Background
ကွမ်ရှီး စီးပွားရေးလုပ်ငန်းများနှင့် အလုပ်ရှင်များ မဟာမိတ်အဖွဲ့က ၂၀၂၀ ပြည့်နှစ်၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၁၀၀၊ ထိပ်တန်းစက်မှုကုန်ထုတ်လုပ်ငန်းရှင် ၅၀ နှင့် ထိပ်တန်းဝန်ဆောင်မှုလုပ်ငန်း ၅၀ တို့၏ စာရင်းအား မကြာသေးမီ က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ရုံးချုပ်များ တည်ရှိရာမြို့တော်များအားဖြင့် နန်နင်းမြို့မှ လုပ်ငန်း ၄၇ ခု ပါဝင်ကာ ဝင်ငွေစုစုပေါင်းမှာ ယွမ်ငွေ ၉၃၃ ဒသမ ၅၂၄ ဘီလီယံရှိကြ၍ စုစုပေါင်းလုပ်ငန်း များ၏ ၅၈ ဒသမ ၄၁ ရာခိုင်နှုန်းရှိ သည်ကို တွေ့ရပါသည်။
မကြာသေးမီက ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်-အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းဇုန်အား စတင်တည်ဆောက်လိုက်ပြီဖြစ်ပါသည်။ ၎င်းစီမံ ကိန်း၏ ပထမအဆင့်တွင် စင်တာ ခြောက်ခုနှင့် အခြေပြုနေရာ တစ်ခုတည်ဆောက်ရေး သတင်းအချက်အလက်နည်းပညာအသုံးပြုမှုတွင် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်မှုတို့အပေါ် ချဉ်းကပ်တည်ဆောက်သွားမည်ဖြစ်ပါသည်။ သတင်းအချက်အလက် နည်းပညာ တီထွင်ဆန်းသစ် မှုများကို အသုံးပြုရေးအတွက် “whole industry + adaptation” ချိတ်ဆက်မှုတစ်ရပ် ဖြစ်ပေါ်လာရန် ဟွာဝေး Kunpeng System ၊ China Electronics PKS Systemနှင့် CENC၏ ecological enterprisesများကို မိတ်ဆက်သွားမည် ဖြစ်ကြောင်း သ
ကိုရိုနာကပ်ရောဂါပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်မှု သိသိသာသာ လျော့ကျလာပြီး ပြည်တွင်းခရီးသွားလုပ်ငန်းမှ ဝင်ငွေစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း Resona Research Institute ၏ ခန့်မှန်းသုံးသပ်ချက်အရ သိရသည်။
ဆန်ကို အသင့်ချက်ပြီးထုပ်ပိုးတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဇူလိုင်လ အတွင်းတွင် ယန်း ၃၆၅ သန်း၊ တန်ချိန်အားဖြင့် ၆၈၁ တန်ထိ တင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါ ပမာဏသည် ယခင်ကာလတူနှစ်မှ တင်ပို့မှုထက် ၂၃ ရာခိုင်နှုန်းအထိ ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းဇယားများအရ သိရသည်။
ကိုရိုနာကပ်ရောဂါပြန့်ပွားနေချိန်အတွင်း လူအများနေအိမ်တွင်သာ နေထိုင်စား သောက်ကြသည့်အတွက် အရသာကောင်းမွန်ပြီး လွယ်လွယ်ကူကူအသင့်စားနိုင်သည့် အသင့် ချက်ထားသော ထမင်းဘူးများသည် ပြည်ပတိုင်းပြည်များတွင် လိုအပ်ချက် မြင့်မားလာပါ သည်။
ဂျပန်နိုင်ငံက ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကို ထိခိုက်စေသည့် ပြည်ပနိုင်ငံများ နှင့် ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်မှုများကို တဖြည်းဖြည်းချင်း ဖြေလျော့ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံ Luzon ဒေသမှ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သူ ၃၀၀ ခန့်သည် ၎င်းတို့ စိုက်ပျိုးထားသည့် ရုံးပတီသီးများကို ဂျပန်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်နေကြကြောင်း သိရပါ သည်။
ဂျပန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ကိစ္စများနှင့် ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များကို အစောဆုံးအနေဖြင့် အောက်တိုဘာလ ပထမသီတင်းပတ်တွင် စတင်ရန် သဘောတူရန် အလားအလာ ရှိနေကြောင်း သိရသည်။
ဂျပန်နိုင်ငံရှိ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့် Japan Investment Corp. (JIC) ကဲ့သို့ ရန်ပုံငွေအဖွဲ့အစည်းများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းဝင်ငွေများ ကျဆင်းမှုနေချိန်တွင် ရင်းနှီးမြှုပ်နှံမှု များ မြှင့်တင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြပါသည်။
၂၀၂၀ ပြည့်နှစ် ပထမရှစ်လအတွင်း တရုတ်နိုင်ငံ၏ ပြည်ပတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု (Overseas Direct Investment)ပမာဏသည် ယွမ် ၄၈၀ ဒသမ ၄၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၆၈ ဒသမ ၄၈ ဘီလီယံ)ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမရှစ်လနှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ပထမရှစ်လအတွင်း Belt and Road Initiative လမ်းကြောင်းတစ်လျှောက်ရှိနိုင်ငံများနှင့်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်တက်လာ ခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံအတွင်းသို့ အေးခဲအသားများ ထုတ်လုပ်တင်သွင်းလျက်ရှိသည့်နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ဒေသများမှ COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ခြင်းခံရသည့် လုပ်သားများ တွေ့ရှိခဲ့ရသည့် ကုမ္ပဏီ ၅၆ ခုမှအေးခဲအသားများ တင်သွင်းမှုအား ဆိုင်းငံ့ထားခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီများအနက် ၄၁ ခုသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏယွမ် ၂ ဒသမ ၈၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၂၁ ဒသမ ၆၉ ဘီလီယံ) ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် ခြောက်ရာခိုင်နှုန်းမြင့် တက်ခဲ့ ကြောင်း၊ ပို့ကုန်ပမာဏ ယွမ်၁ ဒသမ ၆၅ ထရီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း သွင်းကုန်ပမာဏမှာမူ သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ကုန်သွယ်ရေး ပိုငွေပမာဏ ယွမ် ၄၁၆ ဒသမ ၅၉ ဘီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ထက် ၇၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Custo
