Background
မတ်လ ဒုတိယအပတ်မှစပြီး အောင်ပန်းဈေးကွက်ကို တီကျစ်၊ နောင်တရားဘက်မှ ကြက်သွန်ဖြူအသစ်နဲ့ သိမ် ကုန်းဘက်မှ အာလူးအသစ်များ စတင်ဝင်ရောက်လာပြီဖြစ်ပါ တယ်။ ဖေဖော်ဝါရီလမှာ အောင်ပန်းဒေသရှိ ကြက်သွန်ဖြူနဲ့ အာလူးသီးနှံများ ပွဲရုံလက်ကျန် ကုန်သလောက်ဖြစ်ပြီး၊ ဆင် ဖြူကျွန်းမှ ကြက်သွန်ဖြူနဲ့ အာလူးများ အောင်ပန်းဈေးကွက် ကို ပြန်လည် တင်သွင်းခဲ့ရပြီး၊ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက်ဈေးမှာ နိမ့် ၁၀၀၀ ကျပ်မှ မြင့် ၃၀၀၀ ကျပ်ထိ ဖြစ်ခဲ့ပြီး၊ အာလူးမှာ နိမ့် ၆၅၀ ကျပ်မှ အမြင့် ၉၅၀ ကျပ်ထိ ဈေးမြင့်ခဲ့ပါ တယ်။ ဒီတစ်ပတ်မှာတော့ ဒေသတွင်း ကြက်သွန်ဖြူအသစ် များ ဈေးကွက်ကို ဝင်ရောက်လာပြီး၊ တစ်ပိဿာ ၇၀၀ ကျပ် - ၁၇၀၀ ကျပ် ရှိနေပါတယ်။ ဒေသအာလူးမှာ တစ်ပိဿာ ၆၅၀ ကျပ်ရှိပြီး ဆင်ဖြူကျွန်းအာလူးမှာ ယခင်အပတ်အထိ တစ်ပိဿာ ၉၅၀ ကျပ်ရှိခဲ့ရာမှ ဒီတစ်ပတ်မှာတော့ ချက်ချင်းဆိုသလို တစ်ပိဿာ ၆၅၀ ကျပ်ထိ ဈေးကျသွား ကြောင်း သိရပါတယ်။ငြိမ်းငြိမ်းထွေး - တောင်ကြီး
ပြည်ချင်းဈေးကွက်ကို ယခုတစ်ပတ် တောင်ကြီး၊ အောင်ပန်းဘက်မှ ချင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် ဝင်ရောက်ခဲ့ပါတယ်။ နယ်ဝယ်လက်က ဝယ်ယူမှု အားကောင်းလို့ ဈေးမြင့်ခဲ့တာကြောင့် ယခုနှစ်မှာ ချင်းဈေး ကောင်းနေပါတယ်။ အရောင်းအဝယ်မှာ တစ်နေ့ ပိဿာ ၄၀၀ ခန့် ပုံမှန်ရောင်းဝယ်နေပြီး၊ ချင်း တစ် ပိဿာ (ရှယ်) ၂၀၀၀ ကျပ်၊ (ဂျွန်) ၁၈၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ဧရာဝတီ တိုင်းနဲ့ ရခိုင်ပြည်နယ်တို့ကို ပြည်ဈေးကွက်မှ တစ်ဆင့်စားသုံးမှုအဖြစ်၊ ယခု တစ်ပတ်အတွင်း ပိဿာချိန် ၃၆၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်
သီတင်းတစ်ပတ်ဖြစ်တဲ့ မတ်လ ၉ ရက်မှ ၁၅ ရက်အတွင်း ချင်းစို ၁၃၀ ဒသမ ၃ တန်နဲ့ ချင်းခြောက် ၇၁ ဒသမ ၁ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ ပြည်ပ ဈေးကွက်နိုင်ငံများသို့တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံ ကို ချင်းစို ၁၃၀ဒသမ ၃တန်၊ချင်းခြောက် ၂၅ဒသမ ၆တန်၊မလေးရှားနိုင်ငံကို ချင်းစို ၂၆ တန်၊ အိန္ဒိယနိုင်ငံ ကို ချင်းခြောက် ၁၂ တန်၊ စင်ကာပူနိုင်ငံကိုချင်းခြောက် ၇ ဒသမ ၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာစုစုပေါင်းတန်ချိန် ၂၀၁ ဒသမ ၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ချင်းတင်ပို့မှုမှာ တန်ချိန် တစ်ရာ့ ခုနှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် သုံးဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ချင်းတင်ပို့မှုမှ ကန်ဒေါ်လာတစ်သိန်းသုံးသောင်းခြောက် ထောင်ကျော်ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက် ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)ကို ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်းဇွန်၊ ပခုက္ကူ၊ မုံရွာနဲ့ ချောင်းဦးဒေသများ မှ ဝယ်ယူရရှိပြီး၊ ဝယ်ယူရရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်ဝယ်လက် အဆွဲသွက်တာ ကြောင့် ဈေးနှုန်းက အမြင့်နဲ့ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ တရုတ်ဝယ်လက် များကလည်း မန်းကုန်စည်ဒိုင်များမှာ အထိုင်နဲ့ အဝယ်ရှိတာကြောင့် ကြိုက် ရောင်းကြိုက်ဝယ် ရောင်းချကြောင်း သိရပါတယ်။ ယခု ၂၀၁၄ ခုနှစ်၊ မတ်လ တတိယအပတ်မှာ ပဲတီစိမ်းကြီး တစ် ပိဿာ ၁၅၁၁ ကျပ်( တစ်တန် ၉၂၅၃၂၁ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲတီစိမ်းရွှေဝါ တစ် ပိဿာ ၁၆၅၃ ကျပ် (တစ်တန် ၁၀၁၂၂၈၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ် လို့ ပဲတီစိမ်း နှစ်မျိုးပေါင်းအိတ်၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲတီစိမ်းများကို တရုတ်ဝယ်လက် သာမက ရန်ကုန်ဝယ်လက်မှလည်း ဝယ်ယူကြောင်း၊ ဝယ်လက်များ ပုံမှန် အဆွဲရှိတာကြောင့် ဈေးနှုန်းတည်ငြိမ်မှု ရှိကြောင်း၊ ရန်ကုန်ဝယ်လက်မှ တစ်ဆင့် စင်ကာပူကိုလည်း တင်ပို့ကြောင်း၊ အခြားပဲများ ပုံမှန်အဝယ်မရှိပေမဲ့ ပဲတီ စိမ်းကြီးမှာ နေရာတစ်ခု (ဈေးကွက်) မကရှိနေတာကြောင့် အရောင်းအဝယ် ကောင်းကြောင်း၊ မိမိတို့မှာ သိုလှောင် ချိန်ပင်မရအောင်အရောင်းအဝယ်သွက် ကြောင်း၊ ကုန်သည်ကြီးတစ်ဦးမှ ပြော ကြားပါတယ်။ စိုးအောင် - မန္တလေး
ယခုတစ်ပတ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲစင်းငုံသီးနှံ အဝင်သိပ်မများ တော့ဘဲ တစ်ရက်အိတ် ၁၅၀ ခန့်သာ ပန်းတောင်းနဲ့ကံမမြို့နယ်များမှ ဝင် ရောက်ခဲ့ကြပါတယ်။ ဒေသတွင်းလှောင်လက်များ အဝယ်မရှိဘဲ ရန်ကုန်လိုင်းသမား အဝယ်ရှိတာကြောင့် နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ပဲဈေးနှုန်း မှာလည်း တစ်တင်း ၁၈၄၀၀ ကျပ်ဖြင့်သာ အေးသွားခဲ့ပါတယ်။ ပဲစင်းငုံ သီးနှံရဲ့ ယခုနှစ်ဈေးနှုန်းမှာ ပဲသစ်ပေါ်စ အချိန်မှစလို့ ယခုအချိန်ထိ ဈေးသိသိ သာသာ လျော့နည်းသွားခြင်းမရှိခဲ့သော်လည်း ယခင်နှစ်က ဈေးကိုတော့ မမီခဲ့ဘူး လို့သိရပါတယ်။ ယခင်နှစ်က ပဲစင်းငုံဈေးမှာ တစ်တင်း ၂၁၀၀၀ ကျပ်ရှိခဲ့တယ် လို့ သိရပါတယ်။ခင်ဆွေဝင်း-ပြည်
ယခုတစ်ပတ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲစင်းငုံသီးနှံ အဝင်သိပ်မများ တော့ဘဲ တစ်ရက်အိတ် ၁၅၀ ခန့်သာ ပန်းတောင်းနဲ့ကံမမြို့နယ်များမှ ဝင် ရောက်ခဲ့ကြပါတယ်။ ဒေသတွင်းလှောင်လက်များ အဝယ်မရှိဘဲ ရန်ကုန်လိုင်းသမား အဝယ်ရှိတာကြောင့် နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ပဲဈေးနှုန်း မှာလည်း တစ်တင်း ၁၈၄၀၀ ကျပ်ဖြင့်သာ အေးသွားခဲ့ပါတယ်။ ပဲစင်းငုံ သီးနှံရဲ့ ယခုနှစ်ဈေးနှုန်းမှာ ပဲသစ်ပေါ်စ အချိန်မှစလို့ ယခုအချိန်ထိ ဈေးသိသိ သာသာ လျော့နည်းသွားခြင်းမရှိခဲ့သော်လည်း ယခင်နှစ်က ဈေးကိုတော့ မမီခဲ့ဘူး လို့သိရပါတယ်။ ယခင်နှစ်က ပဲစင်းငုံဈေးမှာ တစ်တင်း ၂၁၀၀၀ ကျပ်ရှိခဲ့တယ် လို့ သိရပါတယ်။ခင်ဆွေဝင်း-ပြည်
ပြည်ပဲဈေးကွက်ကို မတ်ပဲသစ်များ ယခင်တစ်ပတ်မှစလို့ အဝင်များလာခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ရက်အိတ် ၇၀၀ ကျော်ထိ ဝင်ရောက်ခဲ့ပါတယ်။ ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်းအပြင် ရွှေတောင်၊ ကျီးသဲဘက်မှလည်း ဝင်ရောက်ခဲ့ပါ တယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၈၅၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးလျော့ သွားခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်များမှ တစ်ရက်အိတ် ၇၀၀ ကျော်ထိ အဝယ်လိုက် ခဲ့သလို ဒေသတွင်း လှောင်လက်သမားများလည်း အဝယ်ရှိတဲ့အတွက် အရောင်း အဝယ်သွက်နေတဲ့ ပဲတစ်မျိုးဖြစ်တယ်လို့ သိရပြီး၊ သြင်္ကန်မတိုင်ခင်ကာလထိ နောက်ထပ်ပဲများ အများအပြားဝင်ရောက်လာနိုင်မှာဖြစ်သလို ပဲဈေးနှုန်းလည်း ယခင်နှစ်ကဈေးထက်တော့ ဈေးပိုနေမယ်လို့ ခန့်မှန်းနေကြပါတယ်။ခင်ဆွေဝင်း-ပြည်
မုံရွာ ကုန်စည်ဒိုင် မတ်လတတိယ ပတ် ပဲဈေးကွက်မှာ ပဲသစ်တွေ ဒိုင်ကို ပုံမှန်ဝင်ရောက်ခဲ့သလိုအရောင်းအဝယ် လည်းအနည်းငယ်တက်လာခဲ့တာ တွေ့ ရပါတယ်။ အထူးသဖြင့် ကုလားပဲမျိုးစုံ ဒေသစုံက အဝင်ပုံမှန်ရှိခဲ့ပြီး၊ ရောင်း လိုအားလည်းကောင်းသလို ဝယ်လို အားလည်းတက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက် က ဆိုပါတယ်။ ယခု တစ်ပတ်ပေါက် ဈေးအားဖြင့် ထိုင်ဝမ်တစ်တင်း ၁၄၆၀၀ ကျပ်မှ ၁၄၇၀၀ ကျပ်၊V2 တစ်တင်း ၁၅၆၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၄၆၀၀ ကျပ်အသီးသီးပေါက်ခဲ့ပြီး၊ ဒေသတွင်းပဲခွဲစက်နဲ့ကြာဇံစက်၊ လှောင် လက်အဝယ်ကြောင့် တစ်ရက်အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ တတိယပတ် ပြည်ပဲမျိုးစုံ ဈေးကွက်မှာ အဓိက အရောင်းအဝယ် ဖြစ်သောပဲများရဲ့ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်မှုအခြေအနေမှာ ကုလားပဲနဲ့ မတ်ပဲ၊ ပဲကြီးသီးနှံများမှာ အရောင်း အဝယ်သွက်နေခဲ့ပြီး ပဲစင်းငုံသီးနှံလည်း အိတ် ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ကျန်ပဲများကတော့ အဝင် အထွက် သိပ်မများဘဲ အိတ် ၅၀ မှ ၁၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ မတ်ပဲမှာ ပန်းတောင်း၊ ဝက် ထီးကန်၊ ကျီးသဲ၊ ရွှေတောင်မြို့နယ်များ မှ တစ်ရက်အိတ် ၅၀၀ ကျော်ခန့်ဝင် လာသလို ရန်ကုန်ဝယ်လက်များမှလည်း နေ့စဉ် အိတ် ၇၀၀ ကျော်ဝယ်ယူခဲ့ပါ တယ်။ ဒေသတွင်း လှောင်လက်သမား အချို့လည်း ဝယ်ယူမှုရှိတယ်လို့သိရပါ တယ်။ ပဲဈေးမှာတစ်တင်း ၁၈၅၀၀ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ပဲကြီးသီးနှံသစ်များ အောင်လံနဲ့ ကံမဖက်မှ ပြည်ဈေးကွက်ကို နေ့စဉ် ဝင်ရောက်ခဲ့သလို ရွှေတောင်၊ ကျီးသဲ၊ ကျောက်ထရံဘက်မှလည်း ဝင်ရောက် ခဲ့တာကြောင့် တစ်ရက် အိတ် ၅၀၀ ကျော် ဝင်ရောက်ခဲ့ကြပါတယ်။ ဝင် ရောက်လာတဲ့ ပဲအရည်အသွေးမှာ ယခင် အပတ်ထက် အနည်းငယ် ကျဆင်းလာတဲ့အတွက် ဈေးလည်း တစ်တင်း ၁၀၀၀ ကျပ်ခန့် လျော့နည်း သွားခဲ့ပါတယ်။ ရွှေကျွန်း တစ်တင်း ၂၆၀၀၀ ကျပ်နဲ့ ကမ်းနားပဲတစ်တင်း ၂၅၀၀၀ ကျပ်နဲ့ ပဲကြော်ဖိုသမားနဲ့ လှောင်လက်များသာ အဝယ်ရှိခဲ့ကြပါ တယ်။ ပဲကြီးဈေနှုန်းမှာ ယခင်နှစ်ကဲ့သို့ သြင်္ကန်ပြီးချိန်မှ စပြီး၊ ပဲဈေးများ မြင့် တက်လာပါက ပဲလက်ဝယ်ရှိသူ တောင် သူနဲ့ လှောင်လက်သမားများ ယခုဈေး အတိုင်း ဆက်လက် သိုလှောင်ထားနိုင် ပါက အကျိုးအမြတ် ပိုလာနိုင်မယ့် သီးနှံဖြစ်ကြောင်း သိရပါတယ်။ခင်ဆွေဝင်း - ပြည်