Main menu

Background

Monday, 20 Feb 2012

ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၅၅၇ တန်၊ တန်ဖိုး ဒေါ်လာ ၅ ဒသမ ၁၄၂ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၂၀၀ ကျော် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၄၀၀၊ ဗီယက်နမ်ကို တန် ၂၀၀၊ စင်ကာပူကို ၄၄၃ တန်နဲ့ မလေးရှားကို ၅၁၄ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်ကတော့ တန် ၁၀၀၀ ကျော် မှန်မှန်လေးတင်ပို့နေပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3 တစ်တန်ကို (၃၆၀၀-၃၇၀၀) ဒေါ်လာနဲ့   RSS-5   တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာကြား ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။                                                                    K.Z.W

Monday, 20 Feb 2012

တရုတ်နိုင်ငံမှာ ပြုပြင်ထုတ်လုပ်သူများနဲ့ မွေးမြူရေးသမားများရဲ့ ဝယ်လိုအား ကြီးထွားနေခြင်းက နောက် ၁၀ စုမှာ ၆ ဆခန့်ထိမြင့်တက်မယ်လို့ အမေရိကန်စိုက် ပျိုးရေးဌာနက ခန့်မှန်းထားပြီး၊ အဲဒီလိုတင်သွင်းမှုမြင့်တက်ခြင်းက သီးနှံဈေးကွက် အတွက် ထူးခြားတဲ့အကြောင်းအရာဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

Monday, 20 Feb 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်မှ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၃၀၄ သန်းတန်ဖိုးရှိ ကဏန်း ၆၆ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်က ၃၃ တန်သာ အပို့ရှိခဲ့တာမို့ ၅၀ ရာခိုင် နှုန်းနီးပါးတင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင် အပတ်က အပို့မရှိခဲ့ပေမဲ့ ချင်းရွှေဟော် နယ်စပ်က ယခုအပတ်မှာ ငါးရှဉ့် တန် ၃၀ ကျော် ကန်ဒေါ်လာ သုည ဒသမ ၁၅၂သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် မှ ကဏန်းနဲ့ ချင်းရွှေဟော်မှ ငါးရှဉ့်အပို့ ပိုမိုအောင် ဆောင်ရွက်နိုင်သော်လည်း မူဆယ်မှ ငါးရှဉ့် ၁၁ တန်ကျော်နဲ့ ရေ ငန်ငါးမျိုးစုံ တန် ၁၃၀ နီးပါး ယခင် အပတ်ကထက် လျော့နည်းတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ MIRT(DOBT)

Monday, 20 Feb 2012

အိန္ဒိယနိုင်ငံရဲ့ လက်ဖက်ထုတ်လုပ်မှု မြင့်တက်လာပေ မယ့်လည်း ၂၀၁၂ မှာ အိန္ဒိယအနေနဲ့ ကီလို ၄၅ သန်းမှ သန်း ၅၀အထိလိုအပ်ဖွယ်ရှိကြောင်း အိန္ဒိယလက်ဖက်အသင်း ITA မှ ထုတ်ပြန်ပါတယ်။ ၂၀၁၁ ဒီဇင်ဘာအထိ အိန္ဒိယရဲ့ လက်ဖက်ထုတ်လုပ်မှု ကီလို ၉၈၈ သန်းအထိ ရောက်ရှိခဲ့ပြီး သုံးစွဲမှုက နှစ်စဉ်ကီလို သန်း ၃၀အထိတိုးလာကြောင်း ITA ရဲ့ထုတ်ပြန်ချက်များအရ သိရပါတယ်။ ရာသီဥတုဆိုးဝါးတာ ကြောင့် အဓိကစိုက်ပျိုးတဲ့ဒေသများမှာ ထုတ်လုပ်သူများက ကီလို ၁ ဘီလီယံခန့်မှန်းထားတာထက် လျော့နည်းနိုင် ကြောင်း နောက်ဆုံးထုတ်စာရင်းများအရ သိရပါတယ်။

Monday, 20 Feb 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ မြန်မာ -အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်တို့မှ ယခုအပတ်မှာ ပရဆေး ကုန်သွယ်မှုများ ဆောင်ရွက်နိုင်မှုများကို ကြည့်တဲ့အခါ မူဆယ် နယ်စပ်မှ ယခင်အပတ်ကထက် တန် ၅၀၀ ကျော် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၆၈၇ သန်း ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။

