Main menu

Background

Monday, 25 Nov 2019

        အမေရိကန် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ထိုင်းပို့ကုန်များ အပေါ် ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေးအနေနှင့် ပေးအပ်ထားခဲ့သော အကောက်ခွန်ကင်း လွတ်ခွင့် အခွင့်အရေး Generalized System of Preferences (GSP) ကို ဖယ်ရှားရန် အမေရိကန်၏ လတ်တလောဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြောကြားရာတွင် ဧပြီလ၌ စတင်သက်ရောက်မည့် အခွန် ကင်းလွတ်ခွင့်  ပြန်လည်ရုပ်သိမ်းမည့် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း ရန် အချိန်ရှိသေးကြောင်းနှင့် အဆိုပါကိစ္စမှာ အသေးအဖွဲကိစ္စမျှသာဖြစ် ကြောင်း ထပ်လောင်းအတည်ပြုပြော ကြားခဲ့သည်။ အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်န

Monday, 25 Nov 2019

       တရုတ်နိုင်ငံ၏ အစွန်အဖျားရှိ မြို့တော်များနှင့်  မြို့ငယ်များတွင် E-commerce  ကြောင့် တိုးတက်မှုများ မျှော်မှန်းသည်ထက်ပိုမိုရရှိခဲ့ကာ ယင်း ဒေသများရှိ လက်လီကုမ္ပဏီများမှာ လည်း ကုန်ဝယ်ယူမှု အများအပြားရှိခဲ့ သည့်အပြင်  ပြိုင်ဆိုင်မှုအား အလွန် များပြားသည့် မြို့တော်ကြီးများရှိဈေး ကွက်များပြင်ပတွင် စီးပွားရေးအခွင့် အလမ်းသစ်များ ပေါ်ထွန်းလာလျက် ရှိကြောင်း လေ့လာသူများ၏ပြောကြား ချက်များအရ သိရသည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း အွန် လိုင်းပေါ်မှာ ဝယ်ယူကြသူ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ ဝေးလံသော မြို့တော် များနှင့် မြို့ငယ်လေးများဆီမှဖြစ်ကာ ၎င်းတို့အွန်လိုင်းဈေးဝယ်နေရာတွင် မှတ်ပုံတင်ပြီး တစ်နှစ်အ

Friday, 15 Nov 2019

         ယခုနှစ်ထိုင်းနိုင်ငံက အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်စဉ်  ကာလအတွင်း နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ  ကျင်းပခဲ့သော (၃၅) ကြိမ်မြောက်  အာဆီယံထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးပွဲများကျင်းပသည့် ဗန်ကောက် မောင်းထောင်းထာနီ IMPACT တွင်ASEAN  STYLES SUSTAINABLE Trade Fair and Exhibition အား ထည့်သွင်း ကျင်းပခဲ့သည်။ အဆိုပါ ASEAN  STYLES  ကုန်စည်ပြပွဲ သို့ မြန်မာနိုင်ငံမှ Myanmar Cultural Heritage Trust ၊ Myanmar Thukhuma  နှင့် Myanmar Gems and Jewellery Entrepreneurs Association တို့မှ ပြခန်းပေါင်းငါးခန်းတွင် မြန်မာ့ရိုးရာ လက်မှုအနုပညာပစ္စည်းများ ဖြစ်ကြသော ကြာရိုးမှပြုလုပ်သည့် အဝတ်အထည်

Friday, 15 Nov 2019

         တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ် (ဖုကျန့်) လွတ်လပ်သော ကုန်သွယ် ရေးစမ်းသပ်ဇုန်အတွင်း နိုင်ငံ ပိုင် မဟုတ်သည့် ကုန်သွယ်မှုကုမ္ပဏီ လုပ်ငန်းစုများမှ ရေနံစိမ်းတင်သွင်း လျှောက်ထားမှုများ အတွက်သတ်မှတ် လုပ်ထုံးလုပ်နည်းများကို အောက်တို ဘာ ၂၈  ရက်တွင် ထုတ်ပြန် ကြေညာခဲ့ သည်။ အဆိုပါကြေညာစာအရ လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် အတွင်းရှိ ကုမ္ပဏီ လုပ်ငန်းစုများအနေ ဖြင့် ကုန်သွယ်မှု လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခွင့်ရရှိထားသည့်အပြင် လျှောက်ထားသူသည် ရေနံစိမ်းသို လှောင် နိုင်စွမ်းနှင့် ကုဗမီတာ ၁၀ဝ၀ဝ၀ ထက်မနည်းသည့် ရေနံစိမ်းသိုလှောင်ရုံအသုံးပြုခွင့်၊ အန္တရာယ်ရ

Friday, 8 Nov 2019

     အိန္ဒိယ၏လက်ဖက်ခြောက် အဓိကပို့ကုန်ဈေးကွက်ဒေသဖြစ်သည့် လွတ်လပ်သော ဓနသဟာယနိုင်ငံများ (CIS) သို့ လက်ဖက်ခြောက်တင်ပို့မှုမှာ ယခင်နှစ်ကာလတူ၌ ကီလိုဂရမ် ၄၁ ဒသမ ၃၅ သန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၉၉ ဒသမ ၄၁ သန်းခန့်ရှိရာမှ ၂၀၁၉ ခုနှစ် ပထမ၈ လတာအတွင်း ကီလိုဂရမ် ၃၆ ဒသမ ၆၃ သန်း၊ တန်ဖိုး ဒေါ်လာ ၈၆ ဒသမ ၃၀ သန်းခန့်သာ တင်ပို့နိုင်ခဲ့ သည်။ အလားတူ ပါကစ္စတန်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ တင်းမာ မှုကြောင့် ပုံမှန်ကုန်သွယ်မှုမှာလည်း လျော့ကျလျက်ရှိရာတွင် အိန္ဒိယမှ ပါကစ္စတန်သို့ လက်ဖက်ခြောက်တင်ပို့မှုမှာ ယခင်နှစ် ကာလတူ၌ ကီလိုဂရမ် ၁၀ ဒသမ ၃၇ သန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၄ ဒသမ ၉၇ သန်းခန့်ရှိရာမှ ၂၀၁၉ ခုနှစ်

