Main menu

Background

Tuesday, 6 Oct 2020

ဂျပန်နိုင်ငံ၏ အထင်ကရ ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Nippon Telegraph and Telephone (NTT) က ၎င်း၏ ကြိုးမဲ့ဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် NTT Docomo ၏ ရှယ်ယာများ ရာနှုန်းပြည့်ရယူရန် အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံခန့် တန်ဖိုးရှိသည့် ရှယ်ရာဝယ်ယူမှု ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

Tuesday, 6 Oct 2020

ဂျပန်နိုင်ငံရှိ Memory chip ထုတ်လုပ်သည့် လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Kioxia Holdings သည် အဆိုပါလုပ်ငန်း၏ အနေအထားမရေမရာဖြစ်နေချိန် စတော့စျေးကွက်အတွင်း ရှယ်ယာရောင်းဝယ်ရေးပြုလုပ်မည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နှင့် တရုတ်တို့အကြား  နည်းပညာဆိုင်ရာကုမ္ပဏီများနှင့်ပတ်သက်၍ လွန်ဆွဲမှုများ အရှိန်အဟုန်မြင့်တက်လာနေခြင်းက နောက်ခံအကြောင်းအရင်းတစ်ခု ဖြစ်ကြောင်းသိရပါသည်။

Tuesday, 6 Oct 2020

ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (MHLW) က ၂၀၄၀ ပြည့်နှစ်အရောက်တွင် နိုင်ငံ၏သက်ကြီးရွယ်အိုဦးရေ အများဆုံးဖြစ်လာနိုင်သည့်အတွက် ကျန်းမာရေးကဏ္ဍနှင့် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ ဝန်ထမ်းများ အင်အားမလုံမလောက် ဖြစ်လာနိုင်ပါကြောင်း၊ နိုင်ငံ၏လူဦးရေကျဆင်းလာသည်နှင့်အမျှ သက်ကြီးရွယ်အိုများ ပိုမိုများပြားလာသည့်အတွက် အဆိုပါအရေးကိစ္စကိုစိုးရိမ်ဖွယ်ဖြစ်ပါကြောင်း ၎င်းတို့၏ အစီရင်ခံစာမူကြမ်း တွင် သုံးသပ်ဖော်ပြထားပါသည်။

Tuesday, 6 Oct 2020

ဂျပန်အစိုးရသည် အခြားပြည်ပနိုင်ငံ ၁၅၉ ခုနှင့် ခရီးသွားလာမှု ဖြေလျော့ခြင်းကို အောက်တိုဘာလမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ငံ ၁၅၉ ခု အနက် ကိုရိုနာကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ကျဆင်းသွားသည့် နိုင်ငံများဖြစ်ကြသည့် သြစတြေးလျ၊ နယူးဇီလန်နှင့် ဗီယက်နမ်တို့မှ အစပြုကာ ခရီးသွားလာမှုကန့်သတ်ချက်များ ဖြေလျော့ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

Friday, 2 Oct 2020

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၂၀၁၅-၂၀၂၀နိုင်ငံခြား ကုန်သွယ်မှုမူဝါဒအရ၂၀၁၇ခုနှစ်မှစတင်၍ကန့်သတ်တင်သွင်းကုန်စည်အဖြစ်သတ်မှတ်ထား သည့်မတ်ပဲအား ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၁.၅ သိန်း သတ်မှတ်လျက်၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခုသတ်မှတ်ချက် သည်အိန္ဒိယနိုင်ငံအစိုးရ၏ နှစ်နိုင်ငံချင်းသို့မဟုတ်ဒေသဆိုင်ရာအဆင့်လက်မှတ်ရေးထိုးထား သည့်နားလည်မှုစာချွန်လွှာများနှင့်သက်ဆိုင်မှုမရှိကြောင်း၊ ပြည်တွင်းရှိ သွင်းကုန်လုပ်ငန်းရှင် များသို့ တင်သွင်းခွင့်ခွဲတမ်းအား ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

