Background
မန်ကျည်းလှိုင်လှိုင်ထွက်လေ့ရှိတဲ့ ကျောက်ပန်းတောင်းနယ်မှာ ယခုနှစ်မန် ကျည်းရာသီမှာလည်း ပုံမှန် အရာင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ကျောက်ပန်း တောင်းနယ်သို့ မြို့နယ်တွင်းထွက်ရှိတဲ့ကျေးရွာများနဲ့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ်တို့မှ မန်ကျည်းအသစ်များဝင်ရောက်လျက်ရှိပြီး၊ ပခုက္ကူနယ်မှာ မန္တလေးသို့ တင်ပို့မှုများကြောင်းသိရပါတယ်
ပြည်ပကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း မန်ကျည်း တန်ချိန် ၂၀၀၃၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံနဲ့ တန်ချိန်က အင်ဒိုနီးရှား ကို တန် ၆၀၀ ၊ ပါကစ္စတန်နိုင်ငံကို တန် ၆၅၀၊ စင်ကာပူနိုင်ငံကို တန် ၃၄၀ ၊ မလေးရှားနိုင်ငံကို တန် ၃၆၃ နဲ့ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို)က နေ့စဉ်ပုံမှန်အဝင်ရှိနေပါတယ်။ တစ် ရက်ကို ပျမ်းမျှပိဿာ ၆၀၀၀ ခန့်ဝင်ပြီး၊ အရောင်းအဝယ်ကတော့ အနည်းငယ် အေးနေတယ်လို့သိရပါတယ်။ ဝယ်လက်တွေကလည်း ဈေးချိုတဲ့ပြင်ဦးလွင်ချင်းကို အဝယ်ပိုများနေလို့ အောင်ပန်းချင်းက အရောင်းအဝယ်အေးနေတယ်လို့လည်း သိရပါတယ်။
ပြည်ချင်းဈေးကွက်သို့အောင်ပန်းဘက်မှချင်းများ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့် ပုံမှန်ဝင်ရာက်မှုရှိနေပါတယ်။ တစ်ပိဿာကို ချင်း (ရှယ်) ၆၅၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်နဲ့ ပုံမှန်ဈေးရှိပြီး၊ ဈေးကွက်အတွင်း တစ်နေ့ပိဿာချိန် ၂၀၀ ခန့် အရောင်းအဝယ်ရှိနေပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီ၊ ရခိုင်ပြည် နယ်သို့ စားသုံးမှုအဖြစ် နေ့စဉ်ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်
မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ဟာ နထစသမအ အတွက် ကာလကြာ အဝယ်တန့်ခဲ့ရာက ဖေဖော်ဝါရီ လကုန်ပတ်မှစပြီး၊ ရန်ကုန်ဝယ်လက်တွေ စတင် လှုပ်ရှားလာကြလို့ အရောင်းအဝယ်သွက်စပြုနေတယ်လို့ ကုန်သည် ရပ်ကွက်က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးကို ယခု တစ်ပတ်လည်း ဆက်လက်အရောင်းအဝယ်သွက်နေတာ တွေ့ရပါတယ်။ ဖေဖော်ဝါ ရီလ၂၄ရက်မှမတ်လ ၁ ရက်အထိ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်း စုစုပေါင်း တန် ၅၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၉၇ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၂၅၁ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တန် ၉၀၀ ကျော် အပို့လျော့ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပဲတီရွှေဝါ ရောင်းဝယ်မှု အားကောင်းနေတာတွေ့ရပါတယ်။ ယခင်တစ်ပတ် ပဲတီစိမ်းတန်ချိန် နှစ်သောင်းခန့် အရောင်းအဝယ် ဖြစ်ခဲ့သလို ယခု တစ်ပတ်မှာလည်း ပဲတီရွှေဝါ တန်ချိန် ၁၈၀၀၀ ကျော်နဲ့ ပဲတီစိမ်း၊ ပဲတီစိမ်းခွဲခြမ်းစုစုပေါင်း တန်ချိန် ၁၉၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ စုစုပေါင်း တန်ချိန် ၄၃၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်အတိုင်း ငြိမ်နေပြီး ပဲတီစိမ်းအညာ တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့ ရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
ပင်လယ်ရေကြောင်းက ပဲမျိုးစုံ တင်ပို့တဲ့အနက် ယခုတစ်ပတ်မှာ ပဲတီရွှေဝါတင်ပို့မှု ပမာဏအများဆုံးဖြစ်တာ တွေ့ရပါ တယ်။ ယခင်သီတင်းပတ်က တန်ချိန် ၇၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်) အတွင်းမှာ တန် ချိန် ၁၃၀၀၀ ခန့်အထိ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ သုည ဒသမ ၁၁၉ သန်း တန်ဖိုးရှိ ပဲလွန်းဖြူ ၁၇၉ တန်ခန့်ကို ဖေဖေါ်ဝါ ရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလ အတွင်းမှာအပို့ရှိခဲ့ပါတယ်။ယခင်အပတ် က တင်ပို့မှုထက် ၁၅၇ တန်ခန့် လျော့ နည်း တင်ပို့ခဲ့ပါတယ်။ဖေဖော်ဝါရီလမှာ နယ်စပ်မှ ပဲလွန်းဖြူ ၁၁၂၃ တန်ခန့် တင်ပို့ ထားပြီး ဖြစ်ပါတယ်။ မိမိဖက် မြေပြင်ပေါက်ဈေးမှာ ၅၉၀၃၂၉ ကျပ် ဖြစ်ပြီး ယခင်အပတ် ကထက် ၂၃၄၁၃ ကျပ်ခန့် ဈေးပိုမိုခဲ့ပေမယ့် တစ်ဖက်နိုင်ငံ ပေါက်ဈေးက ပြောင်းလဲမှုမရှိဘဲ ၉၀၅ ဒေါ်လာ ပေါက်လျက်ရှိတယ်လို့ သိရ ပါတယ်။MIRT (DOBT)
