Background
ဟင်္သာတပဲဈေးကွက်ကို မတ်ပဲသစ်များအဝင်ရှိလာပြီး၊ ကုန်စည်ဒိုင်မှာ တစ် ရက်ကို အိတ် ၇၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲဈေးနှုန်းမှာ ယခင် အပတ်က တစ်တင်း ၁၃၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်အတွင်း ၁၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တာကြောင့် ပဲတစ်တင်းကို ယခင်အပတ်ထက် ၃၀၀ ကျပ်ဈေးမြင့်လာပါတယ်။ ကုန်စည်စီးထွက်မှုအနေနဲ့ ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကို နေ့စဉ် အိတ် ၇၀၀ ခန့် ပိုတင်ပို့လာနိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင်
ပြည်ပဲဈေးကွက်ကို မတ်ပဲသစ်များ မကွေးတိုင်းဒေသကြီး၊ ကံမ၊ အောင်လံ အနီးအနားရွာများမှ တစ်နေ့ကို အိတ် ၂၅၀ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ မတ်ပဲ အသစ်တစ်တင်းကို ၁၃၅၀၀ ကျပ်ဈေးရှိပြီး၊ ပဲဟောင်းတစ်တင်းကို ၁၂၅၀၀ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။ မြို့တွင်းဝယ်လက်၊ ရန်ကုန်ဝယ်လက် အရောင်းအဝယ်ရှိပြီး၊ ပဲသစ်ပဲဟောင်း နှစ်မျိုးစလုံး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မကွေးတိုင်း ဒေသကြီးဘက်မှသာ ပြည်ကို ပဲအဝင်ရှိပြီး၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်မြို့ တွေမှပဲကို ရန်ကုန်ကိုတင်ပို့မှုများတယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန်ဘုရင့် နောင်ကို ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၅၀၀ခန့် တင်ပို့မှုရှိတယ်လို့ သိရ ပါတယ်။ မိမိအေး
ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားပါးတာ ကြောင့် မတ်ပဲဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ ဈေးကွက်အသီးသီးမှာ ပဲအရည် အသွေးအလိုက် ဈေးနှုန်းအပြောင်းအလဲရှိပြီး အရည်အသွေးနိမ့် ပဲလက်ကျန် များနေကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် (ဖေဖော်ဝါရီ ၁၀-၁၆ ရက်) အတွင်း တန်ချိန် ၁၄၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၅၅၀၀ ကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုတစ်ပတ်မှာ အနည်းငယ်လျော့ပြီး အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခုတစ်ပတ်မှာ ပြန်တက်လာခဲ့ပါ တယ်။ ယခင်သီတင်းပတ်က တန်ချိန် ၅၅၀၀ ကျော်သာတင်ပို့မှုရှိခဲ့ရာမှ ယခု တစ်ပတ် ဖေဖော်ဝါရီ ၆ ရက်မှ ၁၀ ရက်အတွင်း တန်ချိန် ၁၁၀၀၀ ကျော်ထိ ပြန် လည်တိုးတက်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ယခင်နှစ် ယခုလိုအချိန် အပတ်စဉ် တင်ပို့မှုထက်တော့ လျော့နည်းနေသေးတာ တွေ့ရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာဈေးကွက်အခြေအနေက ဈေးနှုန်းကျဆင်းနေရာမှ တစ်ကျော့ပြန်ကာ ပြန်လည်မြင့် တက်လာရာ ရော်ဘာအဓိကတင်သွင်းသူဖြစ်နေသေးတဲ့ အိန္ဒိယကလည်း တင်ပို့မှုကို မြှင့်တင်ဖွယ် ရှိကြောင်းနဲ့ ရက်သတ္တပတ် အတော်ကြာကမ္ဘာ့လုံးဆိုင်ရာရော်ဘာဈေးနှုန်းကပြည်တွင်းဈေးနှုန်းထက်မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းရရှိပါ တယ်။
ဂျပန်ဆူမီတိုမိုဓာတုပစ္စည်းကုမ္ပဏီက ကမ္ဘာတစ်ဝန်းလုံးကို ဖြန့်ချိဖို့အတွက် ရော်ဘာတုစက်ရုံတစ်ခုကို စင်ကာပူနိုင်ငံမှာ တည်ဆောက်နေကြောင်းသိရပါတယ်။ ဒီစီမံကိန်းက မော်တော်ကားကဏ္ဍတွေကနေ ဝယ်လိုအားတက်လာတာကြောင့် ပတ်ဝန်း ကျင် ညစ်ညမ်းမှု လျော့နည်းစေမယ့် ကနဦးလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ဒီစက်ရုံက ဂျပန်နိုင်ငံရဲ့ပြည်ပမှာ ပထမဆုံးတည်ဆောက်တဲ့ ဒေါ်လာသန်း ၁၄၀ တန် ဆူမီတိုမိုရဲ့ စက်ရုံဖြစ်ပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၆၉၂ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၁၅ တန်ကျော်ကို ဖေဖေါ်ဝါရီလ ၁ ရက်မှ ၇ ရက်အတွင်း တစ်ဖက်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာRSS-3 ၈၅၃ တန်ကျော်၊ MSR-20 ၁၂၇ တန်ခန့်၊ MSR-50 ၁၁၈ တန်ကျော်နဲ့ ရော်ဘာဖြတ်စ ၁၇ တန် နယ်စပ်စခန်းများမှ အပို့ရှိခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အထိကာလအတွင်းပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၄ ဒသမ ၆၈၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၃၈၅ တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။နိုင်ငံအလိုက်တင်ပို့မှုများကတော့ တရုတ်ကို တန် ၅၀၀၊ ပါကစ္စတန်ကို ၃၉ တန်၊ စင်ကာပူကို တန် ၄၀နဲ့ မလေးရှားကို ၈၀၆ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀ ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တရုတ်နယ်စပ်ကတော့ ၁၁၁၅ တန် တင်ပို့ပြီး ယခင်အပတ်ထက် နှစ်ဆတက်ခဲ့တာ တွေ့ရပါတယ်။ FOB(ရန်ကုန်)ဈေးကတော့ RSS-3 တစ်တန်ကို (၃၆၀၀-၃၇၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာကြား ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ K.Z.W
ကမ္ဘာ့ပြောင်း တတိယအများဆုံးဝယ်ယူတဲ့ တောင်ကိုရီးယား မွေးမြူရေး ကဏ္ဍမှာ အဆိုးဝါးဆုံး ဖြစ်ပွားခဲ့တဲ့ ခွာနာလျှာနာရောဂါဖြစ်ခြင်းမှ ပြန်လည်ကောင်း မွန်လာပြီဖြစ်လို့ ယခုနှစ် ပြောင်းတင်သွင်းမှု ပြန်တက်လာနိုင်တယ်လို့ တိရစ္ဆာန် အစာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှ ပြောကြားပါတယ်။
