Background
မူဆယ်ဆန်ဈေးကွက်မှာ ဧပြီလ ၂၉ ရက်က ဧည့်မထ ၂၅ ရာခိုင်နှုန်း ၅၀ ကီလိုတစ်အိတ်ကို ၁၃၀ ယွမ် - ၁၃၂ ယွမ်၊ ငစိန် ၂၅ ရာခိုင်နှုန်း တစ် အိတ်ကို ၁၂၅ ယွမ် - ၁၂၉ ယွမ်ဖြစ် ပြီး၊ ဧပြီ လဆန်းပတ်မှာ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်အိတ် ၁၂၇ ယွမ် - ၁၂၉ ယွမ်၊ ငစိန် ၂၅ ရာခိုင်နှုန်း တစ်အိတ် ၁၂၄ ယွမ် -၁၂၇ ယွမ် ဖြစ်တာကြောင့်ဈေးကောင်းရနေပါတယ်။
သြင်္ကန်ပြီးကာလ ပဲခူးတိုင်းဒေသ ကြီး၊ ပြည်ပဲဈေးကွက်ကို မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးများ ပြန်လည် ဝင် ရောက်လာခဲ့ပြီး၊ ကုလားပဲသီးနှံနဲ့ ပဲကြီး များ အများဆုံး ဝင်ရောက်ခဲ့ပါ တယ်။ကုလားပဲမှာ တစ်ရက် အိတ် ၅၀၀ ကျော်ထိ ပန်းတောင်း၊ အောင်လံ နဲ့ ပြည်ကြားရှိ မြို့နယ်များမှ ဝင်ရောက် ခဲ့ခြင်းဖြစ်ပါတယ်။ လှောင် သမားများမှ ဝယ်ယူသိုလှောင်နေကြသလို ခွဲစက် သမား များလည်း အဝယ်လိုက်ခဲ့တာ ကြောင့် အိတ် ၄၀၀ -၅၀၀ ခန့် နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ပဲ ဈေးကတော့ယခင်နှစ်က ဈေးကို မမီဘဲ တစ်တင်း ၁၅၄၀၀ ကျပ်နဲ့ သာ ဈေး အေး နေခဲ့တယ်လို့ သိရပါတယ်။
ယခု မတ်လ နောက်ဆုံးပတ်မှာ ပဲကြီးသီးနှံများ ဈေးငြိမ်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်မြို့နယ်များမှ ဝင်ရောက်ခဲ့သလို နတ်တလင်း၊ တာပွန်ဖက်မှလည်း ပြည်ဈေးကွက်ကို လာရောက် ရောင်းချတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ပဲကြီးဝင်ရောက်မှု အနေနဲ့ အိတ် ၇၀၀ ကျော် ၈၀၀ အထိ အဝင်များလာခဲ့ပါတယ်။ ဈေးနှုန်းမျာ (ရွှေကျွန်း) တစ်တင်း ၂၅၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၄၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး၊ ပဲကြော်ဖိုသမားများနဲ့ လှောင်လက်သမားများ ဈေးကောင်းမျှော်လျက် ဝယ်ယူသိုလှောင်နေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း-ပြည်
ယခုတစ်ပတ် ပြည်ပဲဈေးကွက်ကို မတ်ပဲသီးနှံမှာ တစ်ရက်အိတ် ၇၀၀ ကျော်- ၈၀၀ အထိ အဝင်များလာခဲ့ပြီး၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ရွှေတောင်၊ ကျီးသဲ၊ ပန်းတောင်း၊ ဥသျှစ်ပင် နဲ့ ဝက်ထီးကန်ဘက်မှ အများအပြား ဝင်ရောက်လာခဲ့ပါတယ်။ ပဲများဝင်ရောက်မှု များသလို ဝယ်လိုအားမှာလည်း လှောင်လက်ရော လိုင်းသမားများပါ အဝယ် လိုက်နေခဲ့တာကြောင့် ပဲဈေးမှာလည်း ယခင်တစ်ပတ် တစ်တင်း ၆၀၀ ကျပ်ခန့်ဈေးပိုရခဲ့ပြီး၊ တစ်တင်း ၁၉၁၀၀ ကျပ်နဲ့ ဈေးကောင်းရပြီး၊ တစ်ရက် အိတ် ၁၀၀၀ ကျော်ထိ အရောင်းအဝယ် သွက်နေခဲ့ပါတယ်။ ပဲစိုက် တောင်သူများအနေနဲပ ယခင်နှစ်ထက် ဈေးပိုရလာလို့ ထွက်ရှိသမျှ မျိူးပဲလောက်သာ ချန်ပြီး၊ ထုတ်ရောင်းချနေသလို အချို့တောင်သူများကလည်း ဈေးကောင်းမယ့် အလားအလာကို မျှော်လျက် လက်ဝယ်သိုလှောင်ထားရှိကြတယ်လို့လည်း သိရပါတယ်။ ခင်ဆွေဝင်း-ပြည်
မုံရွာကုန်စည်ဒိုင် မတ်လ လကုန်ပတ် ပဲဈေးကွက်မှာ နယ်က အဝင်နည်းတဲ့ ပဲတွေ ဝယ်လက်ဆွဲကာ ကြိုက်ဈေးသင့်လို့ အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ အထူးအားဖြင့် ဒီနှစ် ကုလားပဲမျိူးစုံ ဈေးကွက်မှာ ပဲပေါ်ချိန် တစ်တင်း ၁၄၀၀ ကျပ် ဝန်းကျင် ဈေးရခဲ့ပြီး၊ အထွက်နှုန်းလည်း လျော့တဲ့အတွက် ပဲစိုက် တောင်သူတွေ အထိနာခဲ့တယ် လို့ ဆိုပါတယ်။ ပေါက်ဈေးအများစုဟာ လုပ်ငန်းသုံးသမားတွေဖြစ်ကြတဲ့ ပဲခွဲစက်၊ ကြာဇံစက်သများတွေကို ကုန်ကြမ်းဈေးလျော့စေလို့ အကြိုက်တွေ့အကျိူးရှိစေပြီး၊ လှောင်လက်သမားတွေရဲ့ ဝယ်ကုန်တစ်ရပ်ဖြစ်တဲ့ တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲမျိူးစုံ ဈေးကွက်မှာတော့ ထိုင်ဝမ် တစ်တင်း ၁၄၈၀၀ ကျပ်၊ ကုလားပဲ ဖြူလုံးကြီးတစ်တင်း ၁၅၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၄၇၀၀ ကျပ် အသီးသီး ပေါက်ခဲ့ပြီး၊
မန္တလေး ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော် အသင်း)မှာ ယခုမတ်လ တတိယ တစ် ပတ်လုံး ဈေးငြိမ်၊ ဈေးတူနဲ့ အရောင်း အဝယ်ဖြစ်တာက ပဲစင်းငုံနီနဲ့ ပဲစင်းငုံ (ရွှေ)တို့ဖြစ်ပါတယ်။ ပဲစင်းငုံနီ တစ်ပိဿာ ၉၃၇ ကျပ် (တစ်တန် ၅၇၃၈၀၉ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၁၅၀၀ မှ ၂၀၀၀ ခန့် အထိလည်းကောင်း၊ ပဲစင်းငုံ(ရွှေ) ၉၃၇ ကျပ်ဈေးနဲ့ နေ့စဉ် အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ပဲစင်းငုံနီနဲ့ ပဲစင်းငုံ (ရွှေ) နှစ်မျိုးပေါင်းအိတ်၄၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ မနှစ်က ပဲစင်းငုံလှောင်လက်တွေ အထိနာတာကြောင့် ယခုအချိန်အထိ လှောင်လက်များက လှောင်ဖို့ အတွက် လက် မရဲကြသေးဘူး။ ဒါကြောင့် အရောင်းအဝယ်ကို သွက်သွက်လက် လက်နဲ့ ခပ်ပါးပါးလေးသာ အမြတ် ယူ ပြီး၊ အလုပ်ဖြစ်တယ် ဆိုရုံသာသာနဲ့ အလုပ်လုပ်နေရကြောင်း၊ တစ်နှစ်တည်း အထိနာတာက ပြန်ပြီးနာလထူနိုင်ပေမဲ့ နှစ်နှစ်ဆက်တိုက်အထိနာရင်တော့ နာလထူဖို့သိပ်မလွယ်တာကြောင့်လှောင် ဖို့ လက်တွန့်နေကြောင်း၊ ပြည်ပဝယ် လက် (အိန္ဒိယ)မှလည်း အင်တိုက်အား တိုက် ဝယ်ယူမှု မရှိတာကြောင့် စဉ်းစား နေရကြောင်း၊ လက်ရှိမှာတော့ ရောက် လာသမျှ ပဲစင်းငုံတွေကို လက်ထဲကြာ ကြာ မထားဘဲ သင့်တင့်တဲ့ ဈေးနှုန်းရပါ က ပြန်လည် ရောင်းချကြောင်း၊ မျှော် လင့်တဲ့ဈေးနှုန်းနဲ့ ဝယ်လိုအားမရှိ တာ ကြောင့် လှောင်လက်သမားများအနေ နဲ့ စောင့်ကြည့်လျက်ရှိကြောင်း ကုန် သည်ကြီးတစ်ဦးမှ ပြောကြားပါတယ်။ စိုးအောင် - မန္တလေး
ရှမ်းနနွင်းအသစ်တွေကတော့ ဈေးကွက်မရှိသေးပါဘူး။ အဟောင်းလက်ကျန်တွေတောင် အရောင်းထိုင်းနေတာ ကြောင့် အသစ်ကလည်း အခုအချိန်ထိ ခပ်အေးအေးပါပဲ။ ရာသီဥတုလည်း ခြောက်သွေ့ ပူပြင်းလာတာကြောင့် အခု အချိန်မှာ နနွင်း(စို)ကို ပြုတ်ရင် ၃-၄ ပိဿာမှာ တစ်ပိဿာ တင်ပါတယ်။ ဒါပေမဲ့လည်း လုပ်သားခ၊ လောင်စာခတွေနဲ့ အရင်နှစ်က အရင်းတောင် မကျေသေးတော့ မလုပ်ဖြစ်ကြ သေးဘူးလို့လည်း သိရပါတယ်။ ဟိုပုံး၊ နမ့်စန်မှာလည်း နနွင်း အသစ်တွေပေါ်နေပါပြီ။ ဒါပေမဲ့လည်း နမ့်စန်နနွင်းကတော့ တောနနွင်းလို့ခေါ်တဲ့ နနွင်းရိုင်းတွေသာများပါတယ်။
ကသာမြို့နယ် အင်းဒရန့်ကျေးရွာနဲ့ ပုလွေရွှေကျေးရွာ တို့မှာ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ နနွင်း(နီ၊ ဝါ)စိုက်ဧက ၁၅၀ ကျော်စိုက်ပျိုးခဲ့ပြီး၊ ၁ ဧကအတွက် ပိဿာ ၇၀၀ ကျော်ရှိတဲ့ အတွက် ပိဿာချိန် ၁ သိန်းကျော်ထွက်ရှိမှာ ဖြစ်ပါတယ်။ စိုက်ပျိုးသူတောင်သူမှ "ခုချိန်ဟာ နနွင်းဖော်ကာလဖြစ်ပါ တယ်။ ဒါပေမဲ့ နနွင်းဈေးက ၆၀၀ ကျပ် လောက်သာ ရှိတဲ့ အတွက် တူးမယ်ဆိုရင်လည်း အလုပ်သမားစရိတ်၊ သယ်ယူ ပို့ဆောင်စရိတ်နဲ့ ဘယ်လိုမှ ကာမိမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ ပစ်ထားရတယ်။ အကယ်လို့ တူးဖြစ်ခဲ့မယ်ဆိုရင်တော့ ပိဿာ ၂၀၀၀၀ ကျော်လောက်ရရှိမယ်" လို့ပြောပြပါတယ်။ ဈေးကွက် ကိုက်ရင်တော့ မန္တလေး၊ ကျောက်ဆည်တို့ကို တင်ပို့ကြပြီး၊ လှောင်လက် အချို့မှာလဲ ပိဿာချိန် ၂၀၀၀၀-၃၀၀၀၀ ဝန်းကျင်သိုလှောင်ထားဆဲဖြစ်ကြောင်း သိရပါတယ်။စွမ်းရည် - ကသာ
ပြည်ပဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သီတင်းတစ်ပတ် ဖြစ်တဲ့မတ်လ ၉ ရက်မှ ၁၅ ရက်အတွင်း မန်ကျည်း ၁၇၇၂တန်ကို တင်ပို့ခဲ့ တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို ၄၄၆ တန်၊ပါကစ္စတန် နိုင်ငံကို ၇၁၈ တန်၊စင်ကာပူနိုင်ငံကို ၄၃၈ တန်၊ ပိုလန်နိုင်ငံကို တန်ချိန် ၁၂၀ နဲ့ ဗီယက်နမ်နိုင်ငံကို တန်၅၀ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စ တန်နိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပြီးဒုတိယအများဆုံတင်ပို့နိုင်ခဲ့တဲ့နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုမှာ တန်ချိန်တစ် ထောင့်ရှစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ဆယ်ကျော် အဝင်လျော့ခဲ့ပါတယ်။ဒီအချိန်က မန်ကျည်းပေါ်ချိန်ဖြစ်တာ ကြောင့် မန်ကျည်း တင်ပို့မှုမှာ ဆက်တိုက်ဆို သလိုပို့အားကောင်းနေပါတယ်။မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာလေးသိန်း သုံးသောင်းကျော်ဝင်ငွေ ရရှိခဲ့တယ်လို့သိရပါတယ်။ MIRT (DOT)
မဟာရှတ္တရာနဲ့ မဒ္ဒရာပရာဒက်ရှ်ဒေသတွင်ဖြစ်ပေါ် သော မိုးရွာသွန်းခြင်းနဲ့ မုန်တိုင်းဟာ ဧကများစွာသော ကြီး ထွားဆဲ နွေကြက်သွန်သီးနှံကို ၁၅ ရာခိုင်နှုန်း လျော့ကျရန် သက်ရောက်မှုရှိခဲ့ပါတယ်။သို့သော် စိုက်ပျိုးထုတ်လုပ်မှု မြင့် မားခဲ့သောဆောင်းကြက်သွန်ဟာ ယခုနှစ်အတွက် ကြာရှည် စွာ စားသုံးနိုင်မှုကို အထောက်အပံ့ဖြစ်စေခဲ့ ပါတယ်။ " မဟာ ရှတ္တရာမှာ ဧကများစွာသော ကြီးထွားဆဲကြက်သွန်သီးနံှများ ဟာ မုန်တိုင်းကြောင့်ရိတ်သိမ်းဖို့ အဆင်သင့် ဖြစ်သွားပါတယ်" လို့ အမျိုးသား ဥယျာဉ်သီးနှံသုတေသနနှင့်ဖွံ့ဖြိုးရေးဖောင် ဒေးရှင်း ဒါရိုက်တာ RP ဂျော့ပတာက ပြောပါတယ်။ " မဒ္ဒရာပရာဒေ့ရှ်မှာ ရွာသွန်းတဲ့မိုးဟာ ကြက်သွန်ခင်း များကို အတိုင်းအတာတစ်ခုအထိ ပျက်စီး စေခဲ့ပါတယ်။ ဆောင်းကြက်သွန် ၃၀ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်းကြက်သွန်အထွက်ကောင်းခဲ့လို့ စားသုံးမှုကို မထိခိုက် ပါဘူး"လို့ အမျိုးသား သမဝါယမ စိုက်ပျိုးရေး ဈေးကွက်ဖယ်ဒ ရေးရှင်း အဖွဲ့ဝင် CB ဟော့ကာက ဆိုပါတယ်။ စောစောရိတ် သိမ်းတဲ့ ဆောင်းကြက်သွန်အချို့ကို ထိခိုက်မှုရှိတယ်လို့ ဂျော ပတာက ဆက်လက်ပြောပါတယ်။