Background
ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၀၉ သန်းဖိုးရှိ ပြောင်းတန်ချိန် ၁၁၀၄ တန်ကို စင်ကာပူနဲ့ ဖိလစ်ပိုင် နိုင်ငံကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ် နဲ့ ပမာဏတူ တင်ပို့ခဲ့တာကြောင့် ပုံမှန်တင်ပို့နေတယ်လို့ ဆိုရပါမယ်။ ဒီတစ်ပတ် မှာတော့ စင်ကာပူကိုအပို့ပိုပြီး ဖိလစ်ပိုင်ကို အပို့လျော့ခဲ့တာ တွေ့ရပါတယ်။ တရုတ် နယ်စပ်နဲ့ ထိုင်းနယ်စပ်ကတော့ တန်ချိန် ၆၀၀၀ နီးပါး တင်ပို့နေတာတွေ့ရပြီး ယခင်အပတ်ထက် တန် ၂၀၀၀ ခန့် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြားဈေး ရတယ်လို့ သိရပါတယ်။ K.Z.W
အိန္ဒိယအစိုးရရဲ့မကြာသေးခင်က ကြက်သွန်နီ အနိမ့်ဆုံး ပြည်ပ တင်ပို့ဈေးနှုန်း (MEP)ကို တစ်တန် ကန်ဒေါ်လာ ၁၅၀ ထိလျှော့ချလိုက်ပြီးနောက် အကျိုးအမြတ်အနည်းငယ် တိုးလာတဲ့အတွက် ပြည်ပတင်ပို့မှု မြင့်တက်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါပေမယ့် ကုန်သည်များကတော့ ကမ္ဘာ့ဈေးကွက်ကို ဆုတ်ကိုင်ထားနိုင်ဖို့ အစိုးရ အနေနဲ့ အနိမ့်ဆုံးတင်ပို့ ဈေးနှုန်း (MEP)လုံး၀ မထားသင့်ဘူးလို့ ဆိုပါတယ်။
အိန္ဒိယမှာ နနွင်းဈေးက ထုတ်လုပ်မှုစရိတ်နားကပ်အောင် ကျဆင်းနေတဲ့အတွက် တောင်သူများက အစိုးရဝယ် ယူခြင်းမှ အထောက်အပံ့ရဖို့ကြိုးစားနေပါတယ်။ နနွင်းက အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း နည်းစနစ်အရ ဈေးမရရှိ တဲ့အတွက် ပြည်နယ်အေဂျင်စီများက စီးပွားဖြစ်အခြေခံပြီး တောင်ပိုင်းမှ အဝါရောင် နနွင်းကိုသာ ဝယ်ယူကြတယ်လို့ သိရပါတယ်။ ယခင်နှစ်က နီဇမ်မာဘတ်မှာ နနွင်းတစ်ကီလို ရူပီး ၁၂၀ (ကန်ဒေါ်လာ ၂ ဒသမ ၄၂)ဈေးနဲ့ တောင်သူတွေ ရောင်းချခဲ့ရပြီး လက်ရှိမှာတော့ တစ်ကီလို ရူပီး ၄၇ (ကန်ဒေါ်လာသုည ဒသမ ၉၅)သာရှိပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်န ဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်တာ ကာလအတွင်း နနွင်း ၁၆ တန်ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီ တင်းပတ်ကကိုရီးယားနဲ့ မလေးရှားကိုတင်ပို့ခဲ့ပေမဲ့ ဒီတစ်ပတ် မှာတော့ စင်ကာပူကို တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်တစ် ပတ်နနွင်း တင်ပို့မှုက ၁၆ တန်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုက ယခင်တစ်ပတ်တင်ပို့မှုကို မီခဲ့တယ်လို့ ဆိုရပါမယ်။
