Background
ပဲလွန်းဖြူ၊ အနီ တန် ၁၂ဝဝ ခန့်ထိ တိုးတင်လာ အခြားပဲ အုပ်စုတွေထဲမှာ ပင်လယ် ရေကြောင်းက တင်ပို့မှုအများဆုံး ပဲကတော့ ပဲလွန်းဖြူ၊ အနီပဲဖြစ်ပါ တယ်။ ယခင်သီတင်းပတ်က တန် ၁ဝဝဝ အတင်ရှိခဲ့သလို ယခုသီတင်း ပတ် (ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၈ ရက်) အတွင်းမှာ တန် ၁၂ဝဝ ထိတိုး တင်လာတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကိုရီးယားနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ပြည်ပအဝယ်ရှိသလို ပြည်တွင်းဈေးကွက် အသီးသီးမှာလည်း အရောင်း အ ဝယ် သွက်နေတယ်လို့ သိရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလအတွင်းမှာ ပဲလွန်းဖြူတန်ချိန် ၆ဝဝ ခန့်တင်ပို့ခဲ့ပြီး ဖေဖော်ဝါရီလမှာ တန် ၁၇ဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဖေဖော်ဝါရီလမှာ တန်ချိန် ၂၈ဝဝ ခန့်တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ကာလတူ တင်ပို့မှု လျော့ကျတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ် ဖြစ်ပေါ်ခဲ့တဲ့ ဈေးအတိုင်း FAQ တစ် တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ- ၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT- MAPT
ဝယ်သူမျှော်နေတဲ့ ငုံနီ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံအဝင်စုံပြီးတဲ့နောက် ဒီတစ်ပတ်အတွင်း ဈေး ကွက် အေးစက်နေပါတယ်။ ဦးဆောင်ဈေးကွက်ဖြစ်တဲ့ ပြည်ပက အဝယ်နှေး နေတော့ ပြည်တွင်းက ပို့ကုန်သမားတွေလည်း နယ်အော်ဒါမချပါဘူး။ ကုမ္ပဏီ ဝယ်လက်တွေ အမှာစာမရှိတော့ နယ်ကလက်ခွဲအဝယ်ကုန်သည်တွေလည်း အလု အယက် ဝယ်ယူတာ မတွေ့ရပါဘူး။ ဒီတော့ပစ္စည်းလက်ဝယ်ရှိတဲ့ ကုန်သည်တွေ ဝယ်သူမျှော်နေကြရပါတော့တယ်။ ယခုတစ်ပတ် အတွင်း ပဲစင်းငုံနီ တစ်တင်းကို ၂ဝဝဝဝ ကျပ်မှ ၂၁ဝဝဝ အတွင်းမှာပဲ ဒီနေ့ ၁ဝဝ ကျပ်တက်ရင် မနက်ဖြန် ၂ဝဝ ကျပ် ဆင်းရင်းနဲ့ အဆင်းဘက်ကို အားသန်နေတာတွေ့ရပါတယ်။ ခုချိန်ဟာ ဆောင်းသီးနံှပေါ်တဲ့ ရာသီဆိုတော့ အခြားပဲမျိုးစုံပေါ်မှာ ဈေးကွက်က ပြန့်သွားတာ ကြောင့်လည်း ဖြစ်မှာပါ။ မောင်မောင်အေး
ပြည်ပဲစင်းငုံဈေး ဆက်လက်အေး ပြည်ဈေးကွက်ကို ယခုတစ်ပတ် မတ်လဆန်းပိုင်းတွင် ပဲစင်းငုံများ အဝင်ပါးလာကြောင်း သိရပါတယ်။ ယခင်နှစ် မတ်လ ယခုလိုလဆန်းပိုင်းမှာလည်း အဝင်ပါးပြီး လက်ကျန်နည်းနေတဲ့အတွက် ပိဿာ ၂ဝ တစ်တင်းကို ၂၇၅ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး အရောင်းအဝယ် ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ် မတ်လဆန်းမှာတော့ အခြားတိုင်းမှ အဝင်နည်းနေတဲ့အပြင် ဝယ်လက်များ အဝယ်အေးနေတဲ့အတွက် တစ်တင်းကို ၂ဝ၈ဝဝ ကျပ် ဈေးသာရှိကြောင်း သိရပါတယ်။ တစ်ပတ်အတွင်း အိတ် ၂ဝဝ သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ဖေဖော်ဝါရီနဲ့ မတ်လ ကာလတူ အိန္ဒိယပဲစင်းငုံဈေး ၆ဝ ဒေါ်လာကွာခြား အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံဈေးက တစ်လ အတွင်း အတက်အကျအပြောင်းအလဲ ရှိခဲ့ပေမဲ့ ကာလတူဈေးနှုန်း နှိုင်းယှဉ်ရာမှာ တော့ ကန်ဒေါ်လာ ၆ဝ ခန့်လျော့နည်းကွာခြားတာတွေ့ရပါတယ်။ အဓိကတော့ ဈေးကွက်တွေကို ပဲအသစ်လှိုင်လှိုင်ဝင်တဲ့ ကာလဖြစ်နေတာကြောင့် ဈေးကျဆင်း လာခြင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူ မွန်ဘိုင်းဈေးကွက် ပေါက်ဈေးနဲ့ C & F ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F) ၃-၃-၁၁ ၈ဝ၆ ၉၂ဝ-၉၃ဝ၃-၂-၁၁ ၈၆၆ ၉၈ဝ MIRT(MAPT)
