Main menu

Background

Friday, 6 May 2016

ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၅၄၁ တန်ကျော်အဝင်ရှိခဲ့ပြီး ဧပြီ ၁၇ ရက်မှ ၂၃ အတွင်း ၅၈၇ တန် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၉၅၀ ကျော် အဝင်လျော့ခဲ့တ ယ် လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ ၅၉၁၂ တန် ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၅၄၆၂ တန်ကျော်ရှိခဲ့တာကြောင့်  ဒီတစ်ပတ်မှာ တန်ချိန် ၄၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။

Friday, 6 May 2016

ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၀၇၅၂ တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၃ ရက်မှ ၉ ရက် သီတင်း ပတ် ဘိလပ်မြေအဝင်မှာ တန် ချိန်၇၃၂၉၀ ကျော် ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၆၂၅၀၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၅၅၉၆ ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၁၂၆၈ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန် ၄၃၂၇ ကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။

Friday, 6 May 2016

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၉ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း  ကန်ဒေါ်လာ သုည ဒသမ ၁၈၄  သန်းတန်ဖိုးရှိ ဆီးဆန် ၄၆ တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။

Tuesday, 3 May 2016

အိန္ဒိယနိုင်ငံ၏ အဓိကဆိပ်ကမ်းများသို့ ပဲဝင်ရောက်မှုမှာ ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ တန်ထောင် ၈၁ ဖြစ်ပြီး၊ ဧပြီလ ၄ ရက်မှ ၁၀ ရက်အထိ တင်သွင်းမှုတန်ထောင်  ၈၈ ထက် ၇% လျော့ကျပါသည်။ ကုလားပဲ၊ ဘိုကိတ်ပဲ၊ ပဲတီစိမ်း၊ ပဲဝါ၊ ပဲစိမ်း၊ မြေထောက်ပဲတို့တွင် ဝင်ရောက်မှုလျော့ကျပြီး၊ မတ်ပဲ၊ ပဲစင်းငုံတို့တွင် ဝင်ရောက်မှုပိုမိုကြောင်း ဖော်ပြထားပါသည်။ကုလားပဲလက်ကားကုန်စည်ဈေးနှုန်းမှာ ၁၀ ရက်အတွင်း ၁၅% မှ ၂၀% မြင့်တက်ခဲ့ ပါသည်။ မုတ်သုန်ရာသီဥတုကောင်းမွန်ခြင်း၊ စားသုံးသူများက နွေပဲသီးနှံကို ဈေးအမြင့်ပေးခြင်း တို့ကြောင့်ဖြစ်ပါသည်။

Tuesday, 3 May 2016

ရာသီဥတုသင့်တင်မျှတမှုနှင့် ဈေးနှုန်းကောင်းမွန်ခြင်းတို့ကြောင့် စိုက်ဧက မြင့်တက်လာရာအိန္ဒိယနိုင်ငံ ၏ ကြက်သွန်နီအထွက်နှုန်းသည် ၂၀၁၅ -၂၀၁၆ နှစ်၊ သီးနှံ ရာ သီကာလ ဖြစ်သည့် (ဇူလိုင်လမှဇွန်လ)အတွင်း စံချိန် သစ်ဖြစ်သည့် တန်ချိန်၂၀၃ သိန်း အထိ မြင့်တက်လိမ့်မည်ဟု ခန့်မှန်း ထားကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်၊ သီးနှံ ရာ သီ ကာလအတွင်း မိုးနည်းပါးသဖြင့် အထွက်နှုန်းကျဆင်းခဲ့ရာ တန်ချိန် ၁၈ ဒသမ ၉၂ သန်းရှိခဲ့ပြီး၊ ၂၀၁၃-၁၄တွင် ၁၉ ဒသမ ၄သန်းရှိခဲ့ကြောင်း၊ နွေရာသီ ကာလ အတွင်း  ကြက်သွန်ဈေးနှုန်း ကောင်းမွန်မှုသည် တောင်သူ လယ်သမားများအား ဆောင်းရာသီတွင် ကြက်သွန်နီဧက ပိုမိုစိုက်ပျိုးရန် တွန်း အားဖြစ်စေခဲ့သည်ဟု အမျိုး သားဥယျာဉ်ခြံ

