Main menu

Background

Monday, 16 Mar 2020

         ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်တွင် ကုမ္ပဏီ၏ မိုဘိုင်းစီးပွားရေးလုပ်ငန်းကို ကုမ္ပဏီ၏ နောက်ဆုံး ပေါ်ဟန်းဆက်က မြှင့်တင်ပေးနိုင်လိမ့်မည် ဟု ရည်မှန်းလျက် နောက်ဆုံးပေါ်စမတ်ဖုန်းများကို ကမ္ဘာအနှံ့  စတင် ဖြန့်ချိရောင်းချပေးခဲ့ကြောင်း ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီက မတ် ၆ ရက်တွင်ပြောသည်။ Galaxy S20 စီးရီးကို တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် ရောင်းချခဲ့ ကြောင်း ဆမ်ဆောင်းကပြောသည်။ ယခုလအကုန်တွင် နိုင်ငံပေါင်း ၁၃၀ တွင် မိုဘိုင်းကိရိယာသစ်များ ရရှိနိုင်လိမ့်မည်ဟုလည်း ထပ်လောင်းပြော ကြားသည်။

Monday, 16 Mar 2020

        ကိုရိုနာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက် ရန် အစိုးရအဖွဲ့များက လုံးပန်းနေရ သည့်အတွက်  ယခုနှစ်အတွင်း အာရှ ပစိဖိတ်နိုင်ငံများ၏ စီးပွားရေးများတွင် အမေရိကန်ဒေါ်လာ   ဘီလီယံ ၂၀ဝ ကျော် ဆုံးရှုံးမှုနှင့် ကြုံတွေ့နိုင်သည်ဟု ကမ္ဘာ့စီးပွားရေးအဆင့် သတ်မှတ်ရေး အေဂျင်စီ  S&P Global က မတ် ၆ ရက် တွင်ပြောကြောင်း အေအက်ဖ်ပီသတင်း တွင် ဖော်ပြသည်။  ယခုအကြိမ် စီးပွား ရေးကျဆင်းမှုသည် ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးဖြစ်သည်။ အဆိုးရွားဆုံးဖြစ်နိုင်သော အခြေ အနေမှာ တရုတ်နိုင်ငံ၏  စီးပွားရေဖွံ့ ဖြိုးမှုနှုန်းသည် ၃ ရာခိုင်နှုန်း အောက်သို့  ရောက်ရှိပြီး   ဂျပန်၊ သြစတေးလျနှင့် ဟောင်ကောင်တို့သည်   စီးပွားဆုတ်ကပ်အတွင်းသို့

Monday, 16 Mar 2020

        ကိုရိုနာရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့သော ထိုင်းပို့ကုန်များထိခိုက်ခံခဲ့ရကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင်ဖော်ပြသည်။ တရုတ်နိုင်ငံသို့ ပို့ကုန်လုပ်ငန်းများ ပိတ်ပင်လိုက်သည့်အတွက် ထိုင်းနိုင်ငံ၏ အဓိကပို့ကုန် တစ်ခုဖြစ်သော  ပုစွန်ရောင်းချမှုကို  ထိခိုက်ခဲ့သည်။ ဗိုင်းရပ်စ် ရောဂါ ဒဏ်ခံ‌နေရသောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အစား အစာတင်ပို့ ရန်အတွက် လယ်သမားများတွင် အခက်အခဲများရှိနေသည်။ ဖေဖော်ဝါရီနှင့်   ဧပြီလအတွင်း  ပုစွန်တင်ပို့မှုလုပ်ငန်းတွင်  ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ထိခိုက်လိမ့်မည်ဟု အစိုးရ တာဝန်ရှိသူတို့က ခန့်မှန်းထားသည်။ ဤကျဆင်းမှုမှာ ယခင်နှစ်ကာလတူက တရုတ်နိုင်ငံသ