ပဲစင်းငုံ တင်ပို့မှု တန် ၅ဝဝဝ ကျော်လာ ယခင်သီတင်းပတ်က ပဲစင်းငုံတန် ၃ဝဝဝ ကျော်သာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီလ နောက်ဆုံးပတ်)အတွင်းမှာတော့ တန် ၅ဝဝဝ ကျော်ကို တင်ပို့မှုတက်လာခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲအသစ်တွေ အဝင်လှိုင်လို့ ဈေးကျဆင်းမှုဖြစ်သလို မြန်မာပဲစင်းငုံကိုလည်း အဝယ်နှေးသွားပါတယ်။ ဒီတစ်ပတ် တင်ပို့မှု အသင့်အတင့်ရှိပေမဲ့ ဈေးကွက်ထဲမှာ ပြည်ပအရောင်း အဝယ် ဖြစ်မှု နည်းတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံး တင်ပို့မှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၂၂ဝဝဝ ခန့်ရှိပြီး ဇန်နဝါရီလမှာ တန်ချိန် ၂၄ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတော့ တန်ချိန် ၃၂ဝဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ် ကာလတူတင်ပို့မှု တန်ချိန် တစ်သောင်းခန့် ကျဆင်းနေတာ တွေ့ရပါတယ်။ ယခု တစ်ပတ် ရန်ကုန် FOB ဈေးအနေနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းလို့ ဈေးပြန် လည် လျော့ကျလာခဲ့တာ တွေ့ရပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ အသစ် အဟောင်း အသစ် အဟောင်း ၄-၃-၁၁ ၉ဝဝ-၉၂ဝ ၈၇ဝ-၈၉ဝ ၇၆ဝ-၇၈ဝ ၂၅-၂-၁၁ ၉၄ဝ-၉၆ဝ ၈၇ဝ-၈၉ဝ ၇၆ဝ-၇၈ဝ - MIRT(MAPT)
ဟင်္သာတဈေးကွက်သို့ မတ်ပဲသစ်များ အဝင်လှိုင်ပါပြီ ဟင်္သာတပဲဈေးကွက်သို့ မြို့နယ်အတွင်း ကျေးရွာအုပ်စုများနဲ့ ဟင်္သာတ ခရိုင်အတွင်းရှိ လေးမျက်နှာ၊ အင်္ဂပူ မြို့နယ်များမှ မတ်ပဲသစ်များလည်း နေ့စဉ်ဝင်ရောက်ပြီး တစ်တင်းခွဲဝင်အိတ် ၃၅ဝ ကျပ်မှ ၅ဝဝ ကျပ်အထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ မတ်ပဲတစ်တင်းဈေးမှာ ယခင်အပတ်က ၂၂၅ဝဝ ကျပ်ဖြစ်ပြီး၊ ယခုအပတ်တွင် ပိဿာ ၂ဝ ဝင်တစ်တင်းကို ၂၁၉ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ရန်ကုန်ဝယ်လက်များလည်း ပုံမှန်အတိုင်းရှိနေပြီး၊ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အိတ် ၄ဝဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ဒေသစုံက မတ်ပဲအဝင်ရှိပြီး မန်းဈေးကွက် ပုံမှန်ရောင်းဝယ် မန္တလေးတိုင်းဒေသကြီးမှာ မတ်ပဲဧက ဝ ဒသမ ၆သိန်းခန့် စိုက်ပျိုးရန် လျာထားသော်လည်း ဧက ဝ ဒသမ ၇ သိန်း ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်ထက် ကျော်ခဲ့ပါတယ်။ တိုင်းတွင်းအများဆုံးစိုက်တဲ့မြို့နယ်များဖြစ်တဲ့ ကျောက်ဆည်၊ နေပြည်တော် ပျဉ်းမနား၊ ပျော်ဘွယ်နဲ့ နေပြည်တော်လယ်ဝေးတို့က မတ်ပဲများကို ရန်ကုန်သို့ တစ်ပတ်အတွင်း အိတ် ၄၃ဝဝ ကျော်ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုနဲ့ကောလင်းတို့မှလည်း ဒေသတွင်းသို့ အိတ် ၃ဝဝ ခန့် ဝင်ရောက် လာပြီး၊ ဇန်နဝါရီလက တစ်ပိဿာကို ၉ဝဝ ကျပ်၊ ၁၁၁၇ ကျပ်ရှိခဲ့ပေမဲ့ ဒီတစ် ပတ်မှာတော့ တစ်ပိဿာကို ၁ဝ၅ဝ ကျပ်၊ ၁၁၅ဝ ကျပ်နဲ့ ပုံမှန် ရောင်းဝယ်နေကြ ကြောင်း သိရပါတယ်။ ချိုချိုမြင့်
