Main menu

Background

Tuesday, 14 Jun 2016

          ယခုတစ်ပတ်အတွင်း  ပြည်တွင်းရွှေဈေးများသည် ကျပ်တစ်သောင်းနီးပါး မြင့်တက်ခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြ စ်ပြီး ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာမှုကြောင့်လည်း ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ရွှေဈေးများမြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လ ည်ရောင်း ချသူများ များပြားလာခဲ့ကြောင်း သိရသည်။

Tuesday, 14 Jun 2016

             ပဲခူးတိုင်း ဒေသကြီးအတွင်း ဆောင်းပဲ၊ မိုးပဲဆိုပြီး အခြားပဲများ စိုက် ပျိုးမှု များရှိသော်လည်း၊ ထောပတ်ပဲ သီးနှံကတော့ ဆောင်းပဲအဖြစ် စိုက်ပျိုး တဲ့အတွက် စိုက်ဧက အနည်းငယ်သာရှိကာ ပြည်ခရိုင်အတွင်း ရှိ ရွှေေ တာင်မြို့ နယ်နှ င့်  ပန်းတောင်းမြို့နယ်များတွင်သာ စိုက်ဧက လေးထောင်ကျော်စိုက်ပျိုး ခဲ့ပါတယ်။ ဒါကြောင့်  ပဲဈေးကွက်မှာ အရောင်းအဝယ်နည်းကာ  ပဲပေါ်ချိန် ကာလ တွင်သာ အရောင်းအဝယ်သွက် ခဲ့ပါတယ်။ နောက်ပိုင်း ကာလများတွင် အရောင်းအဝယ်အေးပြီး လက်လီဝယ် ယူမှုများသာရှိခဲ့ကြပါတယ်။ ထောပတ် ပဲသီးနှံမှာ ယခုနှစ်အတွင်း ဈေးအေးခဲ့ တဲ့အတွက် တစ်တင်း ကျပ် ၁၅၀၀၀ ဖြင့် ဈေးကွက်အတွင်း ဈေးအနိမ့်ဆုံး ရခဲ့ပါတယ်။ ဧပြီလ

Tuesday, 14 Jun 2016

            ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ဇွန် ၁၀ ရက် လက်ကား ဆန်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၅၀၀၀ ကျပ်၊ အလတ်စ  ဆန်တစ်အိတ် ၃၂၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ထိပ်စ ဆန်တစ် အိတ်ကို ၅၀၀ ကျပ်ခန့်  ဈေးမြင့်လာ ပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်ဖြစ်လို့  ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း၊ နယ်စုံပေါ်ဆန်းဆန် များကတော့ ထိပ်စ တစ်အိတ် ၃၃၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၂၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ် ပတ်နဲ့  ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ဆန်လတ်စ  တစ်အိတ် ၅၀၀ ကျပ်ခန့် ဈေးမြင့်လာကြောင်း ဝါးတန်းကုန်စည် ဒိုင် ဈေးနှုန်းများ အရ စိစစ်တွေ့ရ

Wednesday, 8 Jun 2016

             အီရန်နိုင်ငံက ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် တိုက်တွန်းလျက်ရှိတဲ့အတွက် ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ (အိုပက်) အစည်းအဝေးမှာ ထုတ်လုပ် မှုဆိုင်ရာမူဝါဒကို ချမှတ်နိုင်ခြင်း  မရှိပေမယ့် ဈေးကွက်အတွင်းသို့ ရေနံ များ ကို  အလျှံပယ်တင် ပို့မှာ မဟုတ်ကြောင်း ဆော်ဒီအာရေးဘီးယားနိုင်ငံ က ဇွန် ၂ ရက်က ကတိပြုခဲ့ကြောင်း  ဒိုမိန်း ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ်ဒီဇင်ဘာကကျင်းပတဲ့ အစည်း အဝေးမှာ ရေနံထုတ်လုပ်မှု  ရည်မှန်းချက်ချမှတ် ဖို့ကြိုးပမ်းချက်က နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ၂၀၁၅ ခုနှစ် အစည်းအဝေးနောက်ပိုင်း ကျင်းပတဲ့ အစည်းအဝေးအများအပြားမှာလည်း ဆ