Monday, 16 Mar 2020

       အချိန်ပြည့် အလုပ်အကိုင်ရရှိ ထားသည့် စင်ကာပူရှိဘွဲ့ရတို့၏  စုစုပေါင်း ကနဦးရရှိသည့် အလယ်အလတ် လစာမှာ မြင့်တက်ခဲ့သည်ဟု  ဖေဖော် ဝါရီ ၂၈ ရက်က ထုတ်ပြန်သော  ဘွဲ့ရ အလုပ်အကိုင်ရရှိမှု  ပူးတွဲစစ်တမ်း တစ်စောင်တွင် ဖော်ပြထားကြောင်း ချန်နယ်နယူးအေရှသတင်းတွင် ဖော်ပြ သည်။ အလယ်အလတ် လစာဆိုသည် မှာ စစ်တမ်းကောက်ယူသော လုပ်ငန်း နယ်ပယ်တွင်  ပါဝင်သူဦးရေထက် ဝက်ထက်နည်းပြီး ကျန်ထက်ဝက်ထက် များသောလစာကိုခေါ်ခြင်းဖြစ်သည်။ ယခုစစ်တမ်းသည်  နန်ယန်း နည်းပညာတက္ကသိုလ်(NTU)၊ စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)၊ စင်ကာပူ စီမံခန့်ခွဲမှု   တက္ကသိုလ်   (SMU) နှင့် စင်ကာပူလူမှုသိပ္ပံ တက္ကသိုလ်(SUSS) တို့၏ အချိန်ပြည့်  အစီအစဉ်များမှ ဘ

Monday, 16 Mar 2020

     International Trade Centere နှင့် TCMA တို့မှ ကြီးမှူး၍ ရှစ်ကြိမ်မြောက် နိုင်ငံတကာသံရုံးများ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံအလိုက် ထုတ်ကုန်/ထွက်ကုန်များကို ပြသသည့် ဆောင်ရာသီပြပွဲ 8th Annual Embassy Showcase Winter nationall ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ Ronald Reagan Building ၌ ကျင်းပခဲ့သည်။ အဆိုပါပြပွဲသို့ ဝါရှင်တန်မြို့၊ မြန်မာသံရုံး အပါအဝင် နိုင်ငံခြားသံရုံး ၆၀ ရုံးမှ ပါဝင်ပြသခဲ့ကြသည်။ ဝါရှင်တန်မြို့ မြန်မာသံရုံးအနေဖြင့် နှစ်စဉ်ကျင်းပသည့် ဆောင်းရာသီပြပွဲသို့ ဒုတိယအကြိမ် ပါဝင်ပြသခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ပြပွဲအား “Farmers to Markets & Environmental –

Wednesday, 4 Mar 2020

      ကူးစက်မှုလျင်မြန်သော ကိုရိုနာ ရောဂါဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသော ကုန်သွယ် မှုသဘောတူညီချက်ကို တရုတ်နိုင်ငံက စောင့်ထိန်းလိမ့်မည်ဟု အမေရိကန် အစိုးရက မျှော်လင့်ကြောင်း ဖေဖော် ဝါရီ ၂၀ ရက်က  အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးအား မည်မျှထိခိုက်မည်ကို အတိအကျခန့်မှန်းရန် စောလွန်းသေးသော်လည်း အခြေခံခန့်မှန်းချက်များ အရ တရုတ်နိုင်ငံ ၏ စီးပွားရေးတိုးတက် မှုနှုန်းသည်  ပထမသုံးလပတ်တွင် ကျ ဆင်းပြီး နောက်ပိုင်းမှသာ  ရုတ်တရက် ထိုးတက်လာနိုင်ကြောင်း  အမေရိကန် ဘဏ္ဍာရေးအရာရှိတစ်ဦးက  ပြော သည်။ ရောဂါပြန့်ပွာ

