Background
ယခုတစ်ပတ်အတွင်း အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများပြည်ဈေးကွက် ကိုပိဿာ ၃၀ ဝင်အိတ်၁၅၀ ခန့်ရှိပြီး၊ ယခင်တစ်ပတ်ကထက် အိတ် ၅၀ ခန့် ပိုမို ဝင်ရောက်လာပါတယ်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ချင်းတစ်ပိဿာကို (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်အထိ ဈေးကျခဲ့ပြီး၊ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ချင်းတစ်ပိသာ ကို (ရှယ်) ၁၅၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်အထိ ဈေးမြင့်ခဲ့တာ ကြောင့် ယခုနှစ်ဟာ ချင်းဈေးကောင်းတဲ့ နှစ်ဖြစ်ပါတယ်။ ယခုလဟာ တပို့တွဲလ ထမင်းနဲပွဲတော်အချိန်ဖြစ်တဲ့အတွက် ချင်းအရောင်းအဝယ်သွက်လာတယ်လို့ ချင်း ပွဲရုံများမှ သိရပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ်ဘက်ကို စားသုံးမှုအဖြစ်တစ်နေ့ကို ပိဿာချိန် ၇၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်
မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလ ပထမပတ် အတွင်းမှာ ကနီ၊ မင်းကင်း၊ ဟုမ္မလင်း၊ မော်လိုက်စတဲ့ အထက်ချင်း တွင်းလိုင်းက ဆောင်းပဲသစ်တွေ အဝင် အနည်းငယ်သွက်လာတယ်လို့ သိရပါ တယ်။ မနှစ်က နထစသမအ ဝယ်လိုအား ကောင်းခဲ့တဲ့ ဟုမ္မလင်းဘက်က မြေ ထောက်ပဲတွေဒိုင်မှာ ဝင်ရောက်စပြုရာ ယခုတစ်ပတ်မှာတစ်တင်း၂၉၀၀၀ ကျပ် ထိ ဈေးကောင်းရခဲ့ပြီး၊ တစ်ရက်အိတ် ၂၀၀ ခန့်ထိ အရောင်းအဝယ် အား ကောင်းလာခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးရဲ့ အဓိက နိုင်ငံခြားပို့ကုန်တစ်ခုဖြစ်တဲ့ ပဲတီစိမ်း သီးနှံများ မကြာမီထွက်ရှိတော့မှာ ဖြစ်ပါ တယ်။ တိုင်းဒေသကြီးရဲ့ တောင်ပိုင်း ခရိုင် ဖြစ်တဲ့ သန်လျင်၊ သုံးခွ၊ ခရမ်းမြို့ နယ်များမှာ မိုးစပါးစိုက်ပျိုးပြီး၊ သီး ထပ်သီးနှံတစ်ခုအဖြစ် ပဲတီစိမ်းကို အဓိက စိုက်ပျိုးတဲ့ ဆောင်းသီးနှံဖြစ် ပါတယ်။ စိုက်ပျိုးဧကအနေနဲ့ ၂၀၁၂-၂၀၁၃ စိုက်ပျိုးရာသီမှာ သန်လျင်မြို့ နယ်မှာ လေးသောင်းနှစ်ထောင်ကျော်၊ သုံးခွမြို့မှာ တစ်သိန်းနှစ်သောင်းကျော်ရှိ ပြီး၊ ခရမ်းမြို့နယ်မှာ ကိုးသောင်းခြောက် ထောင်ကျော် စိုက်ပျိုးခဲ့တဲ့အတွက် သုံး မြို့နယ်အားဖြင့်နှစ်သိန်းခြောက်သောင်း ကျော် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။
မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ပထမပတ် ပဲဈေးကွက်မှာ ပဲသစ်မျိုးစုံ အဝင် လှိုင်စပြုနေသလို အရောင်း အဝယ် သွက်နေတာ တွေ့ရပါတယ်။ အထူး သဖြင့် ယခုအပတ်မှာ နယ်စုံက ငုံနီ အဝင်လှိုင်လာကာ တစ်နေ့အိတ် ၁၀၀၀၀ ခန့်ရှိခဲ့ပြီး၊ပခုက္ကူနဲ့ရန်ကုန်ဝယ် လက်စုံခဲ့ကာတစ်ရက်အနည်းဆုံး အိတ် ၅၀၀၀ ကနေ အများဆုံး အိတ် ၈၀၀၀ ခန့်ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ယခုတစ် ပတ်အတွင်းမှာတော့ ငုံနီဈေးဟာ တစ် တင်း ၁၈၁၀၀ ကျပ်နဲ့ ၁၈၃၀၀ ကျပ် ကြားဈေးငြိမ်နေပြီးလှောင်လက်အဝယ် တော့ မရှိသေးဘူးလို့ သိရပါတယ်။
မိုးစိုက်ပျိုးတဲ့ ပဲစင်းငုံများအားလုံး ရိတ်သိမ်းချွေလှေ့ပြီးလို့ မုံရွာကုန်စည်ဒိုင် ကို ပဲစင်းငုံအသစ်များ နေ့စဉ် အိတ်ရေ ၆၀၀၀ မှ ၈၀၀၀ ကြားဝင်ရောက်နေပြီး အဝင်လှိုင်နေပြီဖြစ်ပါတယ်။