Wednesday, 8 Jun 2016

          ပြည်ပဲဈေးကွက်မှာ ပဲပေါ်ချိန်ကာလတွင်သာ ပဲလွန်းဖြူသီးနှံအနေဖြင့် လက်လီ/လက်ကားအဝယ်လိုက်ခဲ့သော်လည်း ကျန်အချိန်များတွင် လက်လီသမားလောက်သာ အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲလက်ကျန်ကလည်း အနည်း ငယ်သာရှိခဲ့ပါတယ်။ နေ့စဉ်အရောင်းအဝယ်ရှိခဲ့ပေမယ့် အိတ်အနည်းငယ်သာ ရောင်းချခဲ့ကြပါတယ်။ မေလအတွင်းကတည်းက ပဲဈေးနှုန်းတစ်တင်းကျပ် ၂၁၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် ဈေးငြိမ်နေခဲ့ တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခင်နှစ်က နှစ်ကုန်ခါနီးအချိန်တွင် ပဲဈေးအားလုံးလိုလိုမြင့်တက်ခဲ့ကြတဲ့အတွက် ပြည်ပဝယ်လက်ပဲရော၊ ပြည်တွင်းဝယ်လက်များပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ပဲပုပ်နှင့်ထောပတ်ပဲမှ လွဲလျှင် ဈေးေ ကာင်း ရရှိခဲ့ကြပါတယ်။  ဖေဖော်ဝါရီလမ

Wednesday, 8 Jun 2016

              ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ချင်းကပြည်ပဝယ်လက် မရှိခဲ့တာ နှစ်နှစ်၊သုံးနှစ်ရှိခဲ့ပါပြီ။ ပြည်တွင်းသုံးဝယ်လက်တွေသာ  ရှိတာကြောင့် ဖြုန်းအားကလည်း သိပ်မကောင်းပါဘူး။ ယခင်ပြည်ပဝယ် လက်တွေရှိစဉ်ကတော့ တစ်ပတ်ကို ပိဿာချိန်လေးသိန်း၊ ငါးသိန်းအထိအရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် အခု နောက်ပိုင်းနှစ်တွေမှာတော့ တစ်ပတ်ကိုပိဿာချိန် အများဆုံးမှတစ်သိန်း၊ တစ်သိန်း ခွဲခန့်သာရှိပါတော့တယ်။ အိမ်နီးချင်းနိုင်ငံေ တွက မြန်မာ့ချင်းတွေကိုမျိုးအဖြစ် ဝယ်ယူပြီးကတည်းက ရှမ်းချင်းလည်း ပြည်ပဝယ်လက် ဝယ်ယူမှုနည်းသွားပါတယ်။ ဒီဘက်နှစ်တွေမှာ ဝယ်ယူမှုမရှိသလောက်ဖြစ်သွားတယ်လို့ လည်း ဒေသခံတွေထံမှ သိရှိရပါတယ်။ ဒီတစ် ပ

Wednesday, 8 Jun 2016

        ဒေသတွင်းစီးပွားရေး  ပေါင်းစည်းမှုမှထွက်ပါ် လာမယ့် အကျိုးစီးပွားများကို အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများ (အက်စ်အမ်အီး) ရယူခံစားနိုင် စေရန်အတွက် အကောက်ခွန်မဟုတ်တဲ့ အတားအဆီး များကို ဖယ်ရှားရေး၊ စီးပွားရေးလုပ်ငန်းသစ်များဖန်တီး ရေးနဲ့ ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးမှုထူထောင် ရေးတို့ကို ၂၀၁၅ ခု  အာဆီယံစီးပွားရေးအသိုက်အဝန်း စီမံချက်မှာ ဦးစားပေးအဖြစ်  ချမှတ်ထားကြောင်း ချန်နယ်နယူးေ အရှသတင်းမှာ ဖော်ပြပါတယ်။

