Main menu

Background

Thursday, 4 Feb 2016

          ၂၀၂၅ ခုနှစ်မှာ အာဆီယံဒေသကို အရည်အသွေး ပြည့်ဝတဲ့ ခရီးသွားဒေသဖြစ်လာအောင် ဦးတည်ဆောင်ရွက် လျက်ရှိရာ တစ်မူထူးခြားပြီး အမျိုးမျိုးသောဒေသဆိုင်ရာ အတွေ့အကြုံတွေပေးနိုင်ဖို့အတွက် စီစဉ်ဆောင် ရွက် လျက် ရှိကြောင်း နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ ခရီးသွားလုပ်ငန်းဒေသတစ်ခု ဖြစ်လာအောင်ဆောင်ရွက်ရန် ဆန္ဒရှိပြီး ခရီးသွားလုပ်ငန်း အော်ပရေတာများက ခရီးသွားလုပ်ငန်းအစီအစဉ်တွေကို တီထွင် ဆန်းသစ်မှုရှိအောင်ရေးဆွဲကာ ဒေသတွင်းအချင်းချင်း ခရီးသွားလာမှု လုပ်ငန်းကိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။ ပဏာမထုတ်ပြန်တဲ့စာရင်းများအရ အာဆီယံ အဖွဲ့ဝင် နိုင်ငံများသို့ ဝင်ရောက်လာတဲ့ခရီးသွား အရေအတွက်က ၉

Wednesday, 3 Feb 2016

             လုပ်သားအင်အားနဲ့   အလုပ် အကိုင်ရရှိမှုနယ်ပယ်မှာ ဗီယက်နမ် နိုင်ငံက ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ တွေကို   ပခုံးချင်းယှဉ်နိုင်ဖို့  ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ထိုသို့ စွမ်းဆောင်ရည်ပြည့်ဝရေးအတွက်လာမယ့် ငါးနှစ်အတွင်း လုပ်သားများရဲ့ကုန်ထုတ်လုပ်မှုစွမ်းအားနဲ့ ဗီယက်နမ်လုပ်သားတို့ရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်ကို တိုးမြှင့်ပေးဖို့  ကြိုးပမ်းလျက်ရှိကြောင်း ဗီယက်နမ်နက် ဘရစ်သတ င်း မှာ ဖော်ပြ ပါတယ်။

Wednesday, 3 Feb 2016

             နှစ်ဘက်စလုံးမှာ အကျိုးစီးပွားရှိနိုင်တဲ့ အခွင့်အလမ်းတွေ  ရရှိစေနိုင်ရန်အတွက် ဥရောပသမဂ္ဂ (အီးယူ) ဈေးကွက်တွေမှာ ကျင့်သုံးလျက်ရှိတဲ့ သန့်ရှင်းရေးနဲ့ အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ အစီအမံ တွေကို လေ့လာ ထားရန်လိုအပ်ကြောင်း ငါးလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေးကုန်ပစ္စည်းများ ထုတ်လုပ်နေတဲ့ ဗီယက်နမ်လုပ်ငန်းများကို ဗီယက်နမ်ငါးလုပ် အသင်းက ပြောပါတယ်။ ဒီလိုဆောင်ရွက်နိုင်မယ်ဆိုရင် လွတ်လပ်တဲ့ကုန်သွယ်မှု စာချုပ်များနဲ့ ညီညွတ်မှုရှိပြီး ပို့ကုန်အခြေခံစခန်းတွေကို တိုးချဲ့နိုင်မယ်လို့ပြော ကြောင်း ဗီယက်နမ်နယူးစ်အေဂျင်စီသတင်းမှာ ဖော်ပြပါတယ်။

Thursday, 7 Jan 2016

အိန္ဒိယနိုင်ငံ မဟာရာသျှတ္တရ-ပြည်နယ်ရှိ သံမဏိလုပ်ငန်းများအတွက် တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ သံမဏိတွေရဲ့စိန်ခေါ်မှုများနဲ့ အဓိကရင်ဆိုင်နေရလျက်ရှိတယ်လို့  သယ်ယူ ပို့ဆောင်ရေးနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး နီတင်ဂတ်ကာရီ ကပြောကြားပါတယ်။ပြည်တွင်း သံမဏိလုပ်ငန်းက အကျပ်အတည်းများနဲ့ ရင်ဆိုင်နေကြရပြီး လုပ်ငန်းအများစုဟာလည်း ပိတ်သိမ်းနေကြပြီဖြစ်ကြောင်း၊     ဒါပေမယ့် ဒီပြဿနာကို   ဖြေရှင်းရန်  နည်းလမ်းရှာဖွေနေ ကြောင်းနဲ့ များမကြာမီမှာ အဖြေရတော့မှာဖြစ် ကြောင်းJalna  မှ ၅  ကီလိုမီတာအကွာJavas ကျေးရွာမှာပြုလုပ်တဲ့ ကုန်းတွင်းဝင်ထွက်ပေါက် အုတ်မြစ်ချပွဲမှာ ဂတ်ကာရီက ပြောကြားလိုက်ပါ တယ်။

