Main menu

Background

Monday, 3 Feb 2020

    ယခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျရောက် မည့် တရုတ်နွေဦးရာသီပွဲတော်ကာလအတွင်း မြို့ပြနှင့်အလှမ်းဝေးသည့် မြို့ငယ်များမှ တရုတ် စားသုံးသူများအတွက် ဘယ်လ်ဂျီယံမှ ဘီယာ၊ ထိုင်းမှ ဆန်၊ အမေရိကန်မှ ပန်းသီး၊ နယူးဇီလန်မှ ကီဝီသီး၊ အမဲသားနှင့် နွားနို့၊ နော်ဝေမှ ဆာလ်မွန် ငါး၊ ကနေဒါ အာတိတ်ဒေသမှ ပုစွန်နှင့် ချီလီမှ ချယ်ရီသီးများစသည်တို့မှာ  ဈေးဝယ်ရန် စာရင်း တွင် ထည့်ထားကြသည်များအနက် တစိတ်တပိုင်း ဖြစ်ကြသည်။ တရုတ်၏နွေဦးရာသီပွဲတော်ကာလတွင် မိသားစုများ ပြန်လည်စုဝေးကြရုံသာမက ဆွေမျိုး မိတ်ဆွေသူငယ်ချင်းများသို့လည်း လက်ဆောင် များ ပေးလေ့ရှိကြသည်။ ယခုအခါ တရုတ်ပြည်သူများ၏ ဝင်ငွေမြင့် မားလာသောကြောင့် ပြည်ပမှ တင်သွင်းသော

Monday, 13 Jan 2020

     စင်ကာပူနိုင်ငံ၏ ပထမဆုံး နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်ပြီး နယူး ဇီလန်နိုင်ငံ၏ ဒုတိယ မြောက်နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ်ဖြစ်သော စင်ကာပူ - နယူးဇီလန် အနီးကပ် စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Agreement between New Zealand and Singapore on a Closer Economic Partnership - ANZSCEP) သည် ၂၀ဝ၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စတင်အာဏာတည်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် မူလသဘောတူစာချုပ်ကို အဆင့်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှု များကို စတင်ပြုလုပ်ခဲ့ပြီး ထပ်ဆင့်ပြုပြင်မွမ်းမံထားသော သဘောတူစာချုပ် (The upgraded ANZSCEP)  ကို ၂၀၁၉ ခ

Monday, 13 Jan 2020

      အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုက်ရှန်ကာသည် ဒီဇင်ဘာ ၂၂ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပသည့် အိန္ဒိယ-အီရန် ပူးတွဲကော်မရှင် (၁၉) ကြိမ်မြောက် အစည်းအဝေးသို့ တက် ရောက်ခဲ့ရာတွင် အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်နှင့် တွေ့ဆုံလျက် နှစ်နိုင်ငံအကြား ပို့ဆောင် ဆက်သွယ်မှု၊ ကုန်သွယ်မှုနှင့် ယဉ်ကျေး မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအပြီး သတင်း ထုတ်ပြန်ချက်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်ကူး သန်းရောင်းဝယ်မှု ပိုမို ခိုင်မာ အားကောင်းစေရေး ဆောင်ရွက် မည်ဖြစ်ကြောင်းဖော်ပြခဲ့ပြီး ကုန်သွယ် မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ အစည်း အဝေးကို စောလျ

Saturday, 4 Jan 2020

      တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ မြန်မာစီးပွားရေး သံမှူးရုံးတွင် ဒီဇင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံမှ Myanmar Golden Produce Co.,Ltd နှင့် တရုတ်နိုင်ငံမှ  Gangxi Bao Sauce Garden Food Co.,Ltd  တို့အကြား မြန်မာ နိုင်ငံမှထွက်ရှိသော တစ်ဝက်တစ်ပျက် ပြုပြင်ထုတ်လုပ်ထားပြီးဖြစ်သော သရက်သီး များကို တင်ပို့ ရောင်းချနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ၎င်းနားလည်မှုစာချွန်လွှာအရ လာမည့် ၂၀၂၀ ပြည့်နှစ်၊ မေလမှ ၂၀၂၃ ခုနှစ် သြဂုတ်လအကြား မြန်မာနိုင်ငံမှ တစ်ဝက် တစ်ပျက် ပြုပြင်ထုတ်လုပ်ထားသော သရက်သီးကုန်ကြမ်း  မက်ထရစ် တန်ချိန် ၈၀ဝ၀ မှ ၁၀ဝ၀ဝ ကြားကို မြန်မာနိုင်ငံ၊ ရန်ကုန်

Friday, 3 Jan 2020

     ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒီဂျစ်တယ် အသွင်ကူးပြောင်း ဆောင်ရွက်သွားနိုင်ရေးအတွက် အထောက်အကူ ပြုမည့် Digital and Advanced Manufacturing Programme ကို စင်ကာပူနိုင်ငံရှိ စက်မှုသိပ္ပံကျောင်းတွင် ၂၀၂၀ ပြည့်နှစ်မှစ၍ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းအစီအစဉ်အား ၂၀၂၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကို စင်ကာပူကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာန  စီနီယာဝန်ကြီးဖြစ်သူ  Dr Koh  က  ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စင်ကာပူ၏ အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် လုပ်ငန်းများနှင့် အလုပ်သမားများသည် ဖွံ့ဖြိုး တိုးတက်လာသော နည်းပညာများကို လက်တွ

