Main menu

Background

Monday, 12 Apr 2021

ကိုရီးယားသမ္မတနိုင်ငံ၊ကုန်သွယ်ရေး၊စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ (၁-၄-၂၀၂၁) ရက်နေ့တွင်ထုတ်ပြန်သောကုန်သွယ်မှုစာရင်းအရ ၂၀၂၁ ခုနှစ်၊ မတ်လတွင်ကိုရီးယားသမ္မတနိုင်ငံ၏ကုန်သွယ်မှုအနေဖြင့် ပို့ကုန် အမေရိကန်‌ဒေါ်လာ (၅၃.၈၂) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၄၉.၆၅) ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၀၃.၅) ဘီလီယံဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၄.၂) ဘီလီယံဖြစ်ကြောင်း၊ ယခင်နှစ် ကာလတူထက် ပို့ကုန်တွင် (၁၆.၆) ရာခိုင်နှုန်းနှင့် သွင်းကုန်တွင် (၁၈.၈) ရာခိုင်နှုန်း အသီးသီးတိုးတက်လာကြောင်း သိရှိရသည်။

Monday, 12 Apr 2021

မကြာသေးမီကချမှတ်ခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအမံများအားယာယီသာဆောင်ရွက်ရခြင်းဖြစ်ပါကဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးသည်၂၀၂၁ခုနှစ်တွင် (၄.၉) ရာခိုင်နှုန်းတိုးတက်နိုင်သည်ဟု စီးပွားရေးနှင့်လူမှုရေး သုတေသနအဖွဲ့အစည်း (Institute for Economic and Social Research-IRES) ၏ခန့်မှန်းချက်အရသိရသည်။ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် စီးပွားရေးလုပ်ငန်းရပ်များသည်အဟန့်အတား များစွာဖြစ်ပေါ်ခဲ့ရသော်လည်း ဘယ်လ်ဂျီယံနိုင်ငံ၌ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်စတင်ခဲ့ခြင်း၊နိုင်ငံတကာစီးပွားရေးတွင်တိုးတက်မှုလက္ခဏာများရှိလာခြင်းတို့ကနိုင်ငံ၏စီးပွားရေးအပေါ်အပြုသဘောသက်ရောက်မှုရှိခဲ့ခြင်းဖြစ်သည်။

Monday, 12 Apr 2021

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကထုတ်ပြန်ခဲ့သည့်ယခုနှစ်အတွက်ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက်တွင်ယူရိုဇုန်၏စီးပွားရေးတိုးတက်မှုနှုန်းအား (၄.၄) ရာခိုင်နှုန်းသို့တိုးမြှင့်ခန့်မှန်းထားကြောင်းသိရသည်။ အီးယူ၏ယူရို (၇၅၀) ဘီလီယံပြန်လည်ထူထောင်ရေးရန်ပုံငွေနှင့်အမေရိကန်ပြည်ထောင်စု၏အမေရိကန်ဒေါ်လာ (၁.၉) ထရီလီယံစီးပွားရေးလှုံ့ဆော်မှုအစီအမံများကြောင့် IMF ကယင်းသို့ပြင်ဆင်ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

Monday, 12 Apr 2021

ဥရောပတွင်ပြီးခဲ့သည့်နှစ် (၅၀) အတွင်းအပူလှိုင်းနှင့်မိုးခေါင်မှုများကြောင့်ကောက်ပဲသီးနှံဆုံးရှုံးမှု(၃) ဆပိုများလာခဲ့ကြောင်းရာသီဥတုပြောင်းလဲမှုနှင့်စားနပ်ရိက္ခာစနစ်၏ ထိရှလွယ်မှုအခြေအနေကို လေ့လာမှုတစ်ရပ်အရသိရသည်။ အဆိုပါလေ့လာမှုသုတေသနသည်၁၉၆၁ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်းဥရောပနိုင်ငံများရှိစိုက်ပျိုးထုတ်လုပ်မှုကိုစစ်တမ်းပြုစုခဲ့ခြင်းဖြစ်သည်။အဆိုပါစစ်တမ်းအရမိုးခေါင်မှု၊အပူလှိုင်းဖြတ်မှု၊ရေကြီးမှုနှင့်အအေးလွန်ကဲမှုစသည့်ရာသီဥတုဖြစ်စဉ် များဆိုင်ရာအချက်အလက်များကိုနှိုင်းယှဉ်လေ့လာခဲ့ပြီး၊ရာသီဥတုပြောင်းလဲမှုကြောင့်ကောက်ပဲသီးနှံဆုံးရှုံးမှုမြင့်တက်လာစေသည့်သက်သေအထောက်အထားများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Monday, 12 Apr 2021

အီးယူ၏အော်ဂဲနစ်ထုတ်ကုန်များထုတ်လုပ်မှုနှင့်စားသုံးမှုမြှင့်တင်ရေးစီမံချက်တစ်ရပ်ကို ဥရောပကော်မရှင်က ဥရောပပါလီမန်သို့ ၂၅-၃-၂၀၂၁နေ့က တင်သွင်းခဲ့သည်။ယင်းစီမံချက်သည်၂၀၃၀ပြည့်နှစ်တွင်အီးယူစိုက်ပျိုးမြေ၏ (၂၅) ရာခိုင်နှုန်းအားအော်ဂဲနစ်လယ်ယာစနစ်သို့ရောက်ရှိရန်ရည်ရွယ်သည်။

