောင့်ကြည့်ရင်း မြန်မာနိုင်ငံကရော မိမိအမျိုးသား အကျိုး စီးပွားအတွက် ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်မလဲဆိုတာ ဆွေးနွေး သုံးသပ်ရမည့်အချိန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
ပို့ကုန်သီးနှံအရည်အသွေးမြှင့်တင်ရေး နှင့် Color Sorter မြန်မာနိုင်ငံဟာ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနံှတွေကို ပြည်ပကို တင်ပို့ရောင်းချလျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒီလိုတင်ပို့ရောင်းချရာ မှာ သမားရိုးကျနည်းအတိုင်း ကြိတ်ခွဲ ရောင်းချခဲ့ကြတဲ့အတွက် ကမ္ဘာ့ဈေးကွက်မှာ ဈေးကောင်းမရဘဲ ကာလ အတန်ကြာ ရှိခဲ့ပါတယ်။ ပြည်ပဆန်ဈေးကွက်မှာနိုင်ငံတော်တော်များများဟာ ဈေးကွက်ဝင်နိုင်ဖို့ အတွက် ခေတ်မီနည်းစနစ်တွေ၊ ခေတ်မီ စက်ကိရိယာတွေနဲ့ထွန်ယက်စိုက်ပျိုး နေချိန်မှာ မြန်မာနိုင်ငံဟာ မိရိုးဖလာ ထွန်ယက်စိုက်ပျိုးခဲ့ကြတဲ့အတွက် ပြည်ပကိုတင်ပို့နိုင်ဖို့ထက် ပြည်တွင်း စားသုံး မှုမှာပင် အရည်အသွေးနိမ့်ကျတဲ့ဆန် တွေကိုသာ စားသုံးနေခဲ့ရပါတယ်။ ဆန်တွေ၊ ပဲတွေမှာ အဖြုန်းတွေ၊ မဲှ့စွန်းတွေ၊ အရောင်ပျက်တွေပါ ဝင်နေတဲ့အတွက် ကုန်သည်တွေဟာ ၎င်း တို့ရဲ့ ကုန်ပစ္စည်းတွေ ဈေးကောင်းရ နိုင်ဖို့အတွက် သန့်စင်ရေးလုပ်ငန်းကို လူအားနဲ့သာ လုပ်ဆောင်ခဲ့ရပါတယ်။ အဲ ဒီလို အလုပ်သမားများ ငှားရမ်းပြီး လုပ် ဆောင်ခဲ့ကြရတဲ့အတွက် အချိန်ကုန်ပြီး အလုပ်သမားခနဲ့ ဝန်ဆောင်မှု စရိတ်များကိုပါ ထပ်ဆောင်းပေးရတဲ့ ဒုက္ခတွေ က ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာခဲ့ရပါတယ်။ ၂ဝဝ၃ခုနှစ်နောက်ပိုင်းမှာဆန်စပါး လုပ်ငန်းကို ပုဂ္ဂလိကကို လွဲှပြောင်းပေး ပြီးတဲ့နောက် ၂ဝဝ၄ ခုနှစ်မှာ ဆန်စက် ပြပွဲတွေ ပြုလုပ်ခဲ့တဲ့အတွက် တခြား စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း ဆန်စပါးလုပ်ငန်းဘက်ကို ခြေဦးလှည့် လာခဲ့ပါတယ်။ ဆန်နဲ့ပဲကို ပြည်ပကို တင်ပို့ခွင့်ရ တဲ့အတွက် ရင်းနှီးမြှုပ်နံှနိုင်တဲ့လုပ်ငန်း ရှင်တွေဟာ ခေတ်မီအရောင်ရွေးစက်တွေနဲ့ လုပ်ငန်းတွင်ကျယ်အောင်လုပ် ဆောင်ခဲ့ပါတယ်။ အဲဒီလိုလုပ်မှသာလျှင် မြန်မာ့သီးနံှတွေဟာ ကမ္ဘာ့ဈေးကွက်မှာဈေးကောင်းရနိုင်မှာဖြစ်ပါတယ်။ Color Sorter ရဲ့ကနဦးအစ ယခင်က ပြည်ပ ဆန်တင်ပို့မှုကို နိုင်ငံတော်ကသာ ဦးစီးဦးဆောင်ပြုပြီး လုပ်ကိုင်ခဲ့တာပါ။ အဲဒီတုန်းက ပြည်ပကို ဆန်တင်ပို့ခဲ့ရာမှာ ရာသီဥတု ဖောက်ပြန်တဲ့ နှစ်များမှာ ဆန်ဝါပေါက်တဲ့ အတွက် Reject ထိခဲ့လို့ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရဟာ လှိုင် သာယာမှာ ရှိတဲ့ အစိုးရပိုင် တန် ၃၆ဝ ဆန်စက်မှာColor Sorter ကို ပြည်ပမှ မှာယူပြီး တပ်ဆင်ခဲ့ပါတယ်။ အဆိုပါ Color Sorter ဟာ အင်္ဂလန်နိုင်ငံက ထုတ်လုပ် တဲ့ BUHLER အမှတ်တံဆိပ် ဖြစ် ကြောင်း သိရှိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Color Sorter စက်ဟာ နောက်ပိုင်းမှာ Service အခက်အခဲ၊ Spare Parts အခက် အခဲများကြောင့် အသုံးမပြုနိုင်တော့ဘဲ ရပ်နားထားခဲ့ရကြောင်း သိရပါတယ်။ နိုင်ငံတော်အစိုးရဟာ ဆန်စပါး ပေါ်လစီကိုပြောင်းလဲပေးခဲ့တာကြောင့် ဆန်စက်ပိုင်ရှင်တွေ၊ ဆန်ကုန်သည်တွေ ဟာ ခေတ်မီနည်းစနစ်တွေကို အသုံးပြု ပြီး ဆန်ရဲ့အရည်အသွေးကို မြှင့်တင်နိုင် ဖို့ ကြိုးစားလာခဲ့ကြပါတယ်။ ''အရင်တုန်းကဆိုရင် ပဲကို Sorted လုပ်ဖို့ အလုပ်သမား မိန်းကလေးတွေ အယောက် ၁ဝဝလောက်ငှားရတယ်။ အဲဒီလို ငှားရတဲ့အခါကျတော့ ကောင်းတာရှိသလို ဆိုးကျိုးလည်းရှိတယ်။ အလုပ်သမားတွေက ပဲကို ရွေးတဲ့အခါ မှာ ပေါ့ပေါ့ဆဆလုပ်လို့ မစင်ကြယ်တာတွေရှိတယ်။ နောက် ကွာစေ့လှော် အခွံတွေ၊ ဆေးလိပ်တိုတွေ တောင် ပါလာတဲ့အတွက်ခဏခဏ Complain တွေ တက်နေကြတယ်။ အဲဒါကြောင့် ကုန်သည်တွေ စက်ပိုင်ရှင်တွေက ဒီ Color Sorter ကို တပ်ဖို့ စိတ်ကူးလာကြ တာ''လို့ ပြောပြခဲ့တယ်။ ဈေးကွက်ပုံစံပြောင်းလာပြီ ရှေးယခင်ကပြည်သူတွေရဲ့စားသုံးမှုပုံစံနဲ့ ယနေ့ခေတ်ပြည်သူတွေရဲ့စားသုံး မှုပုံစံတွေဟာ ခေတ်စနစ်ပြောင်းလဲလာမှုနဲ့အညီ တိုးတက်ပြောင်းလဲလာတာကို တွေ့ရှိရပါတယ်။ ရှေးယခင်ကပြည်သူ တွေဟာ ဆန်ဖြစ်စေ ပဲဖြစ်စေ မိမိနေ အိမ်မှာပင် ဆန်ကော ဒါမှမဟုတ် ဆန်ကာ တို့ကို အသုံးပြုပြီးဆန်ကောင်း ပဲကောင်းရအောင် ပြန်ရွေးပြီးမှ ချက်ပြုတ် စားသောက်ကြတာပါ။အခုခေတ် မှာတော့ အသင့်ခပ်ချက်ဆိုတဲ့စကား ပေါ်လာတဲ့ အတွက် စားသုံးသူတွေဟာ ဆန်ထဲမှာ စပါးလုံးတွေ၊ မဲှ့စွန်းတွေ အဖြုန်းတွေ စတဲ့မလိုလားအပ်တဲ့အရာ တွေ ပါလာမှာကို မနှစ်မြို့တဲ့အတွက် ဆန်ကုန်သည်တွေဟာ အလုပ်သမား တွေ ငှားရမ်းပြီး ဆန်ရွေး ပဲရွေးတဲ့စနစ် ကို ကျင့်သုံးခဲ့ကြတာပါ။ အဲဒီလိုလုပ်ဆောင်ခဲ့ပေမယ့်လည်း အခက်အခဲတွေကြုံတွေ့ခဲ့ရတာကြောင့် လူအစား စက်ကို အသုံးပြုဖို့အတွက် Color Sorter ကို တင်သွင်းလာခဲ့ကြ တာ ဖြစ်ပါတယ်။ တင်သွင်းရတဲ့ ရည်ရွယ်ချက် ''ကျွန်တော်တို့နိုင်ငံမှာ ဒီ Color Sorter ကို ဈေးကွက်ရဲ့တောင်းဆိုချက် အရသွင်းလာတာလို့ ပြောရမှာပါ။ ပြည် တွင်းစားသုံးမှုမှာ အခုဆိုရင် Quality ကမြင့်လာပြီ။ ပြည်တွင်းစားသုံးမှုဈေးကွက်မှာ ဆန်အဝါတွေ၊ စပါးလုံးတွေ ပါလာရင် မစားချင် မဝယ်ချင်ကြတော့ဘူး။ စားသုံးသူတွေက ဆန်ကို သန့်သန့် လေးစားချင်နေကြတဲ့ အခါကျတော့ စက်ပိုင်ရှင်တွေ ကုန်သည်တွေက ဒီ Color Sorter ကို တပ်ဆင်ဖို့ စိတ်ကူး လာကြတယ်''လို့ SATAKE Corporation မှ Senior Engineer ဦးကျော်ထွန်း က ရှင်းပြခဲ့ပါတယ်။ ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ရဖို့ Unique Quality Products Trading Co., Ltd မှ ဦးခဲဟန်က ''ပြည်ပပို့သီးနံှဈေးကွက်မှာ စွမ်းရည်မြင့် စက်များ သုံးစွဲ ထုတ်လုပ်တဲ့အတွက် ဈေးကွက်မှာ အရည် အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေ ရောင်းချနိုင်စေရန်၊ စက် ရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည် ကြောင့် ရေရှည်မှာ လုပ်အားခ ကုန်ကျစရိတ် လျော့ကျစေရန်၊ ရာသီဥတုဖောက်ပြန် မှုကြောင့် သီးနံှများ အရည်အသွေး ကျဆင်းမှုကို အရည်အသွေးမီ ပို့ကုန် အဖြစ် ထုတ်လုပ်နိုင်စေရန်၊ လုပ်ငန်းရှင်များပြည်ပဈေးကွက်မှာ ဈေးကောင်း ရပြီး ဈေးကွက် ခိုင်မာလာစေရန်၊ အခြေခံ စိုက်ပျိုးသူ တောင်သူများ ဝင်ငွေ တိုးလာစေရန်အတွက်ရည်ရွယ် ပြီး ဒီ Color Sorter စက်တွေကို ပြည်ပ က သွင်းရတာပါ''လို့ ရှင်းပြခဲ့ပါတယ်။ ပြည်တွင်းသီးနံှထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေအနေနဲ့ ခေတ်မီတဲ့ Color Sorte စက်များကို တပ်ဆင်အသုံးပြု မည်ဆိုပါက အရည်အသွေးမီလယ်ယာပို့ကုန်အဖြစ် ထုတ်လုပ်နိုင်ကာ ဈေးကောင်းလည်းရ ဈေးကွက်လည်း ခိုင်မာ ကျယ်ပြန့်လာပြီး အားလုံးအကျိုးခံစား ခွင့်ရရှိလာမှာ ဖြစ်ပါတယ်။ ''အခုဆိုရင်ဈေးကွက်ကို စားသုံးသူ တွေက ရွေးချယ်လာကြတာပါ။ ဈေး ကွက်ပုံစံပြောင်းလာတာနဲ့အမျှ စိုက်ပျိုးသူတွေ၊ထုတ်လုပ်သူတွေဟာလည်း အဲ ဒီပြောင်းလဲမှုကိုလိုက်ပြီး ပြောင်းပေးရမှာပါ။ ဆန်ရဲ့အရောင်အသွေးမမှန်မှု ကြောင့်ဈေးကောင်းမရတဲ့အပြင် လက် နဲ့ရွေးရတဲ့ဟာလည်း မစင်နိုင်ပါဘူး။ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ချင်တယ်ဆိုရင်တော့ ခေတ်မီနည်းစနစ် တွေ ကိုအသုံးပြုမှရမှာပါ''လို့ Crocodile ဆန်စက်နှင့်ဆန်စက်အပိုပစ္စည်း များရောင်းဝယ်ရေးလုပ်ငန်းမှ ကိုနေ လင်းဦးက ပြောကြားခဲ့တာပါ။ Color Sorter တွေသွင်းကြပြီ ပြည်တွင်းဈေးကွက်မှာ Color Sorter တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့အတွက် Unique Quality Products Trading Co., Ltd., SATAKE Corporation, DKSH Service Ltd., Crocodile ဆန်စက်နှင့်ဆန် စက်အပိုပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းတို့ဟာ ထုတ်လုပ်တဲ့ ပြည်ပနိုင်ငံများ နဲ့ ချိတ်ဆက်ပြီး တင်သွင်းလျက် ရှိ ကြောင်း သိရပါတယ်။ Color Sorter ကို ဂျပန်၊ အင်္ဂလန်၊ တရုတ်၊ အိန္ဒိယ၊ ဂျာမနီ၊ တောင်ကိုရီးယားစတဲ့ စက်မှုနိုင်ငံကြီးတွေမှာ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ကမ္ဘာ့ နိုင်ငံတော်တော်များများက အဲဒီ Color Sorter ကို သုံးစွဲနေမှုဟာ အချိန် ကာလ အတန်ငယ်ကြာမြင့် နေပြီဖြစ်ကြောင်း သိရပါတယ်။ BUHLER Color Sorter Unique Quality Products Co., Ltd ဟာ အင်္ဂလန်နိုင်ငံမှထုတ်လုပ် တဲ့ BUHLER အမှတ်တံဆိပ် အရောင် ရွေးစက် (Color Sorter) ကို တင်သွင်း လျက်ရှိကြောင်း သိရပါတယ်။ Color Sorter များမှာSortex M (Monochromatic) နဲ့ Sortex Z+B (Bichromatic) ဆိုပြီး နှစ်မျိုးနှစ်စားရှိရာ အဆင့်မြင့်ကုန်ပစ္စည်းများကိုထုတ်လုပ်နိုင်တဲ့ Sortex Z+B (Bichromatic) ကိုတော့ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ BUHLER Co., Ltd. ကသာလျှင်ထုတ်လုပ်ကြောင်း သိရပါတယ်။ အဆိုပါ Sortex Z+B (Bichromatic) ရဲ့အားသာ ချက်မှာ ဆန်၊ ပဲစတဲ့ သီးနံှများမှာရောနှောပါဝင်နိုင်တဲ့ ဖန်ကွဲစ၊ မှန်ကွဲစများ၊ ပလပ်စတစ်စတဲ့ အရောင်တူပစ္စည်းများ ကိုပါ ကောင်းမွန်စွာခွဲခြားပေးနိုင်တဲ့အပြင် အရောင်ခွဲခြားရန်ခက်ခဲတဲ့ ပဲတီစိမ်းများမှာ အညိုရင့်ရောင်၊စိမ်းပုတ်ပုတ် ရောင်စတဲ့ဆင်တူအရောင်တွေကိုလည်း ခွဲခြားပေးနိုင်ကြောင်း သိရပါတယ်။ ဒါ့ပြင် မိမိခွဲခြားလိုတဲ့ကုန်ပစ္စည်းအရောင် များကိုလည်း Command ပေးပြီးခွဲခြား နိုင်ကြောင်း သိရပါတယ်။ ှSATAKE Color Sorter SATAKE Corporation ဟာ ဂျပန်နိုင်ငံမှထုတ်လုပ်တဲ့ SATAKE အမှတ်တံဆိပ် အရောင်ရွေးစက်များကို တင်သွင်းလျက်ရှိကြောင်း သိရပါတယ်။ SATAKE မှထုတ်လုပ်တဲ့ Color Sorter