Main menu

Background

Tuesday, 30 Apr 2013

လန်ဒန် ၂၀၁၂ ခုနှစ် နောက်ဆုံးသုံးနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်ပထမသုံးလပတ် မှာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးက မျှော် မှန်းထားတာထက် ကျော်လွန်ပြီး သုည ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ တဲ့အတွက်၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာ ရေး အကျပ်အတည်း ဖြစ်ပွားပြီး နောက်ပိုင်း သုံးကြိမ်မြောက် စီးပွား ရေး ဆုတ်ကပ်ဖြစ်မဲ့ ဘေးမှ ရှောင် ကျဉ်နိုင် ခဲ့ကြောင်းအမျိုးသား စာရင်း ရုံး (ONS)  ရဲ့ ပဏာမ ခန့်မှန်းချက် တွင် ဖော်ပြထားပါတယ်။ ပညာရပ် ပိုင်းဆိုင်ရာအရ စီးပွားရေးက သုံးလ ပတ် နှစ်ပတ်ဆက်တိုက် ကျပါက စီးပွားရေး ဆုတ်ကပ် အဖြစ် သတ် မှတ်ပါတယ်။

Tuesday, 9 Apr 2013

ဝါရှင်တန် အမေရိကန် ပြည်ထောင်စုရဲ့ စတုတ္ထ သုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှု နှုန်းက မူလက ခန့်မှန်းထားတဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းထက်ကျော်လွန်ခဲ့ ကြောင်း ကနဦး အပြီးသတ် ခန့်မှန်း ချက်မှာ မတ် ၂၈ ရက်က အမေရိ ကန်ပြည်ထောင်စု စီးပွားရေးနဲ့ ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။၂၀၁၂ ခုနှစ် တစ်ခုလုံး အတွက် စုစုပေါင်း စီးပွားရေး ထုတ် လုပ်မှု တိုးတက်နှုန်းက ၂ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် တိုးတက် နှုန်းနည်းနေ ဆဲဖြစ်ပါတယ်။

Monday, 8 Apr 2013

ပေကျင်း ဖေဖော်ဝါရီအတွင်းက အတိုး နှုန်း ကျဆင်းနေရာမှလျင်မြန်စွာ တိုးတက်လာပြီးနောက်တရုတ်နိုင်ငံရဲ့ ကုန်ထုတ် လုပ်ငန်းတွေ မတ်လမှာ ပြန်လည် တိုးတက်လာကြောင်း ဟောင်ကောင်ရှန်ဟဲ ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း(HSBC)  က မတ် ၂၁ ရက်နေ့က ပြောပါတယ်။(HSBC) ရဲ့ ဝယ်ယူသူမန်နေဂျာများ အညွှန်းကိန်းက မတ်လမှာ ၅၁ ဒသမ ၇ မှတ်ရှိခဲ့ပါတယ်။ ဖေဖော် ဝါရီက ၅၀ ဒသမ ၄ ရှိရာမှ မြင့် တက်လာတာ ဖြစ်ပါတယ်။

Tuesday, 12 Mar 2013

တိုကျို ယန်းတန်ဖိုးနိမ့်ကျမှုနဲ့ စွမ်းအင် တင်သွင်းမှုမြင့်မားလာတဲ့အတွက်ကုန် သွယ်မှုမှာ ဆုံးရှုံးမှုတွေ များလာတဲ့ အတွက် ဇန်နဝါရီမှာ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်မှု ရှင်းတမ်းမှာ တတိယမြောက်လအဖြစ် လိုငွေပြခဲ့ ကြောင်း မတ် ၈ ရက်က အစိုးရရဲ့ ပြောကြားချက်ကို AFP သတင်းမှာ ဖော်ပြပါတယ်။ နိုင်ငံခြား ကုန်သွယ်မှု ရှင်းတမ်းလိုငွေ ယန်း ၃၆၄ဒသမ ၈ ဘီလီယံ(ဒေါ်လာ၃ဒသမ၈ဘီလီယံ) ရှိခဲ့ရာယခင်နှစ်အောက် ၁၉ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြော ပါ တယ်။