Wednesday, 8 Jun 2016

        တိုးတက်လျက်ရှိနေတဲ့ ဝယ်လို အားကိုဖြည့်ဆည်းဖို့အတွက် အီလက် ထရွန်းနစ်ကဏ္ဍမှာ လာမယ့်လေးနှစ်အတွင်း အိန္ဒိယနိုင်ငံက အမေရိကန် ဒေါ်လာ ၅၆ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ခန့်မှန်းထားကြောင်း တိုင်းမ်အော့ အိန္ဒိ ယသတင်းမှာ ဖော်ပြပါတယ်။ "၂၀၂၀ ပြည့်နှစ်   ရောက်ရင် အီလက်ထရွန်းနစ်ကဏ္ဍရဲ့ ဝယ်လိုအား ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အမေရိ ကန်ဒေါ်လာ ဘီလီယံ ၄၀၀ ဖိုးထုတ် လုပ်ပြီး ပြည်ပကိုအမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ ဖိုး  တင်ပို့မယ်လို့ ခန့်မှန်း ထားပါတယ်" လို့ အီလက်ထရွန်းနစ်နဲ့ အိုင်တီဝန်ကြီးဌာန  ညွှန်ကြားရေးမှူး အက်စ်ကေမာဝါယာက ပြောပါတယ်။

Wednesday, 8 Jun 2016

           အမေရိကန်ဗဟိုဘဏ်က နွေရာသီမှာ ဗဟိုဘဏ်အတိုး နှုန်းကိုမြှင့်တင်မယ်ဆိုရင် ကမ္ဘာ့ဈေးကွက်တွေကလည်း ရင် ဆိုင်နိုင်ဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း မေ ၃၀ ရက်က စိန့်လူးဝစ်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျိမ်းဘူးလ တ်ရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ဘူးလတ်က မူဝါဒအပြောင်းအလဲ ပြုလုပ်မယ့်ရက်ကိုတော့ အတိအကျ ပြောကြားခြင်း မရှိပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့  ဂျီဒီပီ တိုးတက်မှုနှုန်း နာလန် ထူမှုက ဒုတိယသုံးလပတ်မှာ အကောင်အထည်ပေါ် လာတော့မှာဖြစ်ကြောင်း သူက  ပြောပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက အတိုးနှုန်းမြှင့်တင်မယ့်အချိန်ကို သူကအတိအကျ ပြောကြားခြင်းမရှိပါဘူး။  ဇွန်နဲ့ ဇူလို င်လ မှာမူဝါဒဆ

Wednesday, 8 Jun 2016

            အမေရိကန်နိုင်ငံရဲ့ စီးပွားရေးက ဧပြီမှ မေလအထိအနည်းငယ်တိုးတက် မှုရှိခဲ့ကြောင်းနဲ့ အလုပ်သမားဈေးကွက် အကျပ်အတည်းကြောင့် လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းများကို မြင့်တက်စေခဲ့ ကြောင်း ဇွန် ၁ ရက်က  ထု တ်ပြန်တဲ့ အမေရိကန်ဗဟိုဘဏ် စစ်တမ်းမှာ ဖော်ပြပါတယ်။ စားသုံးသူသုံးစွဲမှုနဲ့ အိမ်ခြံမြေဈေးကွက်ဖွံ့ဖြိုးမှုကြောင့် ခရိုင် အများစုမှာ ဧပြီမှ မေလလယ်အထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအနည်းငယ် ရှိခဲ့ကြောင်း ခရိုင် ၁၂ ခရိုင်ရဲ့ စီးပွားရေး အခြေအနေကို ဆန်းစစ်ဖော်ပြတဲ့ နောက်ဆုံးထုတ် Beige Book မှာ ဖော်ပြ ထားတာကိုရှင်ဝှာသတင်းက ကိုးကား ဖော်ပြပါတယ်။

Pages