Main menu

Background

Thursday, 20 Oct 2016

       ထိုင်းနိုင်ငံ ဖတ်သလန်ပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်သော ဆန်အမျိုးအစားတစ်ခုဖြစ်သည့် ဆန်းယွတ် (Sung Yod) ဆန်ကို ဥရောပသမဂ္ဂ (EU) က ပထဝီဝင်ဆိုင်ရာ ထူးခြားချက် (Geographical Indication) အဖြစ် အသိအမှတ်ပြုလက်မှတ်ကို မကြာသေးမီက ထုတ်ပေးခဲ့ကြောင်းနှင့် ဤသို့ အသိအမှတ်ပြုခံရခြင်းမှာ ကြီးမားသော အသိအမှတ်ပြုခံရခြင်း ဖြစ်ပြီး ဈေးကွက်တွင် အလားအလာကောင်းများ ပိုမိုတွေ့ရှိနိုင်ကြောင်း နေးရှင်း သတင်း စာတွင် ဖော်ပြသည်။ ဤ အသိအမှတ်ပြုလက်မှတ်သည် နိုဝင်ဘာ ၁ရက်မှ စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။

Wednesday, 12 Oct 2016

      လောလောဆယ်တွင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ကော်ဖီဈေးကွက်၌ စတုတ္ထအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို အခြေခံစဉ်းစားခြင်းအားဖြင့် အင်ဒို နီးရှားနိုင်ငံ၏  စွမ်းဆော င် ရည်သည် အာရှဈေးကွက်၌လှော်ပြီး ကော်ဖီစေ့တင်ပို့မှုတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာမည့် အလားအလာရှိကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို အန်တာရာ သတင်းတွင် ဖော်ပြသည်။

Wednesday, 12 Oct 2016

        တရုတ်ယွမ်ငွေကြေးသည် အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ၏ အရန်ငွေကြေး အုပ်စုတွင် ပါဝင်လာမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ဘဏ္ဍာရေးဈေးကွက်ကို ဂယက်ရိုက်ခတ်မှုရှိခဲ့ရာ ဗီယက်နမ် နိုင် ငံ လည်း ထိုအခြေအနေမှ လွတ် ကင်းမှုမရှိဘဲ ပါဝင်လျက်ရှိကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြ သည်။ အိုင်အမ်အက်ဖ်မှ ထုတ်ပေးသော ချေးငွေကို လက်ခံရယူရာတွင် အိုင်အမ် အက်ဖ်၏ အထူးထုတ်ယူခွင့် (အက်စ် ဒီအာ) စာရင်းဝင် ငွေကြေးများအဖြစ် အမေရိကန်ဒေါ်လာ၊ ယူရို၊  ယန်းနှင့် ဗြိတိသျှ  စတာလင်ပေါင်တို့နှင့်အတူ ယွမ်ငွေကြေးသည်လည်း အောက်တိုဘာ ၁ ရက်မှ စတင်ပါဝင်လာခဲ့သည်။

Wednesday, 12 Oct 2016

    အသက်အရွယ် ကြီးရင့်လာသော လုပ်ငန်းပိုင်ရှင်များက လုပ်ငန်းကို ဆက်ခံနိုင်သူရရှိရန် အလူးအလဲ ရုန်းကန်နေရသည့်အတွက် ဂျပန်နိုင်ရှိ အသေးစားစီးပွားရေး လုပ်ငန်းကလေးများမှာ ဆိတ်သုဉ်းပျောက်ကွယ်ရတော့ မည့် အခြေအနေကိုရောက်ရှိနေကြောင်းနှင့် အသက်အရွယ်ကြီးရင့် သူဦးရေ လျင်မြန်စွာ တိုးတက်လာခြင်းက ဂျပန်နိုင်ငံအတွက် အခက်အခဲတစ်ခုဖြစ်လာတော့မည့် လက္ခဏာတစ်ရပ်အဖြစ် ပြသလာကြောင်း ရိုက်တာ သတင်း တွင် ဖော်ပြသည်။

Tuesday, 11 Oct 2016

        အိန္ဒိယ မီးရထားဝန်ကြီးဌာနသည် အိန္ဒိယအရှေ့ မြောက်ဒေသအား နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ချိတ်ဆက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ သည်။ အိန္ဒိယ နိုင်ငံအနေဖြင့် နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်တို့ကဲ့ သို့ေ သာ အိမ်နီးချင်းနိုင်ငံများနှင့် ရထားလမ်းဆက်သွယ်မှု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ နိုင်ငံများသို့ ရထားလမ်းသစ်များ ဖောက်လုပ်နိုင်ရေး တိုင်းတာမှုလုပ်ငန်းများကို အိန္ဒိယရထားလမ်းဖောက်လုပ်ရေး အဖွဲ့မှ ဆောင် ရွက်ခဲ့ပြီး ဖြစ်သည်။Northeast Frontier Railway (NFR) သည် ဆင်ဟာဘတ်မြို့၌ ဘင်္ဂ လားဒေ့ရှ်နိုင်ငံနှင့် ဆက်သွယ်သည့် ရထားလမ်းကို ဖောက်လုပ်ခဲ့ပြီးဖြစ်ရာ Radhikapur မြို့နှင့်