Friday, 3 Jan 2020

     တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ယခုနှစ်ကုန်ပိုင်းအထိ တည်ငြိမ်နေပြီး ခိုင်မာသောဖွံ့ဖြိုးမှုများကို ထိန်းထား နိုင်ကြောင်း၊ ရေရှည်အပြုသဘော ဆောင်သည့် စီးပွားရေးတိုးတက်မှု လမ်းကြောင်းမှာ ပြောင်းလဲဖွယ်မရှိ ကြောင်း ထိပ်တန်းစီးပွားရေးမူဝါဒချ မှတ်သူတစ်ဦးက မှတ်ချက်ပြုပြောကြား ခဲ့သည်။ အမျိုးသားစာရင်းအင်းဌာနက ထုတ်ပြန်သည့်အချက်အလက်များအရ ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း စီးပွား ရေးအခြေအနေမှာ မျှော်မှန်းထားသည် ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း၊ ဝက်သား ရောင်းချနိုင်မှု ပြန်လည်ကောင်းမွန်လာ ပြီဖြစ်သည့်အတွက် ရည်မှန်းထားသည့် အားလုံးခြုံငုံပါဝင်သည့်  စားသုံးသူ အညွှန်းကိန်းမှာ နဂိုသတ်မှတ်ထား သည့် သုံးရာခိုင်နှုန်းတွင်

Tuesday, 24 Dec 2019

       ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Siam Commercial Bank  ရုံးချုပ်ပြခန်းဆောင်၌ ဒီဇင်ဘာ ၁၈ ရက်  နံနက် ၁၀ နာရီတွင် Myanmar Day 2019 မြန်မာ MSMEထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားအားကျင်းပခဲ့သည်။  အဆိုပါမြန်မာ MSME ထုတ်ကုန်ပြပွဲဖွင့် ပွဲအခမ်းအနားသို့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး   ဦးမျိုးမြင့်သန်း၊ စီးပွားရေးသံမှူး ဦးလွင်မျိုးဇော်၊   ပထမအတွင်းဝန် ဦးစိုပြေငြိမ်း ချမ်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးရာ ကော်မတီအဖွဲ့ဝင် ဦးတင်ဝင်း၊ Siam Commercial Babk President Mr.SarutRuttanaporn နှင့် Siam Commercial Bank မှ အကြီးတန်းအရာရှိ ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Ms.Vit

Tuesday, 24 Dec 2019

     Myanmar Airways International (MAI) ၏တောင်ကိုရီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တိုက် ရိုက်လေကြောင်း ပျံသန်းမှုခရီးစဉ် (ရန်ကုန်-အင်ချွန်း-ရန်ကုန်) ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် စတင်ပျံသန်း ပြေးဆွဲလျက်ရှိပြီဖြစ်သည်။ ယခင်က တောင်ကိုရီးယား-မြန်မာ တိုက်ရိုက် လေကြောင်း ခရီးစဉ်အား Korean Air လေကြောင်းလိုင်းတစ်ခုတည်းကသာ ဈေးကွက်ကို အုပ်စိုးခဲ့သော်လည်း MAI အနေဖြင့် ပိုမိုကောင်းမွန်သော ဝန် ဆောင်မှုများဖြင့် ဆောင်ရွက်မည်ဖြစ် သည့်အတွက် ၎င်း၏ပြိုင်ဘက်ဖြစ် သော Korean Air ကို ယှဉ်ပြိုင်နိုင်၍ လုပ်ငန်းအောင်မြင်ရန် ယုံကြည်မှု အပြည့်ရှိကြောင်း သိရှိရသည်။ မြန်မာ့ လေကြောင်းလိုင်းဖြစ်သောMAI သည်

Friday, 13 Dec 2019

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တတိယ ပတ်အတွင်း အိန္ဒိယနိုင်ငံနှင့် အမေ ရိကန်နိုင်ငံတို့အကြား အဆင့်မြင့်အရာရှိ များအဆင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အိန္ဒိယဘက်မှ အကောက်ခွန်လျော့ချ သက် သာခွင့်ပြုရန် ထည့်သွင်းစဉ်းစားမည့် ကုန်စည် အမယ်ပေါင်း ၄၀ ခန့်ကို သတ် မှတ်နိုင်ခဲ့သည်။ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီး Mr. Piyush Goyal နှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စား လှယ် Mr.

Friday, 13 Dec 2019

      စင်ကာပူတွင် နိုင်ငံခြားကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားသော တောင်ကိုရီးယား သင်္ဘောတည် ဆောက်ရေးကုမ္ပဏီနှစ်ခုက လုပ်ငန်းများပေါင်းစည်း ဆောင်ရွက်နိုင်ရန် စင်ကာပူ စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်သို့ အဆိုပြု တင်ပြလာခြင်းအပေါ် ဈေးကွက်အတွင်း စီးပွားရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်မှုကို ထိခိုက်နိုင်ကြောင်း စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။ ယင်းစိုးရိမ်ပူပန်မှုသည် Korea Shipbuilding & Offshore Engineering Co Ltd (KSOE) က Daewoo Shipbuilding & Marine Engineering Co Ltd (DSME) ၏ ပိုင်ဆိုင်မှုအကျိုးအမြတ် အများစုကို ဝယ်ယူပြီး လုပ်ငန်းနှစ်ခုအား ပေါင်းစည်း ဆောင်ရွက် သ

Pages