လေးမျိုးရှိကြောင်း သိရပါတယ်။ AS II 32, AS II 64, AS II 96, AS II 160 စက်အမျိုးအစားတွေဖြစ်ပါတယ်။ အဆိုပါစက်တွေဟာ ဆန်၊ ဂံျု၊ ပြောင်း၊ ကော်ဖီစေ့၊ သီးနံှမျိုးစေ့များကို ရွေးချယ် ပေးနိုင်ကြောင်းသိရပါတယ်။ DKSH နဲ့ SOUL Color Sorter DKSHCo., Ltd. ဟာ တောင်ကိုရီးယားနိုင်ငံမှထုတ်လုပ်တဲ့ SOUL အမှတ်တံဆိပ် အရောင်ရွေးစက်များကို တင်သွင်းလျက်ရှိကြောင်း သိရပါတယ်။ SOUL အမှတ်တံဆိပ် Color Sorter လေးမျိုးရှိကြောင်း သိရပါတယ်။ DS-596 နဲ့ DS-8128 က တစ်နာရီကို တစ်တန်မှ လေးတန်အထိ ဆန်၊ နှမ်း ဘာလီ၊ ကြက်သွန်ဖြူတို့ကို သန့်စင်ပေး နိုင်ပြီး DS-8192 မှာ တစ်နာရီကို နှစ် တန်မှ ရှစ်တန်အထိ သန့်စင်ပေးနိုင် ကြောင်း သိရပါတယ်။ ဒါ့ပြင် DS-3320 မှာ တစ်နာရီကို သုံးတန်မှ ၁၆တန် အထိ ထည့်သွင်းပြီး သန့်စင်ပေးနိုင်ကြောင်း သိရပါတယ်။ ဒါ့ပြင်ကော်ဖီ စေ့ကဲ့သို့ အခြားလယ်ယာထွက်ကုန်များ ကိုလည်း အရောင်ရွေးချယ်သန့်စင်ပေးနိုင်ကြောင်း သိရပါတယ်။ Color Sorter တွေ သုံးကြပြီ ပြည်တွင်းမှာရှိတဲ့ဆန်စက်လုပ်ငန်း ရှင်တွေ၊ ပဲခွဲစက်လုပ်ငန်းရှင်တွေ၊ ဆန်ပဲ ကုန်သည်တွေဟာ Color Sorter ရဲ့ အကျိုးကျေးဇူးကို သိမြင်လျက်ရှိကြတာကြောင့် Color Sorter တွေကို အ ပြိုင်အဆိုင်တပ်ဆင်အသုံးပြုလာကြပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း တခြားနိုင်ငံများနဲ့နှိုင်းယှဉ်ပါက Color Sorter တပ်ဆင်သုံးစွဲမှုပမာဏ မှာ များစွာ နည်းပါးနေသေးကြောင်း သိရှိရပါတယ်။အခုအခါမှာတော့ အဆိုပါ Color Sorter ကို ကျွန်းရွှေဝါ ကုမ္ပဏီ၊Golden Mountain Co., First Top Co., Ltd. စတဲ့ကုမ္ပဏီများအပြင် တချို့သော ဆန်စက်ပိုင်ရှင်များက လည်း ဝယ်ယူ တပ်ဆင် အသုံးပြုလျက် ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့ပြင် Crocodile ဆန်စက်နှင့် ဆန်စက်အပိုပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်းမှ တင်သွင်းတဲ့ တရုတ်နိုင်ငံ ထုတ် JIEXUN Rice Colour Sorter ကို ရောင်းချနေရမှုဟာ ၂၅လုံးရှိပြီဖြစ် ကြောင်း သိရပါတယ်။ ကုန်ပစ္စည်းကောင်းမှ ဈေးကောင်း ရမယ်ဆိုတဲ့စကားနဲ့အညီပစ္စည်းကောင်း ကောင်းရဖို့အတွက် ခေတ်မီတဲ့စက် ပစ္စည်းကိရိယာတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ခေတ်မီစက်ကိရိယာတွေ ရဲ့အကူအညီနဲ့ရရှိလာတဲ့စံချိန်မီ အရည် အသွေးမီ ကုန်ပစ္စည်းတွေဟာ ပြည်ပ ဈေးကွက်မှာ နေရာတစ်နေရာကို ရရှိ လာမှာသေချာပါတယ်။ မြန်မာ့လုပ်ငန်းရှင်များအနေနဲ့ ပြည်ပဈေးကွက်မှာမိမိ ရဲ့ကုန်ပစ္စည်းတွေကို ဈေးကွက်အခိုင် အမာရရှိစေဖို့အတွက် နည်းလမ်းများ ရှာကြံပြီးလုပ်ဆောင်ကြရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။
