Main menu

Background

Monday, 30 Sep 2013

ဟနွိုင် အာဆီယံနိုင်ငံတွေထဲမှာ ဂျပန် နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင် ရာမှာဗီယက်နမ်ကလောလောဆယ် မှာ ထိုင်းနိုင်ငံပြီးလျှင် ဒုတိယ နေရာ လိုက်နေကြောင်း၊ နိုင်ငံတွင်း လုပ်ငန်း ဆောင်ရွက်နေတဲ့ လုပ်ငန်း ၁၂၀၀ ကျော် ရှိကာ ကား တပ်ဆင်ရေး၊ အထောက်အကူပြုလုပ်ငန်း၊အီလက် ထရွန်းနစ်နဲ့ ကျန်းမာရေး စောင့် ရှောက်မှုတို့ကို ဦးစားပေးကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက စက် တင်ဘာ ၁၃ ရက်က ပြောပါတယ်။

Tuesday, 3 Sep 2013

တိုကျို ဂျပန်နိုင်ငံရဲ့ စက်မှုကုန်ထုတ် လုပ်မှုက ယခင်လနဲ့ နှိုင်းယှဉ်ရင် ဇူ လိုင်မှာ ၃ ဒသမ ၂ ရာခိုင်နှုန်းပိုမိုမြင့် တက်ခဲ့ကြောင်းနဲ့ ယခုကဲ့သု့ိ မြင့် တက်ခဲ့ခြင်းမှာ နှစ်လအတွင်းဒုတိယ အကြိမ်ဖြစ်ကြောင်း ဂျပန်စက်မှုဝန် ကြီးဌာနက သြဂုတ် ၃၀ ရက်က ပြောကြားချက်ကို ရှင်ဝှာသတင်းမှာ ဖော်ပြပါတယ်။

Thursday, 22 Aug 2013

ဝါရှင်တန် အလုပ်လက်မဲ့အကျိုးခံစားခွင့် လျှောက်ထားသူအရေအတွက်ကယခင် ရက်သတ္တပတ်အတွင်းက ခြောက်နှစ် အတွင်း အနိမ့်ဆုံးကိုရောက်ခဲ့တဲ့ အပြင်စားသုံးသူဈေးနှုန်းများကလည်း ဇူလိုင်က ကျဆင်းခဲ့တဲ့ အတွက် သြဂုတ် ၁၅ ရက်ကထုတ်ပြန်တဲ့ စီးပွားရေးကိန်းဂဏန်းအချက်အလက် တွေအရ အမေရိကန်ဗဟိုဘဏ်က စီးပွားရေးတွန်းအားပေးအစီအစဉ်များ ကိုလျှော့ချဖို့နီးကပ်လာပြီဖြစ်ကြောင်း နယူး ယောက်တိုင်းသတင်းမှာ ဖော် ပြထားပါတယ်။

Wednesday, 31 Jul 2013

နောက်ဆုံး လေးလတာ ကာလ အတွင်းမှာ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း တွေ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခုလို  လေးလတာကာလအတွင်းကျဆင်းတာက သုံးကြိမ်ဆက်တိုက်ရှိခဲ့တယ်လို့ ကမ္ဘာ့ ဘဏ်ကပြောကြားတာကို ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။

Wednesday, 31 Jul 2013

အရှိန်အဟုန်ပြင်းထန်တဲ့ဖွံ့ဖြိုး တိုး တက်မှုနဲ့လူလတ်တန်းစားကျယ်ပြန့်လာ မှုစတာတွေကြောင့် သူတို့ရဲ့စီးပွားရေး အလားအလာတွေနဲ့ပတ်သက်တဲ့အရှေ့ တောင်အာရှဒေသက စားသုံးသူတွေ ဟာ ကမ္ဘာပေါ်မှာ ယုံကြည်မှုအမြင့်ဆုံး ဖြစ်တယ်လို့ ဇူလိုင် ၂၃ ရက်က ထုတ် ပြန်တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထား ကြောင်း အင်ဒပ်စထရီဝိခ်သတင်းမှာ ဖော်ပြထားပါတယ်။

