Background
တောင်ကိုရီးယားနိုင်ငံရှိ ပြည်သူ့ကျန်းမာရေးအရာရှိများသည် နိုင်ငံ၏ရည်မှန်းထားသော ကာကွယ်ဆေးထိုးမှုနှုန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံ့လူဉီးရေ၏ (၇၀) ရာခိုင်နှုန်းသို့ ရောက်ရှိရန် မျှော်မှန်းထားပြီး၊ ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲနေထိုင်သွားနိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါသည်။
နစ်ဆန်းမော်တာ(ထိုင်း)Nissan Motor (Thai)၏ ပြည်တွင်းဈေးကွက် မှာ ဆက်လက် ဖြစ်ပွားနေသော Covid-19 ကပ်ရောဂါဒါဏ်ကိုခံစားနေရသဖြင့် ပြည်ပအရောင်းမြှင့်တင်ရန် ရည်မှန်းလျှက်ရှိကြောင်း သိရှိရပါသည်။ ယိုကိုဟားမားအခြေစိုက် ကုမ္ပဏီအနေဖြင့် ယခုနှစ် ဒုတိယ နှစ်ဝက်တွင် ပြည်တွင်းကားအရောင်းမှာ နှေးကွေးလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါ သည်။
ဘရာဇီးနိုင်ငံ Parana ပြည်နယ်တွင် ဆီးနှင်းများ ဆိုးရွားစွာ ကျရောက်လျက်ရှိနေသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထား သည်။ Parana ပြည်နယ်အတွင်းရှိ မြို့များတွင် ဖြစ်ပေါ် လျက် ရှိသည့် အပူချိန် အလွန်အမင်းကျဆင်းမှုသည် သီးနှံပင်များ ဖွံ့ဖြိုးကြီးထွားရန်နှင့် ရိတ်သိမ်းနိုင်သည့်အခြေအနေသို့ ရောက်ရှိမည့် အခြေအနေတို့အတွက် ဆိုးကျိုးများ သက် ရောက်လျက်ရှိကြောင်း ပြည်နယ် လယ်ယာစိုက်ပျိုးရေးအသင်း ချုပ်(Parana Federation of Agriculture - Faep) ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီးယူ၏ အော်ဂဲနစ်စားသောက်ကုန်ဈေးကွက် တိုး တက်လာမှုနှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင် အီးယူသည် အော်ဂဲနစ် စိုက်ပျိုးရေး စားသောက်ကုန် တန်ချိန် ၂ ဒသမ ၇၉ သန်း တင် သွင်းခဲ့ကြောင်း သိရသည်။ သို့သော် ၂၀၁၉ ခုနှစ်က ၎င်းကုန် စည်များကို တန်ချိန် ၂ ဒသမ ၈၅ သန်း အထိ တင်သွင်းခဲ့ သဖြင့် ၂၀၂၀ ပြည့်နှစ်တွင် တင်သွင်းမှု ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ဥရောပကော်မရှင်က ထုတ်ပြန်ခဲ့သည့် အော်ဂဲနစ်စိုက် ပျိုးရေး စားသောက်ကုန်များ တင်သွင်းမှု အချက်အလက် များအရ အဓိကတင်သွင်းခဲ့သည့် ကုန်စည်များမှာ အပူပိုင်း ဒေသထွက် သစ်သီးဝလံများ(tropical fruits)၊အခွံမာသီးများ (nuts) နှင့် ဟင်းခတ်အမွှေးအကြိုင်များဖြစ်ပြီး တင်သွင်းမ
နယူးယောက် စတော့ဈေးကွက်တွင် ကြိုပွိုင့်ကော်ဖီဈေးနှုန်းများ နှစ်ရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး ဇွန် ၃၀ ရက်တွင် အနည်းငယ် ကျရိပ်ပြခဲ့ကြောင်း၊ လက်ရှိဈေးနှုန်းမှာ ကော်ဖီတစ်ပေါင်လျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာလ ကြိုပွိုင့်ဈေးကွက်တွင် ကော်ဖီတစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၂၇ မှ ၁ ဒသမ ၆၀၂ သို့ ၁ ဒသမ ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထား သည်။ နယူးယောက် စတော့ဈေးကွက်တွင် အာရေဗီကာကြိုပွိုင့်ဈေးကွက်တွင် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သဖြင့် ဘရာဇီးစတော့ဈေးကွက်တွင်လည်း ကြိုပွိုင့်ဈေးနှုန်းများတွင် အနည်းငယ်ကျရိပ်ပြခဲ့ကြောင်း လယ်