Thursday, 7 Apr 2016

      ပဲခူးတိုင်းဒေသကြီး  အနောက် ကြို့ပင်ကောက်မြိ့နယ်တွင် မန်ကျည်းသီးကို သီးခြားစိုက်ပျိုးခြင်းမဟုတ်ဘဲ မိမိတို့၏ ခြံမြေအတွင်း ပေါက်နေသည့် မန်ကျည်းပင်များမှ အသီးများရင့်မှည့်ချိန်တွင် လှုပ်ခြွေ၍ရရှိသည့် မန်ကျည်း သီးများကို အခွံချွတ်ပြီး မန်ကျည်းသီး အဝယ်ဒိုင်များသို့ သွားရောက်ရောင်းချ ကြပါတယ်။  အဝယ်ဒိုင်များမှ ဝယ်ယူ၍ မန်ကျည်းသီး ပွဲရုံ ၅ ရုံသို့ စုပေါင်းပေး သွင်းကြပါတယ်။  ပွဲရုံများအနေဖြင့် ရခိုင်ပြည်နယ်ဘက်သို့ တင်ပို့ရာ တွင် ယခင်နှစ် မန်ကျည်းသီးပေါ်စ ဇန်နဝါရီ မှာ တစ်ပိဿာ ၅၀၀ ကျပ်ဈေး၊ မတ်တွင်  ၄၅၀ ကျပ်ဈေးသာ ပေးဝယ်ပြီး မိုးဦးကျသည်နှင့် ဈေးချကြပါတယ်။ တစ်မြို့လုံးအနေဖြင့်  နှစ်တစ်ပတ်လည် ပိဿာချိန

Thursday, 7 Apr 2016

           ယခုနှစ်အတွင်း ပဲဈေးနှုန်းများ ပြည်ပဝယ်လက်ပဲရော၊ ပြည်တွင်းဝယ် လက်ပဲပါ ဈေးကောင်းရရှိမှုများခဲ့ပေမယ့် ပဲပုပ်သီးနှံဈေးကတော့ ယခုနှစ် အတွင်း  ဈေးအေးခဲ့တဲ့နှစ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ဧပြီလမှ ယခု မတ်လ ကုန်အထိ ဈေးနှုန်းအခြေအနေကိုလေ့လာကြည့်ရာ တစ်နှစ်တာလုံး ကျပ်နှစ် သောင်းအောက်သာရရှိခဲ့ပြီး အနိမ့်ဆုံးတစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အမြင့်ဆုံး တစ်တင်း ၁၉၅၀၀ ကျပ်သာရရှိခဲ့ပါတယ်။ မိုးပဲပုပ်ဈေးရော၊ ဆောင်းပဲပုပ် ေ ဈးပါ ဈေးအတက်အကျသိပ်မဖြစ်ခဲ့ဘဲ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲအထွက်လှိုင်လာချိန်ကာလများမှာ ရန်ကုန်ဝယ်လက်၊ နယ်ဝယ်လက်နဲ့ ဒေသတွင်း လက်လီသမားအဝယ်သွက်ပေမယ့် ပဲလက်ကျန်သာရှိတော့တဲ့ အချိန်မှာ လက်လီသမားအနည်း

Thursday, 7 Apr 2016

         ဟိုချီမင်းမြို့တော်ကုန်စည်ပြပွဲ ၂၀၁၆ (Ho Chi Minh City EXPO 2016) ပြပွဲကို ဧပြီ ၁ရက်က ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့   မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mr. Pham Thanh Dung ၊ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာအကြံပေး Mr. Vo Thi Ngoc Diep ၊ ဗီယက်နမ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဌာနမှ ညွှန်ကြားရေးမှူး Mr. Pham Thiet Hoa , UMFCCI မှတာဝန် ရှိသူများ၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ခဲ့ကြသည်။

Wednesday, 6 Apr 2016

        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လ ၁၉ ရက်မှ ၂၅ ရက်တာ သီတင်းပတ်တွင် ကန်ဒေါ်လာ ၁၀၉၃၉၀ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၁၄၈ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၂၁၄ တန်ခွဲ တင်ပို့ခဲ့တာ မို့ မူဆယ်နယ်စပ်ကနေ နနွင်းတက်တင်ပို့မှု ပုံမှန်ရှိတယ်လို့ ဆိုရပါမယ်။ မူဆယ် ကုန်စည်ဒိုင်မှာ နနွင်းတက်တစ်တန်ကို   (ငွေလဲနှုန်းအရ) မိမိဘက်ပေါက်ဈေး ၈၄၅၆၀၀-၉၀၆၇၅၀ ကျပ်ဈေးအထိ ရှိပါ တယ်။ နနွင်းတက်ကို တစ်ဖက်တရုတ်နိုင်ငံမှာ ဆေးဖော်ဖို့နဲ့ အမှုန့်ပြုလုပ်ဖို့ ဝယ်ယူနေတာကြောင့် ပုံမှန်အရောင်းအဝယ်ရှိနေတာလို့ ကုန်စည်ဒိုင်တွေကတစ်ဆင့် သိရပါတယ်။ နနွင်းခါးကတော့ ဈေးချိုပြီး နည်းနည်းချင်းစီပဲအဝယ် ရှိ

Pages