Monday, 20 Feb 2012

              ပြည်နယ်အစိုးရများက ဈေးနှုန်းပိုမိုလာစေဖို့ ဝယ်ယူမယ့်အလားအလာရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်မှာ ရောင်းချမှု နည်းပါးလာတဲ့အတွက် ယခုတစ်ပတ်အတွင်း အိန္ဒိယနနွင်းကြိုပွိုင့်ဈေး အမြင့်ဘက်ကို တက်ခဲ့ပါတယ်။ NCDEX  ကြိုပွိုင့်ဈေး ကွက်မှာဝင်ရောက်မှုက အကန့်အသတ်သာရှိပြီး၊ လက်တွေ့ဝယ်လိုအား မြင့်တက်လာတဲ့ အတွက် ဖေဖော်ဝါရီလ ၁၅ ရက်မှာ နနွင်းကြိုပွိုင့်ဈေး မြင့်တက်ခဲ့တာဖြစ်ပါတယ်။

Monday, 20 Feb 2012

           ဟိုပုံးနနွင်းလည်း ဈေးကွက်ကိုအများကြီး မဝင်လာသေးပါဘူး။ မတ်လလောက်မှသာ အဝင်လှိုင်လာနိုင် ပါတယ်။ နမ့်ခုတ်မြို့နယ်ကထွက်တဲ့ နနွင်းတွေကိုတော့ဝယ်ယူပြီး အခြောက်ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ ဒီအချိန်က အစိုဓာတ် လည်းနည်းပြီး ခြောက်သွေ့လာပြီဖြစ်တာကြောင့် လှောင်လက်သမားတွေကတော့ ဝယ်လှောင်ဖို့ အတွက် ပြင်ဆင်နေကြပါပြီ။ ဟိုပုံးနနွင်းက တစ်ပိဿာ ၆၀၀ ကျပ်ဈေးပေါက်ပါတယ်။

Monday, 20 Feb 2012

        မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ နနွင်းတက် ၆ တန်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်က မူဆယ်မှ ၁၀ တန် အပို့ရှိခဲ့တာဖြစ်ပြီး ယခုအပတ်နယ်စပ်မှ ၄ တန် အပို့လျော့ခဲ့ပါတယ်။                                                  MIRT(DOBT)

Monday, 20 Feb 2012

ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၅ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၁၆ တန်တင်ပို့နိုင်ခဲ့လို့ ဒီတစ်ပတ်တင်ပို့နိုင်မှုနဲ့ကြည့်ရင် ယခင်တစ်ပတ်တင်ပို့မှုကို မီခဲ့တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို ၤဥြ ဈေးကန်ဒေါ်လာ ၁၆၀၀ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန် ဒေါ်လာတစ်သောင်းရှစ်ထောင်ရရှိခဲ့ပါတယ်။           MIRT (DOT)

Monday, 20 Feb 2012

               မကွေးတိုင်းဒေသကြီး၊ မကွေးဆင်ဖြူကျွန်းမှ ကျောက်ရဲငရုတ်ခြောက်များ ပြည်ဈေးကွက်သို့ တစ်ပတ်ကို ပိဿာ ၂၀ ဝင်အိတ် ၂၀၀ ခန့် အဝင်ရှိသလို ယခု တစ်ပတ်မှာ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ဘက်မှ မြန်အောင် ငရုတ်ခြောက် များ တစ်နေ့ကို အိတ် ၄၀ ခန့် ဝင်ရောက်မှုရှိတယ်လို့သိရပါတယ်။ ဈေးကွက်အတွင်း ကျောက်ရဲ ငရုတ်ခြောက် (အရှည်) ၂၉၀၀ ကျပ်၊ ၃၀၀၀ ကျပ်နဲ့ မြန်အောင် ငရုတ်ခြောက် (အရှည်) ၂၇၀၀ ကျပ်၊ ၂၈၀၀ ကျပ်နဲ့ ရောင်းဝယ်နေကြပါတယ်။ ရောင်းဝယ်မှုအနေနဲ့လည်း ငရုတ်သီးမှုန့်လုပ်ငန်းများ၊ လက်လီလက်ကား ရောင်း ဝယ်သူများနဲ့ ပုံမှန်ရောင်းဝယ်နေပြီး၊ ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို အိတ် ၃၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။                 ဝင်းဝင်းခိုင်

Pages