Background
တရုတ်နိုင်ငံ၏ စွမ်းအင်ရင်းမြစ် ဖွံ့ဖြိုးရေးနှင့် တူးဖော်ရေးအားထုတ်ကြိုးပမ်း မှုများကြောင့် ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်သွင်းမှုမှာ တိုးလာနိုင် ကာ၊ သဘာဝဓာတ်ငွေ့အသုံးပြုမှုမှာလည်း ကုဗပေ (၁၃)ဘီလီယံတိုးမြင့်လာလျက် ကုဗပေ (၃၂၀) ဘီလီယံသို့ ရောက်ရှိနိုင်ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးက ထုတ်ပြန်နသည့် အစီရင်ခံစာအရ သိရပါသည် ။
COVID-19ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံက နောက်ဆုံးဆောင်ရွက်ချက်အနေဖြင့် ပြည်ပမှ အအေးခန်းဖြင့် တင်သွင်းလာသော အစား အစာအားလုံးတို့အား novel coronavirus nucleic acid test များစစ်ဆေးလျက်ရှိသည်။
၎င်းကုန်စည်များအပြင် ကူးစက်မှုအန္တရာယ်မြင့်မားသော နိုင်ငံများနှင့် ဒေသ များထံမှ ရောက်ရှိလာသည့် အခြားကုန်ပစ္စည်းများကိုလည်း စစ်ဆေးသွားမည်ဖြစ်သည် ဟုသိရသည်။
တရုတ်နိုင်ငံအနောက်ပိုင်း အပြည်ပြည်ဆိုင်ရာ ကုန်းလမ်းနှင့် ပင်လယ် ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်တွင် ပုဂ္ဂလိကအစုရှယ်ယာရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအား စုစုပေါင်းပမာဏ ယွမ်ငွေ (၁၀)ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၈ ဘီလီယံ) တန်ဖိုးဖြင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့တွင် တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာလ (၁၈)ရက်နေ့တွင် ကျင်းပခဲ့သော အစည်းအဝေး၌ ဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာကြီးကြပ်မှုဗျူရို၏ ညွှန်ကြားရေးမှူး Fan Shixiangက ကြေငြာလိုက်သည်။
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများ၏ အထည်အလိပ် လုပ်ငန်း အလားအလာနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် အနီးကပ် ကာလအတွက် ခြိမ်းခြောက်မှုရှိနေပြီး အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ်ကဏ္ဍအပေါ် ပို၍ခြိမ်းခြောက်မှုရှိနိုင်သည်ဟု Oxford Economics က ခန့်မှန်းထားသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ကန့်သတ်ပိတ်ဆို့မှုများသည် CLMV နိုင်ငံများတွင် ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန် တင်ပို့မှုတို့အပေါ် များစွာသက်ရောက်မှုရှိသည်ဟု Oxford Economics ၏ အာရှစီးပွားရေးပညာရှင် Sian Fenner က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ်နိုင်
BeCommerce ဈေးကွက်စောင့်ကြည့်လေ့လာရေး၏ ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ
အီးယူမှ ဗြိတိန်ခွဲထွက်ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံ၏ ပထမဆုံးနှင့် အဓိကသဘောတူညီချက် အဖြစ် ဗြိတိန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ကုန်သွယ်ရေးသဘောတူညီချက်ရရှိခဲ့ကြောင်း သိရ သည်။ ဗြိတိန်၏ ကုန်သွယ်ရေးအတွင်းဝန် Liz Truss နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu တို့အကြား ၁၁-၉-၂၀၂၀ ရက်နေ့က ဗီဒီယို call ဖြင့်တွေ့ဆုံမှုတွင် ဗြိတိန်-ဂျပန် စီးပွားရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို မူအားဖြင့် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ ယခုသဘောတူညီချက်သည် ဗြိတိန်ခွဲထွက်မှုအလွန် ပထမဆုံး ကုန်သွယ်ရေးသဘော တူညီချက်ဖြစ်သဖြင့် ဗြိတိန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အတွက် သမိုင်းဝင်အခိုက်အတန့်
