Background
ပြည်ကြက်သွန်နီဈေးကွက်သို့ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင်အိတ် ၂၀၀ ခန့်ဝင်ရောက်ပါ တယ်။ ယခင်အိတ် ၁၀၀၀ ခန့်အဝင်ရှိရာမှ ယခုတစ်ပတ် အဝင်နည်းတာကြောင့် ယခင်အပတ်ထက် ဈေးအနည်းငယ်မြင့်သွားပါတယ်။ အဝင်ရှိသလောက် အရောင်း အဝယ်ဖြစ်နေပြီး ကြက်သွန်နီ (အကြီး) တစ်ပိဿာ ၄၀၀ ကျပ်၊ (အလတ်) ၃၅၀ ကျပ်၊ (အသေး) ၃၀၀ ကျပ်တို့ရှိကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင်
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း မန်ကျည်း ၉၆၆ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီသီတင်းပတ် မှာတော့ အင်ဒိုနီးရှားနိုင်ငံကို တန် ၁၅၀ ၊ မလေးရှားနိုင်ငံကို ၂၉၄ တန်၊ ပါကစ္စတန် နိုင်ငံကို ၃၇၅ တန်၊ စင်ကာပူနိုင်ငံကို ၁၂၂ တန်နဲ့ ဗီယက်နမ်နိုင်ငံကို ၇၅ တန် အသီးသီး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၇၁၄ တန်သာတင်ပို့နိုင်ခဲ့လို့ ဒီတစ် ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန် နှစ်ရာ့ငါးဆယ်ကျော်လောက် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ ရပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ပို့ကုန်ဝင်ငွေက ကန်ဒေါ်လာ ခြောက်သိန်းခုနှစ်သောင်းကျော်ဖြစ်ပါတယ်။ MIRT (DOT)
ဒီနှစ် ချင်းဈေးကွက်အခြေအနေကလည်း ခပ်အေးအေးပါပဲ။ ချင်းဈေးကွက် တစ်ခုဖြစ်တဲ့ ဟိုပုံးဈေးကွက်မှာတော့ ချင်းအဝင်က သိပ်မများသေးပါဘူး။ တောင် သူတွေကလည်း ကြိုက်ဈေးမရသေးတာကြောင့် သိပ်မဖော်ကြ သေးဘူးလို့သိရပါ တယ်။ ဒီနှစ်ဟိုပုံးမြို့နယ်ထွက် ချင်းတွေက သိပ်မလှပါဘူး။
ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်မှာလည်း ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်နဲ့ အဝင်ပုံမှန်ရှိနေပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်နေ့ ပိဿာချိန် ၃၀၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး၊ ဈေးနှုန်းမှာလည်း ယခင် အပတ်ဈေးအတိုင်း တစ်ပိဿာ ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်တို့ရှိ ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ်တို့သို့ စားသုံးမှုအနေနဲ့ တစ်နေ့ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ပြီး၊ ယခုတစ်ပတ် မှာ ၁၆၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်အတွင်းကို ပြည်-အောင်လံ ကြားရွာများမှ ပဲသစ်များ အဝင်ရှိနေခဲ့ ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်းမှာလည်း ပဲသစ်များအား ရန်ကုန်ဝယ် လက်မှ အဝယ်ရှိပြီး၊ ခွဲစက်သမားများကတော့ ပဲဟောင်းများကိုသာ ဝယ်ယူကြိတ်ခွဲ လျက်ရှိကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ ခွဲစက်သမားများနဲ့ ရန်ကုန် လိုင်းသမားများမှ အိတ် ၃၀၀ ခန့်အဝယ်ရှိကြောင်း သိရပါတယ်။လွင်လွင်ဆန်း