Wednesday, 31 Jul 2013

ထိုင်းနိုင်ငံကွန်ပျူတာနဲ့ အီလက် ထရွန်းနစ်ထုတ်လုပ်ရေးမှာ လုပ်သားလို အပ်ချက်ပြဿနာ ကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားလုပ်သားတွေကို ပိုမိုခန့်ထားခွင့် ပြုမဲ့အစီအစဉ်ကို ထိုင်းစီးပွားရေးနဲ့ ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းကော်မတီက အဆိုပြုထား ကြောင်း ထိုင်းနိုင်ငံနေးရှင်း သတင်းမှာ ဖော်ပြထားပါတယ်။

Wednesday, 24 Jul 2013

ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ကန်ဒေါ်လာ နှစ်သိန်း ငါးသောင်းကျော်တန်ဖိုးရှိ နို့ဆီ ၂၄၈ ဒသမ ၄၀ တန်ကို ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်အတွင်းတင်သွင်းခဲ့ တယ်လို့သိရပါတယ်။ ယခင်သီတင်း ပတ်နို့ဆီမှာ တန်ချိန် ကိုးရာ့ခုနှစ်ဆယ် ကျော်ရှိတာကြောင့်ယခုတစ်ပတ်အဝင်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ခုနှစ်ရာ ကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။

Wednesday, 24 Jul 2013

ဥရောပတွင် အလုပ်လက်မဲ့ဦးရေ မြင့်မား နေသော်လည်း ပြည်ပရောက် ဖိလစ်ပိုင် အလုပ် သမားများအပါအဝင် ရွှေ့ပြောင်းလုပ်သားများ အတွက် ဥရောပသမဂ္ဂတစ်လွှားရှိ ကျန်းမာရေး၊ICT၊ အင်ဂျင်နီယာလုပ်ငန်း၊ အရောင်း လုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ်များတွင် အလုပ်နေရာ လစ်လပ်နေ မှု နှစ်သန်းခန့်ရှိနေသေးကြောင်း လွန် ခဲ့သောအပတ်က Asain Institute of Management  တွင်ပြုလုပ်ခဲ့သောပြောင်းရွှေ့ နေထိုင် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ဥရောပ သမဂ္ဂ သံအမတ်ကြီးဖြစ်သူ Guy Ledoux  ၏ ပြောကြားချက်အရ သိရှိရပါသည်။

Wednesday, 24 Jul 2013

တယ်လီကွန်ဆက်သွယ်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကန့်သတ်ထား တာကိုဖယ်ရှားဖို့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အသစ်တွေမှာရှိတဲ့ ကဏ္ဍ အသီးသီးကို ပင်လယ်ရပ်ခြားမှု ပိုင်ဆိုင် မှု စည်းမျဉ်းတွေကို ဖြေလျှော့ပေးဖို့ အတွက် အိန္ဒိယနိုင်ငံဝန်ကြီးအဖွဲ့ဝင် ဝန်ကြီးတွေက စီမံဆောင်ရွက်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထား ပါတယ်။

Wednesday, 24 Jul 2013

တရုတ်နိုင်ငံရဲ့ ဆိုလာပြားထုတ် လုပ်မှုလုပ်ငန်းက ထုတ်လုပ်မှုများပြား လာတဲ့အတွက် ၂၀၁၅ ခုနှစ်မှာ နေစွမ်း အင်ကနေ လျှပ်စစ်စွမ်းအား ထုတ်လုပ်မှု ကို စွမ်းအင်ကို လေးဆ တိုးမြှင့်ပြီး ဂိုင်ဂါ ဝပ် ၃၅ အထိအသုံးပြုမှာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြ ထားပါ တယ်။

Pages