Main menu

Background

Monday, 4 Mar 2024

မန္တလေးတိုင်းဒေသကြီး  ကျောက် ဆည်ခရိုင် မြစ်သားမြို့နယ် ကြောင်ပန်း ကုန်းကျေးရွာအုပ်စု  ထနောင်းကုန်း ကျေးရွာရှိ မြက်ဖျာလုပ်ငန်းအား လေ့ လာခဲ့သည်။ မြက်ဖျာရက်လုပ်ခြင်း လုပ်ငန်း တွင် အဓိကကုန်ကြမ်းမှာ ဒေသအခေါ် မြက်စလုံးမြက်ကို  အသုံးပြုကြောင်း၊ မြက်စလုံးမြက်မှာ အင်းနှင့်မြစ်ချောင်းကမ်းဘေးများတွင်  အများဆုံးပေါက် ရောက်သော အပင်ဖြစ်သည်။  မြက် စလုံးပင်ကို  ဝယ်စရာမလို အလေ့ကျ ပေါက်သောကြောင့် အရင်းအနှီးမလိုဘဲ ရက်လုပ်  ရောင်းချရသဖြင့်   အကျိုး အမြတ်ပိုမိုရရှိကြသည်။  မြက်ဖျာ  ရက်လုပ်ရန်အတွက် မြက်စလုံးပင်ကိုနုတ်ပြီး အပင်မှပါလာ သော ပန်းပွင့်များကိုဖယ်၍ အခွံများ ကိုသင်ပြီး အခြောက်ခံထားရကြော

Monday, 5 Feb 2024

ရန်ကုန်တိုင်းဒေသကြီး၊   လှိုင်မြို့နယ်အတွင်းရှိ   ရွှေပိ တောက် ငါးဈေးတွင်  ဇန်နဝါရီ စတုတ္ထပတ်အတွင်း ဝင်ရောက်ခဲ့ သော ရေချိုငါးများ၏ တစ်ပိဿာဈေးနှုန်းများမှာ ငါးမြစ်ချင်း အနိမ့်ဆုံး ကျပ် ၄၅၀ဝ မှ အမြင့်ဆုံးကျပ် ၇၀ဝ၀၊ ငါးကြင်း ကျပ် ၆၅၀ဝ မှ ၁၃၀ဝ၀ ၊ ငါးသလောက် ကျပ် ၉၅၀ဝ မှ ၄၅၀ဝ၀ ၊ ငါး ခေါင်းပွ ကျပ် ၃၃၀ဝ မှ ၇၀ဝ၀ ၊ ငါးဘတ် ကျပ် ၁၅၀ဝ၀ မှ ၂၅၀ဝ၀၊ ကကတစ်  ကျပ် ၁၄၀ဝ၀ မှ ၂၀ဝ၀ဝ တို့ဖြစ်သည်။

Monday, 1 Jan 2024

မန္တလေးကုန်စည်ဒိုင်သို့ ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်း နှမ်းမျိုးစုံဈေးကွက်ထဲ ဝင်ရောက်မှု နည်းလာကြောင်း သိရသည်။ နှမ်းမျိုးစုံဈေးကွက်တွင် နှမ်းဖြူနှင့် နှမ်းနက် (စမုန်) ဈေးအနည်းငယ်မြင့်တက်နေပြီး နှမ်းညိုဈေးအေးနေခြင်းမှာ ပြည်တွင်းဈေးကွက် ဝယ်ယူမှုအေးခြင်းကြောင့် ဈေးအေးနေ ကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။
နှမ်းနက်(စမုန်) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၀ဝ၀ဝ မှ ၃၅၅၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၃၁၀ဝ၀ဝ မှ ၃၅၅၀ဝ၀၊ ယခင်လ  ကျပ် ၂၉၅၀ဝ၀ မှ ၃၃၀ဝ၀ဝ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၁၅၀ဝ၀ မှ ၂၅၀ဝ၀ မြင့်တက်လာသည်။ 

Wednesday, 20 Dec 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကDigital E-commerce PlatForm တစ်ခု တည်ဆောက်ထားပြီး ပြည်တွင်းမှ လုပ်ငန်းရှင်များ Exporter  များ၊MSME   လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှ ကြပနမ  များနှင့် ချိတ်ဆက် ရောင်းဝယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်၊