ကမ္ဘာ့ရော်ဘာ အများဆုံး တင်ပို့သော ထိုင်းနိုင်ငံက အဓိက ရော်ဘာထုတ်လုပ်သောဒေသများမှ ရော်ဘာစိုက် တောင်သူများဟာ ထိုင်းအစိုးရအားဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ အတွက် ရော်ဘာထုတ်လုပ်မှု ကျဆင်းနိုင် တယ်လို့Von Bundit Co က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလရော်ဘာ အထွက်နှုန်းဟာ ၁၀ မှ ၂၀ ရာခိုင်နှုန်းခန့်ထိ ကျဆင်းနိုင်ပြီး ဖေဖော်ဝါရီလမှာတန်ချိန် ၃ သိန်းမှ ၃ သိန်းခွဲထိအထွက် လျော့နိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့ ရော်ဘာပြည်ပသို့တင်ပို့သော ဒုတိယအကြီးဆုံးကုမ္ပဏီ Von Bundit ရဲ့ ဒုတိယဥက္ကဌဖြစ်သူ Bundit Kerdvongbundit ကတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ပျဉ်းမနားခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္တီလာခရိုင်၊ မြင်းခြံ ခရိုင်တို့မှာ ပြောင်းဖူးစေ့ကို အဓိကထား စိုက်ပျိုးပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး၊ ဒီပဲယင်းဒေသများ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်များတွင်လည်း စိုက်ပျိုးမှုရှိပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း မိတ္တီလာခရိုင်မှာ ဧက ၁၀၀၀၀ ကျော်၊ ပြင်ဦးလွင်မှာ ဧက ၆၀၀၀ ကျော်၊ ပျဉ်းမနားခရိုင်မှာ ဧက ၄၀၀၀ ကျော်၊ မြင်းခြံခရိုင်မှာ ဧက ၈၀၀၀ ကျော် စိုက်ပျိုးမှုရှိခဲ့ပါတယ်။
တရုတ်ပြည်မှာ နှစ်သစ်ကူးပွဲတော်ချိန် ရောက်ပြီဖြစ်လို့ ၂၀၁၄ ခုနှစ် ဇန်နဝါရီ လနောက်ဆုံးပတ်မှာတော့ ကန်ဒေါ်လာ ၆ ဒသမ ၉၂၂ သန်းတန်ဖိုးရှိတဲ့ ပြောင်း တန်ချိန် ၂၄၁၂၄ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ် ၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းစုံကပြောင်းဖူးစေ့ ၂၆၀၈၇ တန်ခွဲတင်ပို့ခဲ့လို့ ယခု အပတ်ပြောင်းတင်ပို့မှု ၁၉၆၃ တန်ခွဲလျော့နည်းသွားခဲ့တာတွေ့ရပါတယ်။ ယခု အပတ် စခန်းအလိုက်တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၁၆၇၆၆ တန်နဲ့ချင်းရွှေဟော်မှ ၇၃၅၈ တန်ဖြစ်ပါတယ်။၂၀၁၄ခုနှစ် ဇန်နဝါရီလမှာ စခန်းစုံမှပြောင်းတန်ချိန် ၁ သိန်း ၂ သောင်းနီးပါးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာလည်း ယခင်အပတ်က ပြောင်းတစ်တန် ၂၈၉၈၈၇ ကျပ်ရှိရာ မှ ယခုအပတ်မှတော့ ၂၈၈၄၈၆ ကျပ်သို့ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ နှစ်ကူးကာလဖြစ်တာမို့ ဝယ်လိုအားသိသိသာသာ အေးသွားတာကြောင့် အထွက် နှုန်းများစွာရရှိထားပေမဲ့ တောင်သူတွေ အဝယ်မလိုက်ဖြစ်နေကာ ပြောင်းများကို မိမိတို့ လယ်ယာမြေ၊ အိမ်များတွင် (စပါးကျီများကဲ့သို့) ပြောင်းဖူးကျီများ ပြုလုပ် သိုလှောင်ထားနေရကြောင်း လင်းခေးမှ အစေ့ထုတ်ပြောင်းတောင်သူအများစုက ပြောပါတယ်။မော်မော်အောင်၊MIRT (DCCA)
ယခုတစ်ပတ် ပြည်ချင်းဈေးကွက် ချင်းဈေးမှာ တစ်ပိဿာကို (ရှယ်) ၁၅၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ်လျက်ရှိပြီး၊ ယခင်နှစ်ကာလတူ အချိန်နဲ့ နှိုင်းယှဉ်ပါက ဈေးကောင်းရလျက်ရှိနေပါတယ်။ ယခုတစ်ပတ် တောင်ကြီး၊ အောင်ပန်းဘက်မှချင်းများ ပိဿာချိန် ၃၀ ဝင် အိတ် ၁၅၀ ခန့် ပုံမှန်အဝင်ရှိနေပါ တယ်။ ပြည်ချင်းပွဲရုံများမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ဘက်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ပြီး၊ ယခင် ကာလများထက် အရောင်းအဝယ်ပါးကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်နေ့တာကာလအတွင်း မန်ကျည်း ၄၈ ဒသမ ၇ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ဒီဇင်ဘာတတိယပတ်မှစပြီး တင်ပို့မှုပျောက်ခဲ့တဲ့မန်ကျည်းမှာ ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ တစ်သောင်းသုံးထောင်ကျော်ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)