Thursday, 3 Dec 2015

               ဒေသတွင်းပေါင်းစည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ မြင့်တက်လာချိန်မှာ အာရှဒေသတွင်းမှာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ဖို့ ရှာဖွေနေကြတဲ့ ကုမ္ပဏီများအတွက် စင်ကာပူနိုင်ငံက ယုံကြည်စိတ်ချရတဲ့ အြေ ခစိုက်စခန်းအဖြစ် အရေးပါတဲ့အခန်းက ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့  စင်ကာပူဘဏ္ဍာရေးဝန်ကြီး ဟန်ဆွီကိတ် ကပြောကြောင်း စီအင်န်အေသတင်းမှာ ဖော်ပြပါတယ်။ ဒေသတွင်းမှာ အစုစပ်လုပ်ငန်းတွေ ထူထောင်ခြင်းအားဖြင့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်း တွေ ပိုမိုဖန်တီးနိုင်မှာဖြစ်ကြောင်း နိုဝင် ဘာ ၂၆ ရက်ကကျင်းပတဲ့ ၂၀၁၅ ခုနှစ် အာရှယှဉ်ပြိုင်မှု စွမ်းရ ည် မြှင့်တင်ရေး သိပ္ပံကွန်ဖရင့် (2015 Asia Compe

Friday, 27 Nov 2015

ပြည်တွင်းမှာ အီးကောမတ်စ် လုပ် ငန်း ဆောင်ရွက်နေသူများအတွက် ငွေကြေးရရှိစေရန်     စီမံချက်တစ်ရပ် အဖြစ်   အထူးသဖြင့်  အင်ဒိုနီးရှားမှာ ထူထောင်ပြီးဖြစ်တဲ့ နိုင်ငံခြားအီးကော မတ်စ်ကုမ္ပဏီများ နိုင်ငံတွင်းမှာ စီးပွား ရေးလုပ်ငန်းများ     ဆောင်ရွက်လာ အောင်   အားပေးမှုအဖြစ် အစိုးရက ရင်းနှီးမြှုပ်နှံမှုအတွက်    လျှောက်ထားရ မည့်စာရင်း"Negative Investment List"  ကို     ပြုပြင်ပေးမှာဖြစ်ကြောင်း ဂျကာတာ ပို့စ်သတင်း မှာ    ဖော်ပြပါ တယ်။ဆက်သွယ်ရေးနဲ့     ပြန်ကြား ရေးဝန်ကြီး   ဂူဒီယာနာရာ၊ ကုန်သွယ် ရေးဝန်ကြီးသောမတ်လမ်ဘောင်း၊ ရင်း နှီးမြှုပ်နှံမှု ပေါင်းစပ်ညှိနှိုင်းရေးဘုတ် အဖွဲ့(BKPM) ဥက္ကဋ္ဌ ဖရန်ကီဆီဘာရာ နီတိ

Friday, 27 Nov 2015

အာဆီယံ   စီးပွားရေးအသိုက် အဝန်း(အေအီးစီ)ကို အပြည့်အဝအကောင်အထည်ဖော်တော့မှာဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံမှာ ကုမ္ပဏီသစ်မှတ်ပုံ တင်မှုက ၂၀၁၆  ခုနှစ်မှာ ၆၅၀၀၀ အထိ တိုးတက်လာမှာဖြစ်ကြောင်း နေးရှင်း သတင်းမှာ  ဖော်ပြပါတယ်။အာဆီယံ   ပေါင်းစည်းမှုကြောင့်   ဖွံ့ဖြိုးတိုးတက်မည့်   အခွင့် အလမ်းတွေ  ပိုမိုတွေ့မြင်ရခြင်းနဲ့       ထိုင်းနိုင်ငံ  စီးပွားရေး     ခိုင်မာလာခြင်း    စတဲ့ အချက်တွေကြောင့်  ၂၀၁၆ ခုနှစ်မှာ ဆောက် လုပ်ရေး၊ ကုန်သွယ်ရေးနဲ့ ဝန် ဆောင်မှုလုပ်ငန်းတွေအပါအဝင် စက်မှု လုပ်ငန်းကဏ္ဍအသီးသီးမှာ   လုပ်ငန်း သစ်တွေ ထူထောင်ကြမှာဖြစ်ကြောင်း စီးပွားရေး  ဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ပွန်းပန်ဂီယာရ

Friday, 13 Nov 2015

ကုမ္ပဏီများရဲ့ ရေရှည်အနာဂတ် အတွက် ပညာရှင်ဝန်ထမ်းရရှိရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးများကို အဓိကစိန်ခေါ်မှု များအဖြစ် စင်ကာပူမိသားစု စီးပွားရေး လုပ်ငန်းများက ရှုမြင်နေကြတယ်လို့ ယူ နိုက်တက် အိုဗာဆီးဘဏ် (United Overseas Bank - UOB) နဲ့ စင်ကာပူစီမံ ခန့်ခွဲရေးတက္ကသိုလ် မိသားစုစီးပွားရေး လုပ်ငန်းသိပ္ပံတို့က နိုဝင်ဘာလ ၂ ရက် မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားကြောင်း  CNA  သတင်းဌာနမှာ ဖော်ပြပါတယ်။

Pages