ဥရောပ၏ ပထဝီဒေသအညွှန်း (Geographical Indications-GIs) ထုတ်ကုန်များအား တရုတ်နိုင်ငံတွင် အကာအကွယ်ပေးရေးနှင့် အပြန်အလှန်မူအားဖြင့် ဥရောပစီးပွားရေးဒေသ၌ တရုတ်နိုင်ငံ၏ထွက်ကုန်များအား အသိအမှတ်ပြုအကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ အီးယူနှင့် တရုတ်နိုင်ငံတို့အကြား ကူးသန်းရောင်းဝယ်ရေးဆိုင်ရာသဘောတူညီမှု ရရှိခဲ့ကြကြောင်းသိရသည်။ ၁၄-၉-၂၀၂၀ ရက်နေ့တွင် အီးယူဘက်မှ ဥရောပကောင်စီဥက္ကဌ Charles Michel၊ ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen နှင့် ဂျာမနီနိုင်ငံ အကြီးအကဲဖြစ်သူ Angela Merkel တို့ ဦးဆောင် တက်ရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံဘက်မှ သမ္မတ ရှီကျင်းဖျင် တက်ရာက်ခဲ့သည့် virtual summit တွင် ယင်းသဘောတူညီချက် ရရှိခဲ
အိန္ဒိယအစိုးရက ၁၄.၉.၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကြက်သွန်နီ အမျိုးအစားများအားလုံးကို ပြည်ပသို့တင်ပို့ခြင်းအား တားမြစ်ပိတ်ပင်ခဲ့ရာ အိန္ဒိယနိုင်ငံထံမှ သွင်းကုန် အပေါ် အမှီပြုနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြက်သွန်နီဈေးကွက်တွင် ဈေးနှုန်းများ ချက်ချင်း မြင့်တက်လာခဲ့ပါသည်။ ထို့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သံတမန်လမ်းကြောင်းမှ ဆက်သွယ်ဆောင်ရွက်လာမှုအရအိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) သည် တင်ပို့မှု လုပ်ငန်းဆောင်ရွက်ဆဲ ကြက်သွန်နီတန်ချိန် ၂၅၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်တင်ပို့ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရှိ မိုရေး မြို့နှင့် ထိုင်းနိုင်ငံရှိ မဲဆောက်မြို့တို့အကြား ဆက် သွယ်ဖောက်လုပ်မည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏ စီမံကိန်းလုပ်ငန်း များအား အကောင်အထည်ဖော်ဆောင်ရာ၌ ဥပဒေကြောင်းအရ နှောင့်နှေး ကြန့်ကြာခက်ခဲမှု ဖြစ်ပေါ်စေလျက်ရှိသည့် စာချွန်တော် လျှောက် ထားမှုဆိုင်ရာ ကိစ္စရပ်တစ်ခုအား အိန္ဒိယ တရား လွှတ်တော်ချုပ်က ဇူလိုင် ၂၈ ရက်တွင် ကြားနာ စစ်ဆေးလျက် အမှုအား ဆိုင်းငံ့သည့်အမိန့်ကို ချမှတ်လိုက်ခြင်းဖြင့် ရှင်းလင်းဖယ်ရှားပေးခဲ့ ကြောင်းHindustan Times သတင်းဌာန၏ ဖော်ပြ ချက်အရ သိရှိရသည်။
ယူရိုဇုန်တွင် လက်လီရောင်းချမှုပမာဏမှာ ၂၀၂၀ ပြည့်နှစ် ဇွန်လ တွင် ပြန်လည်တိုးတက်လာခဲ့ပြီး အသွားအလာကန့်သတ်မှုများ မပြုလုပ်မီ ကာလဖြစ်သည့် ဖေဖော်ဝါရီလက ရောင်းချမှု အခြေအနေသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း၊ ယူရိုဇုန်၏ ဇွန်လအတွင်း လက်လီရောင်းချမှုသည် မေလ၌ ရောင်းချမှုပမာဏထက် ၅ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဥရောပစာရင်းအင်းအဖွဲ့အစည်း Eurostat ၏ စာရင်းဇယားများအရ သိရ သည်။အဝတ်အထည်များနှင့် ကားလောင်စာဆီများတွင် သုံးစွဲမှုတိုးတက် ခဲ့ခြင်းကြောင့် လက်လီရောင်းချမှုပြန်လည်တိုးတက်လာခြင်းဖြစ်သည်။


