Main menu

Background

Monday, 30 Aug 2021

             တရုတ်နိုင်ငံ၏ ယခုနှစ် ပြည်တွင်းဝက်သားစားသုံးမှုသည် ၁၆.၅ ရာခိုင်နှုန်း ပိုမိုတိုးတက် နိုင်ပြီး ဝက်သားတန်ချိန် ၅၂.၉၇ သန်းအထိ စားသုံးနိုင်ကြောင်း၊ ပြည်ပမှ ဝက်သားတန်ချိန် ၃.၈ သန်း တင်သွင်းရန်ခန့်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်တင်သွင်းမှုအောက် ၁၃.၄ ရာခိုင်နှုန်း လျှော့နည်းနိုင် ကြောင်း၊ အာဖရိကကြက်တုတ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ပြည်တွင်းတွင် ဝက်သားစားသုံးမှုလျှော့ ကျခြင်းဖြစ်ကြောင်း သုံးသပ်ဖော်ပြထားသည်။

Monday, 30 Aug 2021

            အမဲသားစားသုံးမှုမြင့်တက်နေသဖြင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်လျက်ရှိသော်လည်း အမဲသားတင်သွင်းမှုမှာ ဆက်လက်တိုးတက်နေမည်ဖြစ်ကြောင်း၊ အမဲသားထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၆.၈၄ သန်းအထိ ထုတ်လုပ်ရန် ခန့်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်ထက် ၁.၈ ရာခိုင်နှုန်း ပိုမိုတိုးတက်နိုင်ကြောင်း၊ အမဲသားထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၇.၂၉ သန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ၇.၉ သန်းအထိ တိုးတက်နိုင်ရန် ခန့်မှန်းထားကြောင်း၊ ပြည်တွင်းအမဲသားစားသုံးမှုသည် ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၈.၈၄ သန်းရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၈.၉၉ သန်းအထိရောက်ရှိ နိုင်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တ

Monday, 30 Aug 2021

             တရုတ်နိုင်ငံ၏ပဲပုတ်စေ့တင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၁ ရာခိုင်နှုန်းခန့် တိုးတက် တင်သွင်းလျက်ရှိပြီး သက္ကရာဇ် ၂၀၃၀ ပြည်နှစ်တွင် ပဲပုတ်စေ့တန်ချိန် ၁၁၀ သန်းအထိ တိုးတက် တင်သွင်းနိုင်ကြောင်း၊ လတ်တလောနှစ်များတွင် ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် နှစ်စဉ် ၀.၇ ရာခိုင် နှုန်းတိုးတက်လျက်ရှိပြီး တစ်နှစ်လျင် တန်ချိန် ၂၀.၈၇ သန်းအထိ ထွက်ရှိနိုင်ကြောင်း သုံးသပ်ဖော်ပြ ထားသည်။

Monday, 30 Aug 2021

           ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ပြောင်းတင်သွင်းမှုသည် သိသိသာသာတိုးတက်ခဲ့သော်လည်း လာမည့်နှစ်တွင်အနည်းငယ်ကျဆင်းနိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် နှံစားသီနှံတန်ချိန် ၁၁.၃ သန်း တင်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၂၀ သန်းတင်သွင်းခဲ့သဖြင့် ၇၇ ရာခိုင်နှုန်း တိုးတက်တင်သွင်း ခဲ့ကြောင်း၊ တရုတ်အစိုးရသည် ပြည်ပသွင်းကုန်လျှော့ချနိုင်ရန်အတွက် ပြည်တွင်းထုတ်လုပ်မှုတိုးတက် စေမည့်မူဝါဒများချမှတ်၍ အားပေးမြင့်တင်လျက်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ပြောင်း တင်သွင်းမှု တန်ချိန် ၆.၅ သန်းအထိလျှော့ချနိုင်ရန် မျှော်မှန်းထားကြောင်း၊ ပြည်တွင်းပြောင်း စိုက်ပျိုးမှုကို တစ်နှစ်လျ

Monday, 30 Aug 2021

           ၂၀၂၁ ခုနှစ် နှစ်ကုန်ချိန်တွင် တရုတ်နိုင်ငံ၏ပဲပုတ်စေ့တင်သွင်းမှုသည် တန်ချိန် ၁၀၀ သန်း ဝန်းကျင်အထိရှိနိုင်ပြီး နှစ်စဉ် ပဲပုတ်စေ့တင်သွင်းမှုများတိုးတက်လျက်ရှိနေသဖြင့် သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်ရောက်ရှိချိန်တွင် တရုတ်နိုင်ငံ၏ပဲပုတ်စေ့တင်သွင်းမှုသည် တန်ချိန် ၁၁၀ သန်းသို့ ရောက်ရှိ နိုင်ကြောင်း တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင်အခြေစိုက်သည့် ဘရာဇီးလ်နိုင်ငံ စိုက်ပျိုးရေးနှင့်မွေးမြူရေး ပူးပေါင်းဆောင်ရွက်ရေးအသင်း(Confederation of Agriculture and Livestock of Brazil - CNA) နှင့် ဘရာဇီးလ်နိုင်ငံရင်းနှီးမြှုပ်နှံမှုအသင်း(InvestSP)တို့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ပူးတွဲထုတ်ဝေသည့် တရု

