Background
အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တိုးမြှင့်ခြင်းက ပဲစင်းငုံဈေးနှုန်းထပ်မံ မြင့်တက်စေဖို့ဖြစ်စေတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မိုးရာသီအတွင်း ဝယ်လိုအားမြင့်တက်ဖွယ်ရှိပြီး ပြည်ပတင်သွင်းမှုအပေါ်ကို မှီခိုမှု ပိုမိုလာတဲ့အတွက် ပဲစင်းငုံဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပဲစင်းငုံကို ပြည်ပဝယ်လက်အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ပြည်ပ ဝယ်လက်အဝယ်သွက်လျက်ရှိလာတဲ့အတွက် တချို့ကုန်သည်များက လက်ကျန် နည်းလာပြီဖြစ် သလို ဈေးပိုမိုလာ မယ့် ခန့်မှန်းချက်အရ ရောင်းချမှုနည်းလာတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲစင်းငုံလက်ကျန်နည်းနေပြီး တင်ဒါခေါ်ယူမှုများ လည်းရှိလို့ ပြည်ပဝယ်လက် အဝယ်သွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်တစ်ပတ်က မတ်ပဲဈေးအနည်းငယ် လျော့လာရာမှ ယခုတစ်ပတ်မှာ အဝယ်ပြန်လိုက်လာလို့ ဈေးအနည်းငယ် တိုးလာ ခဲ့ပါတယ်။ ပဲထုတ်လုပ်ရာဒေသမှ ပဲအဝင်နည်းပေမဲ့ လက်လီ ဈေးကွက်မှာ ဝယ်လို အားတက်တာကြောင့် လက်ကားဈေးများ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါ တယ်။
ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၂၂၀၀ ကျပ်ဈေးနဲ့အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၁၂၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ကြတာကြောင့် ဈေးအနည်းငယ်မြင့်လာ ပါတယ်။ မတ်ပဲဈေးမြင့်တက်လာသော်လည်း ကုန်စည်ဒိုင်မှာ ပဲအရောင်းအဝယ်ဖြစ်မှုမှာ နည်းပါးသွားပြီး၊ တင်ပို့မှု လည်းယခင်တစ်ပတ်ထက် လျော့နည်းသွားကြောင်း တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် ပဲစီးဆင်းမှုမှာ တစ်နေ့ကို ပျမ်းမျှအိတ် ၁၅၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှု အားပြန်ကောင်းလာခဲ့ပါတယ်။ အိန္ဒိယဝယ်လက် အဝယ်ပြန်လိုက်လာတဲ့အတွက် ဈေးကွက်မှာ အရောင်းအဝယ်သွက်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယ ရူပီးဈေးက ဆက်လက်နိမ့်ကျနေတာကြောင့် မတ်ပဲဈေးက တက် သင့်သလောက် များများမတက်ဘူးလို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်အတွင်း တန် တစ်သောင်းအောက်ကို လျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇွန် ၁၁-၁၅ ရက်) အတွင်းမှာ တန်ချိန် ၉၁၀၀ ကျော်သာ တင်ပို့ခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ကြက်သွန်ဖြူထုတ်လုပ်မှုက ယခင် ၂၀၁၁ ခုနှစ်ထက် လျော့ကျမယ့် သတင်းများအပြင် ယခင်နှစ်ထွက်ရှိတဲ့ ကြက်သွန်ဖြူလက်ကျန်လည်း လျော့ကျတဲ့အတွက် မကြာသေးခင် သီတင်းပတ်များအတွင်း ကြက်သွန်ဖြူခြောက်ဈေး သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ အီရော့ နနွင်းဈေးကွက်တစ်ခုမှာ နနွင်းဈေးများ ၃ လကြာ ကျဆင်းပြီးနောက် ဇွန် ၁၃ ရက်မှာ တစ်တန် ရူပီး ၄၀ဝဝဝ(ကန်ဒေါ်လာ ၇၁၈)ဈေးဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ မတ်လ ၆ ရက်နေ့မှာ နနွင်း တစ်တန် ရူပီး ၄၁၄၉၀ (ကန် ဒေါ်လာ ၇၄၅)နဲ့ အမြင့်ဆုံးရောက်ရှိခဲ့ပြီးနောက် ရူပီး ၄၀ဝဝဝ အောက်ကို ပြန်လည် ကျဆင်းခဲ့တာဖြစ်ပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ နနွင်းအဝင်က ပုံမှန်ရှိနေပါတယ်။ တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၃၀ဝ ခန့် အဝင်ရှိနေ တယ်လို့လည်း အောင်ပန်းဈေးကွက်က သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ အသုံးပြုဖို့ (အမှုန့်ကြိတ်ပြီး ရောင်းဖို့) အတွက်၊ ဖြူး၊ တောင်တွင်းကြီး၊ ပြည်ဘက်က အဝယ်ရှိလာတယ်လို့လည်း သိရပါတယ်။
ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်းတန်ဖိုးရှိ နနွင်းတက်များကို မူဆယ်နယ်စပ်မှ ၁၆၇ တန်နဲ့ မြဝတီနယ်စပ်မှ ၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နနွင်းတက် တင်ပို့မှုထက် တန် ၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ဝ၁၉၈ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၅ တန်ကျော် အပို့ရှိခဲ့ပါသေးတယ်။ MIRT(DOBT)
