Main menu

Background

Wednesday, 21 Apr 2021
,

         ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ဧပြီ ၉ ရက်မန္တလေးတိုင်းဒေသကြီး ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ တွေ့ဆုံခဲ့ပါသည်။

Wednesday, 21 Apr 2021

           အိန္ဒိယနိုင်ငံ၌ Covid-19 ဗိုင်းရပ်စ်ကူးစက်မှုမှာ တစ်ကျော့ပြန် ပြန်လည် မြင့်တက်လျက်ရှိ နေချိန်တွင် နိုင်ငံတစ်ဝန်းလုံး၌ ဆက်သွယ်သွားလာမှုများ ကန့်သတ် တားမြစ်ခြင်း (Lockdown) ကို လုပ်ဆောင်မည် မဟုတ်ကြောင်း ဗဟိုအစိုးရက ပြောကြား သော်လည်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်မားသည့် ပြည်နယ်အချို့တွင် ဒေသန္တရအစိုးရများက ဆက်သွယ်သွားလာမှု ကန့်သတ်ချက် များ ချမှတ်ဆောင်ရွက်လျက်ရှိကြပါသည်။

Wednesday, 21 Apr 2021

              လတ်တလောဖြစ်ပေါ်နေသော ငွေကြေးဈေးကွက်အခြေအနေသည် ဘရာဇီးလ်နိုင်ငံ၏ အဓိကစီးပွားရေးညွှန်းကိန်းများနှင့်ပတ်သက်၍ ခန့်မှန်းထားသည့် ခန့်မှန်းချက်များအပေါ် ဆိုးကျိုး များသက်ရောက်လျက်ရှိကြောင်း  ယခုအပတ်တွင်ထုတ်ဝေသည့် ငွေကြေးဈေးကွက်သတင်းလွှာ တွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ဒသမ၈၅ ရာခိုင်နှုန်းအထိရောက်ရှိနိုင်ပြီး အခြေခံဘဏ်အတိုးနှုန်း(Selic)အား ၅ဒသမ၂၅ ရာခိုင်နှုန်းအထိတိုးမြှင့် နိုင်ကြောင်း ငွေကြေးဈေးကွက်အတွင်းရှိ စီးပွားရေးပညာရှင်များက ခန့်မှန်းထားသည်။

Wednesday, 21 Apr 2021

                 တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာ ဏ အမေရိကန်ဒေါ်လာ ၁ဒသမ၂၉ ထရီလီယံ ရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၂၉ဒသမ၂ ရာခိုင်နှုန်း မြင့် တက်လာခဲ့ကြောင်း၊ တင်ပို့မှုပမာဏ တရုတ်ယွမ်ငွေ၄ဒသမ၆၁ထရီလီယံ (ပြီးခဲ့သည့်နှစ်၊ ကာလတူ ထက် ၃၈ဒသမ၇ ရာခိုင်နှုန်း၊ တင်သွင်းမှုပမာဏ တရုတ်ယွမ်ငွေ ၃ဒသမ၈၆ ထရီလီယံ (ပြီးခဲ့သည့်နှစ်၊ ကာလတူ ထက် ၁၉ဒသမ၃ ရာခိုင်နှုန်းအသီးသီး မြင့်တက်လာခဲ့ကြောင်း၊ ကုန်သွယ်မှုတွင် အသာစီးရရှိမှုပမာဏ တရုတ်ယွမ်ငွေ ၇၅၉ဒသမ၂၉ ဘီလီယံရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၆၉၀ဒသမ၆ ရာခိုင်နှုန်း မြင့်  တက်လာခဲ့ကြောင်း တရုတ

Monday, 12 Apr 2021

တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံအနေဖြင့် ပြည်ပ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၈၃၄.၄၉) ဘီလီယံ ရရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ပြီးခဲ့ သည့်နှစ်၊ ကာလတူထက် (၄၁.၂) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ တင်ပို့မှုပမာဏ အမေရိကန် ဒေါ်လာ(၄၆၈.၈၇)ဘီလီယံ ရရှိခဲ့သည့်အတွက်  ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၆၀.၆) ရာခိုင်နှုန်း မြင့် တက်လာခဲ့ကြောင်း၊ တင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ ( ၃၆၅.၆၂) ဘီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၂၂.၂) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရှိရ

Monday, 12 Apr 2021

ဘရာဇီးနိုင်ငံ၏ ၂၀၂၀-၂၀၂၁ ခုနှစ် သီးနှံရိတ်သိမ်းမှုပြီးစီးပါက စုစုပေါင်းသီးနှံတန်ချိန် ၂၇၃.၈၀၃ သန်းအထိထွက်ရှိနိုင်ကြောင်း National Supply Company (Conab) က ထုတ်ပြန်ခဲ့သည့် ၇ ကြိမ်မြောက်သုတေသနစာတမ်းတွင် ဖော်ပြထားသည်။၂၀၂၁ ခုနှစ် ရိတ်သိမ်းမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန် ၁၆.၈ သန်းပိုမိုထွက်ရှိပြီး ၆.၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ထွက်ရှိရန် မျှော်မှန်းထားသည်။

Monday, 12 Apr 2021

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် တောင်ကိုရီးယား၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (Ministry of Economy & Finance-MOEF)၊အပြည်ပြည်ဆိုင်ရာစီးပွားရေးရာဌာန (Internattional Economic Affairs) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Park II Young ဉီးစီး၍“2nd Briefing on the Korean Economy”အားVideo Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာနိုင်ငံပေါင်း (၈၁)နိုင်ငံမှဆိုးလ်မြို့ရှိသံရုံးအသီးသီး၏ စီးပွားရေးသံမှူးများ၊ စီးပွားရေးရာတာဝန်ခံများ၊သံရုံးကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး၊မြန်မာသံရုံး၊ဆိုးလ်မြို့ရှိစီးပွားရေးသံမှူးမှပါဝင်တက်ရောက်ခဲ့သည်။

Monday, 12 Apr 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံမြောက်ပိုင်းကုန်းတွင်းသဲကန္တာရမှဖြစ်ပေါ်လာသောပြင်းထန်သည့်အဝါရောင်သဲမုန်တိုင်းသည် (၁၆-၃-၂၀၂၁) ရက်နေ့ နံနက်မှစ၍တောင်ကိုရီးယားတစ်နိုင်ငံလုံးကိုဖုံးအုပ်ထားလိမ့်မည်ဟု အစိုးရမိုးလေဝသဌာန (The Korea Meteorological Administration - KMA) က ပြောကြားခဲ့ပါသည်။

Monday, 12 Apr 2021

တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များ ပြန်လည်တိုးတက်လာ ခြင်း မရှိသေးသော်လည်း ပြည်တွင်းလေကြောင်းခရီးစဉ် ဝယ်လိုအားသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက COVID-19 ကူးစက်ပျံ့နှံ့မှုကာလ မတိုင်မီအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း မြေယာ၊ အခြေခံ အဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက(၁၄-၃-၂၀၂၁)ရက်နေ့တွင်ထုတ်ဖော်ပြောကြားခဲ့သည်။

Monday, 12 Apr 2021

Coronavirus ၏စိန်ခေါ်မှုများအကြားတောင်ကိုရီးယားပို့ကုန်တင်ပို့သူများမှလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement-FTA) များကိုထိရောက်စွာ အသုံးပြု၍ပို့ကုန်များပိုမိုတိုးချဲ့တင်ပို့နိုင်ကာ အကျိုးအမြတ်ပိုမိုရရှိစေ‌ရေးရည်ရွယ်၍ FTAအထောက်အကူပြုစင်တာအသစ်များကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊  အဆိုပါအစီအစဉ်အရတောင်ကိုရီးယားနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အရှေ့တောင်အာရှဒေသအတွင်း FTA အထောက်အကူပြုစင်တာများဖွင့်လှစ်ရန်နှင့် စိတ်ကြိုက်ညှိနှိုင်းဆွေးနွေးခြင်းအစီအစဉ်များကိုပြုလုပ်ရန်အတွက် ကိုရီးယားဝမ် (၁၁.၉) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၄ သန်း) သုံးစွဲရန်စီစဉ်လျက်ရှိကြောင်း ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သ

Pages