ပေးသူရော ရသူပါ အကျိုးရှိလာတော့မယ့် အနာဂတ် အမေရိကန် ဒေါ်လာတန်ဖိုး မခိုင်မာခြင်းနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လည်း ကန်ဒေါ်လာနဲ့ ငွေလဲလှယ်နှုန်းတွေ အတက်အကျ အပြောင်းအလဲတွေ ဇူလိုင်လ အစပိုင်းကတည်းက သတိထားမိပါတယ်။ နိုင်ငံတကာငွေလဲလှယ်နှုန်းတွေ ကိုလေ့လာရာမှာ ဇူလိုင်လ ၁ ရက်မှ သြဂုတ်လ ကုန်အတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဘတ်ငွေက ၂ဒသမ ၄၅ ရာခိုင်နှုန်း၊ တရုတ် ယွမ်တန်ဖိုးက ၁ ဒသမ ၃၂ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံက ၅ ရာခိုင်နှုန်းအထိ ငွေတန်ဖိုးတွေ မာလာတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒေါ်လာတန်ဖိုးကျဆင်းမှု ဂရက်နဲ့အတူ မိမိတို့ မြန်မာနိုင်ငံမှာလည်း အကြောင်းရင်းပေါင်းများစွာနဲ့ ငွေလဲနှုန်း မတည်ငြိမ်မှုတွေ ကြောင့် ပို့ကုန်ကဏ္ဍကလုပ်ငန်းရှင်တွေ အထိ နစ်နာဆုံးရှုံးမှုတွေရှိခဲ့ကြပါတယ်။ အခွန်မူဝါဒ အပြောင်းအလဲ အစိုးရသစ်ဟာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံက ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နေတာ အားလုံး အသိပါ။ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ပို့ကုန်မြှင့်တင်ရေးနဲ့ လတ်တလော ဖြစ်ပေါ်လျက်ရှိတဲ့ ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းရှင်များ ထိခိုက်မှုသက် သာစေဖို့ ပို့ကုန်ခွန်အပေါ် မူလက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းကောက်ခံနေမှုအပေါ် ဇူလိုင်လ ၁ ရက်ကစပြီး ကုန်သွယ်လုပ်ငန်းခွန်ကို ၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ထပ်မံပြီး သြဂုတ်လ ၁၅ ရက်ကစပြီး ပို့ကုန်အမျိုး အစား ၇ မျိုးအပေါ် ကုန်သွယ်လုပ်ငန်းခွန် အားလုံးကို ၆ လတာ လျှော့ချဖယ်ရှား ခဲ့ပါတယ်။ အကျပ်အတည်းထဲက ရုန်းထွက်နိုင်တဲ့ အားတချို့ ဖြစ် ပို့ကုန်ဝင်ငွေလဲလှယ်နှုန်း အတက်အကျမြန်ဆန်ပြီး အပြောင်းအလဲကြီးမားမှု တွေကြောင့် လုပ်ငန်းရှင် တွေထဲမှာ အဓိကပို့ကုန်လုပ်ငန်းရှင်တွေ ဆုံးရှုံးမှုရှိနေချိန် နိုင်ငံတော်ရဲ့ ပို့ကုန်ခွန်ဖယ်ရှားလိုက်ခြင်းက တကယ့်မင်္ဂလာတစ်ပါးပဲလို့ ဆိုကြပါတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေအတွက်တော့ အများပြောတဲ့ Kyat crisis ထဲက ရုန်းထွက်နိုင်တဲ့ အားတချို့ဖြစ်စေခဲ့တာ အမှန်ပါ။ ကုန်ပစ္စည်းသဘောသဘာဝအရ အကျိုးရလဒ်ကွာခြား ပို့ကုန်လုပ်ငန်းထဲမှာ ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးကွက် အနေအထား၊ ကုန်ပစ္စည်းရဲ့ သဘော သဘာဝအရ လက်ရှိအနေ အထားမှာ ပို့ကုန်ခွန်ဖယ်ရှားလိုက်ခြင်းရဲ့ အကျိုးရရှိခံစားရတာချင်း မတူတာလည်း ရှိနေပါတယ်။ မိမိတို့နိုင်ငံရဲ့ အဓိကပို့ကုန်များဖြစ်တဲ့ ပဲမျိုးစုံဆိုရင် အဓိကအားထားရတဲ့ ဈေးကွက်ကြီးကြီးမားမား က အိန္ဒိယတစ်နိုင်ငံထဲသာဖြစ်လို့ အခုပို့ကုန်ခွန်လျှော့လိုက်တဲ့အချိန် အိန္ဒိယဝယ်လက်တွေကလည်း ဈေးလျှော့ပြီး ဝယ်လိုတဲ့အတွက် ပဲတင်ပို့သူတွေအနေနဲ့ ငွေလဲနှုန်း မတည်ငြိမ်တဲ့ဒဏ်က လျော့ကျမှု နည်းတယ်လို့ ဆိုပါတယ်။ အဓိကတော့ ဈေးကွက်တစ်ခုထဲကိုပဲ အားထားနေရတဲ့ ကုန်ပစ္စည်းဖြစ်လို့ပါပဲ။ ဆန်ဈေးကွက်ကျယ်ပြန့်ခြင်းက အားသာချက်ဖြစ် ဆန်တင်ပို့မှုအနေနဲ့ ကမ္ဘာ့ဆန်ဈေးကွက်မှာ ထိပ်တန်း တင်ပို့နေတဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒအရ ဆန်ဈေး မြင့်တက်တဲ့ဘက်ကို ဦးတည်နေသလို၊ အာဖရိကနိုင်ငံတချို့မှာလည်း နိုင်ငံရေး မတည် မငြိမ်မှုတွေအရ စားနပ်ရိက္ခာ အကျပ်အတည်းအချို့ ဖြစ်ပေါ်နေတဲ့ အတွက် ဈေးသက်သာတဲ့ မိမိတို့ရဲ့ ဆန်ကိုအဝယ်လိုက်တဲ့ သဘော ရှိနေပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်၊မလေးရှား၊ဘင်္ဂလားဒေ့ရှ်စတဲ့ ဈေးကွက်တွေကိုလည်း တင်ပို့နေရတဲ့ ဆန်ရဲ့အားသာချက်ကဆန် ဝယ် လက်များအတွက် ဈေးလျှော့မဝယ်နိုင်စေဖို့ပဲ အထောက်အကူ ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဆန်တင်ပို့မှုဟာ ဇွန်လမှာ တန်ချိန် ၈ သောင်းကျော်၊ ဇူလိုင်လမှာ တန်ချိန် ၁၁၆ဝဝဝ ကျော်နဲ့ သြဂုတ်လ မှာတန်ချိန်၁၂ဝဝဝဝနီးပါးအထိတိုး တက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ ပို့ကုန် ဝင်ငွေဒေါ်လာတန်ဖိုးမတည်ငြိမ်မှုကြောင့် လုပ်ငန်းရှင် များ ထိခိုက်နေချိန်မှာ ပို့ကုန်ခွန် ဖယ်ရှားလိုက်ခြင်းကြောင့် ပို့ကုန် လုပ်ငန်းကဏ္ဍတွေထဲက ဆန်တင်ပို့နေတဲ့ လုပ်ငန်းရှင်တွေရဲ့ ရင်တွင်း စကားကို မျှဝေ ဖေါ်ပြလိုက်ပါတယ်။ ပို့ကုန်ခွန်ဖြေလျော့ ပြောင်းလဲမှုကြောင့် ဈေးကွက်ပုံမှန်ရရှိ လက်ရှိကာလတိုအတွင်းမှာ ထူးခြားတဲ့အကျိုးအမြတ်မရရှိသေး ပေမယ့် ရေရှည်မှာ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းရည်တက်လာတဲ့ အားသာချက် ဖြစ်လို့ ကျွန်တော်တို့လို ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ လှိုက် လှိုက်လဲှလဲှကြိုဆိုပါတယ်လို့ ခေတ္တရာဟင်္သာကုမ္ပဏီဒါရိုက်တာ ဦးရဲမင်းအောင်က ဆိုပါတယ်။ ''ငွေကြေးလဲလှယ်နှုန်း အလျင် အမြန်ကျဆင်း နေတဲ့အချိန် ပို့ကုန်ခွန် ၈ ရာခိုင်နှုန်း ဖယ်ရှားပေး လိုက်ခြင်းဟာ ကျွန်တော်တို့ဆုံးရှုံးမှုကို လျော့ပါးစေခဲ့တာ အမှန် ပါ။ အကယ်လို့သာ ပို့ကုန်အခွန်ကို လျော့ပေါ့ခြင်းမရှိဘဲ ပို့ကုန်ဝင်ငွေ လဲလှယ်နှုန်းကလည်း ကျနှုန်းမြန်နေမယ်ဆိုရင် ကျွန်တော်တို့လို ပို့ကုန် လုပ်ငန်းရှင်တွေ ရပ်ဆိုင်းရမယ့် အနေအထား ရှိနိုင် ပါတယ်။ လုပ်ငန်းရှင်ရှုထောင့်အရပြောရရင် အကျိုးအမြတ်မရပေမယ့် လုပ်နိုင် ကိုင်နိုင်တဲ့ အနေအထားဖြစ်အောင် နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး မူဝါဒပြောင်းလဲလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဆန် ဈေးကွက် ဖျက်ရတာ မျိုးမရှိဘဲ ပုံမှန်တင်ပို့နိုင်တဲ့ အနေအထား ရှိနေပါတယ်''လို့ လည်း ဦးရဲမင်းအောင်က ထပ်လောင်းဆိုပါတယ်။ စီးပွားရေးလုပ်ငန်းမှာ ငွေကြေးမူဝါဒလည်း အရေးပါ အခုလို အခွန်ဖယ်ရှားလိုက်ခြင်းဟာ အထူးသဖြင့် ဆန်ဈေး ကွက်မှာ ဗီယက်နမ်နဲ့ယှဉ်ရင် Level Playing Field တန်းတူရည်တူဖြစ်လာတဲ့ အချိန် ရေရှည်မှာ ပိုမိုယှဉ်ပြိုင်လာနိုင်မှာဖြစ်ပါ တယ်။ စီးပွားရေးလုပ်ငန်းလုပ်တဲ့ နေရာမှာ ငွေကြေးမူဝါဒဟာလည်း အရေးပါပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ယှဉ်ပြိုင်နိုင်စွမ်းရှိစေဖို့ တရုတ်နိုင်ငံမှာဆိုရင် နိုင်ငံရဲ့ အရေးပါတဲ့ ကုန်စည် အမျိုးအစား အလိုက် ကုန်ပစ္စည်းတင်ပို့ရာမှာ အလျော့အတင်းတွေလုပ်ပါ တယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံစိုက်ပျိုးရေးကဏ္ဍ အတွက် ဖြည့်ဆည်းဖို့လိုအပ်တဲ့ ဓာတ်မြေသြဇာ တင်ပို့မယ်ဆိုရင် ပို့ကုန်ခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံပြီး နိုင်ငံမှာပိုလံျှတဲ့ သံချောင်း၊ သံတိုတင်ပို့မယ်ဆိုရင် ပြန်အမ်းငွေ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့် ထုတ် ပေးတာမျိုးတွေနဲ့ ချိန်ထိုးဆောင်ရွက်ပေးတာ တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း နိုင်ငံတော်အပိုင်းအနေနဲ့ ငွေကြေးမူဝါဒတွေပြုပြင် ပြောင်းလဲလာနေပြီဖြစ်လို့ ရေရှည်မှာ ကျွန်တော်တို့ တင်ပို့နေတဲ့ ဆန်ဆိုရင် ဈေးကွက်သစ်တွေ ရှာဖွေလာနိုင်မယ်။ ပို့ကုန်တွေ တိုးမြင့်လာနိုင်မယ့် အခွင့်အလမ်းတွေ ရရှိလာမယ်လို့ မျှော်မှန်းရပါတယ်လို့ ဆိုပါတယ်။ ရေရှည်မှာ ထိုင်းဆန်ဈေးကွက်ဝေစုများကိုပင် ရရှိလာနိုင်မယ်လို့ဆို ရွှေဝါရောင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးလူမော်မြင့်မောင် ကလည်း ပို့ကုန် ဝင်ငွေလဲလှယ်နှုန်းကျဆင်းပေမဲ့ ကမ္ဘာ့ဈေးကွက်အရ အာဖရိက၊ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ဝယ်လိုအားလည်းရှိပြီး ကမ္ဘာ့ ဆန် ဈေးလည်း အတက်ဘက်ဦးတည်နေတဲ့ကာလ ကျွန်တော်တို့ တင်ပို့မှုတွေ တိုးတက်စေဖို့ နိုင်ငံတကာအခွန်လျှော့ပေးတဲ့အတွက် လက်ရှိတင်ပို့ နိုင်တဲ့ အနေအထားကို လုပ်နိုင်တာပါ။ အထူးသဖြင့် ဆန်အနေနဲ့ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ အားသာချက်ပါ။ ပို့ကုန် လုပ်ငန်းအနေနဲ့ ငွေလဲလှယ်နှုန်း တည်ငြိမ်မယ်ဆိုရင် ဈေးကွက်ကို ပုံမှန်ရောင်းနိုင်ပါတယ်။ ငွေဈေးမတည်ငြိမ်ရင် ငွေဈေး အတက်အကျကို ကြောက်ပြီး မရောင်းရဲ၊ မဝယ်ရဲဖြစ်တဲ့အခါ ဈေး ကွက်ပျက်နိုင်တဲ့ အနေအထားရှိပါတယ်။ အခုဆိုရင် နိုင်ငံတော်က အခွန်တွေလျှော့ပေါ့ပေးတော့ ငွေလဲနှုန်းသာ တည်ငြိမ်နေမယ် ဆိုရင် လက်ရှိထိုင်းနိုင်ငံရဲ့ မူဝါဒအရ ထိုင်းနိုင်ငံရဲ့ ဆန်ဈေးကွက်ဝေစုတွေ တောင် ရလာနိုင်မယ့် အခွင့်အလမ်းတွေ ဖြစ်လာစေနိုင်ပါတယ်။ ပို့ကုန် လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင် Export ရလာတဲ့ Earning တွေကို ဝင်လာတာနဲ့ ငွေပြန်ဖော်ဖို့ ချက်ချင်း ပြန်ရောင်း ရတဲ့အခါ Earning ဝယ်လက်တွေက ငွေလိုတာသိပြီး ဈေးအနိမ့်နဲ့ ဝယ်ယူတာမျိုးတွေရှိပြီး ဈေးမငြိမ်မှုတွေ ဖြစ်ရတာကြောင့် Earning Credit ကို အပေါင်ခံပြီး ၉ဝ ရာခိုင်နှုန်းကို အတိုးနှုန်းသက်သက် သာသာနဲ့ ချေးပေးမယ်ဆိုရင် ပို့ကုန်သမားတွေ အိန္ဒြေရှိရှိနဲ့ ငွေ လည်ပတ်နိုင်မှာဖြစ်သလို တစ်ဖက်မှာလည်း ငွေလဲလှယ်နှုန်း တည် ငြိမ်ဖို့ အထောက်အပံ့ဖြစ်နိုင်မယ်လို့ ယူဆပါတယ်လို့ အကြံပြု ဆွေးနွေးပါတယ်။ ငွေလဲနှုန်းသာ တည်ငြိမ်မယ်ဆိုရင် ပို့ကုန်ခွန်လျှော့ပေးခြင်းက တောင်သူတွေအတွက် ပိုအကျိုးရှိနိုင်မယ် အောင်နိုင်သစ္စာကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဇော်ဦးကလည်း ပို့ကုန်ခွန် ၈ ရာခိုင်နှုန်းလျှော့ပေးလို့ ပို့ကုန်ဝင်ငွေ ဈေးနှုန်း ကျဆင်းပေမဲ့ ဆန်တင်ပို့မှုခံသာတဲ့ အနေအထားရှိတာ နိုင်ငံတော်ရဲ့ ကျေးဇူးပါလို့ ဆိုပါတယ်။ ငွေလဲနှုန်း ၁ ဒေါ်လာ ၈ဝဝ ကျပ်ဝန်းကျင် လောက်နဲ့ တည်ငြိမ်မယ်ဆိုရင် ဆန်ကုန်သည်၊ ဆန်တင်ပို့သူတွေ အကျိုးအမြတ် ပိုရမှာဖြစ်သလို တောင်သူတွေဆီကလည်း ဈေးပိုပေး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ လက်ရှိတင်ပို့နေတဲ့ ဆန်တွေထဲမှာ ပြီးခဲ့တဲ့ နွေ ဆန် ၃ ပုံ ၁ ပုံနဲ့ မိုးဆန် ၃ ပုံ ၂ ပုံခန့်ကို တင်ပို့ နေတာဖြစ်ပြီး ပို့ခွန်တွေလျော့ပေးသလို တစ်ဖက်မှာလည်းငွေလဲလှယ်နှုန်း တည်ငြိမ်မယ်ဆိုရင် တောင်သူတွေ ဒီထက်ပို အကျိုးအမြတ်ရမှာဖြစ်ပါတယ်။ အခုလည်း ဆန်တစ်အိတ်ကို ၃ဝဝ-၅ဝဝ ကျပ် ပိုရလာတဲ့ အခြေအနေရှိပါတယ်။ လတ်တလောအနောက်အာဖရိကနိုင်ငံအချို့မှာ စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်တော့ အရည်အသွေးမြင့်တဲ့ဆန်ထက် အရည်အသွေးနိမ့်တဲ့ဆန်ကို ပိုပြီး ဝယ်လို အားကောင်းနေတယ်။ ဒါ့အပြင် ကမ္ဘာ့ဈေးကွက်မှာလည်း ဆန်ဈေးက Up Trand သွားနေတာ ဆိုတော့ ပို့ကုန်ဝင်ငွေတန်ဖိုး ကျဆင်းပေမဲ့ အခြားကုန်စည်တင်ပို့မှုထက်စာရင် ဆန်တင်ပို့မှုက အဆင်ပြေတဲ့အနေအထားမှာရှိပါတယ်လို့ သုံးသပ်ပြောကြားပါတယ်။ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ဖို့ ကောင်းတဲ့ အခွင့်အရေးကြီးပါ နိုင်ငံတကာမှာလည်း Currency Rate အပြောင်းအလဲ၊ ဒေါ်လာတန်ဖိုးကျဆင်းမှုတွေကြောင့် Export တွေ ကျဆင်းနေတာဖြစ်လို့ ကျွန်တော်တို့နိုင်ငံတစ်ခုထဲ ငွေဈေးမတည်ငြိမ်မှုကြောင့် Exporter ထိခိုက်တာလို့ ပြောလို့မရပါဘူး။ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာပဲ ဖြစ်နိုင်ပါတယ်။ လက်ရှိနိုင်ငံတော်က ဖြေလျှော့မှုတွေ လုပ်ပေးနေတဲ့အတွက် ကုန်သွယ်မှုလုပ်ငန်းကဏ္ဍမှာ ပိုမိုလွယ်ကူ ချောမွေ့မယ်လို့ ယူဆပါတယ်။ အရင်ကလို ကုန်ပစ္စည်းတစ်ခုခုရောင်းမယ်ဆိုရင် ၁ဝ ရာခိုင်နှုန်း အခွန်ကို စဉ်းစားပြီးရောင်းရ တာမျိုးမရှိတော့ နိုင်ငံတကာမှာ ဈေးနှုန်းအနေနဲ့ ယှဉ်ပြိုင်မှုကောင်းတဲ့ အခွင့်အလမ်းတွေရှိလာနေပါပြီ။ နိုင်ငံတကာမှာ ယှဉ်ပြိုင်ရောင်းချနိုင်တာနဲ့ အမျှ ပြည်တွင်း ထုတ် လုပ်သူတွေလည်း အကျိုးအမြတ်ပိုရလာမှာဖြစ်လို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းတဲ့ အခွင့်အရေး ကြီးတစ်ခု ရရှိတယ်လို့ ယုံကြည်ပါတယ်လို့ ဦးအောင်ဇော်ဦးက ဆိုပါတယ်။ နိုင်ငံတော်အစိုးရဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်မှုလုပ်ငန်းအဆင်ပြေစေဖို့ လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာရှိရေး အဘက်ဘက်က စဉ်းစားပြီး ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နေ တာ တွေ့ရပါတယ်။ ဘဏ္ဍာရေးမူဝါဒများဖြစ်တဲ့ ပို့ကုန်ခွန်များ ဖြေလျော့ခြင်း၊ ကင်းလွတ်ခြင်း၊ ကုန်သွယ် လုပ်ငန်းခွန်များကင်းလွတ်ခြင်း တွေလုပ်ပေးနေသလို ငွေကြေးမူဝါဒများဖြစ်တဲ့ ဘဏ်အတိုး နှုန်းတွေကိုလည်း ပြင်ဆင်ပြောင်းလဲတာတွေ့ရပါတယ်။ ဒါ့အပြင်ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် လည်း တစ်ဖက်တစ်လမ်းက မူဘောင်အတွင်းမှ ကူညီဆောင်ရွက်ပေး နေတာဖြစ်လို့ ဆန်တင်ပို့သူများ သာမက အခြားပို့ကုန်လုပ်ငန်းရှင်များပါ ထိထိရောက်ရောက်ခံစား ရနိုင်မယ်လို့ ယုံကြည်မိပါတယ်။ နိုင်ငံတော်အပိုင်းက အကောင်းဆုံးတွေ ဖန်တီးပေးနေသလို လုပ်ငန်းရှင်များ အပိုင်းက လည်း နိုင်ငံ တော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိပြီး မှန်မှန်ကန်ကန်ဆောင်ရွက်ကြရင်ဖြင့် အနာဂတ်မှာ ပေးသူရော ရသူပါ အကျိုးရှိမှာဖြစ်သလို နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း အရှိန်အဟုန်ရလာမှာ ဖြစ်ပါကြောင်း။