Monday, 12 Apr 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက် (Regional Comprehensive Economics Partnership- RCEP) သာမက RCEP တွင်ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံ များနှင့်လည်း လွတ်လပ်သော ကုန်သွယ်မှုဒေသများ သီးခြားချုပ်ဆို၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံနှင့် နှစ်နိုင်ငံဘက်စုံလွတ်လပ်သော ကုန်သွယ်မှု ဒေသသဘောတူညီချက်အား ၂၀၀၈ ခုနှစ်တွင် စတင် ချုပ်ဆို၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါ သည်။ အဆိုပါသဘောတူစာချုပ်သည် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံနှင့် ပထမဆုံး ချုပ်ဆိုနိုင်ခဲ့သည့် လွတ်လပ်သောကုန်သွယ်မှုဒေသသဘောတူစာချုပ် ဖြစ်သည်။

Monday, 12 Apr 2021

နိုင်ငံ၏ အစားအစာလုံခြုံစိတ်ချရမှုရှိစေရေး၊ လယ်ယာထွက်ကုန်ပစ္စည်းများ လုံလောက်အောင် ရောင်းချနိုင်ရေးတို့ကို ဉီးစားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နွေဉီးရာသီကောက်ပဲသီးနှံစီမံ ခန့်ခွဲမှုစနစ်၊ လယ်ယာလုပ်ငန်း ပြင်ဆင်မှု၊ နည်းပညာဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်များ ခိုင်မာအား ကောင်းလာစေရန်၊ စိုက်ပျိုးရေးထုတ်ကုန်များ လုံလောက်စေရန်၊ ဈေးနှုန်းများ တည်ငြိမ်စေရန် ဉီးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောက်ပဲသီးနှံ ထုတ်လုပ်ရေးမူဝါဒထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာအချက်အလက်များအား နိုင်ငံတော်ကောင်စီ၏ တရားဝင် website ၌ ထုတ်ပြန် ကြေညာထားကြောင်း၊ တစ်နှစ်ပတ်လုံး ကောက်ပဲသီးနှံထုတ်လုပ်

Monday, 12 Apr 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၁၃) ကြိမ်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက်(13th National People's Congress-NPC)နှင့် (၁၃) ကြိမ်မြောက် တရုတ်နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (13th National Committee of Chinese People's Political Consultative Conference-CPPCC)၏ စတုတ္တအကြိမ် နှစ်ပတ်လည်အစည်းအဝေးအား ၂၀၂၁ ခုနှစ်၊ မတ်လ (၅) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပ ပြုလုပ် ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် Li Keqiang မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ လုပ်ငန်းအစီရင်ခံစာအား တင်သွင်းခဲ့သည်။

Friday, 9 Apr 2021

မတ်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် ကျင်းပသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စိုက်ပျိုးရေးဆိုင်ရာကော်မတီ အစည်းအဝေး၌ အိန္ဒိယနိုင်ငံက ချမှတ်ဆောင်ရွက်လျက်ရှိသော ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ပေးအပ်မှု အစီအစဉ် (Remission of Duties and Taxes on Exported Products (RoDTEP) scheme) အပေါ် အမေရိကန်နိုင်ငံက မေးခွန်းများထုတ်ခဲ့ ကြောင်း သိရှိရပါသည်။

Friday, 9 Apr 2021

၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ဘရာဇီးနိုင်ငံပြောင်းဈေးကွက်သို့ သီးနှံဝင်ရောက်မှုနည်းပါးသဖြင့် အရောင်းအဝယ်များကျဆင်းခဲ့သည်။ လတ်တလောကာလတွင် တောင်သူများအနေဖြင့် ပဲပုတ်စေ့သီးနှံရိတ်သိမ်းမှုအား အဓိကထားလုပ်ဆောင်နေရသဖြင့် အခြားသီးနှံများဈေးကွက်တင်ပို့ရောင်းချမှုများအား ခေတ္တရပ်နားထားရသည်။ ဝယ်လိုအားရှိ၍ ဈေးနှုန်းအမြင့်ဖြင့် ဈေးကွက်ဖြစ်ပေါ်နေသော်လည်း ပြောင်းသီးနှံများဈေးကွက်သို့ ဝင်ရောက်မှု လျှော့နည်းနေသည့်အတွက် အရောင်းအဝယ်ဖြစ်မှုတွင် ကျဆင်းလျက်ရှိနေသည်။ နိုင်ငံတကာဈေးကွက်အနေဖြင့် ချီကာဂိုစတော့ပ်ဈေးကွက်တွင် သီးနှံရောင်းဝယ်မှုကာလကို တိုးချဲ့သတ်မှတ်ပေးထားသည်။

Pages