Monday, 25 Feb 2013

ဝါရှင်တန် လေကြောင်းလိုင်းရဲ့  ဘိုရင်း ၇၈၇ ခြောက်စီးကိုမေ ၁၂ ရက်အထိ အသုံးမပြုဘဲ ထားရမှာဖြစ်ကြောင်း ယူနိုက်တက် အဲလိုင်းက ဖေဖော်ဝါရီ ၂၁ ရက်ကပြောပါတယ်။ ၇၈၇ ဒရင်းလိုင်နာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန် လေကြောင်းလိုင်းက ယခုလို ဆုံးဖြတ်ရတာက ဘက်ထရီ ပြဿနာကို တစ်ကမ္ဘာလုံးက မဖြေ ရှင်းနိုင်သေးလို့ဖြစ်ကြောင်း AFP သတင်းမှာဖော်ပြပါတယ်။

Monday, 18 Feb 2013

ဝါရှင်တန် အမေရိကန် ပြည်ထောင်စု အလုပ်လက်မဲ့ အာမခံအကျိုး ခံစား ခွင့်အသစ် တောင်းခံတဲ့ အရေ အတွက်က ပုံမှန်အောက်ကို အများ ကြီးကျဆင်းလာခဲ့ပြီး အမေရိကန် အလုပ်အကိုင်ဈေးကွက်ခိုင်မာ လာပြီ ဖြစ်ကြောင်းပြသနေ ပါတယ်။ အလုပ် ခွင်မှရပ်စဲတဲ့နှုန်းရဲ့ အမှတ် အသားလို ဖြစ်နေတဲ့ အလုပ်လက်မဲ့ ခံစားခွင့် တောင်းဆိုမှုက ယခင်ရက်သတ္တပတ် က ၃၆၈၀၀၀ ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၉ ရက်မှာ ကုန်ဆုံးတဲ့ ရက်သတ္တပတ် မှာ ၃၄၁၀၀၀ ဦးသာ ရှိခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

Monday, 4 Feb 2013

ဝါရှင်တန် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့ လုပ်ငန်းဆောင်တာတွေပိုမိုထိရောက် မှုရှိစေဖို့က သက်ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက် ရေးက အရေးကြီးတဲ့အတွက် ၂၀၁၀ ပြည့်နှစ်က သတ်မှတ်ထားတဲ့ခွဲတမ်း နဲ့ စီမံအုပ်ချုပ်မှု ပြောင်းလဲရေးလုပ် ငန်းတွေကို အဖွဲ့ဝင်အားလုံးက အတည်ပြုပေးဖို့ အိုင်အမ်အက်ဖ် က ဇန်နဝါရီ ၃၁ ရက်နေ့က တိုက်တွန်း ထားကြောင်း ရှင်ဝှာ သတင်းမှာ ဖော် ပြထားပါတယ်။
ဘန်ကောက် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့သုဝဏ္ဏဘူမိလေဆိပ်တို့ကဲ့ သို့အူတာပေါင်းလေဆိပ်ကို ကူးသန်း ရောင်းဝယ်ရေးလေဆိပ်ကြီးအဖြစ်ပြောင်း လဲမဲ့အစီအစဉ်အရ အူတာပေါင်းလေ ဆိပ်တွင်ပြေးလမ်း အသစ်တစ်ခုတည် ဆောက်ရေးဖြစ်မြောက်နိုင်စွမ်းလေ့လာ ချက်အစီရင်ခံစာပြုစုဖို့ သယ်ယူပို့ ဆောင်ရေးဝန်ကြီး ချတ်ချတ်ဆီသီပန်က မြို့ပြလေကြောင်းဌာနအားညွှန်ကြား ထားကြောင်း nation multimedia သတင်းမှာ ဖော်ပြ ထားပါတယ်။
မက်ဒရစ် စပိန် နိုင်ငံက  နိုဝင်ဘာမှာ မတည် ရင်းနှီးငွေစီးဝင်မှု သုံးလဆက် တိုက်ရရှိခဲ့တဲ့အတွက် ကြွေးမြီဝန်ပိ နေတဲ့ စီးပွားရေးမှာ အပြုသဘော အလားအလာတွေရှိလာကြောင်းစပိန် ဗဟိုဘဏ်က ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။ နိုဝင်ဘာမှာ ပြည်ပ ငွေကြေး စီး ဝင်မှုက ယူရို ၁၃ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၁၇ ဒသမ ၉ ဘီလီ ယံ) ထိရှိခဲ့တဲ့အတွက် ၂၀၁၂ ခုနှစ် ဇန် နဝါရီမှနိုဝင်ဘာထိ စီးဝင်ငွေစုစု ပေါင်းယူရို ၁၉၇ ဒသမ ၉ ဘီလီယံ (ဒေါ်လာ ၂၆၈ ဒသမ ၈ ဘီလီယံ)ရှိခဲ့ ကြောင်း ရှင်ဝှာသတင်းမှာ ဖော် ပြထားပါတယ်။
တိုကျို ဂျပန်အလုပ်လက်မဲ့နှုန်းက နိုဝင် ဘာက ၄ ဒသမ ၁ ရာခိုင်နှုန်းရှိရာမှ ဒီဇင်ဘာမှာ ၄ ဒသမ ၂ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်ကအစိုးရမှထုတ်ပြန်ပါတယ်။ ၂၀၁၂ ခုနှစ် တစ်နှစ်လုံးကို ခြုံငုံကြည့် ပါကအလုပ်လက်မဲ့နှုန်းနှစ်အလိုက်  သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီ ၄ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ ပါတယ်။ နှစ်နှစ်ဆက်တိုက် အခြေအနေ တိုး တက်ခဲ့ကြောင်းပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

