Main menu

Background

Thursday, 28 Apr 2022

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်သည် စပါးအဓိက စိုက်ပျိုးသည့် ခရိုင်တစ်ခုဖြစ်ပြီး နှစ်စဉ်မိုးစပါးဧက ခြောက် သိန်းကျော်နှင့် မိုးရွာသွန်းမှုအပေါ်မူတည်ပြီး ဆည်ရေရရှိပါ က နွေစပါး ဧကနှစ်သိန်းကျော် စိုက်ပျိုးလျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် မိုးရွာသွန်းမှု နည်းပါး၍ သဖန်းဆိပ်ဆည်သို့ ရေဝင်ရောက်မှု နည်းပါးသဖြင့်  ဆည်မှ ရေလုံလောက်စွာ ပေးဝေနိုင်မှုမရှိသောကြောင့် နွေ စပါး စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ဘဲ အခြားသီးနှံများဖြစ်သည့် နှမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကိုသာ စိုက်ပျိုးခဲ့ကြသည်။ ၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှု များပြားခဲ့သဖြင့် သဖန်းဆိပ်ဆည် နှင့် အခြားဆည်မျာ

Thursday, 28 Apr 2022

၂၀၂၂ ခုနှစ်မတ်လတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၉၀၇သန်း  တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၆၅၀ဝ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၃၅၄၀ ခန့်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၆၅၄၆၀ ခန့်၊ အာဖရိက နိုင်ငံများသို့ ဆန်တန်ချိန် ၂၇၅၇၀ ခန့်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံသို့ ဆန် သုံးတန်နီးပါး တင်ပို့ခဲ့သည်။မြန်မာနိုင်ငံ မှ ဆန်တင်ပို့မှုအများဆုံး နိုင်ငံများမှာ ကင်မရွန်း နိုင်ငံသို့  တန်ချိန် ၂၅၀ဝ၀ ခန့်၊ နယူးဂီနီနိုင်ငံသို့ တန်ချိန် ၂၅၇၀ ကျော်၊ အာရှနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တန် ချိန် ၁၀၃၈၀ ကျော်၊ ဖိလစ်

Tuesday, 29 Mar 2022

ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်တွင် မုန့်ဟင်းခါးဖို ၂၀ခန့်နှင့် မုန့်ဖတ်ခြောက်လုပ်ငန်းလုပ်ကိုင်သူကိုးဦးခန့်ရှိကြောင်း သိရသည်။ မုန့်ဟင်းခါးသည် ဒေသအလိုက်ရေမြေနောက်ခံအရ စားသုံးကြသောအစားအစာများတွင် တစ်မျိုးအပါ အဝင်ဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံသည် မတ် ၁၇ ရက် နံနက်ပိုင်းက သရဖူအမှတ်တံဆိပ် မုန့်ဟင်းခါးခြောက်ထုတ်လုပ်သူဦးသိန်းနိုင်မြင့်နှင့်တွေ့ဆုံပြီး မုန့်ဟင်းခါးခြောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ နေမှု အခြေအနေများကို မေးမြန်းခဲ့သည်။ မုန့်ဟင်းခါးဖတ် ထုတ်လုပ်ရာတွင် ဆန်လတ်ဆန်များကို အဓိကကုန်ကြမ်းအဖြစ်အသုံးပြုရကြောင်း၊ ယခုအချိန်တွင် ဒေသထွက်ဆန်တစ်အိတ်လျှင်

Tuesday, 29 Mar 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနစစ်တွေခရိုင်ပေါက်တောမြို့နယ်တာဝန်ခံဦးကျော်သိန်းအောင်နှင့်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမောင်တင်တို့သည် မတ် ၈ရက်နံနက် ၈နာရီခွဲတွင် ပေါက်တောမြို့အရှေ့ပိုင်းရပ်ကွက်အတွင်းရှိ ထူးချွန်ကဏန်းရောင်းဝယ်ရေး အဝယ်ဒိုင်သို့သွား ရောက်ကာ ပိုင်ရှင်ဦးခိုင်ကျော်လှနှင့် တွေ့ဆုံကာကဏန်းတင်ပို့မှုနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာထူးချွန်ကဏန်း ရောင်းဝယ်ရေးအဝယ်ဒိုင်အနေဖြင့်ပြည်ပနိုင်ငံများ သို့ ကဏန်းတင်ပို့ခြင်းကို၂၀၁၀ခုနှစ်ဇန်နဝါရီလမှစ၍ ဆောင်ရွက်လျက်ရှိသည်။ရေထွက်ပစ္စည်းများထုတ်လုပ်မှုမှာ ရေချို၊ရေငန်၊ငါး၊ပုစွ

Monday, 21 Mar 2022

အညာဒေသတွင် လယ်ယာလုပ်ငန်းခွင်နားချိန်၌ ပျားရှာပျားဖွတ် လုပ်ကိုင်သူများ လက်ရှိ ပျားရည်ဈေးကောင်းမွန်သောကြောင့် ဝင်ငွေရနေကြောင်း မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်က ပျားရှာသူများထံမှ သိရသည်။