နိုဝင်ဘာ၊ ဒီဇင်ဘာလကစတင်စိုက်ပျိုးခဲ့တဲ့ ကုလားပဲဟာ ဖေဖော်ဝါရီ၊ မတ်လမှာဖြိုင်ဖြိုင်ပေါ်ပါပြီ။ ကုလားပဲကို သူ့ထက်ငါ အပြိုင်အဆိုင် စိုက်ကြတဲ့ ကျောက်ဆည်၊ မြစ်သားမြို့နယ်များမှာ တစ်ဧကကို မိုးကောင်းသောက်ဆိုရင် ၈ တင်းမှ ၁၀ တင်းထိ ထွက်ကြပြီး၊ ဆည်ရေသောက်ဆိုရင် ၁၀ တင်းမှ ၁၃ တင်းထိ ထွက်တယ်လို့ သိရပါတယ်။
ယခင်သီတင်းပတ်က ပြည်ပကို တင်ပို့မှုမရှိခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၆-၁၀ ရက်) အတွင်းမှာ တန် ၃၀ ခန့် ပါကစ္စတန်ကို တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ အလားတူ FOB ဈေးကွက်မှာလည်း ပါကစ္စတန် ဝယ်လက်အဝယ်ရှိခဲ့လို့ ကုလားပဲဖြူလုံးကြီး တန် ၁၇၀ခန့် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ဈေးကွက်တွေကို ကုလားပဲဖြူလုံးကြီး အသစ်များ ဝင်ရောက် လာပြီဖြစ်ပြီး ပြည်ပအဝယ်ရှိလာနေပြီဖြစ်လို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ရှိလာနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဈေးပြောင်းလဲခြင်းမရှိဘဲ ဖေဖော်ဝါရီ ၁၇ ရက် မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀ ရှိကြောင်း သိရပါတယ်။MIRT -MAPT
ယခင်သီတင်းပတ်မှာ ကုလားပဲကြိုပွိုင့်ဈေး ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီးနောက် လက်ငင်းဈေး မြင့်တက်လာခြင်းနဲ့ ပဲဝင်ရောက်မှု ကျဆင်းခြင်းတို့ကြောင့် ဆက်လက်ခိုင်မာနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ NCDEX မှာ ဖေဖော်ဝါရီလအတွက် ကုလားပဲကြိုပွိုင့်ဈေးက ဖေဖော်ဝါရီ ၁၄ ရက်က ရူပီး ၃၀ လျော့ကျပြီး၊ ရူပီး ၃၅၉၇၀(ကန်ဒေါ်လာ ၇၂၆)ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပဲထုတ်လုပ်မှု ကျဆင်းဖွယ် ရှိပြီး၊ အထူးသဖြင့် ကုလားပဲအထွက်ကျဆင်းဖွယ်ရှိခြင်းက ဈေးနှုန်းခိုင်မာဖို့ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။
ပြည်ဈေးကွက်ကို ယခုဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပဲတီစိမ်း ဝင်ရောက်မှု နည်းသွားခဲ့ပါတယ်။ ဒါကြောင့် လက်ကျန်ပဲများနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် တစ်ရက် အိတ် ၃၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ ယခင်အပတ်က တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးလျှော့ခဲ့ပေမယ့် ယခုတစ်ပတ်မှာ ပဲအဝင်မရှိဘဲ လက်ကျန်ပဲ များနဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် တစ်တင်း ၁၆၀၀၀ ကျပ်ထိ ရန်ကုန် ဝယ်လက်များမှ ဈေးပေးအဝယ်ရှိခဲ့ တာကြောင့် ဈေးမြင့်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းအရောင်းအဝယ်အေးပြီး ယခုတစ်ပတ်အတွင်း ဈေးငြိမ် နေပါတယ်။ ဈေး ကွက်တချို့မှာ ပဲလက်ကျန်သိုလှောင်မှုတွေများနေပြီး အရည်အသွေးနိမ့်ပဲတွေ များနေကြောင်း သိရပါတယ်။ ဝယ်လိုအား ဆက်ပြီးနည်းနေရင် လာမယ့်ရက်တွေမှာလည်း ဈေးပြောင်းလဲမှု မရှိနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။