Wednesday, 5 Oct 2016

      ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗ လျူတီအို)က ကမ္ဘာ့ကုန်သွယ် ရေးတိုး တက်မှုနှုန်း ခန့်မှန်းချက်ကို မူလခန့်မှန်း ထားသည့်အောက်သို့ စက်တင်ဘာ ၂၇ ရက်ကလျှော့ချခန့်မှန်းလိုက်ပြီး ဂလို ဘယ်လိုက်ဇေးရှင်းပုံစံကို အချို့နိုင်ငံ များက ဆန့်ကျင်မှုနှင့် အီးယူမှ ဗြိတိန် နုတ်ထွက်မှုစသည့် ဂယက်တို့ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးဖွံ့ဖြိုးမှု နှုန်းကို ကမ္ဘာ့ ဘဏ္ဍာရေးအကျပ်အတည်းကာလ နောက်ပိုင်း အနိမ့်ဆုံး နှုန်းသို့ ရောက်ရှိ သွားစေနိုင်သည်ဟုလည်း သတိေ ပး ထားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

Thursday, 1 Sep 2016

အိန္ဒိယနိုင်ငံတစ်ဝန်းရှိ တောင်သူ လယ်သမားများသည် လက်လီ စားသောက်ကုန်လုပ်ငန်းများ၌ ရာနှုန်း ပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုလျက်ရှိသည်။ နိုင်ငံတကာအဆင့်မီကုမ္ပဏီများဝင်ရောက်လာပြီး အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ကာ၊ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေသည့် လူ့အသိုက်အဝန်း အား ကူညီမှသာလျှင် ၎င်းင်းတို့အနေဖြင့် ကိုယ်တိုင်   ရပ်တည်လာနိုင်မည်ဖြစ် သည်။ နိုင်ငံတကာ  ကုမ္ပဏီ များ ဝင် ရောက်လာမှသာလျှင် လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းနှင့်ထိန်းချုပ်မှု အလေ့ အထများဖြင့် အကျည်းတန်နေသည့် ဈေးကွက်တွင်ယှဉ်ပြိုင်မှုများပေါ်ပေါက် လာမည်ဖြစ်သည်ဟု လယ်သမားများက ယုံကြည် ထား သည်။ သ

Thursday, 25 Aug 2016

    တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားမှုကြောင့် ဖြစ်ပေါ်ရသော တင်းမာမှုများကို    လျော့ပါးစေရန် အတွက်  Code Of Conduct မူဘောင် ကို ၂၀၁၇ ခုနှစ် အလယ်ပိုင်းမှာ အပြီး သတ်ဆောင်ရွက်ဖို့ တရုတ်နဲ့  အာဆီ ယံ တို့က ဆောင်ရွက်နေကြတယ်လို့ သြဂုတ် ၁၇ ရက်က နိုင်ငံပိုင် မီဒီယာ တွေမှာ ဖော်ပြထားကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံနဲ့   အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့က မဟာဗျူဟာရေကြောင်း လမ်းမှာ ပဋိပ က္ခဖြစ်ပွားမှုတွေ ဆက်လက်ဖြစ်ပေါ်လာမှာကို ရှောင်ရှားနိုင် ဖို့အတွက် စည်းမျဉ်းဥပဒေတွေ ချမှတ် ဖို့ ၂၀၁၀ ခုနှစ်ကတည်းက စတင်ဆောင် ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက တောင် တရုတ်ပင်လယ်မှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံ ရဲ့ အချုပ်

Thursday, 18 Aug 2016

     မြန်မာနိုင်ငံတွင် ကော်ဖီပင်၊ လက်ဖက်ပင်များအား အအေးပိုင်း ဒေသဖြစ်သည့် ရှမ်းပြည်နယ် မြောက် ပိုင်း ကျောက်မဲနဲ့ ပြင်ဦးလွင်မြို့တို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပြီး၊ ယခင်က ပြင်ဦးလွင် ခြင်္သေ့ကော်ဖီမှုန့်သည် အေ ရာအနှောမပါသဖြင့် (PureCoffee) ဟု နာမည်ရခဲ့ပါသည်။ ယခုအခါနည်းညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စားသုံးကုန်များသည် ရောင်းလိုအား မြှင့်တင်သကဲ့သို့ ဝယ်လိုအားလည်း အရှိန် မြင့်လာခဲ့ပါသည်။ ယခင်က ပို့ကုန်တင်ပို့ရာတွင် ကော်ဖီစေ့သာ တင်ပို့နိုင်ခဲ့ပြီး ယခုအခါ Coffee Mix အသင့်ပြုလုပ်နိုင်သော Raw For Instant Coffee Powder အား ပြည်ပနိုင်ငံများမှ ဈေးကွက်ဝယ်လိုအားရှိသဖြင့် စင်ကာပူနိုင်ငံသို့

Pages