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC)နိုင်ငံ များမှ နိုင်ငံခြားရေးဝန်ကြီးများသည် တရုတ်နိုင်ငံ အနောက် မြောက်ပိုင်းရှိ ချုံချင်း၌ ဇွန် ၈ ရက်တွင်တွေ့ဆုံခဲ့ကြကာ COVID-19 ကပ်ရောဂါနှင့် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးမှုတို့အပေါ် ပူးပေါင်းဆောင်ရွက်မည့် အားထုတ်ကြိုးပမ်းမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ဆဋ္ဌမအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား တရုတ်နိုင်ငံ နိုင်ငံ တော်အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က ဥက္ကဋ္ဌများအဖြစ် ပူးတွဲကျင်းပခဲ့ခ
ကသာခရိုင် ကသာမြို့နယ် စိန်တလုံး သရက်စိုက်ဧက ၆၀ဝ၀ ကျော်ရှိပြီး ရာသီပေါ် စိန်တလုံးသရက်သီးများကို မန္တလေးဈေးကွက်မှတစ်ဆင့် တရုတ်ဈေးကွက်သို့ တင်ပို့ မှုရှိသည့်အတွက် တောင်သူများ စိုက်ပျိုးမှုများပြားလာသည် ကို တွေ့ရသည်။ ယခုနှစ် တရုတ်ဈေးကွက်မှာ စိန်တလုံး သရက်သီးဈေး မကောင်းသည့်အတွက် သရက်ခြံတောင်သူ များဒေသဈေးကွက်ကိုသာ အားကိုးနေရကြောင်းသိရသည်။စိန်တလုံးသရက်ခြံမှာ တစ်ဧက အပင်၃၀စိုက်ပျိုးကာ အပင်လတ် ရှစ်နှစ်သားအရွယ်မှာတစ်ပင် အသီး ၁၅၀ ကျော် သီးပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပေါင်းရှင်း၊ ပိုးသတ်၊ အားဆေးကျွေး၊ အိတ်စွပ်၊ ခူးဆွတ်အပါအဝင် ကျပ်လေးသိန်း နီးပါး ကုန်ကျသည်။ တစ်ဧက အကျိုးအမြတ်အနေဖြင့် လက်ရှိ
ပုံစံအမျိုးမျိုးဖြင့် ငွေပေးချေမှု လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရန်အလို့ငှာ ရှုပ်ထွေးသော လုပ်ဆောင်ချက်များဖြင့် ဒစ်ဂျစ်တယ်ယွမ်ငွေ အီလက်ထရွန်နစ် ပိုက်ဆံအိတ်များ (electronic wallets) ပေါ်ပေါက်လာစေရန် ငွေပေးချေရေး ဝန်ဆောင်မှုပြုသည့် အဖွဲ့အစည်းများအား တရုတ်အာဏာပိုင် များက ပိုမိုထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ဥပမာ - ''smart wallet''ဟု လူသိများကြသည့် ဒစ်ဂျစ်တယ် ယွမ်ငွေ e-wallet မှာအချို့အခြေအနေများနှင့်ဥပဒေများ အောက် တွင် ပေးချေမှုများကို သီးခြားပြုလုပ်ရန် အသုံးပြုသူများအား ခွင့်ပြုပေးထားသည့် အားကောင်းသော အင်္ဂါရပ်တစ်ရပ်ပါရှိ သည်။ဒစ်ဂျစ်တယ်ယွမ်ငွေသည် ကမ္ဘာပေါ်တွင် ပထမဆုံး အ
စက်မှုမြှင့်တင်ရေးဦးစီးဌာနDepartment of Industrial Promotion (DIP)အနေဖြင့်လူထုအခြေပြု စီးပွားရေးလုပ်ငန်းများ Community Enter-prises အား e-Commerce ဆိုင်ရာအသိပညာရပ်များ ဖြန့်ဝေပေးခြင်းဖြင့် COVID-19ကပ်ရောဂါကာလအတွင်း ရှင်သန်နေထိုင်နိုင်စေရန်နှင့်ဈေးကွက် တွင် ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်စေရန်အတွက် အကူအညီ အထောက်အပံ့ များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်ဆိုင်ရာနိုင်ငံများနှင့် Travel Bubble Agreement များအရ တောင်ကိုရီးယားနိုင်ငံ၌ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများအား အဖွဲ့ လိုက်ခရီးသွားခြင်း (Group Tour)များကို ၂၀၂၁ ခုနှစ် ဇူလိုင်လ အစောပိုင်းခန့်မှစ၍ ခွင့်ပြုရေး တောင်ကိုရီးယားအစိုးရက စီစဉ်ဆောင်ရွက် လျက်ရှိရာ တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၁ ခုနှစ် ယခုနွေရာသီကာလမှစ၍ ပြည်ပခရီးသွားလာမှု ကဏ္ဍ ပြန်လည်ပွင့်လန်းတိုးတက်လာတော့မည် ဖြစ်ကြောင်းသတင်းများက ရေးသားဖော်ပြလျက် ရှိသည်။