Background
တရုတ်နိုင်ငံသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကာကွယ်ရန်၊ ထိန်းချုပ်ရန် စီမံဆောင် ရွက်မှုများ ချမှတ်လုပ်ဆောင်ခဲ့သည့်နည်းတူ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များ စဉ်ဆက်မပြတ် ရရှိအောင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် နှစ်ရာခိုင်နှုန်း ဖွံဖြိုးတိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်မှထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ပြည်တွင်းလုပ်ငန်းများလည်ပတ်မှုဆက်လက်တိုးတက်လျက် ရှိပြီး COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဆေး တရားဝင်ရရှိသည့်အခါ နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်လာမည်ဖြစ်ကြောင်း၊ လာ မည့် ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ပြည်တွင်းအသားတင်ထ
COVID-19 ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေးအား ထုတ်လုပ်နိုင်ရန် လက်ရှိတွင် ကမ္ဘာ့နိုင်ငံအများစု၌ အပြိုင်အဆိုင်ကြိုးပမ်းထုတ်လုပ်လျက်ရှိပြီး ကာကွယ်ဆေး ထွက်ရှိလာသည့်အခါ ဈေးနှုန်းမည်မျှဖြင့် ဈေးကွက်အတွင်းရောင်းချမည်ကို မသိရှိသော်လည်း တရုတ် နိုင်ငံအနေဖြင့် ထုတ်လုပ်မည့်ကာကွယ်ဆေးအား သင့်တော်မျှတသည့်ဈေးနှုန်းဖြင့် ကမ္ဘာ့နိုင်ငံများသို့ ဖြန့်ချိရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အလားတူပင် တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကာကွယ်ဆေးများလှူဒါန်းခြင်း၊ အထောက်အပံ့အဖြစ်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ် လျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် COVI
ဗြိတိန်နိုင်ငံသည် အီးယူ၏ဘုံဈေးကွက်နှင့် အကောက်ခွန်သမဂ္ဂမှ ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထွက်ခွာနိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ သွင်းကုန်အပိုင်းတွင် နှောင့်နှေးမှုရှိလာခဲ့ပါက အဆင်ပြေစေရန်အတွက် သီတင်းပတ် ခြောက်ပတ်စာ ဆေးဝါးကုန်စည်များကို အရန်အဖြစ် စုဆောင်းထားရှိရန် ဗြိတိန်အစိုးရက ဆေးဝါးကုမ္ပဏီများအား တိုက်တွန်းထားကြောင်း သိရသည်။ ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်သည် COVID-19 ကပ်ရောဂါကြောင့်ဖိအားများရှိနေ သဖြင့် အရေးပေါ် အစီအမံများ၏ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ဆေးဝါးကုမ္ပဏီများအား ကုန်ပစ္စည်းများကိုအရန် စုဆောင်းထားရှိရန် တိုက်တွန်းထားခြင်းဖြစ်သည်ဟု ဗြိတိန်၏ ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးကုမ္ပဏီများသို့ ပေး
ဗြိတိန်ခွဲထွက်မှု (Brexit) ဆိုင်ရာသဘောတူညီချက်အား လိုက်နာခြင်းမရှိသည့် ဗြိတိန်၏ Internal Market Bill နှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ဆောင်ရွက်ချက်များ၏ ပထမအဆင့် အဖြစ် ဗြိတိန်နိုင်ငံအားတရားဝင်အသိပေး အကြောင်းကြားခဲ့ကြောင်း ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen ကပြောကြားခဲ့သည်။ Internal Market Bill ကို ပြဌာန်းခြင်းသည် ဗြိတိန်နိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေတစ်ရပ်ကို ချိုးဖောက်သကဲ့သို့ ဖြစ်စေနိုင်သည်ဟု ဗြိတိန်နိုင်ငံ၏ ဝန်ကြီးအချို့က ဝန်ခံပြောကြားထားသော်လည်း အဆိုပါ Bill ကို ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်း တွင်ဗြိတိန်နိုင်ငံက အတည်ပြုခဲ့ပြီးနောက် အီးယူဘက်မှ ယခုကဲ့သို့ တရားဝင်အသိပေးချက် ပေးပို့ ခြင်း
ဗြိတိန်နိုင်ငံနှင့် အီးယူတို့အကြား Brexit အလွန်ကာလအတွက် ညှိနှိုင်းဆွေးနွေးမှုများသည် အကူးအပြောင်းကာလကုန်ဆုံးချိန်တွင် သဘောတူညီချက်မရရှိခဲ့ပါက ဗြိတိန်အနေဖြင့် ယင်းအခြေ အနေနှင့်အတူ ရပ်တည်ရှင်သန်နိုင်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီ ၃၁ ရက်က အီးယူအုပ်စုမှ နုတ်ထွက်ခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်အထိ အီးယူ၏ စည်းမျဉ်းများကို ဆက်လက်ကျင့်သုံးမည်ဖြစ် သည်။ ဗြိတိန် ခွဲထွက်မှုအလွန်ကာလ အီးယူ-ဗြိတိန် ကုန်သွယ်မှုဆက်ဆံရေးတွင် သတ်မှတ်ရက်အတွင်း သဘော တူညီမှုမရရှိခဲ့ပါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းများနှင့်အညီ မြင့်မားသော အကောက်ခွန်နှုန်းထားများဖြ
အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးထိန်းချုပ်ရန် ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက်များအား ၂၀၂၀ ပြည့်နှစ် ဇွန်လမှစတင်၍ အဆင့်အလိုက် ဖြေလျော့မှုများပြုလုပ်၍ စီးပွားရေးလုပ်ငန်းများအားလုပ်ဆောင်ခွင့်ပြုခဲ့ ရာ စီးပွားရေးကဏ္ဍအချို့တွင် ပြန်လည်နာလန်ထူစပြုလာကြောင်း သိရှိရပါသည်။
ငွေကြေးဖောင်းပွမှု၏ အဓိကအညွှန်းကိန်းဖြစ်သည့် စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ဩဂုတ်လအတွင်း ၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် တည်ငြိမ်လျက်ရှိကြောင်းတရုတ် နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အစားအသောက် ဈေးနှုန်းများအနက် ဝက်သားရောင်းလိုအားမှာ မြင့်တက် လာသော်လည်း ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်လျက်ရှိသည့်အတွက်ဈေးနှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ကြက်သားနှင့်ဘဲသားဈေးနှုန်းများမှာမူ ၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် သုည ဒသမ ၉ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ကြောင်းသိရှိရပါသည်။
တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့် စာရင်းများအရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လ (ပထမခုနစ်လတာ) ကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ ကုန်သွယ်မှုပမာဏ၌ ကုန်သွယ်မှု လိုငွေပြမှုပမာဏ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၂၉ ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ကာလတူထက် ၃၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါကာလအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများတင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၁၈ ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၄၁ ဒသ
တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများ မျှော်မှန်းသည်ထက် ပိုမို ကောင်းမွန်လာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် တတိယလေးလပတ်ကာလ အတွင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် တိုးတက်မည့်လက္ခဏာရပ်များ ဖြစ်ပေါ်လျက်ရှိပြီး တစ်နှစ်ပတ်လုံးအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နှစ်ရာခိုင်နှုန်းထက်ကျော်လွန်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း၊ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်သည့်အရှိန်အဟုန်သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ဆက်လက်ကောင်း မွန်မည်ဆိုပါက တရုတ်နိုင်ငံ၏ တတိယလေးလပတ်၏ ပြည်တွင်းအသားတင်ထုတ် လုပ်မှုတန်ဖိုးသည်ဒုတိယလေးလပတ် ထက
COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့သည့်အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း၌ နိုင်ငံ၏ အဓိကစီးပွားရေး အညွှန်းကိန်းများ ဆက်လက်တိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါအချက်အလက်များအရ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်ထွက်ရှိမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် လက်လီရောင်းချမှုများသည် ဆက်တိုက်မြင့်တက်လျက်ရှိပြီး ပြည်တွင်း လက်လီရောင်းချရမှုသည် နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားသည့်အချိန်မှ ပြီးခဲ့သည့် ငါးလတာကာလအတွင်း၌ ဆက်တိုက်ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊
