Main menu

Background

Wednesday, 24 Oct 2012

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး TPIS  ရုံးခန်းမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်မှ တိုင်း TPIS  ဝန်ထမ်းများနဲ့ ကော်မှုန့်စွန့်ပစ်ပစ္စည်းများနဲ့ သဘာ၀ မြေသြဇာထုတ်လုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်တို့တွေ့ဆုံပြီး အရည်အသွေး၊ ထုတ်လုပ် ရောင်းချနိုင်မှု၊ ဈေးကွက်အခြေအနေများနဲ့ ယခုအခါလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နည်း ပညာအကူအညီများရယူပြီး ဈေးကွက်ကျယ်ပြန့်လာစေရန် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 24 Oct 2012

နိုင်ငံတကာမှာ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းဟူ၍ ဖွဲ့စည်းဆောင်ရွက်နေခြင်း ရှိကြောင်း၊ မောင်တောနယ်စပ်ကုန်သည်အသင်းရဲ့အမည်ကိုက မောင်တောနယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်တဲ့ အသင်းဖြစ်ကြောင်း၊ မောင်တောဒေသရှိပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းမဟုတ်ဘဲ အခြားဒေသများက လာတဲ့ပစ္စည်းများကိုသာ ကော်မရှင်စားနဲ့ တင်ပို့လုပ်ကိုင်နေတာတွေ့ရကြောင်း၊ ထုတ်လုပ်မှုအပိုင်းတိုးတက်အောင် အသင်းသားများပူးပေါင်းလုပ်ဆောင်ကြဖို့လိုအပ်ကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်အရ အရောင်းသွက်မဲ့ ပစ္စည်းများကို စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ဖို့၊ အကျိုးအမြတ်များမဲ့ Value Added ပြုလုပ်တင် ပို့ရောင်းချနိုင်ဖို့ ရေရှည်ကိုကြည့်ပြီး အယူအဆလုပ်ရပ်များကို ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်းကို လည်း ပြည်နယ်မန်နေဂျာဦးစိုးပိုင်က အောက်တိုဘာ ၇ ရက်ကပြုလုပ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။

Monday, 15 Oct 2012

မြန်မာနိုင်ငံတွင် နနွင်းအများဆုံး စိုက်ပျိုးထုတ် လုပ်သည့် မြို့များမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပင်လောင်းမြို့နှင့် ကျောက်ဆည်မြို့နယ်တို့ ဖြစ်ပါ တယ်။ နနွင်းသည် စိုက်ပျိုးကာလ ခုနစ်လမှ ၁၀ လခန့်ကြာမြင့်သော်လည်း အကျိုးအမြတ်အနေဖြင့် အခြားသီးနှံများနှင့် မကွာခြားသဖြင့် စီးပွားဖြစ်စိုက် ပျိုးသူ နည်းပါးပါတယ်။

Monday, 15 Oct 2012

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် နှမ်းအများဆုံးတင်သွင်းသည့် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သည်။ အမှုန့်လုပ်၍ လည်းကောင်း၊ ဟင်းခတ်အမွှေးအကြိုင်အဖြစ် လည်းကောင်း၊ ဆလတ်ရွက်များအပေါ် ဖျန်းသည့်အရည်တွင် လည်းကောင်း၊ မုန့်ပဲ သွားရေစာများ၌ လည်းကောင်း၊ ထမင်းဆုပ်များတွင်လည်း ကောင်း အမျိုးမျိုးအသုံးပြုကြပါသည်။ ဂျပန်နိုင်ငံသို့ နှမ်းနှင့် နှမ်းမှုန့်များ၊ ချင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်များ တင်ပို့လိုလျှင် လည်းကောင်း၊ အမျှင်မပါသည့် Fresh Ginger   များ တင်ပို့လိုလျှင်လည်းကောင်း  Kyosei Syoji Co.,Ltd ၊ Mr. Akira Fujimura ၊ President ၊ e-mail-a-fujimura@h8.dion.ne.jp ၊ Telephone -03-5805-2881၊ Fax-03-5805-2882 ESifh Ms. Michiko Kamioka ၊ Project Manager ၊ ASEAN-Japan Centre? e-mail-mkamioka2@asean.or.jp သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။MMS(IT)