Monday, 30 Aug 2021

                   အိန္ဒိယနိုင်ငံ၌ ဥတာပရာဒေ့ရှ်ပြည်နယ် ရွေးကောက်ပွဲမတိုင်မီကာလအတွင်း ပဲမျိုးစုံ ဈေးကွက်တွင် ဈေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းချုပ်နိုင်ရန် ဗဟိုအစိုးရက ကြိုးပမ်းလျက်ရှိ သော်လည်း ပဲနီလေး လက်လီအရောင်းဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၉၀ ရူပီးနှင့်အထက်သို့ ရောက်ရှိပြီး ဖိအားများဖြစ်ပေါ်စေလျက်ရှိပါသည်။ သို့ဖြစ်ရာ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်း ပဲနီလေး ဈေးကွက်လိုအပ်ချက်အတွက် ကနေဒါနှင့် ဩစတေးလျနိုင်ငံတို့အပေါ် အလွန်အမင်း အမှီပြုနေရမှုကို လျော့ချလျက် ပင်လယ်နက်ဒေသရှိ ရုရှားနှင့် ကာဇက်စတန် တို့ကဲ့သို့သော နိုင်ငံများထံမှ ဝယ်ယူတင်သွင်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရန

Monday, 30 Aug 2021

                အစိုးရအနေဖြင့်၂၀၂၁-၂၀၂၂ရာသီအတွက်စပါးအာမခံဈေးနှုန်း အစီအစဉ် သက်တမ်းတိုး ခြင်းကိုမူအားဖြင့်သဘောတူညီကြောင်း၊ယခုအစီအစဉ်မှာတတိယမြောက် သက်တမ်းတိုးခြင်းဖြစ် ပြီး နှစ်စဉ်စီမံချက်အတွက် ဘတ်ငွေ(၁၅၂)ဘီလီယံစိုက်ထုတ်ပေးရန် အတည်ပြုကြောင်းသိရှိရပါ သည်။ အမျိုးသားဆန်စပါးမူဝါဒကော်မတီက (၂၄.၈.၂၀၂၁ရက်နေ့)တွင် အတည်ပြုပေးခဲ့သော စုစုပေါင်းအသုံးစရိတ်တွင် ဘတ်ငွေ(၈၉.၄)ဘီလီယံအား အစိုးရပိုင်စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး သမဝါယမဘဏ် State-owned Bank for Agriculture and Agricultural Cooperatives တို့၏ အသုံးစရိတ်များအပါအဝင်ဈေးနှုန်းအာမခံချက်အတွက် အသုံးပြုသွားမည်ဖြစ် ကြောင်း၊ ဘတ်ငွေ (၅၄.၉

Monday, 30 Aug 2021

             ဒေသအသီးသီး၌ မကြာမီကာလအတွင်း အလျှံအပယ်ထွက်ရှိလာတော့မည့် ဆောင်းဉီးကောက်ပဲသီးနှံများအတွက် စိတ်ချရစေရန် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး နှင့် တုံ့ပြန်ရေးဆိုင်ရာ စီမံဆောင်ရွက်မှုများကို စီစဉ်ထားကြရန် တရုတ် လယ်ယာစိုက်ပျိုး ရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ဩဂုတ်လ (၁၇)ရက်နေ့တွင် အလေးအနက် ထုတ်ပြန်ကြေညာခဲ့ပါသည်။ လက်ရှိအချိန်တွင် ဆောင်းဉီးကောက်ပဲသီးနှံစိုက်ဧကမှာ တိုးပွားလာနေပြီး၊ သီးနှံများ ကောင်းစွာကြီးထွားလာနေကြောင်း၊ ရိတ်သိမ်းရာတွင် အကြီးမားဆုံးကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုမှာ မိုးလေဝသဆိုင်ရာဘေးအန္တရာယ်များ ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုပါသည်။

Monday, 30 Aug 2021

            တရုတ်နိုင်ငံသည် ၎င်း၏ (၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅)အတွင်း အနက်ရောင်မြေဆီလွှာ ဟက်တာ (၆.၆၇)သန်းကို ကာကွယ်ရေးလုပ်ငန်း အား အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကာ၊ မြေဆီလွှာတွင် အော်ဂဲနစ်ပစ္စည်းများ ပါဝင်မှုကို (၁၀)ရာခိုင်နှုန်းတိုးမြှင့်လျက်၊ လယ်ယာမြေ အရည်အသွေးကို တိုးတက်စေရေး ပြုလုပ်သွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနနှင့် အခြားဌာန (၆)ခုတို့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော စီမံကိန်းတွင် ဖော်ပြထားပါသည်။

Monday, 30 Aug 2021

ကမ္ဘာတစ်ဝှမ်းတွင် လက်ရှိထုတ်လုပ်ထားသည့် ကာကွယ်ဆေးများ ထိရောက်မှုမရှိသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး ဗီဇမျိုးကွဲအသစ်များပေါ်ထွက်လာကာ ကူးစက်မှု များ ထပ်မံဖြစ်ပွားလာသဖြင့် လူသားများ ကြောက်ရွံ့ထိတ်လန့်နေကြပါသည်။ ထိုအချိန် အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးအမျိုးမျိုးမှ ကာကွယ်ပေးနိုင်မည့် ကာကွယ်ဆေးကို ဖွံ့ဖြိုး ထုတ်လုပ်ရန် အလားအလာများအား မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လေ့လာမှုတွင် ဖော်ပြထားပါသည်။

Pages