Monday, 21 Mar 2022

ကျောက်မဲမြို့ (၇)ရပ်ကွက်၌ ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချလျက်ရှိသည့်  အိမ်တွင်းမှုစားသောက်ကုန် လုပ်ငန်းဖြစ်သော    “သင်းရနံ့”အမှတ်တံဆိပ်၏ ကုန်စည်အား မတ် ၃ ရက်တွင် စားသုံးသူရေးရာ ဦးစီး ဌာနမှ ဝန်ထမ်းများ  သွား ရောက်၍ ကုန်ကြမ်းမှတစ် ဆင့် ကုန်ချောအဖြစ်  ထုတ်လုပ်နေမှုများကို ကွင်း ဆင်းလေ့လာစစ်ဆေးခဲ့ကြကြောင်း၊ ယင်းသို့စစ်ဆေး ခဲ့ရာတွင်    ကုန်ကြမ်းပစ္စည်းဖြစ်သော    အာလူးကို အောင်ပန်းမြို့မှ    တိုက်ရိုက်မှာ ယူခြင်း ဖြစ်ကြောင်း၊ အောင်ပန်းမှ အာလူးသည် ယခုလက်ရှိ ဝယ်ဈေးနှုန်း မှာ ပိဿာချိန် ၃၀ တစ်အိတ်လျှင် သယ်ယူစရိတ်အပါ အဝင် ၈၀ဝ၀ဝကျော်ရှိကြောင်း သိရှိရသည်။

Monday, 21 Mar 2022

ကမ္ဘာ့စီးပွားရေး     ပြန်လည်ဦးမော့လာမှု၊ ကွန်တိန်နာ မလုံလောက်မှုနှင့်ကုန်သွယ်မှု မြှင့်တင် ရေးတို့အတွက်     သက်ဆိုင်ရာများ၏ဆောင်ရွက် ချက်များကြောင့် ထိုင်းပို့ကုန်များအနေဖြင့် ၎င်းတို့ ၏တိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားလျက် ရှိကြောင်းနှင့် ယခုနှစ် ဇန်နဝါရီလတွင် နှစ်အလိုက် ၌ ပို့ကုန်တိုးတက်မှု ၈ရာခိုင်နှုန်း   ရရှိခဲ့ကြောင်း သိရှိရသည်။စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏  မတ် ၂၃ ရက် ထုတ်ပြန်ချက်အရ အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့ မှုမှာအမေ ရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံ  ရရှိခဲ့ကြောင်း၊ သွင်းကုန် တင်သွင်းမှုမှာလည်း ၂၀ ဒသမ ၅ ရာခိုင် နှုန်းတိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာ

Monday, 21 Mar 2022

ကတွတ်ပင်သည် သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး   မြန်မာ နိုင်ငံအနှံ့   သစ်တောတိုင်းလိုလိုမှာ    ပေါက်ရောက်တတ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပိုမိုတွေ့ရတတ် ပြီး ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်း ပြည်မြို့နယ်အတွင်း အနောက် ရွာသစ်ကျေးရွာနှင့် ပျဉ်းပင်ကိုင်းကျေးရွာအနီး  သစ်တောကြိုးဝိုင်း များတွင် အလေ့ကျပေါက်ရောက်နေကြောင်း သိရှိရသည်။=ကတွတ်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး ညောင်ပင်မျိုး တွင်ပါဝင်၍ အမြဲစိမ်းလန်းသောအပင်မျိုးဖြစ်သည်။ အသီးမှာ  အဝါရောင်ရှိပြီး အညိုရောင်အမွေးနုများ ဖုံးအုပ်ထားသည်။ ကတွတ်သီးမှာ အချိုသီး နှင့်အချဉ်သီးဟူ၍ နှစ်မျိုးရှိသည်။ကတွတ်သီး ကို ရှေးနှစ်ပေါင်း ၅၀ဝ၀ ကျော်ကတည်းက

Monday, 21 Mar 2022

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်  စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် သီဟိုဠ်စိုက်ပျိုးသူ တောင်သူများအား မြေယာပိုင်ဆိုင်မှုလျှောက်ထားမှုအခြေအနေနှင့် ဈေးကွက်ဈေးနှုန်း စိုက်ပျိုး ထုတ် လုပ်မှုနှင့် ဆက်လက်တိုးချဲ့စိုက်ပျိုးမည့်အခြေအနေများကို သီဟိုဠ်လုပ်ငန်းရှင်များအသင်းရုံး၌ မတ် ၇ ရက် နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန    မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ် က မိမိတို့ဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှု  ဖွံ့ဖြိုးတိုး တက်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် သီဟိုဠ်စိုက်ပျိုးတောင်သူများ၏ မြေယာပိုင်ဆိုင်ခွင့်

Thursday, 17 Mar 2022

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ပြည်ပဈေးကွက် ဝယ်လိုအားရှိသော  မိချောင်းကွမ်းဖတ်စိုက်ပျိုးသည့် တောင်သူများ ယခုနှစ်တွင် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း ကျောင်း ကုန်းမြို့နယ် သစ်ဆိမ့် ကုန်း ကျေးရွာအုပ်စု    ရွှေကညင်ပင်ကျေးရွာရှိ မိချောင်းကွမ်းဖတ် စိုက်ပျိုးသူတောင်သူ ဦးကျော်စိုးထံမှ သိရသည်။ကျောင်းကုန်းမြို့နယ်တွင် ယခင်မိချောင်းကွမ်းဖတ် စိုက်ပျိုးသော တောင်သူ ၂၅/၃၀ ခန့်ရှိပြီး  ဈေးကွက် ဝယ်လိုအား ရှိသော်လည်း ဈေးနှုန်း ခန့်မှန်းလို့မရသောကြောင့် နောက်ပိုင်းတွင်    မိချောင်းကွမ်းဖတ်စိုက်ပျိုး သော တောင်သူများ လျော့နည်းလာကြောင်း၊  ၂၀၁၆ခုနှစ်တွင်  မိချောင်း ကွမ်းဖတ် တစ်ပိဿာကို

Pages