Monday, 28 Sep 2020

အိန္ဒိယ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီးဌာနသည် ၂၀၂၀-၂၀၂၁ သီးနှံစိုက်ပျိုးနှစ် မိုးရာသီကာလအတွင်း အဓိကသီးနှံများ စိုက်ပျိုးထွက်ရှိနိုင်မည့်အခြေအနေ ပထမအကြိမ် ကနဦးခန့်မှန်းချက်ကို ၂၂.၉.၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ယခုနှစ် မုတ်သုံ ရာသီ၌ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ကာလရှည်ပျမ်းမျှ မိုးရေချိန်ထက် ၇% ခန့် ပိုမိုလျက် အဓိက သီးနှံများစိုက်ပျိုးသည့် ပြည်နယ်များတွင် မိုးရွာသွန်းမှု ကောင်းမွန်သဖြင့် သီးနှံများထွက် ရှိမှုမှာ ပုံမှန်ထက်ပိုမိုနိုင်ကြောင်း၊ တစ်နိုင်ငံလုံး၌ ပဲမျိုးစုံနှင့် နှံစားသီးနှံများ စုစုပေါင်းတန်ချိန် ၁၄၄.၅၂ သန်းခန့် ထွက်ရှ

Monday, 28 Sep 2020

အိန္ဒိယအစိုးရက ၁၄.၉.၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကြက်သွန်နီ အမျိုး အစားများအားလုံးကို ပြည်ပသို့တင်ပို့ခြင်းအား တားမြစ်ပိတ်ပင်ခဲ့ရာ အိန္ဒိယနိုင်ငံထံမှ သွင်းကုန် အပေါ် အမှီပြုနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြက်သွန်နီဈေးကွက်တွင် ဈေးနှုန်းများ ချက်ချင်း မြင့်တက်လာခဲ့ပါသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သံတမန်လမ်းကြောင်းမှ ဆက်သွယ် ဆောင်ရွက်လာမှုအရ အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) သည် တင်ပို့မှု လုပ်ငန်းဆောင်ရွက်ဆဲ ကြက်သွန်နီတန်ချိန် ၂၅၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် တင်ပို့ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

Monday, 28 Sep 2020

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးသန့်စင်သည် ၁၆-၉-၂၀၂၀ ရက်နေ့၊ ကိုရီးယားစံတော်ချိန် နေ့လယ် (၁၄:၃၅) နာရီအချိန်တွင် ဆိုးလ်မြို့၊ Shilla Hotel ၌ ASEAN-Korea Centre (AKC)နှင့် Mekyung Media Group တို့မှ ကြီးမှူးကျင်းပဆောင်ရွက်သော 21st World Knowledge Forum ၏ ASEAN Entrepreneur Award အစီအစဉ်တွင် မြန်မာနိုင်ငံမှ ဒေါ်နန်းခမ်းနောင့် (Deputy CEO of KBZ Bank Ltd.)က Empowering Women  ဆုကိုဆွတ်ခူးရရှိသဖြင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

Monday, 28 Sep 2020

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးသန့်စင်သည် ၁၆-၉-၂၀၂၀ ရက်နေ့၊ ကိုရီးယားစံတော်ချိန် နေ့လယ် (၁၄:၃၅) နာရီအချိန်တွင် ဆိုးလ်မြို့၊ Shilla Hotel ၌ ASEAN-Korea Centre (AKC)နှင့် Mekyung Media Group တို့မှ ကြီးမှူးကျင်းပဆောင်ရွက်သော 21st World Knowledge Forum ၏ ASEAN Entrepreneur Award အစီအစဉ်တွင် မြန်မာနိုင်ငံမှ ဒေါ်နန်းခမ်းနောင့် (Deputy CEO of KBZ Bank Ltd.)က Empowering Women  ဆုကိုဆွတ်ခူးရရှိသဖြင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

Friday, 25 Sep 2020

တရုတ်-လာအိုမီးရထားလမ်းပေါ်ရှိ နယ်စပ်ဖြတ်ကျော်သည့် ဉမင်လိုဏ်ခေါင်း မှာ စက်တင်ဘာလအစောပိုင်းတွင် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍  ရထားလိုင်းတစ်ခုလုံး အတွက် အပြည့်အဝအသုံးပြုနိုင်ရန် အခြေခံအုတ်မြစ်ကို  တည်ဆောက်ပြီးသွားပြီဖြစ်သည်။

ချစ်ကြည်ရေးဉမင်လိုဏ်ခေါင်းဟု ခေါ်တွင်သည့် ၎င်းလိုဏ်ခေါင်းမှာ ကီလို မီတာ (၉.၅၉)ရှှည်လျားပြီး၊ တရုတ်နိုင်ငံဘက်တွင် (၇.၁၇) ကီလိုမီတာနှင့် လာအိုနိုင်ငံ ဘက်တွင် (၂.၄၂)ကီလိုမီတာ ရှည်လျားသည်။

Pages