Monday, 20 Nov 2023

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်မှ ၁၅ ရက်အထိ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၄၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း YSX မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း စောင်ရေ ၄၇၁၇၀ ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၄၈ ဒသမ ၁၇ သန်း ရှိခဲ့ခြင်းဖြစ်သည်။

Monday, 20 Nov 2023

ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ နိုဝင်ဘာ ၁၆ ရက် ပေါက်ဈေးအရ ကျပ် ၃၀၇၇၉၀ဝ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စ ၁၉၆၃ ဒေါ်လာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်း ဈေးနှုန်းများအနေဖြင့် နိုဝင် ဘာ ၁၀ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၀၅၇၀ဝ၀၊ ၁၁ ရက်တွင် ကျပ် ၃၀၃၀၅၀ဝ၊ ၁၃ ရက်တွင် ကျပ် ၃၀၃၂၀ဝ၀၊ ၁၄ ရက်တွင်ကျပ် ၃၀၄၉၇၀ဝ၊ ၁၅ ရက်တွင် ကျပ် ၃၀၈၈၉၀ဝ၊ ၁၆ ရက်တွင်ကျပ် ၃၀၇၇၉၀ဝ ဖြစ်ကြောင်း သိရ သည်။

Tuesday, 24 Oct 2023

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင်  နိုင်ငံခြား သားပိုင်စက်ရုံ ၈၀ ရာခိုင်နှုန်းကျော်အထိ  ရှိနေ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ လက်ရှိ မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအသင်းတွင် တရုတ်အထည် ချုပ်စက်ရုံ ၅၀ ရာခိုင်နှုန်းကျော်၊  ကိုရီးယားစက်ရုံ ၁၀ ရာခိုင်နှုန်းကျော်ရှိပြီး  နိုင်ငံခြားသားပိုင်စက်ရုံ ၈၀ ရာခိုင်နှုန်းကျော်အထိရှိကြောင်း သိရသည်။

Monday, 23 Oct 2023

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီး တန်ချိန်၁၀ဝ၀ကျော်ကို ပြင်သစ် နှင့်အိန္ဒိယနိုင်ငံတို့က   ဝယ်ယူရန်အတွက် မှာယူမှုများရှိနေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြင်သစ်နှင့်အိန္ဒိယနိုင်ငံတို့က အမှာစာများ ရရှိထားရာတွင် ပြင်သစ်နိုင်ငံက ထောပတ်သီး တန်ချိန် ၈ တန်နှင့် အိန္ဒိယနိုင်ငံက တန်ချိန် ၁၀ဝ၀ ကို မှာယူထားခြင်း ဖြစ်သည်။
ပြည်တွင်း၌ လက်ရှိတွင် ထောပတ်သီးများ  စတင်ထွက်ပေါ်နေပြီဖြစ်သော် လည်း ပြည်ပသို့တင်ပို့နိုင်မည့် အရည်အသွေးကောင်းသည့် ထောပတ်သီးများမှာ နိုဝင်ဘာလဆန်းပိုင်းမှသာ လှိုင်လှိုင်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Monday, 23 Oct 2023

ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ ပြည်တွင်း၌ ဝဥများ စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက်  ဝဥစက်ရုံများ ပြန်လည် လည်ပတ်လျက်ရှိကြောင်း သိရသည်။
စက်တင်ဘာလဆန်းပိုင်း ဝဥ စတင်ထွက်ပေါ်ချိန်တွင် ဝဥအစို တစ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်းမှာ ၁၀၂၅ ကျပ်ခန့်ရှိပြီး ယခင်နှစ် ဝဥစတင်ထွက်ပေါ်ချိန်က ၆၀ဝ-၈၀ဝ ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

Monday, 14 Aug 2023

တစ်ရက်လျှင် တန်ချိန် ၂၀ ၊ ဆီပိဿာချိန် ၁၂၀ဝ၀ ထွက်ရှိ မည့် စာအုန်းဆီစက်ရုံကို  တနင်္သာရီတိုင်းဒေသကြီးအတွင်း လာ မည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  တည်ဆောက်ရန် စီစဉ်နေ ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

Pages