နိုင်ငံတကာ ကြက်သွန်ဖြူဈေးနှုန်းတွေ မြင့်မားနိုင်ဖွယ်မရှိရာ အိန္ဒိယပြည်တွင်း ကြက်သွန်ဖြူ စိုက်ပျိုးသူတွေ ကို ကြက်သွန်ဖြူတွေကို ရိတ်သိမ်းပြီးပြီးချင်း ရောင်းချဖို့ အကြံပေးထားတယ်လို့ သိရတယ်။ လက်ရှိအိန္ဒိယပြည်တွင်း ကြက်သွန်ဖြူဈေးနှုန်း တွေမှာ တစ်ကွမ်တယ်ကို ၇၅-၈၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၁၅၂၃-၁၆၂၅) ဖြစ်တယ်။
ဒီသီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်တာကာလ အတွင်း မန်ကျည်း ၇၁၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ပြည်ပကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ အင်ဒိုနီးရှားနိုင်ငံကို ၁၂၂ တန်၊ မလေး ရှားနိုင်ငံကို ၁၉၂ တန်၊ ပါကစ္စတန်နိုင်ငံကို ၃၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၇၅ တန် အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။
အောင်ပန်းဈေးကွက်ထဲကို ဟဲဟိုးမြို့နယ်တစ်ဝိုက်ကထွက်တဲ့ချင်းတွေ ပုံမှန် အဝင်ရှိနေပါတယ်။ တစ်ပတ်ကို ပိဿာချိန် ၂၅၀ - ၃၀၀ အဝင်ရှိနေပြီး၊ ဈေးပတ် သမားတွေ ဝယ်နေတာကြောင့် ပုံမှန်လောက်သာ အရောင်း အဝယ်ဖြစ်နေပါတယ်။
ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်အဝင်ရှိပြီး၊ အရောင်းအဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း တစ်ပိဿာကို ချင်းရှယ် ၆၅၀ ကျပ်၊ ဂျွန် ၅၀၀ ကျပ်တို့ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ကို ပြည်ဈေးကွက်မှ တစ်ဆင့်စားသုံးမှုအဖြစ်တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရ ပါတယ်။ဝင်းဝင်းခိုင်
ချင်းတင်ပို့မှုက ဒီတစ်ပတ်နဲ့ဆိုရင် လေးပတ်ဆက်တိုက်အပို့ပျောက်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း ချင်းတင်ပို့မှုက ၇ တန်သာရှိခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာလမှာ ၅၁ တန်ရှိခဲ့တာကြောင့် ဇန်နဝါရီလမှာ ချင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူ ဖြစ်တဲ့ ၂၀၁၁ ဇန်နဝါရီလချင်းတင်ပို့မှုကိုကြည့်မယ်ဆိုရင် ၁၀၈ တန် ပို့နိုင်ခဲ့တာ ကြောင့် ဒီနှစ်ဇန်နဝါရီလမှာ ချင်းတင်ပို့မှု အားလျော့ခဲ့တယ်လို့ဆိုရပါမယ်။ MIRT (DOT)
ရာသီဥတု ဆိုးဝါးသဖြင့် ကုလားပဲအထွက်လျော့ကျမှုကြောင့် ဧပြီလမှစပြီး၊ ကုလားပဲဈေးနှုန်း ၇ ရာခိုင်နှုန်း ခန့် မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကုလားပဲ အဓိကစိုက်ပျိုးတဲ့အင်ဒရာပရာဒေ့ရ်ှ၊ကာနာတာကာ၊မဟာရပ်ရှတရာနဲ့ရာဂျက်စသန် တို့မှာ ရာသီဥတုအခြေအနေ ဆိုးဝါးတာကြောင့် သီးနှံများ ထိခိုက်ခဲ့ပြီး၊ ကုလားပဲ ထွက်ရှိမှုဟာ ၁၀ ရာခိုင်နှုန်းခန့် လျော့ကျနိုင်တယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအသင်း ဥက္ကဌ Mr Pravin Dangre မှ ပြောကြားပါတယ်။