နယ်စပ်မှ မတ်ပဲပိုမိုတင်ပို့နိုင် ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် မှ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးထွက် ကန်ဒေါ်လာ ၇ဝ၄ဝဝ တန်ဖိုးရှိမတ်ပဲ ၇၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝ ကျော်သာ တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၅၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ တတိယပတ်မှာမှ တင်ပို့နေတာဖြစ်ပြီး ဖေဖော်ဝါရီလ တစ်လလုံး တန် ၉ဝ ကျော်နဲ့ ဧပြီလမှ ဖေဖော်ဝါရီလကုန်ထိ နယ်စပ်မှ မတ်ပဲတန်ချိန် ၈၆ဝဝ တင်ပို့ထားပြီးဖြစ်ပါတယ်။တစ်ဖက်နိုင်ငံမှာ ဈေးပြောင်းလဲမှုမရှိသော်လည်း မိမိဘက် မြေပြင်ပေါက်ဈေးမှာ ယခင်အပတ်ကထက် ကျပ် ၃၂၆ဝဝ ကျော်လျော့နည်း လျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၈၈ဝ၇၈၅ ၉၁၃၄၁ဝ ၃၂၆၂၅ ၄ ၁ဝ၃၉ ၁ဝ၃၉ - -MIRT (DOBT)
မတ်ပဲတင်ပို့မှု တန် ၅ဝဝဝ ကျော်သာရှိဆဲ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုက ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာလည်း တန်ချိန် ၅ဝဝဝ ကျော်သာ တင်ပို့တာတွေ့ရပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းလို့ ဈေးကျနေသလို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာလည်း အိန္ဒိယအဝယ်နည်းနေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက် အချို့ကတော့ ပဲတီစိမ်းဈေးမြင့်နေလို့ မတ်ပဲဘက်ကို အဝယ်ပြန်လိုက်လာတာကြောင့် တင်ပို့မှု ပုံမှန်ရှိနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၂၉ဝဝဝ ခန့်ရှိပြီး ဇန်နဝါရီလအတွင်းမှာ တန်ချိန် ၄၅ဝဝဝ ကျော်ထိ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလမှာတော့ တန်ချိန် ၃၈ဝဝဝ ကျော် တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူတင်ပို့မှုလျော့ကျနေတာတွေ့ရပါတယ်။ ပြည်ပအရောင်းအဝယ်နည်းတာ ကြောင့် ရန်ကုန် FOB ဈေးမှာ တစ်ပတ်လုံးငြိမ်နေရာမှ မတ်လ ၄ ရက်နေ့မှာ လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၄-၃-၁၁ ၉ဝဝ-၉၂ဝ ၁ဝဝဝ-၁ဝ၂ဝ၂၅-၂-၁၁ ၉၃ဝ-၉၅ဝ ၁ဝ၃ဝ-၁ဝ၅ဝMIRT(MAPT)
တန်ချိန် ၃ဝဝ နီးပါးပို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မန်ကျည်းသီးတန်ချိန် ၂၉၇ တန် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေကတော့ စင်ကာပူနိုင်ငံကို ၉၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ မလေးရှားနိုင်ငံကို ၂၅ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုတန်ချိန် ၁၄၉ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ ၁ဝ၆၁၈ဝ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ၇၄ တန်သာပို့နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ ၄ ဆလောက်ပိုပြီး ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