Friday, 8 Nov 2019

        ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုအတွက် မျှော်လင့်ချက်နည်းပါးနေသော်လည်း ယခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ သင်္ဘောတင်ပို့မှုမှာ ရှစ်ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ကြာသပတေးနေ့မှ စနေနေ့အထိ အိန္ဒိယနိုင်ငံ မွမ်ဘိုင်း Mumba နှင့် ချန်နိုင်း  Chennai မြို့များသို့ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားရောက်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Mr.

Friday, 8 Nov 2019

       အမေရိကန်နိုင်ငံက တင်ပို့သည့် ကုန်စည် ၂၈ မျိုးအပေါ် သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံရန် အိန္ဒိယနိုင်ငံ၏ တုံ့ပြန်ဆုံးဖြတ်ခဲ့မှုအပေါ် ကော်မတီတစ်ရပ်ဖွဲ့စည်း၍ စစ်ဆေးကြားနာပေးရန် အမေရိကန်နိုင်ငံ၏ ဒုတိယအကြိမ် တောင်းဆိုချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က အောက်တိုဘာ ၂၈ ရက်တွင် သဘောတူလက်ခံလိုက်သည်။အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်သည်  Trade Expansion Act of 1962 ပါ Section 232 ဖြင့် အခွင့်အာဏာအပ်နှင်း ထားမှုအရ  ၂၀၁၈ ခုနှစ် မတ်လမှစတင်၍ အခွန်တိုးမြှင့်ကောက်ခံလျက် နိုင်ငံအတွင်းသို့ Steel  နှင့် Aluminium  ထုတ် ကုန်များတင်သွင်းမှုက ကန့်သတ်ဆောင်ရွက်ခဲ့သည်။ အိန္ဒိယအစိုးရသည် ၎င်း၏အဓိက ပို့ကုန်များကန့်သ

Tuesday, 5 Nov 2019

        အိန္ဒိယနိုင်ငံ၌ စက်သုံးဆီဈေးကွက်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မှုများကို တွန်းအားပေးသည့် အနေဖြင့် အစိုးရသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး စက်မောင်းဆီ ဖြန့်ဖြူးရောင်းချမှုဆိုင်ရာစည်းကမ်းများအား ပြင်ဆင် သတ်မှတ်လိုက်သည်။ ၂၀ဝ၂ ခုနှစ်ကတည်းက ချမှတ်ဆောင်ရွက်ခဲ့သော လက်ရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချ ရေးမူဝါဒအရ ရင်းနှီးမြှုပ်နှံမှုပမာဏ အနိမ့်ဆုံးသတ်မှတ်ချက် ရူပီးငွေ ၂၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၈၁ သန်းခန့်) ဖြင့် ရေနံလုပ်ငန်းနယ်ပယ်ရှိ ကုမ္ပဏီများ ကသာ လုပ်ကိုင်နိုင်ခွင့်ရှိသည်။ ယခုပြင်ဆင်ချက်အရ ရေနံထုတ်လုပ်သန့်စင်မှုနှင့်ပိုက်လိုင်းသွယ်တန်းမှု နယ်ပယ်ပြင်ပရှိ ကုမ္ပဏီများသည်လည်

Tuesday, 5 Nov 2019

      အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပွားနေဆဲဖြစ်သော်လည်း ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမှာ တည်ငြိမ်ခဲ့ကာ ၂ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကို တွေ့ရသည်။  စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ယွမ် ၂၂ ဒသမ ၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၃ ထရီလီယံ)ဖြစ်သည်။ ပို့ကုန်ပိုင်းတွင် ၅ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သွင်းကုန်မှာ သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရသည်။ အလားတူကာလတွင် အမေရိကန်နှင့် ကုန်သွယ်ရေးမှာ ယွမ် ၂ ဒသမ ၇၅ ထရီလီယံသို့ ၁၀ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဥရောပသမဂ္ဂနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ရေးမိတ

Tuesday, 5 Nov 2019

         ကမ္ဘာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်း နီးပါး ရှိလာတော့မည့် တရုတ်နိုင်ငံသည် ၎င်း၏ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အခြားနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ် ကြောင်း တရားဝင်ကြေညာချက်တစ် စောင်ကို အောက် တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံတွင် ကမ္ဘာ့စိုက် ပျိုးမြေစုစုပေါင်း၏ ကိုးရာခိုင်နှုန်းရှိပြီး ရေချိုသယံဇာတရရှိမှုမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ခြောက် ရာခိုင် နှုန်းရှိသည်။  ၎င်းတို့ကိုအသုံးပြု၍ တရုတ်နိုင်ငံမှ စားနပ် ရိက္ခာ ထုတ်လုပ် မှုမှာ ကမ္ဘာ့ထုတ်လုပ်မှုစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရှိသည်။ တရုတ်နိုင်ငံတွင် လူတစ်ဦးချင်း တစ်နှစ်လျှင် ကောက်ပဲသီးနှံ စ

Pages