Monday, 21 Jan 2013

ပေကျင်း ပြည်တွင်းမှာ  စီးပွားရေး အင် အား နည်းပါးမှုနဲ့ ပင်လယ်ရပ်ခြား ဈေးကွက်တွေမှာ အားနည်းမှုတွေ ရှိနေတဲ့အတွက် တရုတ်နိုင်ငံရဲ့စီးပွား ရေး တိုးတက်မှုနှုန်းက ၂၀၁၂ ခုနှစ်မှာ ၇ ဒသမ ၈ ရာခိုင် နှုန်းသာ ရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက် က အစိုးရက ထုတ်ပြန်ပါတယ်။ ဒီနှုန်းက ၁၃ နှစ်အတွင်းစွမ်းဆောင်ရည်အနိမ့် ဆုံးနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ နောက် ဆုံး သုံးလပတ်မှာ ဂျီဒီပီတိုးတက်နှုန်း က ၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ ကြောင်း အမျိုးသားစာရင်းရုံးက ပြောပါတယ်။

Wednesday, 16 Jan 2013

တိုကျို ကာလရှည်ကြာစွာ နှိပ်စက် နေတဲ့ ငွေကြုံ့မှုနဲ့ ယန်းငွေတန်ဖိုး မြင့် တက်နေတာကို ဖြေရှင်းပြီး တိုးတက် မှု တန့်နေတဲ့ ဂျပန်စီးပွားရေးကို ကျား ကန်ပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ယန်းထရီလီယံ ၂၀ (ဒေါ်လာ ၂၂၄ ဘီလီယံ)ရှိ တွန်းအားပေးအစီ အစဉ် ကို ဇန်နဝါရီ ၁၁ ရက်နေ့က ဂျပန် ဝန်ကြီးအဖွဲ့က အတည်ပြုခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါ တယ်။

Wednesday, 9 Jan 2013

ငွေကြေးထုတ်ဝေမှုနဲ့ ပတ်သက်ပြီး မူဘောင်တစ်ခုကို အာရှဖွံ့ ဖြိုးရေးဘဏ်(အေဒီဘီ)ရဲ့ လေ့လာချက်တစ်ခုမှာ အကြံပြုထားပါတယ်။ဒီမူဘောင်အရ ဒေသတွင်းမှာရှိတဲ့ အစိုးရအသီးသီးက သူတို့ရဲ့ ငွေလဲ လှယ်နှုန်းမူဝါဒတွေကို ပေါင်းစပ်ညှိနှိုင်းနိုင်တဲ့အပြင် ငွေကြေးတွေကို စစ် ဆေးတာနဲ့ တန်ဖိုးချတာ တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Pages