Monday, 15 Oct 2012

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ TPIS  ရုံးခန်းတွင် အောက်တို ဘာလ ပထမပတ်က ကျုံပျော်မြို့နယ် ပီလောပီနီံ(ကလော)လုပ်ငန်းရှင် များလာရောက်ပြီး ပြည်တွင်းဈေးကွက်မှ  Value  Added  ပြုလု ပ်ပြီး ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရပါ တယ်။

Monday, 15 Oct 2012

နိုင်ငံတော်မှ များစွာဖြေလျော့ပေးနေခြင်းအပေါ် ကုန်သည်လုပ်ငန်းရှင်များအားလုံး သိရှိကြပြီးဖြစ်သလို လက်တွေ့မှာလည်းအကျိုးခံစားနေကြရကြောင်း၊ နိုင်ငံတော်မှ ဖြေလျော့ပေးချိန်မှာ မိမိတို့ဘက်ကလည်း နိုင်ငံကြီး သားပီသစွာ နိုင်ငံတော်ကိုပေးဆောင်ရမဲ့ အခွန်အခများကို ပေးဆောင်သွားမှာဖြစ်ကြောင်း မြဝတီနယ်စပ်ကုန် သည်အသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာ အောက်တိုဘာလ ၂ ရက်ကပြုလုပ်တဲ့ ကုန်သွယ်မှုလျာထားချက်ပြည့်မီကျော်လွန်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါ တယ်။ မိမိတို့ တရားဝင်လမ်းကြောင်းမှသွားပြီး အကျိုးအမြတ် ခံစားရနေချိန်မှာ တရားမဝင်လမ်းကြောင်းက သွားလာနေသူများကို နားလည်သဘောပေါက်အောင်ရှင်းပြပြီး တရားဝင်လမ်းကြောင်းပေါ် သို့ ရောက်ရှိ လာစေရေးစည်းရုံး တိုက်တွန်းလျက်ရှိကြောင်းနဲ့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုများအပေါ် အမျိုးသားရေး စိတ်ဓာတ်နဲ့ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ဒေါ်သင်းသင်းမြတ် က ပြောကြားခဲ့တာဖြစ်ပါတယ်။

Monday, 15 Oct 2012

ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံ လုပ်ထုံးလုပ်နည်းဥပဒေများကို သိရှိစေရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သင်တန်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တော် ခန်းမမှာ အောက်တိုဘာလ ၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

Monday, 15 Oct 2012

နိုင်ငံအဝှမ်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့  ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လုပ်ငန်းစဉ်ကြီး ရှစ်ရပ်ကို ကဏ္ဍများခွဲခြားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အဓိကအားဖြင့် လူဦးရေ နေထိုင်မှု အချိုးအစားများ တဲ့ ကျေးလက်ဒေသနေ ပြည်သူတွေကို လူမှုစီး ပွားဘ၀ တိုးတက်စေခြင်းအားဖြင့် ကျေးလက်ဒေသများမှာလည်း တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။

Monday, 15 Oct 2012

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း (MFFVP) နဲ့ ကျွဲကောသီး စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ (PGG)တို့ ပူးပေါင်းကျင်းပ သော ကျွဲကောသီးပြပွဲ၊ ပြိုင်ပွဲနဲ့ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်မှ ၇ ရက်နေ့ထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကား ကျေးရွာ၊ စိမ်းလဲ့တင်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနဲ့ ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်း၀ ယ်ရေး မှ အထွေထွေမန်နေဂျာနဲ့ မွန်/ကရင်ပြည်နယ်မန်နေဂျာ နဲ့ဝန်ထမ်းများ၊ ပြပွဲ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင် များ၊ အကဲ ဖြတ်ဒိုင်အဖွဲ့ဝင်များ၊ စာတမ်းဖတ်ကြားမယ့်ပညာရှင်များ၊ ကျွဲကောသီး စိုက်ပျိုးထုတ်လုပ်သူ ခြံရှင်များ နဲ့ စိတ်ပါ ဝင် စားသူများ စုစုပေါင်း ၁၈၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

Monday, 8 Oct 2012

သရက်သီး မျိုးကောင်းမျိုးသန့်များ ထွက်ရှိရေးနဲ့ Export  ဈေးကွက်မှာ ဈေးကောင်းရရှိစေရန် ဆွေးနွေးပွဲ ကို ကျောက်ဆည် မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာ သင်းဒီးစိုက်ပျိုးပညာပေးစခန်းမှာ စက်တင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

Pages