Friday, 21 Feb 2020

       ဗီယက်နမ်လေကြောင်းလိုင်း အနေဖြင့် ရက်သတ္တတစ်ပတ်လျှင် ရှစ်မီလီယံအထိ အရှုံးပေါ်နေကြောင်း စီအင်န်အေ သတင်းဌာနက ဖေဖော် ဝါရီ ၁၃ ရက်တွင် ရေးသားဖော်ပြထားသည်။ တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် နိုင်ငံနှင့်  ဆက်သွယ်ပျံသန်းနေသည့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်ပိုင် လေကြောင်းလိုင်းများအပြင် ပုဂ္ဂလိကလေကြောင်းလိုင်းများလည်း  ယာယီ ရပ်နားထားသလို တခြား ကမ္ဘာ့နိုင်ငံများသို့ ဆက်သွယ်ပျံ သန်းနေသည့် လေကြောင်းလိုင်းလုပ်ငန်းများမှာလည်း ကျဆင်းသည့် အနေအထားများ ကို ကြုံတွေ့နေရသည်။ ဗီယက်နမ်နိုင်ငံ  လေကြောင်း လိုင်းလုပ်ငန်းမှာ  ရက်သတ္တနှစ်ပတ် အတွင်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှ

Friday, 21 Feb 2020

      ကမ္ဘာ့သမုဒ္ဒရာ ရေစီးကြောင်း အရှိန်မြင့်တက်မှုတွင် ဖန်လုံအိမ်ဓာတ် ငွေ့ ထုတ်လွှတ်မှုများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို တရုတ်သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ ရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေး သားဖော်ပြထားသည်။ အဆိုပါ သုတေသနအဖွဲ့မှာ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ၊ အဏ္ဏဝါဗေဒသိပ္ပံဌာနမှ အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းအဖွဲ့၏ လေ့လာတွေ့ရှိချက်တစ်ခုအရ လွန်ခဲ့သည့် နှစ် ၂၀ ကျော်အတွင်း ကမ္ဘာ့သမုဒ္ဒရာ ရေစီးကြောင်းမှာ ပျမ်းမျှအားဖြင့် သိသိသာသာ အရှိန်မြင့်လာပြီး ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်ပုံစံ အသစ်  ဖြစ်ပေါ်စေသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း ဖော်ပြထားခြင်းလည်း ဖြစ်သည်။

Friday, 21 Feb 2020

      ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ ဆန် တင်ပို့မှုတွင် ပြီးခဲ့သောလနှင့် နှိုင်းယှဉ် ပါက တန်ဖိုးအားဖြင့် ၃၉ ရာခိုင်နှုန်းနှင့် အရေအတွက်အားဖြင့် ၁၂ ရာခိုင်နှုန်း တိုးတက်မှုတို့ဖြင့် ဆန်တန်ချိန် ၅၆၀ဝ၀ဝ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၃ သန်းရရှိခဲ့ကြောင်း အထွေ ထွေအကောက်ခွန်ဌာန၏ ပြောကြား ချက်အရ သိရှိရသည်။ ဗီယက်နမ်နိုင်ငံသည် Tet ပွဲတော် မတိုင်ခင်က အခြားနိုင်ငံများထက် ပိုမို ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းများကြောင့် ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံများသို့ ဆန်တင်ပို့ရန် ပြည်တွင်း စီးပွားရေး လုပ်ငန်းများက စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ သင်္ဘောပေါ်ရောက် (FOB) ဈေးနှုန်း

Friday, 14 Feb 2020

      ကမ္ဘာ့စီးပွားရေးအင်အား  အကြီးမားဆုံး နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်းတွင် ကုန်သွယ်မှု အကျပ်အတည်းဖြင့်  ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း စီအင်န်ဘီသတင်းဌာန၏  ရေးသားဖော်ပြထား ချက်အရ သိရသည်။ အမေရိကန်နိုင်ငံအနေဖြင့် ထိုကဲ့သို့ ကုန် သွယ်မှု အကျပ်အတည်းဖြင့်  ကြုံတွေ့ခဲ့ရခြင်းမှာ ခြောက်နှစ်အတွင်း ပထမဦးဆုံးအကြိမ် ကြုံတွေ့ခဲ့ ရခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၁၆ ခုနှစ် သမ္မတ ဒေါ်နယ်ထရန့်  တက်လာချိန်တွင် အမေရိကန် နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့သော် လည်းနောက်ပိုင်းတွင် အထူးသဖြင့် ၂၀၁၈-၂၀၁၉ ကာလများတွင် ကမ္ဘာ့စီးပွားရေး  ဒုတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်

Pages