Main menu

Background

Friday, 16 Oct 2020

ဂေဟစနစ်ကို အန္တရာယ်ဖြစ်စေနိုင်သည့် သေးငယ်သော ပလတ်စတစ်အမှုန်အမွှားများ (micro-plastics) ကို ကောက်ယူစုဆောင်းနိုင်သည် outboard motor ရေယာဉ်ပဲ့ချိတ် မော်တာတစ်မျိုးကို တီထွင်လိုက်ကြောင်း  ဂျပန်နိုင်ငံမှ မော်တော်ကားကုမ္ပဏီတစ်ခုဖြစ်သည့် Suzuki Motor က ကြေညာခဲ့ပါသည်။

Thursday, 15 Oct 2020

လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အရေအတွက် ပြန်လည် မြင့်တက်လာ မှုကြောင့် ဒုတိယအကြိမ်အဖြစ် အသွားအလာကန့်သတ်မှု (Lockdown) ပြုလုပ်ခဲ့ပါက စီးပွားရေးလုပ်ငန်းပေါင်း ၆၀၀၀၀ နှင့် အလုပ်အကိုင်အရေအတွက် သုံးသိန်းခန့် ဆုံးရှုံးနိုင်ဖွယ် ရှိနေသည်ဟု ဘယ်လ်ဂျီယံစီးပွားရေးလုပ်ငန်းများအသင်းချုပ် (Federation of Belgian Enterprise-FEB) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Pieter Timmermans ကပြောကြား ခဲ့ကြောင်း သိရသည်။ ဒုတိယတစ်ကြိမ် Lockdown ချမှတ်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး အရကုန်ကျမှုများကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါအကျပ်အတည်းမတိုင်မီ ကာလက ဘယ်လ်ဂျီယံ လုပ်င

Thursday, 15 Oct 2020

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ထိခိုက်မှုရှိသည့် ဘရပ်ဆဲလ်ရှိ ဟိုတယ်များအား  ကူညီပေးရန် ယူရို ၁၅ ဒသမ  ၈ သန်းတန်ဖိုးရှိ အကူအညီအစီအစဉ်တစ်ရပ်ကို ဥရောပကော်မရှင်က အတည်ပြုခဲ့ကြောင်းသိရသည်။ အဆိုပါ အစီအစဉ်တွင် ဟိုတယ်များ၊ aparthotels များအကျုံးဝင် မည်ဖြစ်ပြီး၊ ဟိုတယ်တစ်ခုလျှင် တိုက်ရိုက်အထောက်အပံ့အဖြစ် ယူရို ၂၀၀၀၀ မှ ယူရို ၂၀၀၀၀၀ အကြား ရရှိမည်ဖြစ်သည်။ COVID-19 ကပ်ရောဂါဆိုင်ရာ ခရီးသွားလာမှု ကန့် သတ်ချက်များကြောင့် ကမ္ဘာ့ခရီးသွားများ သိသိသာသာကျဆင်းလျက်ရှိသဖြင့် ဟိုတယ်လုပ်ငန်းများထိခိုက်မှုရှိနေပြီး၊ ၎င်းလုပ်ငန်းများအနေဖြင့် သန့်ရှင်းရေး၊ စွမ်းအင်သုံးစွဲမှု၊ ငှါးရမ်းခနှင့် ဝန်ထမ်းများအတွက် အနည်းဆ

Thursday, 15 Oct 2020

ကပ်ရောဂါကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ လုပ်သားများ အားဝင်ငွေ ထောက်ပံ့ပေးနိုင်စေရေး ဘဏ္ဍာရေးအကူအညီအဖြစ် ယူရိုဘီလီယံ ၁၀၀ ကို ဥရောပ ကော်မရှင်က အသုံးပြုသွားမည်ဟုသိရသည်။ အဆိုပါ ရန်ပုံငွေအထောက်အပံ့သည် အီးယူအဖွဲ့ဝင်နိုင်ငံများအနက် နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ ချေးငွေပေးအပ်သွားမည်ဖြစ်ပြီး၊ ချေးငွေရရှိသည့် နိုင်ငံများသည် ကာလတို အလုပ်အကိုင်အစီအစဉ် (short-time work schemes) ဟု ခေါ် တွင်သည့် ပုံစံဖြင့် အဆိုပါချေးငွေ များကို ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။ လုပ်သားများအတွက် အလုပ်ချိန်လျှော့ချရပြီး လုပ်ခလစာ ဆက်လက်ပေးအပ်လိုသည့် စီးပွားရေးလုပ်ငန်းများအား အလုပ်အကိုင် ဆက်လက်ပေးထားနို

