Main menu

Background

Tuesday, 20 Dec 2022

တောင်အမေရိကတိုက်၏ နိုင်ငံတစ်ခုဖြစ်သည့် ဆူရီနမ်က မြန်မာ့ပြောင်း ဝယ်ယူတင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဌာနအနေဖြင့် မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိသည့် ပြောင်း ၈၇၅ တန်ကို ဆူရီနမ်သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း   တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်စာရင်းများအရ ကမ္ဘာ့အသေးဆုံးနိုင်ငံများတွင်  ပါဝင်ပြီး  လူဦးရေ ခြောက်သိန်းခန့်သာရှိသည့် ဆူရီနမ်နိုင်ငံသည် လက်ရှိတွင် မြန်မာ့ပြောင်း ဈေးကွက်၏ တောင်အမေရိကတိုက် ဖောက်သည်ဈေးကွက် အသစ် ဖြစ်လာခဲ့ကြောင်း သိရသည်။

Thursday, 8 Dec 2022

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂၉ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၉၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ ၄၀ ဒသမ ၁၂၁ သန်း ဖြစ်ကာ အနီးစပ်ဆုံးကာလ ယခင်တစ်ပတ်ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉၆ သန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၅၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၈ သန်း ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Monday, 28 Nov 2022

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် စိုက် ပျိုးထုတ်လုပ်သည့်   ကြံများကို  တရုတ်ဘက်က ဝယ်လိုအားကောင်းမွန်ပြီး နှစ်စဉ် တင်ပို့လျက်ရှိ ရာ ယခုနှစ် ကြံရာသီ၌ ကြံတစ်တန်လျှင် ယွမ်ငွေ ၄၅၀ (မြန်မာငွေ  နှစ်သိန်းကျော်)ဖြင့်  ဈေးဖွင့် ဝယ်ယူမည်ဖြစ်ရာ    ဈေးကောင်းရရှိကြောင်း သကြားနှင့်   ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

Wednesday, 9 Nov 2022

အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၄၆ ဒသမ ၈၄၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၇၅၀ဝ၀ ကျော်  တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိုမန်နိုင်ငံ မှ တန်ချိန် ၂၅၀ဝ၀ ကျော်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ချိန် ၂၇၀ဝ၀ ကျော်၊ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံမှ တန်ချိန် ၈၅၀ဝ ကျော်၊  ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၅၂၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၃၈၀ဝ ကျော်၊ တောင် ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၇၀ဝ ကျော်၊မလေးရှားနိုင်ငံမှ တန်ချိန် ၃၀ ကျော်၊အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၂၀ကျော်၊စပိန်နိုင်ငံမှတန်ချိန် ၁၅ တန်ကျော်နှင့် အိန္ဒိယနိုင်ငံမှ တန်ချိန် ငါး

Wednesday, 2 Nov 2022

ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်းနယ်စပ်ဂိတ် ငါးခုမှတရုတ်ထံကုန်သွယ်မှု  အမေရိကန်ဒေါ်လာ သန်း ၁၂၀ဝ ကျော်ရှိနေပြီဖြစ်ကြောင်း    စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန    ကုန်သွယ်ရေးဦးစီး ဌာနမှ  သိရ သည်။ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ခြောက်လတာ ကာလအတွင်းအဆိုပါ နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုမှာ စုစု ပေါင်း အမေရိကန်ဒေါ်လာ ၁၂၂၆ သန်း  ကုန်သွယ်မှု ပြုလုပ်ထား ခြင်းဖြစ်သည်။အဆိုပါ ကာလ အတွင်းမူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ကုန်သွယ်မှုမှာအမေ ရိကန်ဒေါ်လာ ၁၁၀၁ ဒသမ ၃၁ သန်းရှိကြောင်း သိရသည်။အလားတူ  ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း ကုန် သွယ် မှုမှာ အမေရိကန်ဒ

