Main menu

Background

Tuesday, 9 May 2023

ပဲခူးတိုင်းဒေသကြီး၏ ကြက်သွန်နီ ဈေးနှုန်းများမှာ မတ်လတွင် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ၊ လက်ကား ဈေးနှုန်း ကျပ် ၁၄၀ဝ ရှိခဲ့ပြီး ဧပြီလ တတိယပတ် တွင် ကြက်သွန်နီဈေး တစ်ပိဿာ  ကျပ် ၁၈၀ဝ၊ လက်ကား ဈေးနှုန်း တစ်ပိဿာ  ကျပ် ၁၆၅၀ ဖြင့် ဈေးအနည်းငယ် မြင့်တက်လာခဲ့သည်။

Wednesday, 26 Apr 2023

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၉ သိန်းကျော် ဝန်းကျင်တွင်သာ ဆက်လက်တည်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 

ဧပြီ ၂၀ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၉၉၂ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ၂၉၆၇၀ဝ၀ ကျပ်ဖြစ်ကြောင်း သိရသည်။

Tuesday, 25 Apr 2023

၂၀၂၃ခုနှစ် ဧပြီလ တတိယပတ် အတွင်း   ရွှေဘိုမြို့နယ်တွင်  အခြေခံ စားကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်း ဆန်(သစ်)တစ်ပြည် ကျပ် ၃၅၀ဝ ၊ ဧရာ မင်းဆန်(သစ်) တစ်ပြည် ကျပ် ၃၀ဝ၀ ဖြင့်   အရောင်းအဝယ်   ဖြစ်လျက်ရှိ သည်။  

Monday, 24 Apr 2023

လက်ရှိ သရက်လှိုင်လှိုင်ပေါ်ချိန်တွင် ပြည်ပ နိုင်ငံများသို့ တင်ပို့ရန်အတွက်   အရည်သွေးမီသည့် သရက်သီးများ ဈေးကောင်းရရှိနေကြောင်း သရက် သီးတင်ပို့ရောင်းချသူများထံမှ သိရသည်။
အသီးကောင်း၊ အသီးရင့်၊  အသီးလှပါက ဈေးကောင်းပေးဝယ်ကြပြီး   စိန်တလုံးတစ်ခြင်းလျှင် ပျမ်းမျှ ၁၂၀ ယွမ် မှ ၁၇၀ ယွမ်အထိ ရရှိကြောင်း သိရသည်။

Monday, 24 Apr 2023

ဗီယက်နမ်နိုင်ငံ အခြေစိုက် VinFast ကုမ္ပဏီသည် ၎င်းတို့ထုတ်လုပ်သည့် လျှပ်စစ်မော်တော်ကားများကို အမေ ရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ ဈေးကွက်တို့သို့ ဒုတိယ အသုတ်အဖြစ် VF8 မော်ဒယ် အစီးရေ ၁၈၀ဝ ကို ထပ်မံတင်ပို့ လိုက်ကြောင်း vietnamplus.vn သတင်းဌာနက ဧပြီ ၁၉ ရက်တွင် ရေးသားဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံ ပုဂ္ဂလိကလုပ်ငန်းစု Vingroup ၏အဖွဲ့ဝင်ဖြစ်သော VinFast သည် ၎င်း၏ VF8 မော်ဒယ် လျှပ်စစ်ကားအစီးရေ ၁၈၀ဝ ကို ဗီယက်နမ်နိုင်ငံ မြောက်ဘက်ပိုင်းရှိ Hai Phong မြို့ MPC ဆိပ်ကမ်းမှတစ်ဆင့်  အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့သို့ တင်ပို့ရန် ကြေညာခဲ့ခြင်းဖြစ်သည်။

Monday, 24 Apr 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ အောင်မြင်စွာ စိုက်ပျိုးပြီးစီးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် နွေနှမ်းလျာထားစိုက်ဧက ၃၉၇၀၃ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ၂၈၁၃၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ 

Friday, 31 Mar 2023

၂၀၂၃ ခုနှစ် မတ်လ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးနှုန်းမှာ ပထမပတ်ဈေးနှုန်းအတိုင်း အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိပြီး စားဖိုဆောင်သီးနှံဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။မတ်လ ပထမပတ်အတွင်း   ပေါ်ဆန်း (အသစ်)ဆန် ၂၄ ပြည်ပါ    တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ၇၂၀ဝ၀၊ ဧည့်မထ ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀ မှ ၆၀ဝ၀ဝ၊  ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၆၀ဝ၀ မှ ၅၈၀ဝ၀ အတွင်း စားဖိုဆောင် သီးနှံများဖြစ်သော ကြက်သွန်ဖြူ (ရှမ်း)၁၀ပိဿာ တစ်အိတ်ကျပ် ၆၇၀ဝ၀မှ ၆၈၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ် အိတ် ကျပ် ၄၃၀ဝ၀ မှ ၄၄၀ဝ၀ အတွင်း ချင်း တစ်ပိဿာ ကျပ် ၂၂၀ဝ မှ

Thursday, 30 Mar 2023

ကရင်ပြည်နယ်ထွက် သီဟိုဠ်စေ့ ကုန်ကြမ်းများမှာ ယခုနှစ်တွင် ယခင်နှစ်ထက် ကုန်ကြမ်းဈေးနှုန်း နှစ်ဆခွဲခန့် ရရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း သီဟိုဠ်စေ့ထွက်ရှိချိန်မှာ ဖေဖော်ဝါရီလလယ်မှ ဧပြီလလယ်ထိဖြစ်ပြီး ယမန်နှစ်က အရည်အသွေးကောင်းမွန်သည့် သီဟိုဠ်စေ့ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ ဖြင့် ဈေးပိတ်ခဲ့သည်။ ယခုနှစ် အဖွင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဖြင့် ဈေးနှုန်းဖွင့်ခဲ့ကာ ဈေးကွက်လိုအပ်ချက်အရ ယခုနှစ် မတ်လလယ်တွင် တစ်ပိဿာလျှင် ကျပ် ၄၉၀ဝ မှ ၅၂၀ဝ အထိ ‌ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း ကော့ကရိတ်မြို့ရှိ သီဟိုဠ်စေ့ အဝယ်ဒိုင်လုပ်ငန်းရှင် ဦးလှရွှေက ပြောသည်။

Thursday, 30 Mar 2023

တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ ၁၉၃၉ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ခဲ့သည်။ ယခုအခါတွင် စိုက်ဧကများအားလုံး  ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ တောင်သူများ၏ ပြောပြချက်အရ တစ်ဧကလျှင်  ပျမ်းမျှ ၁၅ တင်းနှုန်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်ကထက် အထွက်နှုန်း အနည်းငယ်ကျဆင်းကြောင်း သိရှိရသည်။

Tuesday, 28 Mar 2023

အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီး အတွင်းသို့ မတ် ၁၅ ရက်မှ မတ် ၂၁ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၁၀ဝ၀ မှ ၁၆၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀ဝ မှ ၂၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၅၀ဝ မှ ၁၅၀ဝ

Pages