Tuesday, 13 Oct 2020

အိန္ဒိယနိုင်ငံအစိုးရသည် ပြည်တွင်းဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် တန်ဖိုးမြှင့်ပြုပြင်ထုပ်ပိုးထားသည့် ကုန်စည်မှအပ ကြက်သွန်နီ အမျိုးအစားများအားလုံး ပြည်ပတင်ပို့ခြင်းအား ၁၄-၉-၂၀၂၀ နေ့မှစတင်၍တားမြစ် ပိတ်ပင်ထားရာမှ Bangalore Rose နှင့် Krishnapuram အမျိုးအစား ကြက်သွန်နီများအား စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြန်လည် တင်ပို့ခွင့်ပြုကြောင်း ၉-၁၀-၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၁၅-၂၀ ကို ထုတ်ပြန် ခဲ့ပါသည်။

Tuesday, 13 Oct 2020

အိန္ဒိယနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် ပြည်ပရှိ အစုရှယ်ယာများအား လွှဲပြောင်းရယူခဲ့မှုအပေါ်  ဝင်ငွေခွန်၊ ဒဏ်ကြေးနှင့် အတိုးငွေ စုစုပေါင်း ရူပီးငွေ ၂၂၁ ဘီလီယံကို ပေးဆောင်ရန် အိန္ဒိယအစိုးရ၏ တောင်းဆိုမှုအား တရားရင်ဆိုင်ဖြေရှင်းခဲ့ရာတွင် နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အငြင်းပွားမှုဖြေရှင်းရေး အမြဲတမ်းတရားရုံး (Permanent Court of Arbitration) က Vodafone အများပိုင်ကုမ္ပဏီအုပ်စုအနေဖြင့် ၎င်းငွေများကို ပေးဆောင်ရန် တာဝန်မရှိကြောင်း ၂၅-၉-၂၀၂၀ နေ့၌ စီရင်ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

Monday, 12 Oct 2020

တရုတ်နိုင်ငံတွင် အော်ဂဲနစ်ထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်တက်လာသဖြင့် ၎င်းထုတ်ကုန်များထုတ်လုပ်မှုတွင် တရုတ်ဘက်မှ လုပ်ငန်းမိတ်ဖက်များနှင့် လုပ်ငန်းလုပ်ကိုင်သွားရန် ဒိန်းမတ်နိုင်ငံမှ စားသောက်ကုန်ထုတ်လုပ် သူများက ယုံကြည်မှုမြင့်မားလျက်ရှိကြကြောင်း  ဒိန်းမတ်အစားအသောက်လုပ်ငန်းလုပ်ကိုင်နေသူ ထိပ်တန်းလုပ်ငန်းရှင်တစ်ဉီးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်ဟု သိရပါသည်။ 

Monday, 12 Oct 2020

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်  တရုတ်-အာဆီယံပြည်သူ့ ကျန်းမာရေး ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာ တည်ဆောက်ရေးအား အရှိန်မြှင့်တင်ရန်နှင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက် ရှိုင်းစေရန် တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကဲ့သို့ ပေါင်းကူးဆက်သွယ် ပေးသည့် platformများအား အပြည့်အဝအသုံးပြုသွားမည်ဟု ကွမ်ရှီးကျန်းမာရေး ကော်မရှင်၏ ညွှန်ကြားရေးမှူး Liao Pinhuက ကြေညာထားပါသည်။

Monday, 12 Oct 2020

စက်တင်ဘာ ၂၅ ရက်တွင် Guangxi Luobawang Food Co Ltd မှ ထုတ်လုပ် သည့် တရုတ်ဆန်ခေါက်ဆွဲအမျိုးအမယ်တစ်မျိုးဖြစ်ကာ လျိုကျိုးမြို့၏ အထင်ကရဟင်း လျာဖြစ်သည့် အသင့်စားလော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲပုံး ၇၆၀ အား လျိုကျိုးအကောက်ခွန်ဌာနက စစ်ဆေးခွင့်ပြုခဲ့သဖြင့် အီတလီနိုင်ငံသို့ ပို့ဆောင်လိုက်ပြီဖြစ်ပါသည်။ ၎င်းပို့ဆောင်မှုအရ ဉရောပဈေးကွက်သို့ လော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲ၏ တရားဝင်ဝင်ရောက်မှုစတင်ပြီဖြစ်ကြောင်း သိရပါ သည်။

Monday, 12 Oct 2020

တရုတ်နိုင်ငံ၏ ထိပ်တန်းလုပ်ငန်း ၅၀၀ စာရင်းနှင့် ထိပ်တန်းစက်မှုကုန် ထုတ်လုပ်သူ ၅၀၀ စာရင်းတို့အား တရုတ်လုပ်ငန်းမဟာမိတ်နှင့် တရုတ်လုပ်ငန်းဒါရိုက် တာများအသင်းက မကြာသေးမီက ထုတ်ပြန်ခဲ့ပါသည်။ ၎င်းစာရင်းများ အနက် တရုတ်၏ ထိပ်တန်းလုပ်ငန်း ၅၀၀ စာရင်းတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လုပ်ငန်း ရှစ်ခုတို့က စံချိန်တင်ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

Pages