Wednesday, 26 Oct 2022

၂၀၂၂ ခုနှစ်  အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၇၉ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄၂သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိ ကန် ဒေါ်လာ ၃ ဒသမ ၆၂၁သန်းဖြစ်ပြီး ကာလတူဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄၉သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏ အနေဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၄၃ သန်း ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ဆန်၊ လက်ဖက် ခြောက်၊ ဝဥ(ခြောက်)၊ ဆန်ကွဲ၊  ရော်ဘာSMR 20၊ ရော

Thursday, 13 Oct 2022

ရွှေကူ၊  မဘိန်း၊  မန်စီ၊  မိုး မောက်၊ ဗန်းမော် မြစ်ကြီးနား၊ ဆင်ဘို၊ တာလော့ကြီး ဒေသများမှ ထွက်ရှိသော ကြိမ်များကို ဗန်းမော် မြို့ရှိ တစ်ပိုင်တစ်နိုင် ကြိမ်လုပ်ငန်း ရှင်များက    ဗန်းမော်မြို့အရောက် ကြိမ် တစ်ချောင်းလျှင်   ၄၀ဝ ကျပ် ခန့်ဖြင့်ဝယ်ယူကြပြီးအချောသပ်ခြင်း၊ နေလှန်းခြင်းများဆောင်ရွက် အကြမ်းထည်အတိုင်း တရုတ် နိုင်ငံသို့တင်ပို့ကြကြောင်းသိရသည်။ တရုတ်နိုင်ငံသို့"တောင်"ကြိမ် တစ်မျိုးတည်းသာ တင်ပို့ပြီး ကျန်ကြိမ်အမျိုးအစားများအား ရန်ကုန်၊ မန္တလေးမြို့များသို့  တင်ပို့ရောင်းချ ကြသည်။  အရည်အသွေးအပေါ် မူတည်၍ "တောင်"ကြိမ် တစ်တန် လျှင် ဈေးနှုန်း ၄၅၀ဝ ယွမ်မှ ၆၀ဝ၀ ယွမ်အထိ ရရှိကြောင်းသိရှိရသည်။ ၂၀၂၂-၂၀

Wednesday, 12 Oct 2022

၂၀၂၂ ခုနှစ်  စက်တင်ဘာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၆၄၆ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄၉ ဒသမ ၃၆၇ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၁၀ ဒသမ ဝ၁၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။  ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၀ဝ သန်း လျော့နည်းခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၀၃ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၉၇ သန်း ပိုမိုခဲ့သည်။

Thursday, 29 Sep 2022

ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည့် ကြက်သွန်နီများကို မူဆယ်၊ ချင်းရွှေဟော် နယ်စပ်များမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာမှ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုတွင်Close loop management   စနစ်အရ အကန့်အသတ်ဖြင့်သာ ကုန် သွယ်မှုဆောင်ရွက်နေရသဖြင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့မှု နည်းခဲ့ပြီး မြဝတီ၊ ထီးခီး၊ မောတောင် နယ်စပ်များမှတစ်ဆင့် ကြက် သွန်နီများကို ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့လျက်ရှိသည်။

Thursday, 22 Sep 2022

မြန်မာ-ထိုင်းနယ်စပ်ရှိ   ကော့သောင်း ကုန် သွယ်ရေးစခန်းမှ   ယခုဘဏ္ဍာနှစ်  သြဂုတ်လတွင် ပို့ကုန်အမေရိကန်ဒေါ်လာ   ၁၉ ဒသမ ၃၉၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ဒသမ ၈၇၉ သန်း ဆောင်ရွက်နိုင်၍ ကုန်သွယ်မှုပမာဏ  အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၂၇၄ သန်း  ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။ယမန်နှစ်ကာလတူ  သြဂုတ်လနှင့်နှိုင်းယှဉ် ချက်အရ ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာသုည ဒသမ ၃၄၅ သန်း၊  သွင်းကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ သုည ဒသမ ၇၅၁ သန်း ပိုမိုသဖြင့်  ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၉၆ သန်းပိုမိုကြောင်း သိရသည်။ကာလတူထက် ပို့ကုန်ပိုင်းပိုမိုရခြင်းမှာအဓိက ပို့ကုန်ပစ္စည်းဖြစ်သော ငါးမျိုးစုံ၊   ပ

Pages